သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 အႏၲရာယ္ရွိေနခ်ိန္ Cobra Gold ပူးတြဲစစ္ေရးေလ့က်င့္မႈ ဆက္လုပ္ေန


Cobra Gold ပူးတြဲစစ္ေရးေလ့က်င့္ေနစဥ္ (ေဖေဖာ္၀ါရီလ ၂၈ ရက္ ၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံ Chonburi ခ႐ိုင္ Sattahip ကမ္းေျခမွာ ထိုင္းနဲ႔ အေမရိကန္ Marine ကမ္းတက္တပ္သားနဲ႔ စစ္သား ၃၀၀ေက်ာ္ ဒီကေန႔ စစ္ေရးေလ့က်င့္ခဲ့ၾကပါတယ္။

၃၉ ႀကိမ္ေျမာက္ Cobra Gold စစ္ေရးေလ့က်င့္မႈ ၄ ရက္ေျမာက္ေန႔မွာ ေရထဲမွာေရာ ကုန္းေပၚမွာပါ သြားလုိ႔ရတဲ့ ယာဥ္ေတြနဲ႔ စစ္သားေတြက ကမ္းတက္ေလ့က်င့္မႈေတြ လုပ္ခဲ့ၾကတာပါ။ အရင္စစ္ေရးေလ့က်င့္မႈေတြမွာ ပါဝင္ခဲ့တဲ့ ေတာင္ကိုရီးယားစစ္တပ္ကေတာ့ ဒီကေန႔ ေလ့က်င့္ခန္းမွာ ပါဝင္ျခင္းမ႐ွိပါဘူး။

၁၁ ရက္ၾကာျပဳလုပ္တဲ့ Cobra Gold ပူးတြဲစစ္ေရးေလ့က်င့္မႈမွာ အရင္ႏွစ္ေတြက ေတာင္ကိုရီးယားတပ္သား ၄၀၀ ေလာက္ေစလႊတ္ေပမဲ့ ဒီႏွစ္မွာေတာ့ ၃၀ ပဲ ေစလႊတ္ပါတယ္။ အားလံုးက အႀကီးတန္းအရာ႐ွိအဆင့္ေတြျဖစ္ၾကၿပီး တိုက္ခိုက္ေရးေလ့က်င့္မႈေတြမွာ မပါဘဲ၊ ကြပ္ကဲေရးနဲ႔ဆိုင္တဲ့ေလ့က်င့္ခန္းေတြမွာပဲ ပါဝင္ၾကပါတယ္။

ထိုင္းႏုိင္ငံမွာလုပ္တဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြမွာ ေတာင္ကိုရီးယားႏုိင္ငံ Osan ေလတပ္အေျခစိုက္စခန္းက အေမရိကန္စစ္သည္ ၁၅၀ ေလာက္ပါဝင္တယ္လို႔ အေမရိကန္ Marine ကမ္းတက္တပ္ဖဲြ႔ဗိုလ္ႀကီး George McArthur က ေျပာပါတယ္။ သူတုိ႔အားလံုးကို ေတာင္ကိုရီးယားက မထြက္ခြာခင္မွာေရာ ထိုင္းႏိုင္ငံကို ေရာက္တဲ့အခါမွာပါ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။

Coronavirus ပိုးကူးစက္ျဖစ္ပြားေနခ်ိန္မို႔ ပံုမွန္တားဆီးကာကြယ္ေရးေဆာင္႐ြက္မႈေတြအျပင္ အပိုေဆးဝန္ထမ္း ၃၅ ေယာက္ကို တာဝန္ေပးထားသလို ေဆးဖက္ဆိုင္ရာပစၥည္းေတြကိုလည္း လိုတာထက္ ပိုၿပီးအသင့္ျပင္ဆင္ထားပါတယ္။

ထိုင္းနဲ႔ အေမရိကန္တပ္ေတြ ဦးစီးၿပီးပူးတဲြျပဳလုပ္တဲ့ Cobra Gold စစ္ေရးေလ့က်င့္မႈဟာ အာ႐ွ Pacific ေဒသမွာ အႀကီးဆံုးျဖစ္ပါတယ္။ ၁၁ ရက္တဲ့ စစ္ေရးေလ့က်င့္မႈေတြအတြင္း စစ္သား ၉ ေထာင္ေက်ာ္ပါဝင္ၿပီး စစ္ေရးေလ့က်င့္မႈ၊ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးတဲ့ ေလ့က်င့္မႈေတြ၊ ဆိုင္ဘာလံုၿခံဳေရးေလ့က်င့္မႈေတြ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

COVID-19 အန္တရာယ်ရှိနေချိန် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေ

(Unicode)

ထိုင်းနိုင်ငံ Chonburi ခရိုင် Sattahip ကမ်းခြေမှာ ထိုင်းနဲ့ အမေရိကန် Marine ကမ်းတက်တပ်သားနဲ့ စစ်သား ၃၀၀ကျော် ဒီကနေ့ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။

၃၉ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှု ၄ ရက်မြောက်နေ့မှာ ရေထဲမှာရော ကုန်းပေါ်မှာပါ သွားလို့ရတဲ့ ယာဉ်တွေနဲ့ စစ်သားတွေက ကမ်းတက်လေ့ကျင့်မှုတွေ လုပ်ခဲ့ကြတာပါ။ အရင်စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီးယားစစ်တပ်ကတော့ ဒီကနေ့ လေ့ကျင့်ခန်းမှာ ပါဝင်ခြင်းမရှိပါဘူး။

၁၁ ရက်ကြာပြုလုပ်တဲ့ Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အရင်နှစ်တွေက တောင်ကိုရီးယားတပ်သား ၄၀၀ လောက်စေလွှတ်ပေမဲ့ ဒီနှစ်မှာတော့ ၃၀ ပဲ စေလွှတ်ပါတယ်။ အားလုံးက အကြီးတန်းအရာရှိအဆင့်တွေဖြစ်ကြပြီး တိုက်ခိုက်ရေးလေ့ကျင့်မှုတွေမှာ မပါဘဲ၊ ကွပ်ကဲရေးနဲ့ဆိုင်တဲ့လေ့ကျင့်ခန်းတွေမှာပဲ ပါဝင်ကြပါတယ်။

ထိုင်းနိုင်ငံမှာလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ တောင်ကိုရီးယားနိုင်ငံ Osan လေတပ်အခြေစိုက်စခန်းက အမေရိကန်စစ်သည် ၁၅၀ လောက်ပါဝင်တယ်လို့ အမေရိကန် Marine ကမ်းတက်တပ်ဖွဲ့ဗိုလ်ကြီး George McArthur က ပြောပါတယ်။ သူတို့အားလုံးကို တောင်ကိုရီးယားက မထွက်ခွာခင်မှာရော ထိုင်းနိုင်ငံကို ရောက်တဲ့အခါမှာပါ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

Coronavirus ပိုးကူးစက်ဖြစ်ပွားနေချိန်မို့ ပုံမှန်တားဆီးကာကွယ်ရေးဆောင်ရွက်မှုတွေအပြင် အပိုဆေးဝန်ထမ်း ၃၅ ယောက်ကို တာဝန်ပေးထားသလို ဆေးဖက်ဆိုင်ရာပစ္စည်းတွေကိုလည်း လိုတာထက် ပိုပြီးအသင့်ပြင်ဆင်ထားပါတယ်။

ထိုင်းနဲ့ အမေရိကန်တပ်တွေ ဦးစီးပြီးပူးတွဲပြုလုပ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ အာရှ Pacific ဒေသမှာ အကြီးဆုံးဖြစ်ပါတယ်။ ၁၁ ရက်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း စစ်သား ၉ ထောင်ကျော်ပါဝင်ပြီး စစ်ရေးလေ့ကျင့်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတဲ့ လေ့ကျင့်မှုတွေ၊ ဆိုင်ဘာလုံခြုံရေးလေ့ကျင့်မှုတွေ ပါဝင်ပါတယ်။

XS
SM
MD
LG