သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ထိုင်း၊ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်


အမေရိကန်၊ တောင်ကိုရီးယားနဲ့ထိုင်း စစ်သည်များ ရွှေမြွေဟောက် ကျည်း၊ ရေ ပူးတွဲစစ်ရေးလေ့ကျင့်မှုမြင်ကွင်း (ဖေဖော်ဝါရီ ၁၆၊၂၀၁၉)

ထိုင်းနိုင်ငံက ရေတပ်အခြေစိုက်စခန်းမှာ ထိုင်း၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ကမ်းတက် marine တပ်ဖွဲ့တွေပေါင်းပြီး ရေပြင်နဲ့မြေပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုအခု ဒီကနေ့ စနေနေ့ကပဲ ပြုလုပ်သွားပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုက အမေရိကန်ပြည်ထောင်စုနဲ့ Indonesia, Malaysia, Singapore အစရှိတဲ့ အရှေ့တောင် အာရှနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက စစ်သားစုစုပေါင်း ၄၅၀၀ ကျော် ပါဝင်တဲ့ ၃၈ ကြိမ်မြောက် ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

အာရှ ပိစိဖိတ်ဒေသတွင်း နိုင်ငံတွေက စစ်တပ်တွေအကြား ဆက်ဆံရေး အားကောင်းခိုင်မာဖို့ အခုလို ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ပြုလုပ်တာ ဖြစ်ပြီး ဒီလိုလုပ်ဖြစ်တာကြောင့်လည်း တိုက်ခိုက်ရေးအရာရှိတွေကြား နည်းနာတွေနဲ့ ကျွမ်းကျင်မှုတွေ ဖလှယ်နိုင်တဲ့ အခွင့်အရေးရရှိစေတာပါ။

ဒီရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုကို ၁၉၈၂ ခုနှစ်ကတည်းက စတင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ထိုင်း နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ အာရှ ပိစိဖိတ်ဒေသတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။ အခုနောက်ပိုင်း နှစ်တွေမှာတော့ ဒီစစ်ရေးလေ့ကျင့်မှုတွေက လူသားချင်းစာနာမှုဆိုင်ရာနဲ့ သဘာဝကပ်ဘေးကြုံရင် ကူညီ ကယ်ဆယ်ရေးတွေအတွက် အဓိကထားပြီး လေ့ကျင့်မှုတွေ လုပ်ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG