သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရ်စ်အန္တရာယ် ကာကွယ်ရေး WHO ထပ်မံသတိပေး


ဆိုးလ်မြို့ မြေအောက်ဘူတာရုံတခုတွင် ပိုးသတ်ဆေး ပက်ဖျန်းနေသည့် ဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀)
ဆိုးလ်မြို့ မြေအောက်ဘူတာရုံတခုတွင် ပိုးသတ်ဆေး ပက်ဖျန်းနေသည့် ဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေချိန်မှာ အများပြည်သူကြား အထိတ်တလန့် မဖြစ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထပ်မံသတိပေးလိုက်ပြီး တကိုယ်ရည်သန့်ရှင်းရေးအတွက် ဂရုစိုက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးဆိုပေမယ့် ကမ္ဘာတဝှမ်းမှာ အခုနောက်ပိုင်း ကူးစက်မှုနဲ့ သေဆုံးသူတွေပါ တိုးလာနေရာက စိုးရိမ်မှုတွေလည်း ကြီးထွားလာနေတာပါ။

WHO ကလည်း ကမ္ဘာတဝှမ်း ကူးစက်နိုင်တဲ့ အန္တရာယ်အဆင့်ကို သောကြာနေ့မှာပဲ တိုးမြှင့်လိုက်ပေမယ့် ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိကြောင်းလည်း ပြောဆိုထားပါတယ်။

အရက်ပျံပါတဲ့ အရည်နဲ့ လက်ဆေးတာ၊ ဒါမှမဟုတ်ရင်လည်း ဆပ်ပြာနဲ့ ရေကိုသုံးပြီး လက်ဆေးတာမျိုး ပုံမှန်လုပ်ဖို့၊ ညစ်ညမ်းတဲ့အရာ တခုခုကို ကိုင်တွယ်မိတာ ဒါမှမဟုတ် နေထိုင်မကောင်းသူ တယောက်ယောက်နဲ့ ထိတွေ့မိပြီးရင် ကိုယ့်မျက်နှာကို မကိုင်တွယ်မိအောင် သတိထားဖို့လို ဆောင်ရန် ရှောင်ရန်တွေကို သတိထားသင့်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က အကြုံပြုခဲ့တာပါ။

လက်မှန်မှန်ဆေးတာဟာ ကူးစက်မှု အန္တရာယ်ကို လျှော့ချနိုင်ကြောင်းလည်း ပြောပါတယ်။ ကျန်းမာရေးပညာရှင် အများစုကတော့ တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ဖို့ တိုက်တွန်းနေကြသလို ပတ်ဝန်းကျင်မှာ သန့်ရှင်းအောင်ထားဖို့၊ နေထိုင်မကောင်းတာ၊ ချောင်းဆိုးတာမျိုး ဖြစ်နေရင် အပြင်မသွားဖို့၊ နေထိုင်မကောင်းဖြစ်တယ် ဆိုရင်လည်း စားတာသောက်တာ၊ အိပ်တာကအစ မိသားစုဝင်တွေနဲ့ သီးသန့်ခွဲပြီး စားသောက် နေထိုင်ဖို့လည်း အကြံပြုထားကြပါတယ်။

-----------------------------------

(Unicode)

ကိုရိုနာဗိုငျးရျဈအန်တရာယျ ကာကှယျရေး WHO ထပျမံသတိပေး






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG