(Zawgyi/Unicode)
ဥေရာပတုိက္မွာ Coronavirus အဆုိးရြားဆုံးျဖစ္ေနတဲ့ အီတလီအစုိးရက ဒီဗုိင္းရပ္စ္ပုိးကုိ ထိန္းခ်ဳပ္ႏုိင္ေအာင္ ႀကိဳးစားတဲ့အေနနဲ႔ တႏုိင္ငံလုံးအတုိင္းအတာနဲ႔ ခရီးသြားလာခြင့္ေတြ ကန္႔သတ္လုိက္ပါတယ္။ ဒီ ကန္႔သတ္ခ်က္ေၾကာင့္ လူေပါင္း သန္း ၆၀ ခရီးသြားလုိ႔ မရၾကေတာ့ပါဘူး။
ေဒသစံေတာ္ခ်ိန္ တနလၤာေန႔ညက တုိင္းျပည္ကုိေျပာၾကားတဲ့ မိန္႔ခြန္းအတြင္း အခုလုိ ခရီးသြားလာခြင့္ ကန္႔သတ္ပိတ္ပင္တာနဲ႔ ပတ္သက္လုိ႔ အက်ဥ္းခ်ဳဥ္းေျပာရရင္ သူအေနနဲ႔ အျပင္မထြက္ဘဲ အိမ္မွာဘဲ ေနမယ္လုိ႔ ေျပာလုိ႔ရႏုိင္ေၾကာင္း ၀န္ႀကီးခ်ဳပ္ Giuseppe Conte က ေျပာပါတယ္။
တခ်ိန္ထဲမွာဘဲ Coronavirus ဟာ ႏုိင္ငံအမ်ားအျပားမွာ ေျခကုပ္ယူလာေနၿပီျဖစ္တာေၾကာင့္ ဒီေရာဂါဟာ ကမၻာ့အႏွံ႔ ျဖစ္ေပၚေနတဲ့ ကပ္ေရာဂါႀကီး ျဖစ္လာဖုိ႔ နီးစပ္လာေနၿပီျဖစ္ေၾကာင္း WHO ကမၻာ့က်န္းမာေရးအဖြဲ႔အႀကီးကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။
"ဒီေရာဂါက ႏုိင္ငံအမ်ားအျပားက လူအမ်ားအျပားကုိ အလ်င္အျမန္ ထိခုိက္ေစခဲ့တာေၾကာင့္ တကယ္ကုိ စိတ္မေကာင္းစရာျဖစ္ရပ္ပါ။ အခုဆုိရင္ တုိင္းျပည္အေတာ္မ်ားမ်ားမွာ ဒီဗုိင္းရပ္စ္က ေျခကုပ္ယူထားႏုိင္ၿပီျဖစ္တာေၾကာင့္ ကမၻလုံးဆုိင္ရာ ကပ္ေရာဂါႀကီးအဆင့္ကုိေရာက္ဖုိ႔ ၿခိ္မ္းေျခာက္လာေနၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါဟာ သမုိင္းမွာ ပထမဆုံး ထိန္းခ်ဳပ္လုိ႔ရႏုိင္တဲ့ ကပ္ေရာဂါျဖစ္လာပါလိမ့္မယ္။ ဆုိလုိခ်င္တာကေတာ့ ဒီဗုိင္းရပ္စ္ကုိ က်ေနာ္တုိ႔ အႏုိင္ယူႏုိင္မွာပါ။”
တကမၻာလုံး အတုိင္းအတာနဲ႔ဆုိရင္ေတာ့ ေသဆုံးသူ ၃,၅၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေရာဂါပုိး ကူးစက္ေနသူ အေရအတြက္ဟာလည္း ၁၀၆,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။
ကမၻာ့ေခါင္းေဆာင္ေတြက ျပတ္သားတဲ့ဆုံးျဖတ္ခ်က္နဲ႔အတူ လုိအပ္တာေတြအကုိ အလ်င္အျမန္ လုပ္ေဆာင္ျခင္းအားျဖင့္ ဒီဗုိင္းရပ္စ္ပုိး ကူးစက္ ျပန္႔ႏွံ႔မႈအရွိန္ေလ်ာ့က်သြားေအာင္ လုပ္ေဆာင္ႏုိင္မယ္လုိ႔လည္း WHO အႀကီးအကဲက ေျပာပါတယ္။
ေရာဂါပုိးကူးစက္ေနသူ အမ်ားစုဟာ ျပန္ေနေကာင္းလာၾကမွာျဖစ္ေၾကာင္း၊ ဥပမာအေနနဲ႔ ဒီဗုိင္းရပ္စ္ပုိး စတင္ေတြ႔ရွိတဲ့ တရုတ္ႏုိင္ငံက လူနာ ၈၀,၀၀၀ ေက်ာ္ထဲက ၇၀% ဟာ ျပန္ေကာင္းလာၿပီး ေဆးရုံက ဆင္းသြားၾကၿပီလုိ႔လည္း WHO အႀကီးအကဲက ေျပာပါတယ္။
...................
အီတလီ တနိုင်ငံလုံး ခရီးသွားလာခွင့် ကန့်သတ်
(Unicode)
ဥရောပတိုက်မှာ Coronavirus အဆိုးရွားဆုံးဖြစ်နေတဲ့ အီတလီအစိုးရက ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်အောင် ကြိုးစားတဲ့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခရီးသွားလာခွင့်တွေ ကန့်သတ်လိုက်ပါတယ်။ ဒီ ကန့်သတ်ချက်ကြောင့် လူပေါင်း သန်း ၆၀ ခရီးသွားလို့ မရကြတော့ပါဘူး။
ဒေသစံတော်ချိန် တနင်္လာနေ့ညက တိုင်းပြည်ကိုပြောကြားတဲ့ မိန့်ခွန်းအတွင်း အခုလို ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်တာနဲ့ ပတ်သက်လို့ အကျဉ်းချုဉ်းပြောရရင် သူအနေနဲ့ အပြင်မထွက်ဘဲ အိမ်မှာဘဲ နေမယ်လို့ ပြောလို့ရနိုင်ကြောင်း ဝန်ကြီးချုပ် Giuseppe Conte က ပြောပါတယ်။
တချိန်ထဲမှာဘဲ Coronavirus ဟာ နိုင်ငံအများအပြားမှာ ခြေကုပ်ယူလာနေပြီဖြစ်တာကြောင့် ဒီရောဂါဟာ ကမ္ဘာ့အနှံ့ ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြီး ဖြစ်လာဖို့ နီးစပ်လာနေပြီဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။
"ဒီရောဂါက နိုင်ငံအများအပြားက လူအများအပြားကို အလျင်အမြန် ထိခိုက်စေခဲ့တာကြောင့် တကယ်ကို စိတ်မကောင်းစရာဖြစ်ရပ်ပါ။ အခုဆိုရင် တိုင်းပြည်အတော်များများမှာ ဒီဗိုင်းရပ်စ်က ခြေကုပ်ယူထားနိုင်ပြီဖြစ်တာကြောင့် ကမ္ဘလုံးဆိုင်ရာ ကပ်ရောဂါကြီးအဆင့်ကိုရောက်ဖို့ ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သမိုင်းမှာ ပထမဆုံး ထိန်းချုပ်လို့ရနိုင်တဲ့ ကပ်ရောဂါဖြစ်လာပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ ဒီဗိုင်းရပ်စ်ကို ကျနော်တို့ အနိုင်ယူနိုင်မှာပါ။”
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ သေဆုံးသူ ၃,၅၀၀ ကျော်သွားပြီဖြစ်ပြီး ရောဂါပိုး ကူးစက်နေသူ အရေအတွက်ဟာလည်း ၁၀၆,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေက ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့အတူ လိုအပ်တာတွေအကို အလျင်အမြန် လုပ်ဆောင်ခြင်းအားဖြင့် ဒီဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်နှံ့မှုအရှိန်လျော့ကျသွားအောင် လုပ်ဆောင်နိုင်မယ်လို့လည်း WHO အကြီးအကဲက ပြောပါတယ်။
ရောဂါပိုးကူးစက်နေသူ အများစုဟာ ပြန်နေကောင်းလာကြမှာဖြစ်ကြောင်း၊ ဥပမာအနေနဲ့ ဒီဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံက လူနာ ၈၀,၀၀၀ ကျော်ထဲက ၇၀% ဟာ ပြန်ကောင်းလာပြီး ဆေးရုံက ဆင်းသွားကြပြီလို့လည်း WHO အကြီးအကဲက ပြောပါတယ်။