သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေလေၾကာင္းတိုက္ခိုက္မႈ Al Shabab ထိပ္တန္းေခါင္းေဆာင္ ေသဆုံးဖြယ္ရွိ


ကင္ညာႏုိင္ငံရွိ အေမရိကန္ စစ္အေျခစုိက္စခန္းမွ အေမရိကန္စစ္သည္မ်ား။ (ဇန္နဝါရီ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

Al Shabab အဖြဲ႔ရဲ႕ ထိပ္တန္းေခါင္းေဆာင္တဦးဟာ ၿပီးခဲ့တဲ့လက အေမရိကန္ရဲ႕ အေဝးထိန္းဒ႐ုန္းနဲ႔ တိုက္ခိုက္မႈအတြင္း ေသဆုံးသြားဖြယ္ရွိတယ္လို႔ အေမရိကန္စစ္တပ္က ဗီြအိုေအကို အတည္ျပဳလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က အေမရိကန္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈအတြင္း Al Shabab ထိပ္တန္းေခါင္းေဆာင္တဦးျဖစ္တဲ့ Bashir Mohamed Mahamoud လို႔ေခၚတဲ့ Bashir Qoorgaab ေသဆုံးသြားတယ္လို႔ မွတ္ယူရေၾကာင္း အာဖရိကေဒသဆိုင္ရာ အေမရိကန္စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး Chris Karns က ဗီြအိုေအကို ေျပာပါတယ္။ ဆိုမာလီႏိုင္ငံ Jubba ေဒသက Saakow ၿမိဳ႕မွာ အဲဒီေလေၾကာင္းတိုက္ခိုက္မႈကို လုပ္ခဲ့တာ ျဖစ္ပါတယ္။

သူဟာ Al Shabab အဖြဲ႔က အေတြ႔အႀကဳံရင့္ၿပီး တိုက္ခိုက္ေရး ကြၽမ္းက်င္တဲ့ ထိပ္တန္းတပ္မွဴးေတြထဲက တေယာက္ျဖစ္ၿပီး သိပ္မၾကာေသးခင္ကဘဲ Al Shabab သူပုန္အဖြဲ႔က Jabhat လို႔ေခၚတဲ့ Al-Nusra တပ္ဖြဲ႔ ၃ ခုကို ဦးစီးခဲ့တာ ျဖစ္ပါတယ္။

အခုလို Bashir Qoorgaab လို႔ အၾကမ္းဖက္သမားတေယာက္ ေသဆုံးသြားတာဟာ ၿခိမ္းေျခာက္မႈေတြကို ဖယ္ရွားလိုက္တာျဖစ္ၿပီး အာဖရိကလူမ်ိဳးေတြနဲ႔ အေမရိကန္ေတြအတြက္ ပိုၿပီးေတာ့ ေဘးကင္းလုံၿခဳံေစၿပီး တိုးတက္မႈတခု ျဖစ္တယ္လို႔ ဗိုလ္မွဴးႀကီး Karns က ဗီြအိုေအကို ေျပာပါတယ္။

ဇန္နဝါရီလ ၅ ရက္ေန႔က Manda Bay ေဒသ တိုက္ခိုက္မႈကို ႀကိဳးကိုင္ခဲ့တဲ့ Al Shabab ေခါင္းေဆာင္နဲ႔ သူ႔ဇနီးဟာ Saakow တိုက္ခိုက္မႈအတြင္း ေသဆုံးသြားတယ္လို႔ အာဖရိကေဒသဆိုင္ရာ အေမရိကန္စစ္ဌာနခ်ဳပ္ AFRICOM က ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။

ဒီေသဆုံးမႈနဲ႔ ပတ္သက္ၿပီး သူ႔ဇနီးရဲ႕ အမ်ိဳးေတြကလည္း ဗီြအိုေအကို အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

--------------------------

(Unicode)

ကန်လေကြောင်းတိုက်ခိုက်မှု Al Shabab ထိပ်တန်းခေါင်းဆောင် သေဆုံးဖွယ်ရှိ

Al Shabab အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဟာ ပြီးခဲ့တဲ့လက အမေရိကန်ရဲ့ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ်က ဗွီအိုအေကို အတည်ပြုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း Al Shabab ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ Bashir Mohamed Mahamoud လို့ခေါ်တဲ့ Bashir Qoorgaab သေဆုံးသွားတယ်လို့ မှတ်ယူရကြောင်း အာဖရိကဒေသဆိုင်ရာ အမေရိကန်စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး Chris Karns က ဗွီအိုအေကို ပြောပါတယ်။ ဆိုမာလီနိုင်ငံ Jubba ဒေသက Saakow မြို့မှာ အဲဒီလေကြောင်းတိုက်ခိုက်မှုကို လုပ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ Al Shabab အဖွဲ့က အတွေ့အကြုံရင့်ပြီး တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ ထိပ်တန်းတပ်မှူးတွေထဲက တယောက်ဖြစ်ပြီး သိပ်မကြာသေးခင်ကဘဲ Al Shabab သူပုန်အဖွဲ့က Jabhat လို့ခေါ်တဲ့ Al-Nusra တပ်ဖွဲ့ ၃ ခုကို ဦးစီးခဲ့တာ ဖြစ်ပါတယ်။

အခုလို Bashir Qoorgaab လို့ အကြမ်းဖက်သမားတယောက် သေဆုံးသွားတာဟာ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားလိုက်တာဖြစ်ပြီး အာဖရိကလူမျိုးတွေနဲ့ အမေရိကန်တွေအတွက် ပိုပြီးတော့ ဘေးကင်းလုံခြုံစေပြီး တိုးတက်မှုတခု ဖြစ်တယ်လို့ ဗိုလ်မှူးကြီး Karns က ဗွီအိုအေကို ပြောပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့က Manda Bay ဒေသ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့တဲ့ Al Shabab ခေါင်းဆောင်နဲ့ သူ့ဇနီးဟာ Saakow တိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ အာဖရိကဒေသဆိုင်ရာ အမေရိကန်စစ်ဌာနချုပ် AFRICOM က ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ဇနီးရဲ့ အမျိုးတွေကလည်း ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG