သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ေၾကာင့္ အီတလီေျမာက္ပိုင္းၿမိဳ႕မ်ား အဝင္အထြက္ပိတ္


အီတလီႏုိင္ငံတြင္ ကုိ႐ိုနာဗုိင္းရပ္စ္ အႏၱရာယ္မွ ကာကြယ္ႏုိင္ေရး ႏွာေခါင္းစည္းတပ္ သြားလာေနၾကသူမ်ား။ (မတ္လ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

အီတလီႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ အေရးေပၚအမိန႔္တရပ္ကို ထုတ္ျပန္လိုက္ၿပီး အီတလီႏုိင္ငံက လူဦးေရ ၄ ပုံ ၁ ပုံေလာက္ဟာ ပိတ္မိေနပါတယ္။

အီတလီႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံၿပီးရင္ ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးေၾကာင့္ ေသဆုံးသူ အမ်ားဆုံး ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

အခုဆိုရင္ အီတလီႏိုင္ငံမွာ ေသဆုံးတဲ့သူ အေရအတြက္ဟာ ၂၃၀ ထက္မနည္း ရွိလာတာေၾကာင့္ အီတလီအစိုးရက မီလန္ၿမိဳ႕နဲ႔ လြန္ဘာဒီအရပ္ေဒသေတြ အပါအဝင္ ႏိုင္ငံေျမာက္ပိုင္းက ၿမိဳ႕ေတြကို အဝင္အထြက္ေတြ ပိတ္ပစ္လိုက္ပါတယ္။ ဒါ့အျပင္ Venice ၿမိဳ႕ အပါအဝင္ ျပည္နယ္ ၁၄ ခုကိုလည္း ပိတ္ပစ္လိုက္ပါတယ္။

အီတလီႏုိင္ငံအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆုံးတာေတြကို အရွိန္အဟုန္ ေလ်ာ့က်ေအာင္ လုပ္ေဆာင္တဲ့အေနနဲ႔ အဲဒီေဒသကို ခရီးသြားလာမႈေတြကိုလည္း ေရွ႕လဆန္းပိုင္းကစၿပီး တင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ျပတိုက္ေတြ၊ ဇာတ္႐ုံေတြ၊ ႐ုပ္ရွင္႐ုံေတြနဲ႔ တျခား ေဖ်ာ္ေျဖေရး ေနရာေတြကိုလည္း ပိတ္ပစ္ဖို႔ အီတလီအစိုးရက အမိန႔္ထုတ္ထားပါတယ္။

ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔မႈေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ အကူအညီေပးတဲ့အေနနဲ႔ ပင္စင္ယူသြားတဲ့ ဆရာဝန္ေတြကိုလည္း အလုပ္ျပန္လုပ္ၾကဖို႔ အီတလီအစိုးရက ေတာင္းဆိုထားပါတယ္။

တခ်ိန္တည္းမွာပဲ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ကလည္း ဗာတီကန္က စိန႔္ပီတာရင္ျပင္မွာလုပ္မယ့္ ဝတ္ျပဳဆုေတာင္းပြဲကို မလုပ္ဘဲ အင္တာနက္အြန္လိုင္းကေန Live လႊင့္ၿပီး လုပ္သြားမွာျဖစ္တယ္လို႔ ဗာတီကန္ဘက္က ေၾကညာလိုက္ပါတယ္။

အခုဆုိ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူ အေရအတြက္ဟာ တသိန္းေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူ အေရအတြက္က သုံးေထာင့္ငါးရာ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ဒီထဲက အမ်ားစုဟာ တ႐ုတ္ႏုိင္ငံက ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ကေမၻာဒီးယားႏုိင္ငံမွာလည္း ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူတဦး ေတြ႔ရွိတယ္လို႔ ကေမၻာဒီးယား က်န္းမာေရး ဝန္ႀကီးဌာနက မေန႔ စေနေန႔မွာ ထုတ္ျပန္လုိက္ပါတယ္။

အဲဒီလူဟာ အသက္ ၃၈ ႏွစ္အရြယ္ အမ်ဳိးသားတဦးျဖစ္ၿပီး Siem Reap ၿမိဳ႕က ျဖစ္တယ္လို႔ ေျပာပါတယ္။

-----------------------

(Unicode)

Covid-19 ကြောင့် အီတလီမြောက်ပိုင်းမြို့များ အဝင်အထွက်ပိတ်

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အရေးပေါ်အမိန့်တရပ်ကို ထုတ်ပြန်လိုက်ပြီး အီတလီနိုင်ငံက လူဦးရေ ၄ ပုံ ၁ ပုံလောက်ဟာ ပိတ်မိနေပါတယ်။

အီတလီနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အခုဆိုရင် အီတလီနိုင်ငံမှာ သေဆုံးတဲ့သူ အရေအတွက်ဟာ ၂၃၀ ထက်မနည်း ရှိလာတာကြောင့် အီတလီအစိုးရက မီလန်မြို့နဲ့ လွန်ဘာဒီအရပ်ဒေသတွေ အပါအဝင် နိုင်ငံမြောက်ပိုင်းက မြို့တွေကို အဝင်အထွက်တွေ ပိတ်ပစ်လိုက်ပါတယ်။ ဒါ့အပြင် Venice မြို့ အပါအဝင် ပြည်နယ် ၁၄ ခုကိုလည်း ပိတ်ပစ်လိုက်ပါတယ်။

အီတလီနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးတာတွေကို အရှိန်အဟုန် လျော့ကျအောင် လုပ်ဆောင်တဲ့အနေနဲ့ အဲဒီဒေသကို ခရီးသွားလာမှုတွေကိုလည်း ရှေ့လဆန်းပိုင်းကစပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြတိုက်တွေ၊ ဇာတ်ရုံတွေ၊ ရုပ်ရှင်ရုံတွေနဲ့ တခြား ဖျော်ဖြေရေး နေရာတွေကိုလည်း ပိတ်ပစ်ဖို့ အီတလီအစိုးရက အမိန့်ထုတ်ထားပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်အောင် အကူအညီပေးတဲ့အနေနဲ့ ပင်စင်ယူသွားတဲ့ ဆရာဝန်တွေကိုလည်း အလုပ်ပြန်လုပ်ကြဖို့ အီတလီအစိုးရက တောင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ဗာတီကန်က စိန့်ပီတာရင်ပြင်မှာလုပ်မယ့် ဝတ်ပြုဆုတောင်းပွဲကို မလုပ်ဘဲ အင်တာနက်အွန်လိုင်းကနေ Live လွှင့်ပြီး လုပ်သွားမှာဖြစ်တယ်လို့ ဗာတီကန်ဘက်က ကြေညာလိုက်ပါတယ်။

အခုဆို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်ဟာ တသိန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူ အရေအတွက်က သုံးထောင့်ငါးရာ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒီထဲက အများစုဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတဦး တွေ့ရှိတယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာနက မနေ့ စနေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလူဟာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး Siem Reap မြို့က ဖြစ်တယ်လို့ ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG