သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီ လူဦးရေ ၁၆ သန်းကျော်ကို သီးခြားကန့်သတ်ထား


အီတလီနိုင်ငံ Florence နိုင်ငံမှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးအန္တရာယ် ကာကွယ်ဖို့ နှာခေါင်းစီးများ တပ်ထားတဲ့ လူတချို့ (မတ် ၀၇၊ ၂၀၂၀)
အီတလီနိုင်ငံ Florence နိုင်ငံမှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးအန္တရာယ် ကာကွယ်ဖို့ နှာခေါင်းစီးများ တပ်ထားတဲ့ လူတချို့ (မတ် ၀၇၊ ၂၀၂၀)

(Zawgyi/Unicode)

Coronavirus ပိုးကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် အီတလီနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ကို တနေရာကနေ တနေရာ အသွားအလာ အဝင်အထွက်တွေ တားမြစ်ထားပါတယ်။

Milan မြို့ Venice မြို့အပါအဝင် အီတလီမြောက်ပိုင်းဒေသက လူ ၁၆ သန်းလောက်ရဲ့ အသွားအလာတွေကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ တမြို့ကနေ တမြို့သွားလာမှုတွေကို April လရောက်တဲ့အထိ ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားပါတယ်။

Coronavirus ပိုး ကမ္ဘာ့ကျန်းမာရေး အရေးအပေါ်အခြေအနေအဖြစ် WHO ကြေညာလိုက်တဲ့အကြောင်း ဖတ်ရှုနိုင်ပါပြီ။

အီတလီတနိုင်ငံလုံးမှာလည်း ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ ကဇတ်ရုံတွေ အားကစားကွင်းတွေအပါအဝင် လူစုလူဝေးဖြစ်မယ့်နေရာတွေအားလုံးကို ပိတ်ထားဖို့လည်း အမိန့်ထုတ်ထားပါတယ်။

လောလောဆယ် အီတလီမှာ Virus ပိုးကူးသူ ၇,၃၀၀ ကျော်၊ သေဆုံးသူ ၃၆၆ ယောက် ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ကလည်း Coronavirus ပိုးကူးစက်နေသူတွေအတွက် ဒီနေ့ဆုတောင်းပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပုပ်ရဟန်းမင်းကြီးနေ့စဉ် သီးသန့်ဝတ်ပြုတာကို Online ပေါ်မှာ ဒီကနေ့ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis

Coronavirus ပိုး ကူးစက်နေသူတွေ၊ သူတို့ကို ကုသပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လုပ်အားပေးတွေအပါအဝင် ဒီပိုးကြောင့် နာမကျန်း ထိခိုက်နေသူတွေ အားလုံးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေးနေတာဖြစ်ပါတယ်။

Coronavirus ပိုးကူးစက်သူ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ နောက်ထပ် ပိုးကူးသူ ၄၀ ရှိပြီး ဒါဟာ ဇန်နဝါရီလထဲက အနည်းဆုံးကူးစက်သူ အရေအတွက်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ လောလောဆယ်အထိ Virus ပိုးကူးသူ ၅၆၄ ယောက် သေဆုံးသူ ၂၂ ယောက်ရှိနေပါတယ်။

Virus ပိုးကူးနေသူနဲ့ ထိတွေ့ခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ် ၂ ယောက်လည်း တခြားသူတွေနဲ့ မတွေ့ဘဲ သီးခြားခွဲနေ နေကြပါတယ်။ California ပြည်နယ် ကမ်းလွန်မှာ ကမ်းကပ်ခွင့်ရဖို့ စောင့်နေတဲ့ Grand Princess အပျော်စီးသင်္ဘောကြီးကိုတော့ ခရီးသည်တွေ ကမ်းဆင်းနိုင်ဖို့ ဒီကနေ့ Oakland မြို့မှာ ရပ်နားခွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

သင်္ဘောပေါ်က Coronavirus ပိုးကူးစက်နေသူတွေကို ဘယ်လိုကိုင်တွယ်မယ့်ဆိုတဲ့ အစီအစဉ်တွေကို ဒေသခံနဲ့ ပြည်ထောင်စုအစိုးရတာဝန်ရှိသူတွေ ပြင်ဆင်ထားကြပါတယ်။ California ပြည်နယ်ထဲက ခရီးသည်တွေဆိုရင် ပြည်နယ်ထဲက စစ်စခန်းတွေမှာ ၁၄ ရက် သီးခြားခွဲထားမှာဖြစ်ပြီး တခြားပြည်နယ်တွေမှာ နေသူတွေဆိုရင်တော့ Texas နဲ့ Georgia ပြည်နယ်တွေမှာရှိတဲ့စစ်စခန်းတွေမှာ သီးခြားခွဲစောင့်ကြည့်မှာ ဖြစ်ပါတယ်။

သင်္ဘောပေါ်ပါလာတဲ့ နိုင်ငံခြားသားတွေကိုတော့ သူတို့ နေရပ်ပြန်နိုင်ကြဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ နိုင်ငံခြားရေးဌာနက ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

သင်္ဘောဝန်ထမ်းတွေကတော့ ကမ်းဆင်းခွင့်ရမှာ မဟုတ်ပါဘူး။ ကမ္ဘာတဝန်း Coronavirus ပိုးကူးစက်မှုအခြေအနေကတော့ ပိုးကူးစက်နေတဲ့နိုင်ငံပေါင်း ၁၀၀ ကျော်ရှိသွားပြီး COVID-19 ရောဂါဖြစ်နေသူ တသိန်းကျော်သွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG