သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္မွာ Coronavirus ပိုး ကူးစက္ထားသူ သံုးဦး စမ္းသပ္ေတြ႔ရွိ


(Zawgyi / Unicode)

ျပင္သစ္ႏုိင္္ငံမွာ Coronavirus ကူးစက္ခံရသူသံုးဦး ပထမဆံုး ေပၚလာတာေၾကာင့္ ဒါဟာ ဥေရာပတိုက္ မွာပါ ဒီဗိုင္းရပ္စ္ပိုး ကူးစက္ျပန္႔ႏွံ႔သြားၿပီဆိုတဲ့ သေဘာပါပဲ။

ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူ သံုးဦးထဲမွာ ႏွစ္ဦးဟာ မၾကာေသးခင္က တ႐ုတ္ႏုိင္ငံကို ခရီးသြားခဲ့သူေတြျဖစ္တယ္လုိ႔ ျပင္သစ္ က်န္းမာေရးတာဝန္ရွိသူေတြက ေသာၾကာေန႔ မွာေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာလည္း ဒုတိယေျမာက္လူတဦး coronavirus ကူးစက္ခံထားရတယ္ဆိုတာ စမ္းသပ္ေတြ႔ရွိတယ္လုိ႔ က်န္းမာေရးတာဝန္ရွိသူေတြက ေသာၾကာေန႔မွာေျပာပါတယ္။

Wuhan ၿမိဳ႕ကေန ဇန္နဝါရီလ ၁၃ ရက္ေန႔ကျပန္လာတဲ့ အီလီႏိြဳင္းျပည္နယ္၊ ခ်ီကာဂိုၿမိဳ႕က အမ်ဳိးသမီးမွာ အသက္႐ႈလမ္းေၾကာင္း ဆိုင္ရာေရာဂါ ခံစားေနရတဲ့ အရိပ္လကၡဏာေတြ မေတြ႔ခဲ့ရပါဘူး။ ဒါေပမယ့္ ရက္အေတာ္ၾကာၿပီးတဲ့ေနာက္ သူ ျပေနက် ဆရာဝန္ကို ဖုန္းဆက္ၿပီး သူေနမေကာင္းဘူးလို႔ ေျပာခဲ့တာပါ။ တ႐ုတ္ႏုိင္ငံအလယ္ပိုင္း၊ Hubei ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ Wuhan ၿမိဳ႕ဟာ အသက္အႏၲရာယ္ရွိတဲ့ ဗိုင္းရပ္စ္ပိုး စၿပီး ျပန္႔ႏွံ႔ျဖစ္ပြားတဲ့ေနရာလို႔ ယူဆထားၾကတာပါ။

အသက္ ၆၀ ပတ္ဝန္းက်င္အရြယ္ အမ်ဳိးသမီးရဲ႕အေျခအေန ေကာင္းမြန္ေနၿပီး ေရာဂါျပန္႔ပြားမႈ ထိန္းခ်ဳပ္ဖို႔ ရည္ရြယ္ခ်က္နဲ႔ ေဆး႐ံု တင္ထားတယ္လုိ႔ ခ်ီကာဂို လူထုက်န္းမာေရးေကာ္မရွင္နာမင္းႀကီး ေဒါက္တာ Allison Arwady က ေျပာပါတယ္။

ဒီအမ်ဳိးသမီးနဲ႔ အနီးကပ္ ေတြ႔ဆံုခဲ့သူေတြကိုလည္း ေစာင့္ၾကည့္ေနပါတယ္။

အေမရိကန္မွာ ဒီဗိုင္းရပ္စ္ပိုး ခံထားရတယ္လုိ႔ အဂၤါေန႔မွာ ပထမဆံုး စမ္းသပ္ေတြ႔ရွိခဲ့သူကေတာ့ ႏုိင္ငံအေနာက္ေျမာက္ပိုင္း ဝါရွင္တန္ျပည္နယ္ကပါ။ ၿပီးခဲ့တဲ့သီတင္းပတ္က Wuhan ကေန Seattle ၿမိဳ႕ကိုျပန္လာတဲ့ အဲဒီအမ်ဳိးသားကို ေဆး႐ံုတင္ထားၿပီး အေျခအေနေကာင္းေနေပမယ့္ နမိုးနီးယား အူေရာင္ငန္းဖ်ားေရာဂါ ျဖစ္ေနတယ္လို႔ ဝါရွင္တန္ျပည္နယ္ က်န္းမာေရး တာဝန္ရွိ သူေတြက ေျပာပါတယ္။

ဗိုင္းရပ္စ္ပိုးဝင္ၿပီး သီတင္းႏွစ္ပတ္ၾကာတဲ့အခ်ိန္ထိ ေရာဂါလကၡဏာ မျပတဲ့အတြက္ ေရာဂါပိုး ကူးစက္ခံထားရတဲ့ ေနာက္ထပ္ လူေတြ သိပ္မၾကာခင္ကာလမွာ စမ္းသပ္ေတြ႔ရွိလာရႏိုင္တယ္လုိ႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ပြင်သစ်မှာ Coronavirus ပိုး ကူးစက်ထားသူ သုံးဦး စမ်းသပ်တွေ့ရှိ

( Unicode)

ပြင်သစ်နိုင််ငံမှာ Coronavirus ကူးစက်ခံရသူသုံးဦး ပထမဆုံး ပေါ်လာတာကြောင့် ဒါဟာ ဥရောပတိုက် မှာပါ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့သွားပြီဆိုတဲ့ သဘောပါပဲ။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ သုံးဦးထဲမှာ နှစ်ဦးဟာ မကြာသေးခင်က တရုတ်နိုင်ငံကို ခရီးသွားခဲ့သူတွေဖြစ်တယ်လို့ ပြင်သစ် ကျန်းမာရေးတာဝန်ရှိသူတွေက သောကြာနေ့ မှာပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ဒုတိယမြောက်လူတဦး coronavirus ကူးစက်ခံထားရတယ်ဆိုတာ စမ်းသပ်တွေ့ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက သောကြာနေ့မှာပြောပါတယ်။

Wuhan မြို့ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့ကပြန်လာတဲ့ အီလီနွိုင်းပြည်နယ်၊ ချီကာဂိုမြို့က အမျိုးသမီးမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ ခံစားနေရတဲ့ အရိပ်လက္ခဏာတွေ မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ရက်အတော်ကြာပြီးတဲ့နောက် သူ ပြနေကျ ဆရာဝန်ကို ဖုန်းဆက်ပြီး သူနေမကောင်းဘူးလို့ ပြောခဲ့တာပါ။ တရုတ်နိုင်ငံအလယ်ပိုင်း၊ Hubei ပြည်နယ်ရဲ့မြို့တော် Wuhan မြို့ဟာ အသက်အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုး စပြီး ပြန့်နှံ့ဖြစ်ပွားတဲ့နေရာလို့ ယူဆထားကြတာပါ။

အသက် ၆၀ ပတ်ဝန်းကျင်အရွယ် အမျိုးသမီးရဲ့အခြေအနေ ကောင်းမွန်နေပြီး ရောဂါပြန့်ပွားမှု ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဆေးရုံ တင်ထားတယ်လို့ ချီကာဂို လူထုကျန်းမာရေးကော်မရှင်နာမင်းကြီး ဒေါက်တာ Allison Arwady က ပြောပါတယ်။

ဒီအမျိုးသမီးနဲ့ အနီးကပ် တွေ့ဆုံခဲ့သူတွေကိုလည်း စောင့်ကြည့်နေပါတယ်။

အမေရိကန်မှာ ဒီဗိုင်းရပ်စ်ပိုး ခံထားရတယ်လို့ အင်္ဂါနေ့မှာ ပထမဆုံး စမ်းသပ်တွေ့ရှိခဲ့သူကတော့ နိုင်ငံအနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်ကပါ။ ပြီးခဲ့တဲ့သီတင်းပတ်က Wuhan ကနေ Seattle မြို့ကိုပြန်လာတဲ့ အဲဒီအမျိုးသားကို ဆေးရုံတင်ထားပြီး အခြေအနေကောင်းနေပေမယ့် နမိုးနီးယား အူရောင်ငန်းဖျားရောဂါ ဖြစ်နေတယ်လို့ ဝါရှင်တန်ပြည်နယ် ကျန်းမာရေး တာဝန်ရှိ သူတွေက ပြောပါတယ်။

ဗိုင်းရပ်စ်ပိုးဝင်ပြီး သီတင်းနှစ်ပတ်ကြာတဲ့အချိန်ထိ ရောဂါလက္ခဏာ မပြတဲ့အတွက် ရောဂါပိုး ကူးစက်ခံထားရတဲ့ နောက်ထပ် လူတွေ သိပ်မကြာခင်ကာလမှာ စမ်းသပ်တွေ့ရှိလာရနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG