(Zawgyi/Unicode)
ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြထဲ COVID-19 ေရာဂါေၾကာင့္ ေသဆံုးမႈႏႈန္းဟာ ၁% ရွိေနလား ၃.၄% ရွိေနလား၊ ဘယ္ေလာက္ျပင္းထန္သလဲဆိုတဲ့ ခန္႔မွန္းခ်က္အေပၚမွာ လူထုက်န္းမာေရး အရာရွိေတြနဲ႔ ကူးစက္ေရာဂါ ပါရဂူေတြၾကား အျငင္းပြားစရာျဖစ္ေနပါတယ္။
ေရာဂါပိုးမႊား ေဗဒပညာရွင္ေတြနဲ႔ ေဆးဘက္ဆိုင္ရာ ပညာရွင္ေတြကေတာ့ ဗိုင္းရပ္စ္ပိုး အသစ္ျဖစ္တဲ့အတြက္ ေသဆံုးမႈႏႈန္း ဘယ္ေလာက္ျပင္းထန္သလဲဆိုတဲ့ ခန္႔မွန္းခ်က္ ကဲြလဲြမႈဟာ အထူးအဆန္းမဟုတ္ဘူးလို႔ဆိုပါတယ္။
အထူးသျဖင့္ လူနာေတြကို ေဆးရံုတင္ဖို႔ အဆမတန္လိုအပ္လာတဲ့အတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ ထိခိုက္ေစမယ္ဆိုရင္ ခန္႔မွန္းခ်က္ ကိန္းဂဏန္းဟာ အတိမ္းအေစာင္း ရွိႏိုင္မယ္ဆိုတာ သူတို႔က သတိေပးထားၿပီးသာျဖစ္ပါတယ္။
လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအဆိုးဆံုးျဖစ္ေနတဲ့ အီတလီေျမာက္ပိုင္းမွာ ဒီေသဆံုးမႈႏႈန္းျပင္းထန္တဲ့ အေပၚမွာ ကူးစက္ေရာဂါ ပါရဂူေတြ စိုးရိမ္ေနၾကတာပါ။
တနဂၤေႏြေန႔မွာ အီတလီႏိုင္ငံရဲ႕ ေရာဂါကူးစက္ခံရသူ ေသဆံုးမႈႏႈန္း အခ်ဳိးအဆအားျဖင့္ စိုးရိမ္ဖြယ္ရာ ၅% ထိျမင့္တက္သြားခဲ့တာပါ။ ျမင့္တက္သြားတဲ့ အေၾကာင္းအရင္းက Civil Protection Agency ရဲ႕အစီရင္ခံစာအရ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ စုစုေပါင္း ၃၆၆ ဦး၊ ရာခိုင္ႏႈန္းအားျဖင့္ ၅၁% ထိ ခုန္တက္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့တဲ့အတြက္ျဖစ္ပါတယ္။
............
COVID-19 ကြောင့် သေဆုံးမှုနှုန်း ယတိပြတ် ပြောရခက်
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေထဲ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်းဟာ ၁% ရှိနေလား ၃.၄% ရှိနေလား၊ ဘယ်လောက်ပြင်းထန်သလဲဆိုတဲ့ ခန့်မှန်းချက်အပေါ်မှာ လူထုကျန်းမာရေး အရာရှိတွေနဲ့ ကူးစက်ရောဂါ ပါရဂူတွေကြား အငြင်းပွားစရာဖြစ်နေပါတယ်။
ရောဂါပိုးမွှား ဗေဒပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကတော့ ဗိုင်းရပ်စ်ပိုး အသစ်ဖြစ်တဲ့အတွက် သေဆုံးမှုနှုန်း ဘယ်လောက်ပြင်းထန်သလဲဆိုတဲ့ ခန့်မှန်းချက် ကွဲလွဲမှုဟာ အထူးအဆန်းမဟုတ်ဘူးလို့ဆိုပါတယ်။
အထူးသဖြင့် လူနာတွေကို ဆေးရုံတင်ဖို့ အဆမတန်လိုအပ်လာတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထိခိုက်စေမယ်ဆိုရင် ခန့်မှန်းချက် ကိန်းဂဏန်းဟာ အတိမ်းအစောင်း ရှိနိုင်မယ်ဆိုတာ သူတို့က သတိပေးထားပြီးသာဖြစ်ပါတယ်။
လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအဆိုးဆုံးဖြစ်နေတဲ့ အီတလီမြောက်ပိုင်းမှာ ဒီသေဆုံးမှုနှုန်းပြင်းထန်တဲ့ အပေါ်မှာ ကူးစက်ရောဂါ ပါရဂူတွေ စိုးရိမ်နေကြတာပါ။
တနင်္ဂနွေနေ့မှာ အီတလီနိုင်ငံရဲ့ ရောဂါကူးစက်ခံရသူ သေဆုံးမှုနှုန်း အချိုးအဆအားဖြင့် စိုးရိမ်ဖွယ်ရာ ၅% ထိမြင့်တက်သွားခဲ့တာပါ။ မြင့်တက်သွားတဲ့ အကြောင်းအရင်းက Civil Protection Agency ရဲ့အစီရင်ခံစာအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၆၆ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၅၁% ထိ ခုန်တက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။