သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးသစ် ရှေ့လထဲ တရုတ် စတင်အသုံးပြုမည်


ဝူဟန်မြို့ ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် လူနာအား သယ်ဆောင်လာသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၆၊ ၂၀၂၀)
ဝူဟန်မြို့ ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် လူနာအား သယ်ဆောင်လာသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ်အတွက် အရေးပေါ် အသုံးပြုနိုင်မယ့် ကာကွယ်ဆေး ကို ပထမဆုံးအကြိမ်အဖြစ် ရှေ့လထဲမှာ စတင်အ သုံးပြုနိုင်ဖွယ် ရှိတယ်လို့ တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ဗီဇဆဲလ်ဖွဲ့စည်းပုံအသေးစိတ်ကို သိပ္ပံပညာရှင်တွေကသတ်မှတ် ဖေါ်ထုတ်နိုင်ခဲ့အပြီး သီတင်းပါတ်အတော်ကြာမှာ အခုလိုကြေငြာချက်ထွက်ပေါ်လာ တာပါ။

ကမ္ဘာတဝှမ်းမှာ လူပေါင်း ၃,၅၀၀ ကျော် သေဆုံးပြီး ၁ သိန်းကျော် ကူးစက်မှုတွေ စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ဆေးထုတ်လုပ်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း တရုတ်နိုင်ငံက ထိပ်တန်း ကျန်းမာရေး အရာရှိတဦးက သောကြာနေ့မှာပဲ ပြောခဲ့တာပါ။

အရေးပေါ်အခြေအနေမျိုးမှာ လက်တွေ့စမ်းသပ်မှုတွေအတွက် ဆေးတချို့ကို ဧပြီလလောက်မှာ စတင်အသုံးပြုနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်းလည်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်ရဲ့ သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး Zheng Zhongwei က ပြောပါတယ်။

ဆေးထုတ်လုပ်တဲ့ လုပ်ငန်းမှာ တရုတ်သုတေသနဌာန ဒါဇင်နဲ့ချီ ပါဝင်နေပြီး မတူကွဲပြားတဲ့ ဆေးအမျိုးစားတွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့်လည်း အန္တရာယ်ကင်းပြီး ထိရောက်တဲ့ ဆေးဝါးထုတ်လုပ်ရာမှာ အချိန်နဲ့ ငွေ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်သလို သိပ္ပံပညာရပ်မှာလည်း ကျွမ်းကျင်ဖို့ လိုပါတယ်။

COVID-19 ရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်လိုမျိုး ဆိုရင်တော့ ပိုပြီးတော့တောင် စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ အန္တရာယ်ကင်းပြီး ထိရောက်တဲ့ ဆေးဝါးထုတ်လုပ်ဖို့ အနည်းဆုံး တနှစ်ကနေ တနှစ်ခွဲလောက်အထိ အချိန်ယူရတယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောဆိုထားကြတာပါ။

တရုတ်နိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ အန္တရာယ်ရှိပေမယ့်လည်း ကုသမှုဟာ အကျိုးရှိနိုင်တယ်လို့ အမျိုးသားဆေးဝါးထုတ်လုပ်ရေး ဦးစီးဌာနက ယူဆတယ်ဆိုရင်တော့ လူထုကျန်းမာရေး အရေးပေါ် အခြေအနေမျိုးမှာ ဆေးဝါးထုတ်လုပ်ခွင့် ပြုထားပါတယ်။

--------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG