(Zawgyi / Unicode)
ကို႐ိုနာဗုိင္းရပ္စ္ စတင္ကူးစက္ပ်ံ႕ႏွံ႔ၿပီး ဒီေရာဂါေၾကာင့္ ေသဆုံးမႈ အမ်ားဆုံးျဖစ္ေနတဲ့ တ႐ုတ္ႏုိင္ငံမွာ ဒီေရာဂါ ကူးစက္ျပန္႔ပြားမႈ ျဖစ္ႏုိင္ေျခရွိသူေတြကို သီးသန္႔ခြဲထားတဲ့ ဟုိတယ္တခု ေဒသစံေတာ္ခ်ိန္ ည ၇ နာရီေက်ာ္မွာ ၿပိဳက်သြားလို႔ အထဲမွာ လူအေတာ္မ်ားမ်ား ပိတ္မိေနပါတယ္။
အထပ္ ၅ ထပ္ရွိတဲ့ ဒီဟိုတယ္ဟာ တ႐ုတ္ႏုိင္ငံ အေရွ ႔ေတာင္ပိုင္း Quanzhou ၿမိဳ႕မွာ တည္ရွိတာျဖစ္ၿပီး ေလာေလာဆယ္ လူ ၇၀ ေလာက္ ပိတ္မိသြားခဲ့တာ ျဖစ္ပါတယ္။
ည ၁၀ နာရီမွာ လူ ၃၀ ေက်ာ္ကို အၿပိဳအပ်က္ၾကားက ဆြဲထုတ္ႏုိင္ခဲ့ၿပီး လူတတ၀က္ေလာက္ အပ်က္အစီးပုံေတြၾကား ပိတ္မိေနပါေသးတယ္။ အေရးေပၚကယ္ဆယ္ေရးလုပ္သားေတြ လူေတြကို ကယ္တင္ဖို႔ ႀကိဳးစားေနတာကိုလည္း ဗြီဒီယိုသတင္းေတြမွာ ေတြ႔ရပါတယ္။
ဘာေၾကာင့္ အခုလို အေဆာက္အအုံ ၿပိိဳက်တာလဲ ဆိုတာကိုေတာ့ မသိရေသးပါဘူး။
အခင္းျဖစ္ပြားခိ်န္ အနီးကို ေရာက္ေနသူတဦးကေတာ့ ႐ုတ္တရက္ အသံက်ယ္ႀကီး ၾကားရၿပီး ေပါက္ကြဲမႈ ျဖစ္သလားလို႔ ထင္မိတယ္လို႔ South China Morning Post သတင္းစာကို ေျပာပါတယ္။
-------------------------------
(Unicode)
ကိုရိုနာပိုး စောင့်ကြည့်သူတွေ ခွဲထားရာ ဟိုတယ် ပြိုကျ
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ပြီး ဒီရောဂါကြောင့် သေဆုံးမှု အများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ ဒီရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်ခြေရှိသူတွေကို သီးသန့်ခွဲထားတဲ့ ဟိုတယ်တခု ဒေသစံတော်ချိန် ည ၇ နာရီကျော်မှာ ပြိုကျသွားလို့ အထဲမှာ လူအတော်များများ ပိတ်မိနေပါတယ်။
အထပ် ၅ ထပ်ရှိတဲ့ ဒီဟိုတယ်ဟာ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Quanzhou မြို့မှာ တည်ရှိတာဖြစ်ပြီး လောလောဆယ် လူ ၇၀ လောက် ပိတ်မိသွားခဲ့တာ ဖြစ်ပါတယ်။
ည ၁၀ နာရီမှာ လူ ၃၀ ကျော်ကို အပြိုအပျက်ကြားက ဆွဲထုတ်နိုင်ခဲ့ပြီး လူတတဝက်လောက် အပျက်အစီးပုံတွေကြား ပိတ်မိနေပါသေးတယ်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေ လူတွေကို ကယ်တင်ဖို့ ကြိုးစားနေတာကိုလည်း ဗွီဒီယိုသတင်းတွေမှာ တွေ့ရပါတယ်။
ဘာကြောင့် အခုလို အဆောက်အအုံ ပြိုကျတာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
အခင်းဖြစ်ပွားချိန် အနီးကို ရောက်နေသူတဦးကတော့ ရုတ်တရက် အသံကျယ်ကြီး ကြားရပြီး ပေါက်ကွဲမှု ဖြစ်သလားလို့ ထင်မိတယ်လို့ South China Morning Post သတင်းစာကို ပြောပါတယ်။