သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus တိိုက္ဖ်က္ေရး ပ်က္ကြက္မႈ WHO သတိေပး


WHO အႀကီးအကဲ Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

Coronavirus ကူးစက္ ျပန္႔ႏွံ႔ေနမႈ တုိက္ဖ်က္ေရးအတြက္ လုိအပ္တဲ့အစီအစဥ္ေတြကုိ ႏုိင္ငံအေတာ္မ်ားမ်ားက လုပ္ေဆာင္ျခင္းမရွိဘူးလုိ႔ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ၾကာသပေတးေန႔မွာ သတိေပး ေျပာၾကားလုိက္ပါတယ္။

လတ္တေလာ ရင္ဆုိင္ေနရတဲ့ Coronavirus ရဲ႕ ၿခိမ္းေျခာက္မႈအႏၱရာယ္ကုိ ရင္ဆုိင္ေျဖရွင္းေရး အတြက္ ႏုိင္ငံအမ်ားအျပားက ႏုိင္ငံေရးအရ လုပ္ေဆာင္လုိတဲ့ ဆႏၵရွိတာကုိ မေတြ႔ရတဲ့အေပၚ အထူးစုိးရိမ္ေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။

“ဒါဟာ အစမ္းေလ့က်င့္ေနတာမဟုတ္ပါဘူး။ လက္ေလ်ာ့အရႈံးေပးရမယ့္အခ်ိန္ မဟုတ္သလုိ ဆင္ေျခ ေပးေနရမယ့္အခ်ိန္လည္း မဟုတ္ပါဘူး။ အခုခ်ိန္ဟာ ဒီေရာပုိး ကူးစက္ျပန္႔ႏွံ႔မႈ ရပ္တန္႔သြားေအာင္ အစြမ္းကုန္ ႀကိဳးစားလုပ္ေဆာင္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။”

Covid-19 လုိ႔ တရား၀င္အမည္ေပးထားတဲ့ ဒီ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၾကာသပေတးေန႔အထိ ၃,၂၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ ေရာဂါပုိး ကူးစက္ခံထားရသူ အေရအတြက္ဟာလည္း ၉၅,၀၀၀ ေက်ာ္သြားၿပီ ျဖစ္တဲ့အျပင္ ေရာဂါပုိး ကူးစက္ေနတဲ့ ႏုိင္ငံေပါင္း ၈၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ေသဆုံးသူနဲ႔ ေရာဂါပုိးကူးစက္သူ အမ်ားစုဟာ ဒီ ဗုိင္းရပ္စ္ပုိး စတင္ေတြ႔ရွိတဲ့ တရုတ္ႏုိင္ငံမွာျဖစ္ပါတယ္။

တရုတ္အာဏာပုိင္ေတြက ေရာဂါပုိး စတင္ေတြ႔ရွိတဲ့ အနီး၀န္းက်င္က ၿမိဳ႕ေတြကုိ ၀င္ထြက္ သြားလာျခင္းမျပဳႏုိင္ေအာင္ ပိတ္ပင္ထားလုိက္ၿပီး စာသင္ေက်ာင္းေတြကုိလည္း ရက္အကန္႔အသတ္မရွိ ပိတ္ထားလုိက္ပါတယ္။

တရုတ္အစုိးရက ေရာဂါပုိးျပန္႔ႏွံ႔ျခင္းမရွိေအာင္ အစြမ္းကုန္ ႀကိဳးစားခဲ့ေပမယ့္လည္း ဒီဗုိင္းရပ္စ္ပုိးဟာ တျခားႏုိင္ငံေတြကုိ အလ်င္အျမန္ ကူးစက္ ျပန္႔႔ႏွံ႔လာခဲ့တာ ျဖစ္ပါတယ္။

Coronavirus တိိုက္ဖ်က္ေရး ပ်က္ကြက္မႈ WHO သတိေပး
please wait

No media source currently available

0:00 0:01:18 0:00
တိုက္႐ိုက္ လင့္ခ္


...............

Coronavirus တိုက်ဖျက်ရေး ပျက်ကွက်မှု WHO သတိပေး

(Unicode)

Coronavirus ကူးစက် ပြန့်နှံ့နေမှု တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့အစီအစဉ်တွေကို နိုင်ငံအတော်များများက လုပ်ဆောင်ခြင်းမရှိဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

လတ်တလော ရင်ဆိုင်နေရတဲ့ Coronavirus ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရေး အတွက် နိုင်ငံအများအပြားက နိုင်ငံရေးအရ လုပ်ဆောင်လိုတဲ့ ဆန္ဒရှိတာကို မတွေ့ရတဲ့အပေါ် အထူးစိုးရိမ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

“ဒါဟာ အစမ်းလေ့ကျင့်နေတာမဟုတ်ပါဘူး။ လက်လျော့အရှုံးပေးရမယ့်အချိန် မဟုတ်သလို ဆင်ခြေ ပေးနေရမယ့်အချိန်လည်း မဟုတ်ပါဘူး။ အခုချိန်ဟာ ဒီရောပိုး ကူးစက်ပြန့်နှံ့မှု ရပ်တန့်သွားအောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။”

Covid-19 လို့ တရားဝင်အမည်ပေးထားတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကြာသပတေးနေ့အထိ ၃,၂၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံထားရသူ အရေအတွက်ဟာလည်း ၉၅,၀၀၀ ကျော်သွားပြီ ဖြစ်တဲ့အပြင် ရောဂါပိုး ကူးစက်နေတဲ့ နိုင်ငံပေါင်း ၈၀ ကျော်သွားပြီ ဖြစ်ပါတယ်။ သေဆုံးသူနဲ့ ရောဂါပိုးကူးစက်သူ အများစုဟာ ဒီ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံမှာဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေက ရောဂါပိုး စတင်တွေ့ရှိတဲ့ အနီးဝန်းကျင်က မြို့တွေကို ဝင်ထွက် သွားလာခြင်းမပြုနိုင်အောင် ပိတ်ပင်ထားလိုက်ပြီး စာသင်ကျောင်းတွေကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။

တရုတ်အစိုးရက ရောဂါပိုးပြန့်နှံ့ခြင်းမရှိအောင် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း ဒီဗိုင်းရပ်စ်ပိုးဟာ တခြားနိုင်ငံတွေကို အလျင်အမြန် ကူးစက် ပြန့့်နှံ့လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG