(Zawgyi / Unicode)
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ စီးပြားေရး ေႏွးေကြးမႈေတြ ႀကံဳေနရတဲ့ ကမာၻ႔ဒုတိယ စီးပြားေရး အင္အားအႀကီးဆုံး တ႐ုတ္ႏုိင္ငံမွာ ေဖေဖာ္၀ါရီလအတြင္း ကုန္ထုတ္လုပ္မႈေတြ သိသိသာသာ က်ဆင္းသြားေၾကာင္းလည္း စေနေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
စေနေန႔မွာပဲ ကာတာႏုိင္ငံမွာ ပထမဆုံး ကူးစက္မႈကုိ အတည္ျပဳခဲ့တာပါ။ အေရွ႕အလယ္ပုိင္းေဒသမွာ ကူးစက္မႈေတြ အဓိကျဖစ္ပြားေနတဲ့ အီရန္ႏုိင္ငံက ကာတာႏုိင္ငံသားေတြ ျပန္ေခၚဖုိ႔ ကာတာေစာ္ဘြား Sheikh Tamim bin Hamad al-Thani က အမိန္႔ထုတ္လုိက္ၿပီး ၃ ရက္အၾကာမွာပဲ ပထမဆုံး ကူးစက္မႈကုိ အတည္ျပဳလုိက္တာလည္း ျဖစ္ပါတယ္။
စေနေန႔မွာပဲ ကူးစက္သူ လူနာအသစ္ ေနာက္ထပ္ ၁၆ ေယာက္ကုိ အတည္ျပဳလုိက္တဲ့ ျပင္သစ္ႏုိင္ငံမွာေတာ့ လူ ၅၀၀၀ ထက္ပုိတဲ့ စုေ၀းမႈေတြ မလုပ္ဖုိ႔လည္း တားျမစ္လုိက္တာပါ။
မကၠဆီကုိ၊ ႏုိင္ဂ်ီးရီးယား၊ နယူးဇီလန္၊ လစ္သူေယးနီးယား၊ ဘယ္လာ႐ုစ္၊ အဇာဘုိင္ဂ်န္နဲ႔ အုိက္စ္လန္ ႏုိင္ငံေတြမွာ ပထမဆုံး ကူးစက္မႈေတြ ေတြ႔ရွိခဲ့ၿပီး ေနာက္တရက္မွာပဲ ျပင္သစ္ႏုိင္ငံက ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္လုိက္တာလည္း ျဖစ္ပါတယ္။
-----------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နဲ့ ကမ္ဘာ့စီးပွားရေး ထိခိုက်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေး နှေးကွေးမှုတွေ ကြုံနေရတဲ့ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း ကုန်ထုတ်လုပ်မှုတွေ သိသိသာသာ ကျဆင်းသွားကြောင်းလည်း စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စနေနေ့မှာပဲ ကာတာနိုင်ငံမှာ ပထမဆုံး ကူးစက်မှုကို အတည်ပြုခဲ့တာပါ။ အရှေ့အလယ်ပိုင်းဒေသမှာ ကူးစက်မှုတွေ အဓိကဖြစ်ပွားနေတဲ့ အီရန်နိုင်ငံက ကာတာနိုင်ငံသားတွေ ပြန်ခေါ်ဖို့ ကာတာစော်ဘွား Sheikh Tamim bin Hamad al-Thani က အမိန့်ထုတ်လိုက်ပြီး ၃ ရက်အကြာမှာပဲ ပထမဆုံး ကူးစက်မှုကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
စနေနေ့မှာပဲ ကူးစက်သူ လူနာအသစ် နောက်ထပ် ၁၆ ယောက်ကို အတည်ပြုလိုက်တဲ့ ပြင်သစ်နိုင်ငံမှာတော့ လူ ၅၀၀၀ ထက်ပိုတဲ့ စုဝေးမှုတွေ မလုပ်ဖို့လည်း တားမြစ်လိုက်တာပါ။
မက္ကဆီကို၊ နိုင်ဂျီးရီးယား၊ နယူးဇီလန်၊ လစ်သူယေးနီးယား၊ ဘယ်လာရုစ်၊ အဇာဘိုင်ဂျန်နဲ့ အိုက်စ်လန် နိုင်ငံတွေမှာ ပထမဆုံး ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီး နောက်တရက်မှာပဲ ပြင်သစ်နိုင်ငံက ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။