သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှု အစုရှယ်ယာဈေးတွေ အဆိုးဆုံးကျဆင်း


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးကွက်အပေါ် ရိုက်ခတ်မှုအကြောင်း ရှင်းလင်းပြောကြားနေသည့် အိမ်ဖြူတော် စီးပွားရေးအကြံပေး။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးကွက်အပေါ် ရိုက်ခတ်မှုအကြောင်း ရှင်းလင်းပြောကြားနေသည့် အိမ်ဖြူတော် စီးပွားရေးအကြံပေး။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်တွေ့ရှိလာနေတဲ့အတွက် ခိုင်မာနေတဲ့ အမေရိကန်စီးပွားရေးအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာနေပြီး ဒီဗိုင်းရပ်စ်ပိုး ကူးစက်မှုက သမ္မတ Trump အစိုးရအတွက်တော့ နိုင်ငံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခု ဖြစ်လာနေပါတယ်။

COVID - 19 လို့ခေါ်တဲ့ နိုဘယ်လ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ ဖြစ်လာနိုင်တဲ့ စိုးရိမ်စရာ အခြေအနေကိုတော့ သမ္မတ Trump က တုပ်ကွေးအဖျားရောဂါ တမျိုးလောက်သာဖြစ်ပြီး သိပ်ပြီးတော့ အရေးမပါတဲ့ပုံမျိုးနဲ့ ပြောကြားလိုက်ပြီး အမေရိကန် မီဒီယာတွေနဲ့ ဒီမိုကရက်တွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အမြတ်ထုတ်နေတာ ဖြစ်တယ်လို့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒါကို လှည့်ကွက်တခုအနေနဲ့ မသတ်မှတ်ပါဘူး။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကြီး ဖြစ်ချိန်ကစပြီး အမေရိကန်ရဲ့ အစုရှယ်ယာဈေးကွက်တွေဟာ မနေ့ သောကြာနေ့က အဆိုးဆုံးအခြေအနေထိကို ကျဆင်းခဲ့ပါတယ်။ အခုလို ကျဆင်းခဲ့ရတဲ့ အဓိက အကြောင်းတခုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ တကမ္ဘာလုံးမှာ ဖြစ်နေတာကြောင့် အဲဒီရဲ့ ဂယက်ရိုက်ခတ်မှုတွေက အမေရိကန်ကိုပါ ထိခိုက်လာမှာကို စိုးရိမ်နေတဲ့အတွက် ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြည့်အ၀ ပြင်ဆင်ထားပြီး မီဒီယာတွေဟာ လူတွေကို စိတ်ချောက်ချားအောင် လုပ်နေပြီး CNN သတင်းဌာနဟာ လူတွေကို ကြောက်အောင်လုပ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

---------------------------

(Unicode)






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG