ကမၻာတစ္၀ွမ္း ကိုရုိနာ ဗိုင္းရပ္စ္ ျပန္႔ပြားေနတာေၾကာင့္ ဂ်ိမ္းစ္ဘြန္း ရုပ္ရွင္ ဇာတ္ကားသစ္ No Time To Die ရုံတင္ ျပသမယ့္ ရက္ကို လ အတန္ၾကာအထိ ေရႊ႕ဆိုင္းလိုက္ပါတယ္။ MGM Universal ကုမၸဏီက ရုပ္ရွင္ထုတ္လုပ္သူ Micheal Wilson နဲ႔ Barbara Brocolli တို႔က ဂ်ိမ္းစ္ဘြန္း ဇာတ္ကားသစ္ကို ၂၀၂၀ ျပည့္ႏွစ္ ဧျပီလအတြင္း ရုံတင္ဖို႔ စီစဥ္ထားရာကေန ႏုိ၀င္ဘာလ အထိ ေရႊ႕ဆိုင္းမယ္လို႔ တြစ္တာ လူမႈကြန္ရက္ ကေန ဗုဒၶဟူးေန႔က ေၾကညာခဲ့တာ ျဖစ္ပါတယ္။
ကမၻာတစ္၀ွမ္းက ရုပ္ရွင္ရုံေတြရဲ႕ အေျခအေနကို အေျခခံ စဥ္းစားျပီး ဒီလို ေရႊ႕ဆိုင္းဖို႔ ဆုံးျဖတ္လိုက္တာလို႔လည္း ေျပာပါတယ္။
ဒါေၾကာင့္ ဒီ ဇာတ္ကားကို UKမွာ ႏုိ၀င္ဘာလ ၁၂ ရက္ေန႔နဲ႔ ကမၻာတစ္၀ွမ္းလုံးမွာေတာ့ ႏုိ၀င္ဘာလ ၂၅ ရက္ေန႔ ရုံတင္မွာ ျဖစ္ပါတယ္။
ဂ်ိမ္းစ္ဘြန္း ရုပ္ရွင္ေတြအတြက္ အျမတ္ေငြ အမ်ားစုဟာ ႏုိင္ငံတကာ ေစ်းကြက္ကေန ရရွိတာျဖစ္ပါတယ္။ ဂ်ိမ္းစ္ဘြန္း ရုပ္ရွင္ ေနာက္ဆုံးကား ျဖစ္တဲ့ Spectre ကို ၂၀၁၅ ခုႏွစ္အတြင္း ကမၻာတစ္၀ွမ္း ရုပ္ရွင္ရုံေတြကေန ၀င္ေငြ အေမရိကန္ ေဒၚလာ သန္း ၆၇၀ ေက်ာ္ ရရွိခဲ့ျပီး တရုတ္ တႏုိင္ငံတည္းကတင္ဘဲ ေဒၚလာ ၈၄ သန္း ၀င္ေငြ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။
ကူးစက္ေရာဂါ ျဖစ္ပြားေနခ်ိန္နဲ႕ ရုပ္ရွင္းကားသစ္ ျပသမယ္႔ အခ်ိန္အၾကား စိုးရိမ္ ပူပန္မႈေတြ ထြက္ေပၚေနခဲ့တာပါ။ တရုတ္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား ႏုိင္ငံေတြမွာ လူအမ်ား တက္ေရာက္မယ့္ပြဲေတြကို ဖ်က္သိမ္းခဲ့ျပီး ျဖစ္ပါတယ္။ တနလၤာေန႔မွာေတာ့ ဂ်ိမ္းစ္ဘြန္း ရုပ္ရွင္ ပရိသတ္ရဲ႕ website MI6-HQ က ထုတ္လုပ္သူေတြထံ အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့ျပီး ရုံတင္ခ်ိန္ကို ေနာက္ဆုတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
(Unicode)
Coronavirus ကြောင့် ဂျိမ်းစဘွန်း ကားသစ် No Time to Die ရုံတင်ရက် ရွှေ့ဆိုင်း
ကမ္ဘာတစ်ဝှမ်း ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားနေတာကြောင့် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကားသစ် No Time To Die ရုံတင် ပြသမယ့် ရက်ကို လ အတန်ကြာအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ MGM Universal ကုမ္ပဏီက ရုပ်ရှင်ထုတ်လုပ်သူ Micheal Wilson နဲ့ Barbara Brocolli တို့က ဂျိမ်းစ်ဘွန်း ဇတ်ကားသစ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ရုံတင်ဖို့ စီစဉ်ထားရာကနေ နိုဝင်ဘာလ အထိ ရွှေ့ဆိုင်းမယ်လို့ တွစ်တာ လူမှုကွန်ရက် ကနေ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ရုံတွေရဲ့ အခြေအနေကို အခြေခံ စဉ်းစားပြီး ဒီလို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့လည်း ပြောပါတယ်။
ဒါကြောင့် ဒီ ဇာတ်ကားကို UKမှာ နိုဝင်ဘာလ ၁၂ ရက်နေ့နဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ ရုံတင်မှာ ဖြစ်ပါတယ်။
ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေအတွက် အမြတ်ငွေ အများစုဟာ နိုင်ငံတကာ ဈေးကွက်ကနေ ရရှိတာဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်း ရုပ်ရှင် နောက်ဆုံးကား ဖြစ်တဲ့ Spectre ကို ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ရုပ်ရှင်ရုံတွေကနေ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၆၇၀ ကျော် ရရှိခဲ့ပြီး တရုတ် တနိုင်ငံတည်းကတင်ဘဲ ဒေါ်လာ ၈၄ သန်း ဝင်ငွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကူးစက်ရောဂါ ဖြစ်ပွားနေချိန်နဲ့ ရုပ်ရှင်းကားသစ် ပြသမယ့် အချိန်အကြား စိုးရိမ် ပူပန်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာ လူအများ တက်ရောက်မယ့်ပွဲတွေကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ ဂျိမ်းစ်ဘွန်း ရုပ်ရှင် ပရိသတ်ရဲ့ website MI6-HQ က ထုတ်လုပ်သူတွေထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီး ရုံတင်ချိန်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။