သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားခရီးသွားများအပေါ် ဂျပန်ကန့်သတ်မှု တောင်ကိုရီးယားကန့်ကွက်


ဂျပန်နိုင်ငံ Tokyo မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဖို့ မျက်နှာဖုံးများ ဝတ်ဆင်ထားသော Shinagawa ဘူတာမှာ တွေ့ရတဲ့ လူအုပ်ကြီး (မတ် ၀၂၊ ၂၀၂၀)
ဂျပန်နိုင်ငံ Tokyo မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဖို့ မျက်နှာဖုံးများ ဝတ်ဆင်ထားသော Shinagawa ဘူတာမှာ တွေ့ရတဲ့ လူအုပ်ကြီး (မတ် ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

Coronavirus ပိုးကူးစက်မှုတားဆီးတဲ့အနေနဲ့ တောင်ကိုရီးယားက လာသူတွေအပေါ် ဂျပန်က ကန့်သတ်တားမြစ်ချက်တွေ လုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ တောင်ကိုရီးယားဆိုင်ရာ ဂျပန်သံအမတ်ကြီးကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ဆင့်ခေါ်တွေ့ဆုံခဲ့ပါတယ်။

Coronavirus ပိုးကူးစက်နေသူ ၁,၀၀၀ ကျော်ရှိနေတဲ့ ဂျပန်နိုင်ငံက တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက လာကြတဲ့ ခရီးသွားတွေကို သီတင်း ၂ ပတ် သီးခြားခွဲစောင့်ကြည့်မယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့တာပါ။

တောင်ကိုရီးယားအစိုးရနဲ့ အသေအချာဆွေးနွေး အသိပေးခြင်းမရှိဘဲ ဂျပန်နိုင်ငံက ခုလိုဆောင်ရွက်တဲ့အပေါ် အင်မတန် စိတ်မကောင်းဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kang Kyung-hwa က ပြောကြားပါတယ်။

ခုလိုအချိန်မျိုးမှာ ဒီလိုလုပ်တာဟာ မိတ်ဆွေမဆန်သလို၊ သိပ္ပံနည်းကျလည်း မဖြစ်တာကြောင့် ဒီကန့်သတ်ချက်တွေကို အမြန်ဆုံး ပြန်ရုတ်သိမ်းပေးဖို့ ဝန်ကြီး Kang က ပြောကြားခဲ့ပါတယ်။

အင်မတန်အရေးကြီးတဲ့ကာလကို ဖြတ်သန်းနေရတဲ့ ဂျပန်နိုင်ငံမှာ Virus ပိုးကူးစက်ပျံ့နှံ့မှုကို ရပ်အောင်လုပ်နိုင် မနိုင်ဆိုတာ နောက် ၂ ပတ်အကြာ သိရမှာဖြစ်တယ်လို့ ဂျပန်သံအမတ်ကြီး Koji Tomita က တုံ့ပြန်ခဲ့ပါတယ်။

ဆက်ဆံရေး အဖုအထစ်ဖြစ်နေတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားကြား Coronavirus ပိုးကိစ္စကြောင့် ဆက်ဆံရေး ထပ်ပြီး ထိခိုက်နေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက ဂျပန်ရောက်လာသူတွေအနေနဲ့ ဂျပန်အစိုးရ စီစဉ်ထားတဲ့ နေရာတွေဆီ ပို့ခံရမှာဖြစ်ပြီး ၁၄ ရက် သီးခြားခွဲ စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ အများပြည်သူသုံး ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကိုလည်း သုံးခွင့် မရှိဘူးလို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ Coronavirus ပိုးကူးသူ တနေ့တခြား များလာနေပြီး ဒီကနေ့အထိ ၆,၂၀၀ ရှိနေပါတယ်။ တရုတ်နိုင်ငံကတော့ ပိုးကူနေသူတွေ အများဆုံးဖြစ်ပြီး ၈၀,၀၀၀ ကျော် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG