သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ေက်ာက္ေတာ္နဲ႔ ေျမပံု တိုက္ပဲြျပင္းထန္


ရခိုင္ျပည္နယ္ နွစ္ဘက္တိုက္ပဲြေတြျဖစ္ေနတဲ့ ေနရာက စစ္ေဘးဒုကၡသည္ မိသားစု

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ေျမပုံၿမိဳ႕နယ္မွာ ဒီကေန႔မွာလည္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တိုက္ပြဲျပင္းထန္ ျဖစ္ပြားေနျပီး ဒီတိုက္ပြဲမွာ ျမန္မာစစ္တပ္ဘက္က ရဟတ္ယာဥ္အသုံးျပဳ တိုက္ခိုက္ခဲ့ရတဲ့ အထိျပင္းထန္တယ္လို႔ AA ဘက္က ေျပာပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာဘက္မွာ စက္ေလွတစီး ဒီေန႔ညေနပိုင္းမွာ လက္နက္ၾကီး ထိမွန္လို႔ ခရီးသည္ ၅ ဦး ဒဏ္ရာ ရရွိခဲ့သလို ၂၂ ရက္ေလာက္ တိုက္ပြဲဆက္ ျဖစ္ေနတာေၾကာင့္ ေဒသခံေတြ ေၾကာက္လန္႔ ေနရတယ္လို႔လည္း ဆိုပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ဒီကေန႔မွာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာနဲ႔ ေျမပုံၿမိဳ႕နယ္ စညွင္းရြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တိုက္ပြဲဆက္လက္ျဖစ္ပြါးေနတယ္လို႔ AA ေျပာခြင့္ရခိုင္သုခက အခုလိုေျပာပါတယ္။

“ဒီေန႔ ေဖေဖၚ၀ါရီလ ၂၇ ရက္မွာေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာရဲ႕ အေရွ႕ေျမာက္ဘက္၁ ကီလိုမီတာခြဲေလာက္ အကြာမွာေနၿပီးေတာ့ ဒီမနက္ ၇ နာရီ ၂၇ မိနစ္ကစၿပီးေတာ့မွ ရင္ဆိုင္တိုက္ပြဲ အျပင္းထန္ျဖစ္ေနတာ ရွိတယ္။ မနက္ ၁၁ နာရီ ၄ မိနစ္မွာ ရန္သူဘက္ကေနၿပီးေတာ့ ရဟတ္ယာဥ္ ၂ စီးနဲ႔ လာၿပီးေတာ့ ပစ္ခတ္တိုက္ခိုက္ခဲ့တာ ရွိတယ္။ ထိခိုက္က်ဆုံးမႈ အေသးစိတ္ကေတာ့ ေလာေလာဆယ္ မသိရေသးဘူး။ ေနာက္ၿပီးလို႔ရွိရင္ ေျမပုံၿမိဳ႕နယ္ စံညွင္းရြာရဲ႕အေရွ႕ေျမာက္ဘက္ ၄.၄ ကီလိုမိီတာေလာက္ရွိတဲ့ ေတာင္တန္းမွာ၂၆ ရက္ေန႔က တိုက္ပြဲျဖစ္ခဲ့တဲ့ေနရာေပါ့ေနာ္။ အဲဒီေနရာေတြေရာ တျခားေနရာေတြပါ တိုက္ပြဲေတြ ဆက္ျပီးေတာ့ျဖစ္တာ ရွိတယ္။ ရန္သူဘက္ကေတာ့ ရဟတ္ယာဥ္ ၂ စီး ဂ်က္တိုက္ ေလယာဥ္ ၂ စီးနဲ႔ ေနၿပီးေတာ့မွ တနာရီခြဲေလာက္ၾကာေအာင္ လာၿပီးေတာ့ ပစ္ခတ္တိုက္ခိုက္တာ ရွိတယ္။ အဲဒီတိုက္ပြဲမွာ တပ္မ ၆၆ ရဲ႕လက္ေအာက္ခံ ခမရ ၁၀ ဆီကေနၿပီးေတာ့ အေလာင္းတခ်ိဳ႕ရယ္ ေနာက္စစ္အသုံးေဆာင္လက္နက္ခဲယမ္း စာရြက္စာတမ္းေတြကို က်ေနာ္္တို႕ ဒုတိယေန႔အျဖစ္ဆက္ၿပီးေတာ့ သိမ္းဆည္းရမိတာ ရွိတယ္။”

တိုက္ပြဲျဖစ္စဥ္အတြင္း ဒီေန႔ညေနပိုင္းမွာ ပလက္၀ကေန ေက်ာက္ေတာ္ကို သြားတဲ့ စက္ေလွတစီး တင္းမနဲ႔ ျပိဳင္းတိုင္းရြာအၾကား လက္နက္ၾကီးနဲ႔ ပစ္ခတ္ခံရမႈေၾကာင့္ ခရီးသည္ ၅ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ တင္းမရြာသားတဦးကေျပာပါတယ္။

“ေရေၾကာင္းလိုင္းသြားေနတဲ့ ပလက္၀က လိႈင္းအတက္အဆင္းလုပ္ေနတဲ့ ေမာ္ေတာ္ဘုတ္။ ငန္းေတာင္ေတာင္ထိပ္က ေနျပီးေတာ့ တပ္မေတာ္က ပစ္ျပီးေတာ့ ခိုတာ။ ၅ ေယာက္ထိသြားတယ္လို႔ ေျပာတယ္။”

ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာသားေတြကေတာ့ ႏွစ္ဘက္တပ္ဖြဲ႕တို႕ ရက္ရွည္ျဖစ္ပြါးေနတဲ့ တိုက္ပြဲေၾကာင့္ ေၾကာက္လန္႕ေနတယ္လို႔ ဆက္ေျပာပါတယ္။

“အခုလည္းျဖစ္ေနတုန္းပဲ။ ေလယာဥ္သြားၿပီးေတာ့ျပန္ၿပီးေတာ့ စျဖစ္တယ္။ တင္းမဘက္မွာျဖစ္ေနတာ ၂၃ ရက္ရွိၿပီး ဒီေန႔ဆိုရင္။ တင္းမရြာသားေတြကေတာ့ ေၾကာက္ေၾကာက္လန္႕လန္႕နဲ႔ ေနရတာေပါ့။”

မေန႔ကလည္း ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ ႏႈံးဘူးရြာ၊ ေက်ာက္ေတာ္၊ ေျမပုံ၊ အမ္းၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔လည္း ခိုင္သုခကေျပာပါတယ္။

အထူးသျဖင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာတ၀ိုက္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ မီးေခ်ာင္းတံတား တပ္မေတာ္လက္နက္ႀကီးစခန္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႕ တိုက္ပြဲျဖစ္ပြားေနတာ၂၂ ရက္ေျမာက္ရွိေနၿပီ ျဖစ္ပါတယ္။

မီးေခ်ာင္းတံတား တပ္မေတာ္ လက္နက္ႀကီးစခန္းကို AA ဘက္ကေန ၀ိုင္းပတ္ပိတ္ဆို႔ထားတာေၾကာင့္ ရဟတ္ယာဥ္ေတြနဲ႔ ပစ္ကူေနတယ္လို႔လည္း AA ဘက္ကေရာ မီး၀ေက်းရြာေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္တ ိုက္ပြဲျဖစ္ပြားေနမႈနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးနဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရသူကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

မေန႔ကလည္း ေျမာက္ဦးၿမိဳ႕နယ္ စိမ္းေသအင္းနဲ႔ ေက်ာက္ဆိပ္ဘုန္းၾကီးေက်ာင္းအၾကား မိုင္း တလုံး ေပါက္ကြဲခဲ့ျပီး ထိခိုက္ဒဏ္ရာရရွိမႈ မရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် ကျောက်တော်နဲ့မြေပုံ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ မြေပုံမြို့နယ်မှာ ဒီကနေ့မှာလည်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး ဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့ရတဲ့ အထိပြင်းထန်တယ်လို့ AA ဘက်က ပြောပါတယ်။ ကျောက်တော်မြို့နယ် တင်းမရွာဘက်မှာ စက်လှေတစီး ဒီနေ့ညနေပိုင်းမှာ လက်နက်ကြီး ထိမှန်လို့ ခရီးသည် ၅ ဦး ဒဏ်ရာ ရရှိခဲ့သလို ၂၂ ရက်လောက် တိုက်ပွဲဆက် ဖြစ်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေရတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမရွာနဲ့ မြေပုံမြို့နယ် စညှင်းရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွါးနေတယ်လို့ AA ပြောခွင့်ရခိုင်သုခက အခုလိုပြောပါတယ်။

“ဒီနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်မှာတော့ ကျောက်တော်မြို့နယ် တင်းမရွာရဲ့ အရှေ့မြောက်ဘက်၁ ကီလိုမီတာခွဲလောက် အကွာမှာနေပြီးတော့ ဒီမနက် ၇ နာရီ ၂၇ မိနစ်ကစပြီးတော့မှ ရင်ဆိုင်တိုက်ပွဲ အပြင်းထန်ဖြစ်နေတာ ရှိတယ်။ မနက် ၁၁ နာရီ ၄ မိနစ်မှာ ရန်သူဘက်ကနေပြီးတော့ ရဟတ်ယာဉ် ၂ စီးနဲ့ လာပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ ထိခိုက်ကျဆုံးမှု အသေးစိတ်ကတော့ လောလောဆယ် မသိရသေးဘူး။ နောက်ပြီးလို့ရှိရင် မြေပုံမြို့နယ် စံညှင်းရွာရဲ့အရှေ့မြောက်ဘက် ၄.၄ ကီလိုမီတာလောက်ရှိတဲ့ တောင်တန်းမှာ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာပေါ့နော်။ အဲဒီနေရာတွေရော တခြားနေရာတွေပါ တိုက်ပွဲတွေ ဆက်ပြီးတော့ဖြစ်တာ ရှိတယ်။ ရန်သူဘက်ကတော့ ရဟတ်ယာဉ် ၂ စီး ဂျက်တိုက် လေယာဉ် ၂ စီးနဲ့ နေပြီးတော့မှ တနာရီခွဲလောက်ကြာအောင် လာပြီးတော့ ပစ်ခတ်တိုက်ခိုက်တာ ရှိတယ်။ အဲဒီတိုက်ပွဲမှာ တပ်မ ၆၆ ရဲ့လက်အောက်ခံ ခမရ ၁၀ ဆီကနေပြီးတော့ အလောင်းတချို့ရယ် နောက်စစ်အသုံးဆောင်လက်နက်ခဲယမ်း စာရွက်စာတမ်းတွေကို ကျနော်တို့ ဒုတိယနေ့အဖြစ်ဆက်ပြီးတော့ သိမ်းဆည်းရမိတာ ရှိတယ်။”

တိုက်ပွဲဖြစ်စဉ်အတွင်း ဒီနေ့ညနေပိုင်းမှာ ပလက်ဝကနေ ကျောက်တော်ကို သွားတဲ့ စက်လှေတစီး တင်းမနဲ့ ပြိုင်းတိုင်းရွာအကြား လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တင်းမရွာသားတဦးကပြောပါတယ်။

“ရေကြောင်းလိုင်းသွားနေတဲ့ ပလက်ဝက လှိုင်းအတက်အဆင်းလုပ်နေတဲ့ မော်တော်ဘုတ်။ ငန်းတောင်တောင်ထိပ်က နေပြီးတော့ တပ်မတော်က ပစ်ပြီးတော့ ခိုတာ။ ၅ ယောက်ထိသွားတယ်လို့ ပြောတယ်။”

ကျောက်တော်မြို့နယ် တင်းမရွာသားတွေကတော့ နှစ်ဘက်တပ်ဖွဲ့တို့ ရက်ရှည်ဖြစ်ပွါးနေတဲ့ တိုက်ပွဲကြောင့် ကြောက်လန့်နေတယ်လို့ ဆက်ပြောပါတယ်။

“အခုလည်းဖြစ်နေတုန်းပဲ။ လေယာဉ်သွားပြီးတော့ပြန်ပြီးတော့ စဖြစ်တယ်။ တင်းမဘက်မှာဖြစ်နေတာ ၂၃ ရက်ရှိပြီး ဒီနေ့ဆိုရင်။ တင်းမရွာသားတွေကတော့ ကြောက်ကြောက်လန့်လန့်နဲ့ နေရတာပေါ့။”

မနေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် နှုံးဘူးရွာ၊ ကျောက်တော်၊ မြေပုံ၊ အမ်းမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ခိုင်သုခကပြောပါတယ်။

အထူးသဖြင့် ကျောက်တော်မြို့နယ် တင်းမရွာတဝိုက်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးချောင်းတံတား တပ်မတော်လက်နက်ကြီးစခန်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ၂၂ ရက်မြောက်ရှိနေပြီ ဖြစ်ပါတယ်။

မီးချောင်းတံတား တပ်မတော် လက်နက်ကြီးစခန်းကို AA ဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် ရဟတ်ယာဉ်တွေနဲ့ ပစ်ကူနေတယ်လို့လည်း AA ဘက်ကရော မီးဝကျေးရွာဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်တ ိုက်ပွဲဖြစ်ပွားနေမှုနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

မနေ့ကလည်း မြောက်ဦးမြို့နယ် စိမ်းသေအင်းနဲ့ ကျောက်ဆိပ်ဘုန်းကြီးကျောင်းအကြား မိုင်း တလုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG