(Zawgyi / Unicode)
ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအနီးမွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ (AA) အဖြဲ႔တို႔ မေန႔က တေနကုန္ တုိက္ပြဲျဖစ္ပြားရာမွာေတာ့ ႏွစ္ဖက္တပ္ဖြဲ႔ေတြ ထိခိုက္က်ဆုံးမႈ ရွိသလို အရပ္သားေတြလည္း ထိခိုက္မႈ ရွိေနတာပါ။ ဒီလို တိုက္ပြဲေတြနဲ႔ ပစ္ခတ္မႈေတြအတြင္း ထိခိုက္ရတာေၾကာင့္ ေဒသခံေတြ လံုၿခဳံေရးအတြက္ စိုးရိမ္ထိတ္လန္႔ေနၾကရပါတယ္။ အျပည့္အစုံကုိ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ထားပါတယ္။
မေန႔က မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး တေနကုန္ျဖစ္တဲ့ တိုက္ပြဲမွာ ျမန္မာစစ္တပ္ဘက္ကေရာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ဘက္ကပါ ထိခိုက္မႈရွိတယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက အခုလို ေျပာပါတယ္။
“မေန႔က မင္းျပားၿမိဳ႕နယ္ ဖားေပ်ာ္ရြာအနီးမွာ မနက္ ၉ နာရီ ၂၀ စၿပီးတာ့မွ ညေန ၆ နာရီေလာက္အထိေပါ့ေနာ္။ ဗမာစစ္တပ္ရဲ႕ တပ္မ ၅၅ လက္ေအာက္ခံ ဗထူးအေျခစိုက္ ခမရ ၅၀၈ တပ္ရင္းနဲ႔ က်ေနာ္တုိ႔အဖြဲ႔ အျပင္းထန္ တိုက္ပြဲျဖစ္တာရွိတယ္။ ဆိုေတာ့ ဒီညေန ၆ နာရီေလာက္မွာေတာ့ ျမန္မာစစ္တပ္ေတြဟာ ဖားေပ်ာ္ရြာအထဲကို ဆင္းသြားတာရွိတယ္။ ဆိုေတာ့ အဲဒီ ဖားေပ်ာ္ရြာအထဲကေနၿပီးေတာ့ အဲဒီမွာရွိတဲ့ အရပ္သားေတြအားလုံးကို သူတို႔ လူသားဒိုင္းကာထားၿပီးေတာ့ လုပ္ထားတာေပါ့ေနာ္။
“မေန႔က တေနကုန္ တုိက္ပြဲအတြင္းမွာေတာ့ ရန္သူဘက္က ၁၅ ဦးထက္မနည္း က်ဆုံးၿပီးေတာ့ ဒဏ္ရာရတဲ့သူေတြလည္း အမ်ားအျပားရွိတယ္။ ရန္သူ႔ရဲ႕ လက္နက္ခဲယမ္း စစ္အသုံးအေဆာင္ စာရြက္စာတမ္းေတြပါတဲ့ ျခင္းေတာင္း ၃၆ ေတာင္းကို က်ေနာ္တုိ႔ သိမ္းဆည္းရမိထားတာ ရွိတယ္။ ေနာက္ ရန္သူ႔အေလာင္း ၃ ေလာင္း သိမ္းဆည္းရမိတယ္။ ၿပီးေတာ့ အျပင္းအထန္ ဒဏ္ရာရေနတဲ့ သုံ႔ပန္းတဦးလည္း ဖမ္းဆီးရမိထားတယ္။ က်ေနာ္တုိ႔ ရခိုင္တပ္ေတာ္ဘက္ကလည္းပဲ အာရကၡစစ္သည္ေတာ္တဦး က်ဆုံးခဲ့တာရွိတယ္။ ၄ ဦး ဒဏ္ရာရပါတယ္။”
ရာေမာင္တံတားအနီးျဖစ္တဲ့ တိုက္ပြဲမွာ ျမန္မာစစ္တပ္ဘက္က ထိခိုက္မႈ ရွိခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးက ေျပာပါတယ္။
“မေန႔က တိုက္ပြဲျဖစ္တယ္ အဲဒီမွာ။ ရာေမာင္တံတားအနီးမွာ တိုက္ပြဲျဖစ္တယ္။ တိုက္ပြဲကေတာ့ ျပင္းထန္တယ္။ က်ေနာ္တုိ႔ဘက္က နည္းနည္း ဒဏ္ရာရတယ္။ ဒါပဲေျပာလို႔ရမယ္ က်န္တာေတာ့ ဘာမွမသိဘူး။”
မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး တိုက္ပြဲျဖစ္စဥ္အတြင္း လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ အရပ္သားေတြ ထိခိုက္မႈရွိခဲ့ပါတယ္လုိ႔ မင္းျပားၿမိဳ႕ခံ ဦးေအာင္ေက်ာ္က ေျပာပါတယ္။
“အရပ္သားက ၄ ေယာက္ပါခင္ဗ်။ ပထမတေခါက္ေတာ့ ဒဏ္ရာရတဲ့သူ တဖက္ကမ္းကပါပဲ။ လမ္းေလွ်ာက္ၿပီးေတာ့ သူက မင္းျပားကေန ျပန္လာတာ။ ျပန္လာေတာ့ အဲဒီမွာ တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာ သူက လုံၿခံဳတဲ့ေနရာမွာ ေနတဲ့အခ်ိန္မွာမွ က်ည္မွန္ၿပီးေတာ့ က်ည္ထိတာ။ တေယာက္က ဦးေခါင္းမွာထိတယ္။ ေပါင္မွာထိတဲ့ အစ္ကိုႀကီးကေတာ့ သူက လက္ဖက္ရည္ဆိုင္မွာ ေနၿပီးေတာ့ လက္ဖက္ရည္ေသာက္ေနတယ္။ အဲဒါ မင္းျပားကမ္းေပါ့။ ဇက္ဆိပ္မွာ တေယာက္ထိတယ္။ ေနာက္ၿပီးေတာ့ ေက်ာ္ဆီဆိုင္ဆိုတာ ရွိတယ္။ က်ေနာ္တုိ႔ ရာေမာင္ဘက္ကမ္းနဲ႔ဆို တမိုင္ေလာက္ပဲ ကြာတယ္။ အဲဒီမွာတေယာက္ ဗိုက္ကိုထိတယ္။ ၄ ေယာက္ ဒဏ္ရာရတယ္။”
ဒဏ္ရာရတဲ့သူေတြအထဲက ဝက္ေခါင္းေခ်ာင္းေက်းရြာသား ဦးၾကာထြန္းေအာင္ဟာ ဒဏ္ရာျပင္းထန္တာေၾကာင့္ စစ္ေတြေဆး႐ုံကို ပို႔ေဆာင္ထားရၿပီး က်န္တဲ့သူေတြကေတာ့ မင္းျပားေဆး႐ုံမွာ ေဆးကုသ ခံယူေနရပါတယ္။
ရာေမာင္တံတားအနီး ဖားေပ်ာ္ေက်းရြာဘက္မွာလည္း လက္နက္ႀကီးက်ည္ က်ေရာက္လို႔ ရြာသား ၂ ဦး ဒဏ္ရာရရွိခဲ့သလို တိုက္ပြဲျဖစ္ပြားအၿပီး ျမန္မာစစ္တပ္ကေန ရြာကို ပိတ္ဆို႔ထားတယ္လို႔ ဖားေပ်ာ္ရြာသားတဦးက ေျပာပါတယ္။
“ရြာသားေတြကေတာ့ ဒဏ္ရာရတယ္။ တေယာက္ ႏွစ္ေယာက္ကေတာ့ ရတယ္။ သူက မ်က္ႏွာေပၚက က်ည္ေခ်ာ္သြားတယ္ေလ။ ၀က္ေတြ ႏြားေတြေတာ့ ေသကုန္ၾကတယ္။ ဖားေပ်ာ္ရြာ တရြာလုံးက အကုန္လုံး ပိတ္မိခံထားရတယ္။ ရြာထဲကိုေလ အကုန္လုံး၀ိုင္းေနတယ္။ ထြက္မယ္ဆိုေတာ့လည္း သူတို႔က အထြက္မေပးဘူး။”
မင္းျပား ရာေမာင္တံတားဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ မၾကာခန ျဖစ္ပြားေနသလို တိုက္ပြဲျဖစ္စဥ္အတြင္း လက္နက္ႀကီးငယ္ေတြနဲ႔ ပစ္ခတ္မႈမွာ အရပ္သားေတြ ထိခိုက္မႈေတြ ရွိေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ စိုးရိမ္မႈေတြလည္း ျမင့္တက္လာေနပါတယ္။
မေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္ရြာဘက္မွာ ႏွစ္ဖက္ တုိက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ခိုင္သုခက ဆက္ေျပာပါတယ္။
“ေဖေဖာ္၀ါရီလ ၁၄ ရက္ေန႔မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္ရြာရဲ႕ အေရွ႕ေျမာက္ဘက္ မီတာ ၆၀၀ ေလာက္အကြာမွာ ဒီ က်ီးကန္းေတာင္အနီးမွာ ညေန ၅ နာရီ ၁၅ မိနစ္မွာ ထိေတြ႔ တိုက္ပြဲျဖစ္တာ ရွိတယ္။ ရန္သူ႔ဘက္က ၅ ဦး က်ဆုံးခဲ့တာရွိတယ္။”
မင္းျပားနဲ႔ ေက်ာက္ေတာ္ တုိက္ပြဲအတြင္း ျမန္မာစစ္တပ္ဘက္က ထိခိုက္က်ဆုံးမႈ မ်ားတယ္လို႔ AA ဘက္က ေျပာဆိုေနသလို တပ္မေတာ္ဘက္ကေတာ့ အတည္ျပဳေျပာဆိုတာ မရွိပါဘူး။
ဒီေဖေဖာ္၀ါရီလအတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြ ရက္ဆက္ျဖစ္ပြားေနသလို ေဖေဖာ္၀ါရီ ၁၀ ရက္ကေန ဒီကေန႔အထိ တိုက္ပြဲျဖစ္စဥ္အတြင္း အရပ္သား ေက်ာင္းသားငယ္ေတြ အပါအ၀င္ ေသဆုံးသူ ၆ ဦးရွိၿပီး ၄၅ ဦးခန္႔ ဒဏ္ရာရရွိခဲ့ပါတယ္။
ရခိုင္ျပည္နယ္ တုိက္ပြဲေတြမွာ လက္နက္ႀကီးက်ည္ထိမွန္မႈ၊ မိုင္းေပါက္ကဲြမႈ၊ ပစ္ခတ္ခံရမႈတို႔ေၾကာင့္ ေသဆံုးသူ ၁၃၀ ေက်ာ္နဲ႔ ဒဏ္ရာရရွိသူ ၃၆၀ ေက်ာ္ရွိတယ္လို႔ ရခိုင္ေက်ာင္းသားမ်ားသမဂၢ (တကၠသိုလ္မ်ား-ရန္ကုန္) ရဲ႕ ၿပီးခဲ့တဲ့လ ထုတ္ျပန္တဲ့စာရင္းမွာ ေဖာ္ျပထားပါတယ္။
------------------------------------
(Unicode)
ရခိုင် မင်းပြား တိုက်ပွဲပြင်းထန်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် (AA) အဖွဲ့တို့ မနေ့က တနေကုန် တိုက်ပွဲဖြစ်ပွားရာမှာတော့ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှု ရှိသလို အရပ်သားတွေလည်း ထိခိုက်မှု ရှိနေတာပါ။ ဒီလို တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေအတွင်း ထိခိုက်ရတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
မနေ့က မင်းပြားမြို့နယ် ရာမောင်တံတားအနီး တနေကုန်ဖြစ်တဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်ကရော AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကပါ ထိခိုက်မှုရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက အခုလို ပြောပါတယ်။
“မနေ့က မင်းပြားမြို့နယ် ဖားပျော်ရွာအနီးမှာ မနက် ၉ နာရီ ၂၀ စပြီးတာ့မှ ညနေ ၆ နာရီလောက်အထိပေါ့နော်။ ဗမာစစ်တပ်ရဲ့ တပ်မ ၅၅ လက်အောက်ခံ ဗထူးအခြေစိုက် ခမရ ၅၀၈ တပ်ရင်းနဲ့ ကျနော်တို့အဖွဲ့ အပြင်းထန် တိုက်ပွဲဖြစ်တာရှိတယ်။ ဆိုတော့ ဒီညနေ ၆ နာရီလောက်မှာတော့ မြန်မာစစ်တပ်တွေဟာ ဖားပျော်ရွာအထဲကို ဆင်းသွားတာရှိတယ်။ ဆိုတော့ အဲဒီ ဖားပျော်ရွာအထဲကနေပြီးတော့ အဲဒီမှာရှိတဲ့ အရပ်သားတွေအားလုံးကို သူတို့ လူသားဒိုင်းကာထားပြီးတော့ လုပ်ထားတာပေါ့နော်။
“မနေ့က တနေကုန် တိုက်ပွဲအတွင်းမှာတော့ ရန်သူဘက်က ၁၅ ဦးထက်မနည်း ကျဆုံးပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိတယ်။ ရန်သူ့ရဲ့ လက်နက်ခဲယမ်း စစ်အသုံးအဆောင် စာရွက်စာတမ်းတွေပါတဲ့ ခြင်းတောင်း ၃၆ တောင်းကို ကျနော်တို့ သိမ်းဆည်းရမိထားတာ ရှိတယ်။ နောက် ရန်သူ့အလောင်း ၃ လောင်း သိမ်းဆည်းရမိတယ်။ ပြီးတော့ အပြင်းအထန် ဒဏ်ရာရနေတဲ့ သုံ့ပန်းတဦးလည်း ဖမ်းဆီးရမိထားတယ်။ ကျနော်တို့ ရခိုင်တပ်တော်ဘက်ကလည်းပဲ အာရက္ခစစ်သည်တော်တဦး ကျဆုံးခဲ့တာရှိတယ်။ ၄ ဦး ဒဏ်ရာရပါတယ်။”
ရာမောင်တံတားအနီးဖြစ်တဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှု ရှိခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
“မနေ့က တိုက်ပွဲဖြစ်တယ် အဲဒီမှာ။ ရာမောင်တံတားအနီးမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲကတော့ ပြင်းထန်တယ်။ ကျနော်တို့ဘက်က နည်းနည်း ဒဏ်ရာရတယ်။ ဒါပဲပြောလို့ရမယ် ကျန်တာတော့ ဘာမှမသိဘူး။”
မင်းပြားမြို့နယ် ရာမောင်တံတားအနီး တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်မှုရှိခဲ့ပါတယ်လို့ မင်းပြားမြို့ခံ ဦးအောင်ကျော်က ပြောပါတယ်။
“အရပ်သားက ၄ ယောက်ပါခင်ဗျ။ ပထမတခေါက်တော့ ဒဏ်ရာရတဲ့သူ တဖက်ကမ်းကပါပဲ။ လမ်းလျှောက်ပြီးတော့ သူက မင်းပြားကနေ ပြန်လာတာ။ ပြန်လာတော့ အဲဒီမှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူက လုံခြုံတဲ့နေရာမှာ နေတဲ့အချိန်မှာမှ ကျည်မှန်ပြီးတော့ ကျည်ထိတာ။ တယောက်က ဦးခေါင်းမှာထိတယ်။ ပေါင်မှာထိတဲ့ အစ်ကိုကြီးကတော့ သူက လက်ဖက်ရည်ဆိုင်မှာ နေပြီးတော့ လက်ဖက်ရည်သောက်နေတယ်။ အဲဒါ မင်းပြားကမ်းပေါ့။ ဇက်ဆိပ်မှာ တယောက်ထိတယ်။ နောက်ပြီးတော့ ကျော်ဆီဆိုင်ဆိုတာ ရှိတယ်။ ကျနော်တို့ ရာမောင်ဘက်ကမ်းနဲ့ဆို တမိုင်လောက်ပဲ ကွာတယ်။ အဲဒီမှာတယောက် ဗိုက်ကိုထိတယ်။ ၄ ယောက် ဒဏ်ရာရတယ်။”
ဒဏ်ရာရတဲ့သူတွေအထဲက ဝက်ခေါင်းချောင်းကျေးရွာသား ဦးကြာထွန်းအောင်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ထားရပြီး ကျန်တဲ့သူတွေကတော့ မင်းပြားဆေးရုံမှာ ဆေးကုသ ခံယူနေရပါတယ်။
ရာမောင်တံတားအနီး ဖားပျော်ကျေးရွာဘက်မှာလည်း လက်နက်ကြီးကျည် ကျရောက်လို့ ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့သလို တိုက်ပွဲဖြစ်ပွားအပြီး မြန်မာစစ်တပ်ကနေ ရွာကို ပိတ်ဆို့ထားတယ်လို့ ဖားပျော်ရွာသားတဦးက ပြောပါတယ်။
“ရွာသားတွေကတော့ ဒဏ်ရာရတယ်။ တယောက် နှစ်ယောက်ကတော့ ရတယ်။ သူက မျက်နှာပေါ်က ကျည်ချော်သွားတယ်လေ။ ဝက်တွေ နွားတွေတော့ သေကုန်ကြတယ်။ ဖားပျော်ရွာ တရွာလုံးက အကုန်လုံး ပိတ်မိခံထားရတယ်။ ရွာထဲကိုလေ အကုန်လုံးဝိုင်းနေတယ်။ ထွက်မယ်ဆိုတော့လည်း သူတို့က အထွက်မပေးဘူး။”
မင်းပြား ရာမောင်တံတားဘက်မှာ မြန်မာစစ်တပ်နဲ့ AA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခန ဖြစ်ပွားနေသလို တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှုမှာ အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။
မနေ့ကလည်း ကျောက်တော်မြို့နယ် ကန်စောက်ရွာဘက်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ခိုင်သုခက ဆက်ပြောပါတယ်။
“ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျောက်တော်မြို့နယ် ကန်စောက်ရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၆၀၀ လောက်အကွာမှာ ဒီ ကျီးကန်းတောင်အနီးမှာ ညနေ ၅ နာရီ ၁၅ မိနစ်မှာ ထိတွေ့ တိုက်ပွဲဖြစ်တာ ရှိတယ်။ ရန်သူ့ဘက်က ၅ ဦး ကျဆုံးခဲ့တာရှိတယ်။”
မင်းပြားနဲ့ ကျောက်တော် တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု များတယ်လို့ AA ဘက်က ပြောဆိုနေသလို တပ်မတော်ဘက်ကတော့ အတည်ပြုပြောဆိုတာ မရှိပါဘူး။
ဒီဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေသလို ဖေဖော်ဝါရီ ၁၀ ရက်ကနေ ဒီကနေ့အထိ တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သား ကျောင်းသားငယ်တွေ အပါအဝင် သေဆုံးသူ ၆ ဦးရှိပြီး ၄၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ လက်နက်ကြီးကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးသူ ၁၃၀ ကျော်နဲ့ ဒဏ်ရာရရှိသူ ၃၆၀ ကျော်ရှိတယ်လို့ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) ရဲ့ ပြီးခဲ့တဲ့လ ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။