သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္းနဲ႔ ပလက္ဝမွာ တိုက္ပြဲျပင္းထန္ဆဲ


ေမာင္ေတာခ႐ိုင္အတြင္း လံုၿခံဳေရးတာ၀န္ယူေနေသာ ျမန္မာတပ္ဖဲြ႔၀င္မ်ား (စက္တင္ဘာ၊ ၂၇၊ ၂၀၁၇)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာေရာ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္းမွာပါ တပ္မေတာ္နဲ႔ ရခိုင္္လက္နက္ကိုင္အဖြဲ႔ AA တို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ ဆက္ျဖစ္ေနပါတယ္။ တခ်ဳိ႕ေနရာေတြမွာဆိုရင္ တိုက္ပြဲအတြင္း ပစ္ခတ္တာေတြကေန အရပ္သားေတြ ေနထိုင္တဲ့ေနရာကို က်ည္ဆံက်တာေၾကာင့္ ရြာလံုးကၽြတ္ ထြက္ေျပးတိမ္းေရွာင္ၾကတဲ့ အေျခအေနေတြထိ ရွိထားၿပီး စစ္ေျပးဒုကၡသည္အေရအတြက္က ပိုတိုးလာေနပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ႏုိင္ကြန္းအိမ္က သတင္းေပးပို႔ ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသနဲ႕ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ တိုက္ပြဲေတြ တေန႕ထက္တေန႕ ျပင္းထန္ျဖစ္ပြားလာေနတာပါ။

ဘူးသီးေတာင္ၿမိဳ႕နယ္ ကြမ္းေတာင္ေက်းရြာဘက္မွာ မေန႔က ျမန္မာစစ္တပ္နဲ႕ AA အဖြဲ႕တို႕ တိုက္ပြဲ ျပင္းထန္စြာျဖစ္ပြါးခဲ့တယ္လို႕ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးက ေျပာပါတယ္။

“ေအာ္ျပင္းတယ္ ျပင္းတယ္။ ဒီေကာင္ေတြက အဲဒီရက္ခုန္းတိုင္တို႕ ကြမ္းေတာင္တို႕ ေစတီေတာင္တို႕၊ ေစေတာင္တို႕၊ စပါးထားတို႕ အဲဒီနားေလးမွာဘဲ ရြာေတြမွာပဲ အေျခခံ။ AA က အဲဒီရြာေတြမွာ သူတို႕ရဲ႕စပါးက်ီလို သေဘာထားၿပီးေတာ့မွ ဟိုရြာ၀င္လိုက္ ဒီရြာ ၀င္လိုက္နဲ႕လုပ္တဲ့အခါမွာ အဲဒီမွာ မေန႕က တိုက္ပြဲျဖစ္လို႔ အေလာင္း လက္နက္ေတြ ၂၀ ေက်ာ္ေလာက္ရတယ္။”

မေန႕က ဘူးသီးေတာင္ျမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့ ဒီ တိုက္ပြဲမွာ ႏွစ္ဘက္ ထိခိုက္က်ဆုံးမႈေတြ ရွိခဲ့တယ္လို႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ဘူးသီးေတာင္ၿမိဳ႕နယ္ ႏြားရံုေတာင္နဲ႕ ကြမ္းေတာင္ရြာအၾကားမွာရွိတဲ့ က်ေနာ္တို႕ ရခိုင့္တပ္ေတာ္ရဲ႕ တပ္ဖြဲ႕ေတြကို ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ မနက္ ၉ နာရီ ၅၀ စၿပီးေတာ့မွ တပ္မ ၂၂ ကေန လက္နက္ၾကီးပစ္ကူေတြ ေလေၾကာင္းပစ္ကူေတြ အသုံးျပဳၿပီးေတာ့မွ အင္အား အလုံးအရင္းနဲ႕ ထိုးစစ္ ဆင္လာတာ ရွိတယ္။ ရဟတ္ယာဥ္ ၂ စီးနဲ႕လာၿပီးေတာ့ ဗုံးၾကဲတိုက္ခိုက္မႈေတ ြလုပ္ခဲ့တာရိွတယ္။ ႏွစ္ဘက္ ထိခိုက္က်ဆုံးမႈကေတာ့ ရွိတယ္။”

ဒီေန႕မနက္သန္းေခါင္ေက်ာ္မွာ ရေသ့ေတာင္ျမိဳ႕နဲ႕ ၂ ဖါလုံအကြာ တပ္မေတာ္တပ္ရင္းဘက္မွာ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တယ္လို႕ ရေသ့ေတာင္ၿမိဳ႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး တဦးက ေျပာပါတယ္။

“ရေသ့ေတာင္တပ္က တေယာက္ ေျပာတာကေတာ့ ညကတပ္ကို AA က ၀င္ပစ္တယ္တဲ့။ အဲတာ သူတို႕အေဆာင္ေတြ ေတာ္ေတာ္ ထိခိုက္သြားတယ္လို႕ေတာ ့ေျပာတယ္ သူကေလ။ တနာရီေက်ာ္ေက်ာ္ေလာက္ ပစ္ခဲ့တယ္လို႕ေျပာတယ္။ အဲဒီ ၅၃၈ ရယ္၊ ၅၃၇ ရယ္၊ တပ္ရင္း ၂ ရင္းကိုေလ။ ျမိဳ႕ခံေတြ က ေၾကာက္လန္႕ၿပီးေတာ ့ထြက္ေျပးၾကတာေပါ့။ ေနာက္ၿပီးၿမိဳ႕တြင္းထဲမွာလဲ လက္နက္ငယ္ က်ည္ေတြ လာတယ္။”

ဒီလို ပစ္ခတ္မႈ ျဖစ္ပြားတာကို ရေသ့ေတာင္ၿမိဳ႕နယ္ မဲဆနၵနယ္က ျပည္နယ္လႊတ္ေတ္ ကိုယ္စားလွယ္ဦးတင္ေမာင္း၀င္းကလည္း အတည္ျပဳပါတယ္။ ဒါေပမဲ့ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးကေရာ ရခိုင္လက္နက္ကိုင္အဖြဲ ႕ေျပာခြင့္ရ ခိုင္သုခကပါ ရေသ့ေတာင္ၿမိဳ႕အတြင္း ပစ္ခတ္မႈျဖစ္စဥ္ မရွိဘူးလို႔ ျငင္းပါတယ္။

ဒါေပမဲ့့ မေန႕က ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ အတြင္း ၃ ေနရာထက္ မနည္း တိုက္ပြဲ ျဖစ္ပြားခဲ့သလို႕ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း မွာလည္း ပစ္ခတ္မႈေတြ ျဖစ္ပြား ခဲ့တယ္လို႔ ခိုင္သုခက ေျပာပါတယ္။

“တိုက္ပြဲကေတာ့ ေဖေဖၚ၀ါရီလ ၁၀ ရက္ေန႕မွာ ျမိဳ႕နယ္ ၄ ခုေလာက္မွာ ျဖစ္ခဲ့တာ ရွိတယ္။ အဲဒီမွာ ေက်ာက္ေတာ္၊ ပလက္၀၊ မင္းျပား၊ ဘူးသီးေတာင္ေပါ့။ ပလက္၀ၿမိဳ႕နယ္ မီးေခ်ာင္းတံတားဘက္က ျမန္မာစစ္တပ္ရဲ႕လက္နက္ၾကီးစခန္းမွာ ၅ ရက္ေျမာက္ေန႕ တိုက္ပြဲအျပန္အလွန္ျဖစ္ခဲ့တာ ရွိတယ္။ ရဟတ္ယာဥ္ ၄ စီးနဲ႕ သူတို႕ဆက္တိုက္ဗုံးၾကဲတာ လုပ္တယ္။ ၿပီးရင္ပလက္၀ၿမိဳ႕နယ္ ႏႈန္းဘူးရြာရဲ႕ အေနာက္ေတာင္ဘက္မွာရွိတဲ့ အဲဒီေတာင္ေၾကာမွာ ဗမာစစ္တပ္ရဲ႕ခမရ ၂၁၄၊ ခမရ ၂၁၈ အဲဒီ စစ္ေၾကာင္းေတြနဲ႕ ေနၿပီးေတာ့ ထိေတြ႕တိုက္ပြဲျဖစ္တာရွိတယ္။ ပလက္၀ၿမိဳ႕မွာရွိတဲ့ ခမရ ၂၁၉ တပ္ရင္း ဌာနခ်ဳပ္ေပါ့ေနာ္။ အဲဒီတပ္ရင္းဌာနခ်ဳပ္ရယ္ စကခ ၉ ေက်ာက္ေတာ္အေျခစိုက္ဌာနခ်ဳပ္ကိုလည္းပဲ က်ေနာ္တို႕ဘက္က လက္နက္ၾကီးေတြနဲ႕ ပစ္ခတ္တိုက္ခိုက္ခဲ့တာ ရွိတယ္။”

ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေတာ့ ေက်ာက္ေတာ္၊ တင္းမရြာဘက္နဲ႕ပလက္၀ဘက္ တိုက္ပြဲျဖစ္ပြါးေၾကာင္း အတည္ျပဳေပမဲ့ အေသးစိတ္ ေျပာဆိုတာ မရွိခဲ့ပါဘူး။

ဒီရက္ပိုင္းအတြင္း ဘူးသီးေတာင္နဲ႕ရေသ့ေတာင္အစပ္ဘက္မွာ တိုက္ပြဲ ျပင္းထန္ေနတာေၾကာင့္ ရြာသား ၂,၀၀၀ ေက်ာ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ေတကန္ခြဆုံရြာဘက္ကို တိမ္းေရွာင္ေရာက္ရွိေနတယ္လို႕ စစ္ေရွာင္ကူညီေရး အဖြဲ႕၀င္ ကို၀င္းႏိုင္က ေျပာပါတယ္။

“အခုက က်ေနာ္တို႕ထြက္ေျပးလာတဲ့လူေတြက ရေသ့ေတာင္ၿမိဳ႕နယ္ ပါတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ ပါတယ္။ ရေသ့ေတာင္ၿမိဳ႕ နယ္ ထဲမွာဆိုင္ ေက်ာက္တန္းတို႕ ေရပုတ္တို႕ သမီးလွ၊ အိုးေဖါက္ ေဇယ်ာၿမိဳင္ ရြာေပါင္း ၂၀ ေက်ာ္ေပါ့ေနာ္။ ဒီလ ဒီရက္ ၂ ရက္ကေပါ့ေနာ္ တိုက္ပြဲကေတာ ့ပိုၿပီးေတာ့ျပင္းထန္တာေပါ့။ ဘူးသီးေတာင္ၿမိဳ႕နယ္ ေသကန္ခြဆုံဘက္ကို ေျပးလာၾကတာေပါ့ေနာ္။ သူတို႕ကလူဦးေရ ဘယ္ေလာက္ ေလာက္ ရွိတယ္ဆိုရင္ မေန႕ကဆိုေတာ့ ကြ်န္ေတာ္တို႕ လူေပါင္း ၂၀၀၀ ေလာက္ ၀င္သြားတယ္။”

မေန႕ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ ဆင္ခံုးတိုင္ေက်းရြာမွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ရြာသားေတြအားလုံး ဘူးသီးေတာင္ၿမိဳ႕နယ္ဘက္ကို ရြာလံုးကၽြတ္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရတယ္လို႔ ေျပာပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႕ျမန္မာစစ္တပ္တို႕ တႏွစ္ေက်ာ္ တိုက္ပြဲျဖစ္စဥ္အတြင္းမွာ အရပ္သားေတြ ထိခိုက္ေသဆုံးမႈေတြ မ်ားျပားလာသလို ရခိုင္ျပည္နယ္ အတြင္း စစ္ေရွာင္ဦးေရ ၁၀၆,၀၀၀ ေက်ာ္ ရွိလာေနသလို ခ်င္းျပည္နယ္မွာ စစ္ေရွာင္ဦးေရ ၄,၀၀၀ အထိ ရွိေနတယ္လို႕ ဒုကၡသည္ ကူညီေရးအဖြဲ႕ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝမှာ တိုက်ပွဲပြင်းထန်ဆဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရော ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်းမှာပါ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေပါတယ်။ တချို့နေရာတွေမှာဆိုရင် တိုက်ပွဲအတွင်း ပစ်ခတ်တာတွေကနေ အရပ်သားတွေ နေထိုင်တဲ့နေရာကို ကျည်ဆံကျတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြတဲ့ အခြေအနေတွေထိ ရှိထား ပြီး စစ်ပြေးဒုက္ခသည်အရေအတွက်က ပိုတိုးလာနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ တနေ့ထက်တနေ့ ပြင်းထန်ဖြစ်ပွားလာနေတာပါ။

ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ကျေးရွာဘက်မှာ မနေ့က မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“အော်ပြင်းတယ် ပြင်းတယ်။ ဒီကောင်တွေက အဲဒီရက်ခုန်းတိုင်တို့ ကွမ်းတောင်တို့ စေတီတောင်တို့၊ စေတောင်တို့၊ စပါးထားတို့ အဲဒီနားလေးမှာဘဲ ရွာတွေမှာပဲ အခြေခံ။ AA က အဲဒီရွာတွေမှာ သူတို့ရဲ့စပါးကျီလို သဘောထားပြီးတော့မှ ဟိုရွာဝင်လိုက် ဒီရွာ ဝင်လိုက်နဲ့လုပ်တဲ့အခါမှာ အဲဒီမှ ာမနေ့က တိုက်ပွဲဖြစ်လို့ အလောင်း လက်နက်တွေ ၂၀ ကျော်လောက်ရတယ်။”

မနေ့က ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ ဒီ တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဘူးသီးတောင်မြို့နယ် နွားရုံတောင်နဲ့ ကွမ်းတောင်ရွာအကြားမှာရှိတဲ့ ကျနော်တို့ ရခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့တွေကို မြန်မာစစ်တပ်ဘက်ကနေပြီးတော့ မနက် ၉ နာရီ ၅၀ စပြီးတော့မှ တပ်မ ၂၂ ကနေ လက်နက်ကြီးပစ်ကူတွေ လေကြောင်းပစ်ကူတွေ အသုံးပြုပြီးတော့မှ အင်အား အလုံးအရင်းနဲ့ ထိုးစစ် ဆင်လာတာ ရှိတယ်။ ရဟတ်ယာဉ် ၂ စီးနဲ့လာပြီးတော့ ဗုံးကြဲတိုက်ခိုက်မှုတေ ွလုပ်ခဲ့တာရှိတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးမှုကတော့ ရှိတယ်။”

ဒီနေ့မနက်သန်းခေါင်ကျော်မှာ ရသေ့တောင်မြို့နဲ့ ၂ ဖါလုံအကွာ တပ်မတော်တပ်ရင်းဘက်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ရသေ့တောင်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ပြောပါတယ်။

“ရသေ့တောင်တပ်က တယောက် ပြောတာကတော့ ညကတပ်ကို AA ကဝင်ပစ်တယ်တဲ့။ အဲတာ သူတို့အဆောင်တွေ တော်တော် ထိခိုက်သွားတယ်လို့တော့ပြောတယ် သူကလေ။ တနာရီကျော်ကျော်လောက် ပစ်ခဲ့တယ်လို့ပြောတယ်။ အဲဒီ ၅၃၈ ရယ်၊ ၅၃၇ ရယ်၊ တပ်ရင်း ၂ ရင်းကိုလေ။ မြို့ခံတွေ က ကြောက်လန့်ပြီးတော့ထွက်ပြေးကြတာပေါ့။ နောက်ပြီးမြို့တွင်းထဲမှာလဲ လက်နက်ငယ် ကျည်တွေ လာတယ်။”

ဒီလို ပစ်ခတ်မှု ဖြစ်ပွားတာကို ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တေ် ကိုယ်စားလှယ်ဦးတင်မောင်းဝင်းကလည်း အတည်ပြုပါတယ်။ ဒါပေမဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြေခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကရော ရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ခိုင်သုခကပါ ရသေ့တောင်မြို့အတွင်း ပစ်ခတ်မှုဖြစ်စဉ် မရှိဘူးလို့ ငြင်းပါတယ်။

ဒါပေမဲ့ မနေ့က ချင်းပြည်နယ်ပလက်ဝမြို့နယ် အတွင်း ၃ နေရာထက် မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့သလို့ ကျောက်တော်မြို့နယ်အတွင်း မှာလည်း ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

“တိုက်ပွဲကတော့ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ မြို့နယ် ၄ ခုလောက်မှာ ဖြစ်ခဲ့တာ ရှိတယ်။ အဲဒီမှာ ကျောက်တော်၊ ပလက်ဝ၊ မင်းပြား၊ ဘူးသီးတောင်ပေါ့။ ပလက်ဝမြို့နယ် မီးချောင်းတံတားဘက်က မြန်မာစစ်တပ်ရဲ့လက်နက်ကြီးစခန်းမှာ ၅ ရက်မြောက်နေ့ တိုက်ပွဲအပြန်အလှန်ဖြစ်ခဲ့တာ ရှိတယ်။ ရဟတ်ယာဉ် ၄ စီးနဲ့ သူတို့ဆက်တိုက်ဗုံးကြဲတာ လုပ်တယ်။ ပြီးရင်ပလက်ဝမြို့နယ် နှုန်းဘူးရွာရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ အဲဒီတောင်ကြောမှာ ဗမာစစ်တပ်ရဲ့ခမရ ၂၁၄၊ ခမရ ၂၁၈ အဲဒီ စစ်ကြောင်းတွေနဲ့ နေပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်တာရှိတယ်။ ပလက်ဝမြို့မှာရှိတဲ့ ခမရ ၂၁၉ တပ်ရင်း ဌာနချုပ်ပေါ့နော်။ အဲဒီတပ်ရင်းဌာနချုပ်ရယ် စကခ ၉ ကျောက်တော်အခြေစိုက်ဌာနချုပ်ကိုလည်းပဲ ကျနော်တို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။”

ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ကျောက်တော်၊ တင်းမရွာဘက်နဲ့ပလက်ဝဘက် တိုက်ပွဲဖြစ်ပွါးကြောင်း အတည်ပြုပေမဲ့ အသေးစိတ် ပြောဆိုတာ မရှိခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်း ဘူးသီးတောင်နဲ့ရသေ့တောင်အစပ်ဘက်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ရွာသား ၂,၀၀၀ ကျော် ဘူးသီးတောင်မြို့နယ် တေကန်ခွဆုံရွာဘက်ကို တိမ်းရှောင်ရောက်ရှိနေတယ်လို့ စစ်ရှောင်ကူညီရေး အဖွဲ့ဝင် ကိုဝင်းနိုင်က ပြောပါတယ်။

“အခုက ကျနော်တို့ထွက်ပြေးလာတဲ့လူတွေက ရသေ့တောင်မြို့နယ်ပါတယ်။ ဘူးသီးတောင်မြို့နယ် ပါတယ်။ ရသေ့တောင်မြို့ နယ် ထဲမှာဆိုင် ကျောက်တန်းတို့ ရေပုတ်တို့ သမီးလှ၊ အိုးဖေါက် ဇေယျာမြိုင် ရွာပေါင်း ၂၀ ကျော်ပေါ့နော်။ ဒီလ ဒီရက် ၂ ရက်ကပေါ့နော် တိုက်ပွဲကတော့ပိုပြီးတော့ပြင်းထန်တာပေါ့။ ဘူးသီးတောင်မြို့နယ် သေကန်ခွဆုံဘက်ကို ပြေးလာကြတာပေါ့နော်။ သူတို့ကလူဦးရေ ဘယ်လောက် လောက် ရှိတယ်ဆိုရင် မနေ့ကဆိုတော့ ကျွန်တော်တို့ လူပေါင်း ၂၀၀၀ လောက် ဝင်သွားတယ်။”

မနေ့ကလည်း ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားတွေအားလုံး ဘူးသီးတောင်မြို့နယ်ဘက်ကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့မြန်မာစစ်တပ်တို့ တနှစ်ကျော် တိုက်ပွဲဖြစ်စဉ်အတွင်းမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ များပြားလာသလို ရခိုင်ပြည်နယ် အတွင်း စစ်ရှောင်ဦးရေ ၁၀၆,၀၀၀ ကျော် ရှိလာနေသလို ချင်းပြည်နယ်မှာ စစ်ရှောင်ဦးရေ ၄,၀၀၀ အထိ ရှိနေတယ်လို့ ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG