သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္တြင္း အိုးအိမ္စြန္းထြက္ေျပးရသူ ပိုမ်ားၿပီး စားနပ္ရိကၡာခက္ခဲေန


ရခိုင္စစ္ေဘးေၾကာင့္တိမ္းေရွာင္ၾကေသာ ရခိုင္ဒုကၡသည္မ်ား (သတင္းဓာတ္ပံု-Rakhine Ethnics Congress)

(Zawgyi/Unicode)

ရခုိင္ျပည္နယ္တြင္း လက္နက္ကိုင္ ပဋိကၡေတြေၾကာင့္ အိုးအိမ္စြန္႔ ထြက္ေျပးေနရသူအေရအတြက္ တေန႔တျခား ပိုမ်ားလာေနၿပီး စားနပ္ရိကၡာအခက္အခဲ ၾကံဳေနၾကရပါတယ္။ ဒါ့အျပင္ တိုက္ပြဲေတြၾကားထဲမွာ ပိတ္မိေနသူ၊ ထိခိုက္ဒဏ္ရာရသူူ အေရအတြက္လည္း ပိုမ်ားလာပါတယ္။ တပ္္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA တို႔ၾကားမွာ တႏွစ္ေက်ာ္ ၾကာလာၿပီျဖစ္တဲ့ တိုက္ခိုက္မႈေတြကလည္း ေလ်ာ့မသြားေသးဘဲ ေန႔စဥ္လို ဆက္ျဖစ္ေနဆဲပါ။ ဒီအေၾကာင္း ဗီြအိုေအ ထုိင္းအေျခစိုက္သတင္းေထာက္ ႏုိင္္ကြန္းအိမ္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္ကိုင္အဖြဲ႕တို႕ တႏွစ္ေက်ာ္အၾကာ စစ္ေရးပဋိပကၡအတြင္း စစ္ေရွာင္ဦးေရက တသိန္းေက်ာ္ေနၿပီး မၾကာခင္ ရက္ပိုင္းေတြ အတြင္း စစ္ေရွာင္ဦးေရ ပိုတိုးလာေနတယ္လို႔ စစ္ေရွာင္ဒုကၡသည္ေတြရဲ႕အေျခအေနကို ေစာင့္ၾကည့္ေလ့လာေနတဲ့ REC ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအရံုး ဥကၠဌ ဦးေရႊေဘာ္စိန္က ေျပာပါတယ္။

စစ္ေရွာင္ဦးေရက လြန္ခဲ့တဲ့လ က်ေနာ္္တို႕ ထုတ္ျပန္ခ်က္အရ ၁၀၆,၀၀၀ ေလာက္ ရွိေနတယ္။ ဒီအခု ဒီလဘက္မွာဆိုရင္ အဲဒီထက္ နည္းနည္းေလာက္ တိုးလာတာေတြ႕ရတယ္။ စားေသာက္ေေနထိုင္ေရးက နည္းနည္းေလာက္ေတာ့ အက်ပ္အတည္းေတြ ျဖစ္လာတယ္။ ဘာျဖစ္လဲဆိုေတာ့ ပုံမွန္ေထာက္ပံ့ေနၾကျဖစ္တဲ့ ICRC တို႕ WFP တို႕က ဒီ အရင္ အေခါက္ကလို တလတၾကိမ္ ေထာက္ပံ့တာမေတြ႕ရေတာ့ဘူး။ ႏွစ္လတခါ ပုံစံမ်ိဳး။ တခ်ိဳ႕ အရပ္ဘက္ အဖြဲ႕အစည္းေတြကလည္း အကူညီေပးတာ သိပ္မရွိေတာ့ဘုူး။ ဒီပုံစံမ်ိဳးအတိုင္း ဆိုလို႕ရွိရင္ေတာ့ ရိကၡာျပတ္ေတာက္မဲ့ ျပႆနာေတြက ျဖစ္လာမယ္။”

စစ္ေရွာင္ေတြအတြက္ အကူအညီ အေထာက္အပံ့ေပးမႈေတြ တေျဖးေျဖးနည္းလာေနတာေၾကာင့္ ရိကၡာ ျပႆနာ ျဖစ္လာႏုိင္သလို ဆက္ၿပီး ျဖစ္ပြါးေနတဲ့ တို္က္ပြဲ ေတြေၾကာင့္လည္း ဒုကၡ မ်ိဳးစံုနဲ႔ ႀကံဳေနၾကရတာပါ။

ေဖေဖၚ၀ါရီလဆန္းတုန္း စတင္ခဲ့တဲ့ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ရဲ့ ရေသ့ေတာင္ ၿမိဳ႕နယ္တြင္းက တိုက္ပြဲေတြမွာ ကုလားေခ်ာင္းေက်းရြာနဲ႕ မညင္းေတာင္ေက်းရြာေတြက ေဒသခံေတြ ေၾကာက္လန္႔ထြက္ေျပးတဲ့အတြက္ သက္ၾကီးရြယ္အိုေတြ၊ အမ်ိဳးသမီးေတြနဲ႕ ကေလးငယ္ ေတြ ရြာထဲမွာ က်န္ရစ္ၿပီး ပိတ္မိေနခဲ့ပါတယ္။ မေန႔ကေတာ့ ဒီ ပိတ္မိေနတဲ့ ရြာသား ၅၇ ဦး ကို သြားေရာက္ကယ္ထုတ္ ႏိုင္ၿပီလို႔ ရခိုင္လူငယ္ အဖြဲ႔က ကိုဘကၠာက ေျပာပါတယ္။

“က်ေနာ္္ရယ္ က်ေနာ့္္အကို တေယာက္ရယ္ ဦးေဆာင္ၿပီးေတာ့ လူက၇ ေယာက္ပါတယ္။ ၿမိဳ႕နယ္သံဃာ့နာယက ဆရာေတာ္ႀကီးေတြ ပါတယ္။ က်ေနာ္တို႕သြားၾကတယ္။ အစိုးရအေခၚေတာ့ ေအာင္ေဇယ်ေပါ့။ ေဒသအေခၚကုလား ေခ်ာင္း။ ကုလားေခ်ာင္းရယ္၊ မညွင္းေတာင္ရယ္။ အဲဒီရြာက။ အဲဒီမညွင္းေတာင္ကလည္း ကုလားေခ်ာင္းရြာထဲမွာ လာျပီး အိမ္တအိမ္မွာ ေနခိုင္းထားတယ္ေပါ့။ ၅၇ ေယာက္အကို။ အဲဒီ ၅၇ ေယာက္ကို က်ေနာ္တို႕အဲဒီမွာ သြားထုတ္တယ္ေလ။"

တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနတာေၾကာင့္ နယ္စပ္ေရးရာ လံုၿခံဳေရး ဝန္ႀကီးဌာနကို အေၾကာင္းၾကားၿပီး သြားေရာက္ ေခၚေဆာင္ခဲ့ရတယ္လုိ႔ လည္း ကိုဘကၠာကဆက္ေျပာပါတယ္။

“က်ေနာ္္တို႕သြားေတာ့ အဲဒီကုလားေခ်ာင္းရြာရဲ႕အေရွ႕ဖက္မွာ ျမန္မာေရတပ္က ဇက္ ၂ စီး ရွိတယ္ဗ်ာ။ ေနာက္ၿပီး ေတာ့ ဖိုက္တာတစီးရွိတယ္။ ဖိုက္တာဆိုတာကသူတို႕ စစ္ေဆးေလ့ ရွိတယ္။ က်ေနာ္္တို႕ကိုေခၚတယ္။ စစ္တယ္။ က်ေနာ္္တို႕က ေဒသခံေတြကို လာၿပီးေခၚထုတ္ တာ။ သူတို႕ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႕လာသလည္းဆိုေတာ့ က်ေနာ္္တို႕ က အဲဒီမွာ ျပည္နယ္ လႊတ္ေတာ္အမတ္ေတြ ဒီလိုလႊတ္ေတာ္ပိုင္းကလည္း ဦးခင္ေမာင္လတ္ရယ္ ကိုတင္ေမာင္၀င္း ရယ္ ဦးေဆာင္ၿပီးေတာ့ အဲဒီမွာ နယ္စပ္ေရးရာ လုံျခံဳေရး ၀န္ၾကီးဌာနကို အသိေပးထားတယ္။ ဒါေပမဲ့ က်ေနာ္္တို႕ကို သြားခြင့္စာနဲ႕ အမိန္႕ထုတ္ေပးထားတာ မဟုတ္ဘူး။ အဲဒီလိုဆိုသြားကြာဆိုတဲ့ပုံစံမ်ိဳးေပါ့။ က်ေနာ္တို႕မွာလည္း အာမခံခ်က္ ဘာမွ မရွိဘူး။ ဒါေပမဲ့က်ေနာ္္တို႕ကို သူတို႕ဘာမွမလုပ္ပါဘူး။”

ကယ္ထုတ္လာတဲ့သူေတြကို ရေသ့ေတာင္ျမိဳ႕ ေရႊပါရမီဘုန္းၾကီးေက်ာင္းမွာ ေနရာခ်ထားေပးျပီး အဲဒီဘုန္းႀကီး ေက်ာင္းမွာလည္း စစ္ေဘးေရွာင္ဒုကၡသည္ ၆၀၀ ခန္႕ရွိေနလို႕ ေနထိုင္ေရး အတြက္ အခက္ခဲ ရွိေနၾကတာပါ။ ဒါ့အျပင္ ရေသ့ေတာင္ၿမိဳ႕မွာ ေရာက္ေနတဲ့ စစ္ေရွာင္ဦးေရ၃၀,၀၀၀ ေက်ာ္ ထဲမွာ ကေလးငယ္ ၅,၀၀၀ ေလာက္ပါေနၿပီး သူတို႔ေတြဟာ အခု ေက်ာင္းဆက္ မတက္ႏုိင္ပဲ ျဖစ္ေနၾကတယ္ လို႔လည္း ေျပာပါတယ္။

“အခက္အခဲကေတာ့ သားသမီးေတြက ဒီႏွစ္ဘယ္လိုမွ ပညာသင္လို႕မရေတာ့ဘူး။ ပညာေရးအတြက္ကေတာ့ ဒီႏွစ္က ေတာ့ ဘယ္လိုမွေမွ်ာ္မွန္းခ်က္ မရွိေတာ့ဘူးေပါ့။ ေက်ာင္းေနအရြယ္အားလုံး စုစုေပါင္း ၅၀၀၀ ေက်ာ္ေလာက္ရွိမယ္။ မူလတန္းက စၿပီးေတာ့ အလယ္တန္း အထက္တန္းေပါ့။”

မေန႕ကလည္း ေက်ာက္ေတာ္ၿမိဳ႕နဲ႕ ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕အၾကား ျမန္မာ့တပ္မေတာ္နဲ႕ ရခိုင္လက္နက္ကိုင္ AA တို႕ တိုက္ပြဲျဖစ္ပြါးေနတာေၾကာင့္ ေက်ာက္ေတာ္- ပလက္ဝကိုသြားတဲ့ စက္ေလွေတြဟာ တင္းမေက်းရြာမွာ တည ရပ္နား ထားရတယ္လို႕ စက္ေလွသမား တဦးက ေျပာပါတယ္။

“ပစ္ေနတာကေတာ့ ရခိုင္နဲ႕ခ်င္းအစပ္။ လိပ္ေခါင္းဘက္လို႕ေျပာတယ္ခင္ဗ်။ ေတာ္ေတာ္ျပင္းတယ္ ခင္ဗ်။ ပလက္၀စက္ နဲ႕ ကစၦပေရလိႈင္းကေတာ့ ခနရပ္ထားပါတယ္ ခင္ဗ်။ တင္းမရြာ။ အဲဒီရြာမွာ အိပ္တယ္လို႕ေျပာပါတယ္ခင္ဗ်။ အဲဒီအထဲ မွာ ရပ္ထားတယ္။ အခုကေတာ့ မနက္ ၆ နာရီခြဲကေတာ့ ျပန္လႊတ္ေပးလိုက္ျပီးေျပာတယ္။”

မေန႕ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ မီး၀ရြာဖက္မွာ ႏွစ္ဘက္တိုက္ပြဲ ျဖစ္ပြားခဲ့ပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္မွာလည္း ဒီရက္ပိုင္းအတြင္း တိုက္ပြဲေတြ ျဖစ္ပြားတာေၾကာင့္ အရပ္သားေတြ ထိခိုက္ဒဏ္ရာ ရရွိမႈ ပိုမိုမ်ားျပားလာေနပါတယ္။ စစ္ေရးတင္းမာမႈျဖစ္စဥ္အတြင္း အရပ္သား ၁၂၀ ေက်ာ္ ေသဆုံးခဲ့ျပီးေတာ့ ၂၃၀ ေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိမႈေတြ ရွိေနတယ္လို႔လည္း ရခိုင္အဖြဲ႕အစည္းေတြက စာရင္းျပဳစုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်တွင်း အိုးအိမ်စွန်းထွက်ပြေးရသူ ပိုများပြီး စားနပ်ရိက္ခာခက်ခဲနေ

ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရသူအရေအတွက် တနေ့တခြား ပိုများလာနေပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြားထဲမှာ ပိတ်မိနေသူ၊ ထိခိုက်ဒဏ်ရာရသူူ အရေအတွက်လည်း ပိုများလာပါတယ်။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြားမှာ တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ တိုက်ခိုက်မှုတွေကလည်း လျော့မသွားသေးဘဲ နေ့စဉ်လို ဆက်ဖြစ်နေဆဲပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်ကိုင်အဖွဲ့တို့ တနှစ်ကျော်အကြာ စစ်ရေးပဋိပက္ခအတွင်း စစ်ရှောင်ဦးရေက တသိန်းကျော်နေပြီး မကြာခင် ရက်ပိုင်းတွေ အတွင်း စစ်ရှောင်ဦးရေ ပိုတိုးလာနေတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေရဲ့အခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ REC ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး ဥက္ကဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

စစ်ရှောင်ဦးရေက လွန်ခဲ့တဲ့လ ကျနော်တို့ ထုတ်ပြန်ချက်အရ ၁၀၆,၀၀၀ လောက် ရှိနေတယ်။ ဒီအခု ဒီလဘက်မှာဆိုရင် အဲဒီထက် နည်းနည်းလောက် တိုးလာတာတွေ့ရတယ်။ စားသောက်ေနေထိုင်ရေးက နည္းနည္းလောက်တော့ အကျပ်အတည်းတွေ ဖြစ်လာတယ်။ ဘာဖြစ်လဲဆိုတော့ ပုံမှန်ထောက်ပံ့နေကြဖြစ်တဲ့ ICRC တို့ WFP တို့က ဒီ အရင် အခေါက်ကလို တလတကြိမ် ထောက်ပံ့တာမတွေ့ရတော့ဘူး။ နှစ်လတခါ ပုံစံမျိုး။ တချို့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း အကူညီပေးတာ သိပ် မရှိတော့ဘုူး။ ဒီပုံစံမျိုးအတိုင်း ဆိုလို့ရှိရင်တော့ ရိက္ခာပြတ်တောက်မဲ့ ပြဿနာတွေက ဖြစ်လာမယ်။”

စစ်ရှောင်တွေအတွက် အကူအညီ အထောက်အပံ့ပေးမှုတွေ တဖြေးဖြေးနည်းလာနေတာကြောင့် ရိက္ခာ ပြဿနာ ဖြစ်လာနိုင်သလို ဆက်ပြီး ဖြစ်ပွါးနေတဲ့ တိုက်ပွဲ တွေကြောင့်လည်း ဒုက္ခ မျိုးစုံနဲ့ ကြုံနေကြရတာပါ။

ဖေဖေါ်ဝါရီလဆန်းတုန်း စတင်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ရဲ့ ရသေ့တောင် မြို့နယ်တွင်းက တိုက်ပွဲတွေမှာ ကုလားချောင်းကျေးရွာနဲ့ မညင်းတောင်ကျေးရွာတွေက ဒေသခံတွေ ကြောက်လန့်ထွက်ပြေးတဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ် တွေ ရွာထဲမှာ ကျန်ရစ်ပြီး ပိတ်မိနေခဲ့ပါတယ်။ မနေ့ကတော့ ဒီ ပိတ်မိနေတဲ့ ရွာသား၅၇ ဦး ကို သွားရောက်ကယ်ထုတ် နိုင်ပြီလို့ ရခိုင်လူငယ် အဖွဲ့က ကိုဘက္ကာက ပြောပါတယ်။

“ကျနော်ရယ် ကျနော့်အကို တယောက်ရယ် ဦးဆောင်ပြီးတော့ လူက၇ ယောက်ပါတယ်။ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးတွေ ပါတယ်။ ကျနော်တို့သွားကြတယ်။ အစိုးရအခေါ်တော့ အောင်ဇေယျပေါ့။ ဒေသအခေါ်ကုလား ချောင်း။ ကုလားချောင်းရယ်၊ မညှင်းတောင်ရယ်။ အဲဒီရွာက။ အဲဒီမညှင်းတောင်ကလည်း ကုလားချောင်းရွာထဲမှာ လာပြီး အိမ်တအိမ်မှာ နေခိုင်းထားတယ်ပေါ့။ ၅၇ ယောက်အကို။ အဲဒီ ၅၇ ယောက်ကို ကျနော်တို့အဲဒီမှာ သွားထုတ်တယ်လေ။"

တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးဌာနကို အကြောင်းကြားပြီး သွားရောက် ခေါ်ဆောင်ခဲ့ရတယ်လို့ လည်း ကိုဘက္ကာကဆက်ပြောပါတယ်။

“ကျနော်တို့သွားတော့ အဲဒီကုလားချောင်းရွာရဲ့အရှေ့ဖက်မှာ မြန်မာရေတပ်က ဇက် ၂ စီး ရှိတယ်ဗျာ။ နောက်ပြီး တော့ ဖိုက်တာတစီးရှိတယ်။ ဖိုက်တာဆိုတာကသူတို့ စစ်ဆေးလေ့ ရှိတယ်။ ကျနော်တို့ကိုခေါ်တယ်။ စစ်တယ်။ ကျနော်တို့က ဒေသခံတွေကို လာပြီးခေါ်ထုတ် တာ။ သူတို့ဘယ်သူ့ခွင့်ပြုချက်နဲ့လာသလည်းဆိုတော့ ကျနော်တို့ က အဲဒီမှာ ပြည်နယ် လွှတ်တော်အမတ်တွေ ဒီလိုလွှတ်တော်ပိုင်းကလည်း ဦးခင်မောင်လတ်ရယ် ကိုတင်မောင်ဝင်း ရယ် ဦးဆောင်ပြီးတော့ အဲဒီမှာ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးဌာနကို အသိပေးထားတယ်။ ဒါပေမဲ့ ကျနော်တို့ကို သွားခွင့်စာနဲ့ အမိန့်ထုတ်ပေးထားတာ မဟုတ်ဘူး။ အဲဒီလိုဆိုသွားကွာဆိုတဲ့ပုံစံမျိုးပေါ့။ ကျနော်တို့မှာလည်း အာမခံချက် ဘာမှ မရှိဘူး။ ဒါပေမဲ့ကျနော်တို့ကို သူတို့ဘာမှမလုပ်ပါဘူး။”

ကယ်ထုတ်လာတဲ့သူတွေကို ရသေ့တောင်မြို့ ရွှေပါရမီဘုန်းကြီးကျောင်းမှာ နေရာချထားပေးပြီး အဲဒီဘုန်းကြီး ကျောင်းမှာလည်း စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ခန့်ရှိနေလို့ နေထိုင်ရေး အတွက် အခက်ခဲ ရှိနေကြတာပါ။ ဒါ့အပြင် ရသေ့တောင်မြို့မှာ ရောက်နေတဲ့ စစ်ရှောင်ဦးရေ၃၀,၀၀၀ ကျော် ထဲမှာ ကလေးငယ် ၅,၀၀၀ လောက်ပါနေပြီး သူတို့တွေဟာ အခု ကျောင်းဆက် မတက်နိုင်ပဲ ဖြစ်နေကြတယ် လို့လည်း ပြောပါတယ်။

“အခက်အခဲကတော့ သားသမီးတွေက ဒီနှစ်ဘယ်လိုမှ ပညာသင်လို့မရတော့ဘူး။ ပညာရေးအတွက်ကတော့ ဒီနှစ်က တော့ ဘယ်လိုမှမျှော်မှန်းချက် မရှိတော့ဘူးပေါ့။ ကျောင်းနေအရွယ်အားလုံး စုစုပေါင်း ၅၀၀၀ ကျော်လောက်ရှိမယ်။ မူလတန်းက စပြီးတော့ အလယ်တန်း အထက်တန်းပေါ့။”

မနေ့ကလည်း ကျောက်တော်မြို့နဲ့ ချင်းပြည်နယ်ပလက်ဝမြို့အကြား မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ တိုက်ပွဲဖြစ်ပွါးနေတာကြောင့် ကျောက်တော်- ပလက်ဝကိုသွားတဲ့ စက်လှေတွေဟာ တင်းမကျေးရွာမှာ တည ရပ်နား ထားရတယ်လို့ စက်လှေသမား တဦးက ပြောပါတယ်။

“ပစ်နေတာကတော့ ရခိုင်နဲ့ချင်းအစပ်။ လိပ်ခေါင်းဘက်လို့ပြောတယ်ခင်ဗျ။ တော်တော်ပြင်းတယ် ခင်ဗျ။ ပလက်ဝစက် နဲ့ ကစ္ဆပရေလှိုင်းကတော့ ခနရပ်ထားပါတယ် ခင်ဗျ။ တင်းမရွာ။ အဲဒီရွာမှာ အိပ်တယ်လို့ပြောပါတယ်ခင်ဗျ။ အဲဒီအထဲ မှာ ရပ်ထားတယ်။ အခုကတော့ မနက် ၆ နာရီခွဲကတော့ ပြန်လွှတ်ပေးလိုက်ပြီးပြောတယ်။”

မနေ့ကလည်း ကျောက်တော်မြို့နယ် မီးဝရွာဖက်မှာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ရသေ့တောင်မြို့နယ်မှာလည်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိမှု ပိုမိုများပြားလာနေပါတယ်။ စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း အရပ်သား ၁၂၀ ကျော် သေဆုံးခဲ့ပြီးတော့ ၂၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိနေတယ်လို့လည်း ရခိုင်အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

XS
SM
MD
LG