သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္ဝၿမိဳ႕နယ္ ညမထြက္ရအမိန္႔ (၂) လသက္တမ္းထပ္တိုး


ပလက္၀ၿမိဳ႕(Photo khonumthung.news )

(Zawgyi/ Unicode)

ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ့နယ္မွာ လုံျခဳံေရးအေျခ အေနအရ ညမထြက္ရအမိန႔္ ပုဒ္မ ၁၄၄ ကို ဇန္နဝါရီ ၉ ရက္ေန႔ ကစၿပီး သက္တမ္း ၂ လထပ္တိုးလိုက္ ပါတယ္။

တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတာေၾကာင့္ စစ္ေရွာင္ေတြ တိုးလာေနသလို ေျမျမႈပ္မိုင္းနင္းမိတာ၊ အဖမ္းအဆီးခံရတာလို ဒုကၡမ်ိဳးစံုကို ေဒသခံေတြ ရင္ဆိုင္ေနရပါတယ္။

ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ခ်င္းျပည္နယ္ ပလက္၀ေဒသရဲ႕လုံျခဳံေရးအေျခအေန လိုအပ္ခ်က္အရညမထြက္ရ အမိန႔္ကိုထုတ္ျပန္တာလို႕ ပလက္၀ၿမိဳ႕နယ္အုပ္္ခ်ဳပ္ေရးမွဴး ဦးကိုးေအာင္ကေျပာပါတယ္။

“ေဒသရဲ႕အေျခအေန လိုအပ္ခ်က္အရ သက္တမ္းတိုးတာေပါ့ေနာ္။ အေျခအေနေ တြမေကာင္းလို႕ ဟုတ္တာေပါ့ေလ။”

ပလက္ဝၿမိဳ႕နယ္အတြင္းရွိ လမ္းမႀကီးေတြ အမ်ားျပည္သူသြားလာရာလမ္း လမ္းသြယ္၊ လမ္းၾကား၊ အမ်ားျပည္သူႏွင့္ သက္ဆိုင္တဲ့အေဆာက္အဦး ေနရာေတြမွာ ဆူပူလႈံ႔ေဆာ္လိုတဲ့ ရည္ရြယ္ခ်က္နဲ႕ ျဖစ္ေစ၊ ျပစ္မႈတစ္စုံတစ္ရာ က်ဴးလြန္ တဲ့ ရည္ရြယ္ခ်က္နဲ႕ျဖစ္ေစ၊ လူ(၅)ဦး (သို႔) (၅)ဦးထက္ပို၍ ျဖစ္ေစ စုေဝးျခင္း၊ စီတန္းလွည့္လည္ျခင္း၊ ဟစ္ေအာ္ ေႂကြးေၾကာ္ျခင္း၊ လႈံ႔ေဆာ္ျခင္း၊ ႐ုန္းရင္းဆန္ခတ္ျပဳျခင္းတို႔ကိုလည္း မျပဳလုပ္ဖို႕အမိန႔္ထုတ္စာမွာေဖၚျပထားပါတယ္။ အဆိုပါ ထုတ္ျပန္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ရင္ တည္ဆဲဥပေဒအရ အေရးယူသြားမယ္လို႕ပလက္ ၀ျမိဳ႕နယ္အုပ္္ ခ်ဳပ္ေရးမွဴး ဦးကိုးေအာင္လက္မွတ္နဲ႕ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ညမထြက္ရအမိန္႕ထုတ္ျပန္တာေၾကာင့္ အခက္ခဲေတြရွိေနတယ္လို႔ ပလက္၀ ျမိဳ႕ခံ ဦးသိန္းဦးကေျပာပါတယ္။

“ညမထြက္ရဆိုလို႕ရွိရင္ နာေရးသတင္းသြားေမးမွာတို႕ နာေရးတို႕ဘာညာက် အဲတာမ်ိဳးေတြ က်ေတာ္ေတာ္ေလးကို အခက္ခဲျဖစ္တာေပါ့။ ပလက္၀ၿမိဳ႕မွာေတာ့လုံျခံဳေရးအရေတာ့ ရဲ တပ္ ေပါင္းၿပီးေတာ့ကင္းလွည့္တာတို႕ဘာတို႕ေတာ့ရွိ တာေပါ့လုံျခံဳေရးအရ။”

ပလက္၀ၿမိဳ႕နယ္အတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႕ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕တို႕အၾကား တိုက္ပြဲေတြ ဆက္ျဖစ္ေန သလို ေဒသခံရြာသားေတြ မုိင္းနင္းမိတာ၊ ဘယ္သူ ဖမ္းသြားမွန္း မသိပဲ အဖမ္းဆီးခံရ တာေတြနဲ႔ လံုၿခံဳေရး လံုးဝမရွိပဲ ျဖစ္ေနတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ရဲ့ ဒါရိုက္တာ ကိုေတးရား ကေျပာပါတယ္။

“ဒီလအတြင္းမွာက။ (၇)ရက္ေန႕ေပါ့ေနာ္္။အမ်ိဳးသမီးတေယာက္ေတာမွာ ထင္းရွာရင္းနဲ႕ေပါ့ေလ။ သူကမိုင္းနင္းမိ သြားေတာ့ အဲဒီအမ်ိဳးသမီးက ပလက္၀မွာေဆးကုလို႕မရေတာ့ဘဲအခု စစ္ေတြအထိ ပို႕ရတယ္ေပါ့ေနာ္။ အဲဒီလိုတခု ရွိတယ္။ ဒီအျပင္လူတေယာက္ထပ္မံေပ်ာက္ေနတယ္။ သူလည္း ၇ ရက္ေန႕ မွာဘဲ။ သူေပ်ာက္တာကလဲ အဲဒီဆီးဖေလာင္း ရြာမွာ တာ၀န္က်တဲ့ေက်ာင္းဆရာ တဦးေပါ့ေနာ္။ အဲတာ သူက ပလက္၀မွာ သူတာ၀န္က်တဲ့အခ်ိန္သြားတဲ့အခ်ိန္မွာ သူ ကေပ်ာက္ဆုံးတာျဖစ္တယ္။ ဘယ္အဖြဲ႔က ဆိုတာေတာ့ တိတိက်က် မသိရေသးဘူး။ လုံျခံဳေရးက လုံး၀မရွိဘူး။ တခ်ိဳ႕လူေတြသည္လဲ AA ဖက္ သူတို႕ကို ျခိမ္းေျခာက္တာေတြ ရွိခဲ့လာတယ္ေပါ့ေနာ္။ သူတို႕ေၾကာက္ၾကတာေပါ့။ တပ္ ဖက္ကလဲ သူတို႕အခါအားေလွ်ာ္စြာ သူတို႕ တပ္ရိကၡာထမ္းခိုင္းတာတို႕ တခ်ိဳ႕ဆိုလမ္းျပအျဖစ္ ေခၚေဆာင္သြား တာရွိ တယ္။”

ၿပီးခဲ့တဲ့ နို၀င္ဘာ(၃)ရက္ေန႕ကလဲ ပလက္၀ၿမိဳ႕နယ္ကအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေ၀ွ႕တင္းကို ရခိုင္ လက္နက္ကိုင္AAအဖြဲ႕ကဖမ္းဆီးသြားရာမွာ ဒီကေန႕အထိျပန္လည္လြတ္ေျမာက္တာမရွိေသးပါဘူး။

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္အတြင္းမွာ ၂၀၁၅ခုႏွစ္၊ မတ္လကစျပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ စတင္လွဳပ္ရွားလာတာျဖစ္ၿပီး အခုခ်ိန္ အထိ ျမန္မာစစ္တပ္နဲ႕တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ပလက္၀ၿမိဳ႕နယ္ ထဲမွာရွိတဲ့ ေဒသခံ ထက္၀က္နီးပါးဟာ တိုက္ပြဲေရွာင္ေတြ ျဖစ္ေနတယ္လို႕ ပလက္၀ၿမိဳ႕နယ္ အုပ္္ခ်ဳပ္ေရးမွဴး ဦးကိုးေအာင္ ကေျပာပါတယ္။

“ျမိဳ႕နယ္မွာ အနည္းဆုံးတ၀က္ နီးပါးကေတာ့ ဒုကၡသည္ေတြ၊ တိုက္ပြဲေရွာင္ေတြ ျဖစ္ေနတာပါဘဲ။”

ဒီတိုက္ပြဲ ေတြ ေၾကာင့္ ေဒသခံရြာသား (၄၀၀၀) ခန္႕ စစ္ေဘး တိမ္းေရွာင္ေနရတယ္လို႕ လည္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕က ေျပာပါ တယ္။

နယ္ေျမလုံျခဳံေရးအရ ညေန(၆)နာရီကေန နံနက္(၆)နာရီအတြင္း ညမထြက္ရအမိန္႕ကို ၿပီးခဲ့တဲ့ နိုဝင္ဘာလ (၉) ရက္ေန႔က ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး အဆိုပါ ထုတ္ျပန္ခ်က္ဟာ၂၀၂၀ ခုႏွစ္ (၁) လပိုင္း (၉)ရက္ေန႔ အထိလို႕ သတ္မွတ္ခဲ့ေပမဲ့ လုံျခဳံေရးအရ (၂) လ ထပ္တိုး လိုက္တာလဲျဖစ္ပါတယ္။ ပလက္ဝၿမိဳ႕နယ္အတြင္း ညမထြက္ရ အမိန႔္ေၾကာင့္ ခရစ္ယာန္တို႕ရဲ႕ ခရစ္စမတ္ပြဲနဲ႕ ႏွစ္သစ္ကူးပြဲေတြကိုလည္း ယခင္ႏွစ္ကလို စည္ကားစြာ မက်င္းပနိုင္ခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


.....................

ပလက်ဝမြို့နယ် ညမထွက်ရအမိန့် (၂) လသက်တမ်းထပ်တိုး

(Unicode)

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လုံခြုံရေးအခြေ အနေအရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇန်နဝါရီ ၉ ရက်နေ့ ကစပြီး သက်တမ်း ၂ လထပ်တိုးလိုက် ပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်တွေ တိုးလာနေသလို မြေမြှုပ်မိုင်းနင်းမိတာ၊ အဖမ်းအဆီးခံရတာလို ဒုက္ခမျိုးစုံကို ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။

ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝဒေသရဲ့လုံခြုံရေးအခြေအနေ လိုအပ်ချက်အရညမထွက်ရ အမိန့်ကိုထုတ်ပြန်တာလို့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်ကပြောပါတယ်။

“ဒေသရဲ့အခြေအနေ လိုအပ်ချက်အရ သက်တမ်းတိုးတာပေါ့နော်။ အခြေအနေေ တွမကောင်းလို့ ဟုတ်တာပေါ့လေ။”

ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးတွေ အများပြည်သူသွားလာရာလမ်း လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့် သက်ဆိုင်တဲ့အဆောက်အဦး နေရာတွေမှာ ဆူပူလှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန် တဲ့ ရည်ရွယ်ချက်နဲ့ဖြစ်စေ၊ လူ(၅)ဦး (သို့) (၅)ဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော် ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတို့ကိုလည်း မပြုလုပ်ဖို့အမိန့်ထုတ်စာမှာဖေါ်ပြထားပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ပလက် ဝမြို့နယ်အုပ် ချုပ်ရေးမှူး ဦးကိုးအောင်လက်မှတ်နဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်တာကြောင့် အခက်ခဲတွေရှိနေတယ်လို့ ပလက်၀ မြို့ခံ ဦးသိန်းဦးကပြောပါတယ်။

“ညမထွက်ရဆိုလို့ရှိရင် နာရေးသတင်းသွားမေးမှာတို့ နာရေးတို့ဘာညာကျ အဲတာမျိုးတွေ ကျတော်တော်လေးကို အခက်ခဲဖြစ်တာပေါ့။ ပလက်ဝမြို့မှာတော့လုံခြုံရေးအရတော့ ရဲ တပ် ပေါင်းပြီးတော့ကင်းလှည့်တာတို့ဘာတို့တော့ရှိ တာပေါ့လုံခြုံရေးအရ။”

ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ သလို ဒေသခံရွာသားတွေ မိုင်းနင်းမိတာ၊ ဘယ်သူ ဖမ်းသွားမှန်း မသိပဲ အဖမ်းဆီးခံရ တာတွေနဲ့ လုံခြုံရေး လုံးဝမရှိပဲ ဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ကိုတေးရား ကပြောပါတယ်။

“ဒီလအတွင်းမှာက။ (၇)ရက်နေ့ပေါ့နော်။အမျိုးသမီးတယောက်တောမှာ ထင်းရှာရင်းနဲ့ပေါ့လေ။ သူကမိုင်းနင်းမိ သွားတော့ အဲဒီအမျိုးသမီးက ပလက်ဝမှာဆေးကုလို့မရတော့ဘဲအခု စစ်တွေအထိ ပို့ရတယ်ပေါ့နော်။ အဲဒီလိုတခု ရှိတယ်။ ဒီအပြင်လူတယောက်ထပ်မံပျောက်နေတယ်။ သူလည်း ၇ ရက်နေ့ မှာဘဲ။ သူပျောက်တာကလဲ အဲဒီဆီးဖလောင်း ရွာမှာ တာဝန်ကျတဲ့ကျောင်းဆရာ တဦးပေါ့နော်။ အဲတာ သူက ပလက်ဝမှာ သူတာဝန်ကျတဲ့အချိန်သွားတဲ့အချိန်မှာ သူ ကပျောက်ဆုံးတာဖြစ်တယ်။ ဘယ်အဖွဲ့က ဆိုတာတော့ တိတိကျကျ မသိရသေးဘူး။ လုံခြုံရေးက လုံးဝမရှိဘူး။ တချို့လူတွေသည်လဲ AA ဖက် သူတို့ကို ခြိမ်းခြောက်တာတွေ ရှိခဲ့လာတယ်ပေါ့နော်။ သူတို့ကြောက်ကြတာပေါ့။ တပ် ဖက်ကလဲ သူတို့အခါအားလျှော်စွာ သူတို့ တပ်ရိက္ခာထမ်းခိုင်းတာတို့ တချို့ဆိုလမ်းပြအဖြစ် ခေါ်ဆောင်သွား တာရှိ တယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ(၃)ရက်နေ့ကလဲ ပလက်ဝမြို့နယ်ကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကို ရခိုင် လက်နက်ကိုင်AAအဖွဲ့ကဖမ်းဆီးသွားရာမှာ ဒီကနေ့အထိပြန်လည်လွတ်မြောက်တာမရှိသေးပါဘူး။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၁၅ခုနှစ်၊ မတ်လကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ စတင်လှုပ်ရှားလာတာဖြစ်ပြီး အခုချိန် အထိ မြန်မာစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပလက်ဝမြို့နယ် ထဲမှာရှိတဲ့ ဒေသခံ ထက်ဝက်နီးပါးဟာ တိုက်ပွဲရှောင်တွေ ဖြစ်နေတယ်လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင် ကပြောပါတယ်။

“မြို့နယ်မှာ အနည်းဆုံးတဝက် နီးပါးကတော့ ဒုက္ခသည်တွေ၊ တိုက်ပွဲရှောင်တွေ ဖြစ်နေတာပါဘဲ။”

ဒီတိုက်ပွဲ တွေ ကြောင့် ဒေသခံရွာသား (၄၀၀၀) ခန့် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ လည်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါ တယ်။

နယ်မြေလုံခြုံရေးအရ ညနေ(၆)နာရီကနေ နံနက်(၆)နာရီအတွင်း ညမထွက်ရအမိန့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉) ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်ဟာ၂၀၂၀ ခုနှစ် (၁) လပိုင်း (၉)ရက်နေ့ အထိလို့ သတ်မှတ်ခဲ့ပေမဲ့ လုံခြုံရေးအရ (၂) လ ထပ်တိုး လိုက်တာလဲဖြစ်ပါတယ်။ ပလက်ဝမြို့နယ်အတွင်း ညမထွက်ရ အမိန့်ကြောင့် ခရစ်ယာန်တို့ရဲ့ ခရစ်စမတ်ပွဲနဲ့ နှစ်သစ်ကူးပွဲတွေကိုလည်း ယခင်နှစ်ကလို စည်ကားစွာ မကျင်းပနိုင်ခဲ့ပါဘူး။

XS
SM
MD
LG