သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေဘးေ႐ွာင္ တသိန္းေက်ာ္ၿပီ


ရခိုင္ ဒုကၡသည္မ်ား

(Zawgyi/ Unicode)

ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕ စစ္ေရးတင္းမာေနဆဲရခို္င္ျပည္နယ္မွာစစ္ေဘးေရွာင္ဦးေရ တစ္သိန္း ေျခာက္ေထာင္ေက်ာ္ရွိေနၿပီလို႕ ရခိုင္တုိင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအရံုး (REC) က သတင္းထုတ္ျပန္ ပါတယ္။ တိုက္ပြဲဧရိယာ က်ယ္ျပန္႕ လာေနသလို စစ္ေရွာင္ အေရအတြက္ ပါ တိုးလာေနတယ္လို႕ လည္း REC တာ၀န္ရွိသူ ေတြက ေျပာပါတယ္။ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္နိုင္ကြန္းအိန္ကေန ဆက္သြယ္ေမးျမန္း သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း စစ္ေရးတင္းမာမႈေၾကာင့္ မႏွစ္က စစ္ေရွာင္ဦးေရတသိန္းေလာက္ရွိရာကေန ဒီႏွစ္သစ္မွာ စစ္ ေရွာင္ဦးေရထပ္မံတိုးပြားလာေၾကာင္း ရခိုင္တုိင္းရင္း သားမ်ိဳးႏြယ္မ်ားအစည္းအရံုး (REC)မွ ဥကၠ႒ ဦးေရႊေဘာ္စိန္က အခုလိုေျပာပါတယ္။

“လက္ရွိကြ်န္ေတာ္တို႕ေတြ႕ရွိသေလာက္ဆိုရင္ တသိန္းေက်ာ္ျပီးဆိုေတာ့ ေနာက္တခုကဧရိယာကလဲ ပိုၿပီးေတာ့ အမ္းတို႕ ေျမပုံဘက္ကိုလဲ ကြ်န္ေတာ္တို႕ဒီ ဒုကၡသည္ေတြကလဲ တိုးလာတဲ့အခါက်ေတာ့ ပဋိပကၡရဲ႕ေရွ႕ဆက္မွဳအေျခအေန အေပၚ မွာ မူတည္ၿပီးေတာ့ ေဒသခံေတြရဲ႕စိုးရိမ္မႈေတြက မ်ားရင္မ်ားလာသလို ဒုကၡသည္ဦးေရက တိုးလာနိုင္တဲ့ အေနအထား မွာရွိတယ္။”

ရခိုင္ မင္းျပားေဒသ တိုက္ပဲြ ျပင္းထန္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ရခိုင္ျပည္နယ္အတြင္း ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ေက်ာက္ေတာ္ ေျမာက္ဦး၊ မင္းျပား ေျမပံုၿမိဳ႕၊ အမ္း ရေသ့ေတာင္ ေမာင္ေတာ စစ္ေတြနဲ႕့ ေပါက္ေတာၿမိဳ႕နယ္စတဲ့ ၿမိဳ႕နယ္ ၁ဝ ခုမွာ စစ္ေဘးေရွာင္ဦးေရ ၁၀၆၆၁၄ ဦး ခုိလံႈလ်က္ရွိေနေၾကာင္း ဇန္န၀ါရီလ ၂၅ ရက္ေန႔က ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ဒီစစ္ေရွာင္ေတြရဲ႕ ေနထိုင္စားေသာက္ေရးအေျခအေနကိုေတာ့ ဦးေရႊေဘာ္စိန္က အခုလို ဆက္ေျပာပါတယ္။

“လက္ရွိစစ္ေရွာင္စားေသာက္ေနထိုင္ေရးအေျခအေနက (၃)မ်ိဳးပုံစံမ်ိဳးနဲ႕ကြ်န္ေတာ္တို႕ေတြ႕ရတယ္။ ပထမတမ်ိဳးက အစိုးရက တရား၀င္အသိမွတ္ျပဳထားတဲ့ စစ္ေဘးေရွာင္စခန္း ဆိုုၿပီးေတာ့ ရွိေနတယ္။ အဲဒီေနရာမွာက်ေတာ့ သူတို႕က လာျပီးေတာ့ ICRC တို႕ WFP တို႕က တလကို လူတေယာက္က ဆန္ဘယ္ေလာက္ႏႈန္းဆိုၿပီးေတာ့ ေထာက္ပံ့ေပးတာ ရွိတယ္။ တခ်ိဳ႕ကက်ေတာ့ အေရအတြက္ အားျဖင့္ရွိတယ္။ ဒါေပမဲ့သူတို႕ကိုက်ေတာ့ အစိုးရကအသိမွတ္မျပဳဘူး။ ေနာက္ၿပီးေတာ့သူတို႕ဟာသူတို႕ မိမိရဲ႕နယ္ေျမအလိုက္ သင့္ေတာ္တဲ့ေနရာမွာ သူတို႕ခိုလွံဳေနၾကတယ္။ နိုင္ငံတကာ အဖြဲ႕အစည္းေတြ အဲဒီေနရာကိုမေရာက္ဘူး။ ေနာက္တခ်ိဳ႕က အိမ္ေထာင္စုအစု(၁၀)ရွိတယ္ အစု(၂၀)ရွိတယ္။ သူတို႕ဟာ သူတို႕ သင့္ေတာ္တဲ့ေနရာမွာ စုစည္းၿပီးေတာ့ေနထိုင္ၾကတယ္။ နီးစပ္ရာ နီးစပ္ေၾကာင္း ခိုလွဳံၿပီး ေနထိုင္ၾကတယ္။ အဲဒီေတာ့ အားလုံးတေျပးညီေတာ့ အေထာက္ပံ့ေတြေတာ့မရၾကဘူး။”

ရခိုင္ျပည္နယ္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ အမ္းၿမိဳ႕နယ္အတြင္းမွာလဲ လုံျခံဳေရးကင္းမဲ့ လာတဲ့အေျခအေန ရွိလာပါတယ္။

ဒီလ ၉ရက္ေန႔မွာ ရခုိင္ျပည္နယ္၊ အမ္းၿမိဳ႔နယ္ မဲလေမာင္းေက်းရြာအနီးမွာ ႏွစ္ဘက္ တုိက္ပဲြျပင္းထန္စြာ ျဖစ္ပြားခဲ့လို႕ ရြာသား(၄၀၀)ေက်ာ္ အမ္းၿမိဳ႕မွာ စစ္ေရွာင္ေနရဆဲလို႕ အနီးနားရြာျဖစ္တဲ့ ကဇူးကိုင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေသာင္းကေျပာပါတယ္။

“ကြ်န္ေတာ္တို႕ ကဇူးကိုင္းအုပ္စုဖက္ကေတာ့ အုန္းတည္ေခ်ာင္းဆိုတဲ့ရြာက ကဇူးကိုင္းမွာေပါ့ သူတို႕သားခ်င္းေတြရွိတဲ့ ေနရာမွာ ေရာက္ေနတယ္ ျပီးေတာ့ အမ္းစစ္ေဘးေရွာင္စခန္းကို ေရာက္ေနတယ္။ အမ္းမွာ(၄၀၀)ေလာက္ရွိတယ္ လို႕ေျပာတယ္ခင္ဗ်။ သူတို႕ကေနရပ္မျပန္နိုင္ေသးဘူး။ ဒလက္အုပ္စုက မဲလေမာင္းအုပ္စုကျဖစ္လိမ့္မယ္။”

ဒါ့အျပင္ မဲလေမာင္းေက်းရြာအုပ္စုက ရြာသား(၁၀၀)ေက်ာ္ဟာ မေကြးတိုင္းေဒသၾကီး မင္းတံုး၊ ငဖဲနဲ႔ သရက္စတဲ့ ၿမိဳ႕နယ္ဘက္မွာတိမ္းေရွာင္ေနရတာလဲရွိပါတယ္။

ရခိုင္ျပည္နယ္အတြငး္ (၁)ႏွစ္ေက်ာ္အထိ ၾကာျမင့္ေနတဲ့တုိက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ အေရအတြက္လည္း ျမင့္မား လာေနတာပါ။ ဒီလိုတိုက္ပြဲေတြၾကာရွည္လာမယ္ဆိုရင္ ေဒသခံေတြအတြက္ ထိခိုက္မွဳေတြရွိလာမယ္လို႕ ရခိုင္တုိင္းရင္း သားမ်ိဳးႏြယ္ မ်ား အစည္းအရံုး(REC)မွ ဥကၠ႒ ဦးေရႊေဘာ္စိန္ကေျပာပါတယ္။

“ဒီျငိမ္းခ်မ္းမွဳေတြမရေသးဘူး။ ဒီလိုပုံစံမ်ိဳးသာခရီးဆက္သြားမယ္ဆိုလို႕ရွိရင္ေတာ့ ျပည္သူလူထုေတြရဲ႕အာမခံမႈ ၊ ေဒသခံ ေတြရဲ႕လုံျခံဳမွဳေတြက လုံး၀မရွိဘူး။ ၿမိဳ႕ေပၚမွာလည္း ပိုၿပီးေတာ့ လုံျခံဳမွဳမရွိသလို ျဖစ္ေနတဲ့အတြက္ ဘယ္လိုပုံစံမ်ိဳးနဲ႕ ဆက္ သြားရမလဲဆိုတဲ့ဟာကို ေဒသခံေတြက ေတာ္ေတာ္ကို စဥ္းစားစရာျဖစ္ေနတယ္။ ႏွစ္ဘက္လက္နက္ကိုင္အဖြဲ႕အစည္းက ႏွစ္ဘက္အားၿပိဳင္မွဳက ပိုမ်ားလာၿပီးဆိုလို႕ရွိရင္ ဒီထက္ပိုၿပီးဆိုး၀ါးနိုင္တဲ့အေနအထားေတြ ျဖစ္လာနိုင္တယ္။ အဲဒီလို အေျခ အေနမ်ိဳးမွာ ဖြံ႕ျဖိဳးေရး လုပ္ငန္းကအစ ကုန္လုံးက ရပ္ဆိုင္းလုနီးပါးျဖစ္လာတဲ့အခါက်လို႕ရွိရင္ က်န္းမာေရးေရာ စီးပြားေရး ေရာ ျပႆနာေတြကတက္္လာမယ္။”

ရခိုင္ျပည္နယ္အတြင္းAAအဖြဲ႕တည္ရွိမွဳကို တပ္မေတာ္ကလက္မခံသလို AAရခိုင္လက္နက္ကိုင္ အဖြဲ႕ကလဲ ရခိုင္ျပည္ နယ္အတြင္းအေျခခ်ေရးကို အဓိကရည္မွန္းခ်က္ျဖစ္ေနတာေၾကာင့္ မတူကြဲျပားတဲ့ သေဘာထားေတြရွိေနလို႕ ပဋိပကၡ ေအးျငိမ္းဖို႕ခက္ခဲတဲ့အေျခအေနမွာရွိေနတာပါ။

လာမယ့္ ေဖေဖၚ၀ါရီလလယ္ေနာက္ပိုင္းမွာ ျမန္မာအစိုးရျင္ိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕နဲ႕ AAအပါအ၀င္ NCAအပစ္ရပ္ စာခ်ဳပ္ လက္မွတ္မေရးထိုးနိုင္ေသးတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႕ ေတြ႕ဆုံေဆြးေႏြးသြားဖြယ္ ရွိေနတယ္လို႕ သတင္းေတြထြက္ေပၚေနပါတယ္။

လက္ရွိမွာေတာ့ ရခိုင္ျပည္နယ္အတြင္းႏွစ္ဘက္တိုက္ပြဲျဖစ္ပြားမွဳ ေလ်ာ့ပါးလာတဲ့ အေျခအေနရွိေနေပမဲ့ ျမန္မာစစ္တပ္ဘက္ က ေဒသအတြင္း လက္နက္ႀကီးေတြနဲ႕ ပစ္ခတ္မွဳေတြကေတာ့ ရွိေနဆဲလို႕ေဒသခံေတြကေျပာပါတယ္။

ရခိုင္စစ္ေဘးေ႐ွာင္ တသိန္းေက်ာ္ၿပီ
please wait

No media source currently available

0:00 0:04:09 0:00
တိုက္႐ိုက္ လင့္ခ္


.....................

ရခိုင်စစ်ဘေးရှောင် တသိန်းကျော်ပြီ

(Unicode)

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ စစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်မှာစစ်ဘေးရှောင်ဦးရေ တစ်သိန်း ခြောက်ထောင်ကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က သတင်းထုတ်ပြန် ပါတယ်။ တိုက်ပွဲဧရိယာ ကျယ်ပြန့် လာနေသလို စစ်ရှောင် အရေအတွက် ပါ တိုးလာနေတယ်လို့ လည်း REC တာဝန်ရှိသူ တွေက ပြောပါတယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းစစ်ရေးတင်းမာမှုကြောင့် မနှစ်က စစ်ရှောင်ဦးရေတသိန်းလောက်ရှိရာကနေ ဒီနှစ်သစ်မှာ စစ် ရှောင်ဦးရေထပ်မံတိုးပွားလာကြောင်း ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး (REC)မှ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က အခုလိုပြောပါတယ်။

“လက်ရှိကျွန်တော်တို့တွေ့ရှိသလောက်ဆိုရင် တသိန်းကျော်ပြီးဆိုတော့ နောက်တခုကဧရိယာကလဲ ပိုပြီးတော့ အမ်းတို့ မြေပုံဘက်ကိုလဲ ကျွန်တော်တို့ဒီ ဒုက္ခသည်တွေကလဲ တိုးလာတဲ့အခါကျတော့ ပဋိပက္ခရဲ့ရှေ့ဆက်မှုအခြေအနေ အပေါ် မှာ မူတည်ပြီးတော့ ဒေသခံတွေရဲ့စိုးရိမ်မှုတွေက များရင်များလာသလို ဒုက္ခသည်ဦးရေက တိုးလာနိုင်တဲ့ အနေအထား မှာရှိတယ်။”

ရခိုင် မင်းပြားဒေသ တိုက်ပွဲ ပြင်းထန်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော် မြောက်ဦး၊ မင်းပြား မြေပုံမြို့၊ အမ်း ရသေ့တောင် မောင်တော စစ်တွေနဲ့ ပေါက်တောမြို့နယ်စတဲ့ မြို့နယ် ၁ဝ ခုမှာ စစ်ဘေးရှောင်ဦးရေ ၁၀၆၆၁၄ ဦး ခိုလှုံလျက်ရှိနေကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီစစ်ရှောင်တွေရဲ့ နေထိုင်စားသောက်ရေးအခြေအနေကိုတော့ ဦးရွှေဘော်စိန်က အခုလို ဆက်ပြောပါတယ်။

“လက်ရှိစစ်ရှောင်စားသောက်နေထိုင်ရေးအခြေအနေက (၃)မျိုးပုံစံမျိုးနဲ့ကျွန်တော်တို့တွေ့ရတယ်။ ပထမတမျိုးက အစိုးရက တရားဝင်အသိမှတ်ပြုထားတဲ့ စစ်ဘေးရှောင်စခန်း ဆိုပြီးတော့ ရှိနေတယ်။ အဲဒီနေရာမှာကျတော့ သူတို့က လာပြီးတော့ ICRC တို့ WFP တို့က တလကို လူတယောက်က ဆန်ဘယ်လောက်နှုန်းဆိုပြီးတော့ ထောက်ပံ့ပေးတာ ရှိတယ်။ တချို့ကကျတော့ အရေအတွက် အားဖြင့်ရှိတယ်။ ဒါပေမဲ့သူတို့ကိုကျတော့ အစိုးရကအသိမှတ်မပြုဘူး။ နောက်ပြီးတော့သူတို့ဟာသူတို့ မိမိရဲ့နယ်မြေအလိုက် သင့်တော်တဲ့နေရာမှာ သူတို့ခိုလှုံနေကြတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အဲဒီနေရာကိုမရောက်ဘူး။ နောက်တချို့က အိမ်ထောင်စုအစု(၁၀)ရှိတယ် အစု(၂၀)ရှိတယ်။ သူတို့ဟာ သူတို့ သင့်တော်တဲ့နေရာမှာ စုစည်းပြီးတော့နေထိုင်ကြတယ်။ နီးစပ်ရာ နီးစပ်ကြောင်း ခိုလှုံပြီး နေထိုင်ကြတယ်။ အဲဒီတော့ အားလုံးတပြေးညီတော့ အထောက်ပံ့တွေတော့မရကြဘူး။”

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်းမှာလဲ လုံခြုံရေးကင်းမဲ့ လာတဲ့အခြေအနေ ရှိလာပါတယ်။

ဒီလ ၉ရက်နေ့မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မဲလမောင်းကျေးရွာအနီးမှာ နှစ်ဘက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့လို့ ရွာသား(၄၀၀)ကျော် အမ်းမြို့မှာ စစ်ရှောင်နေရဆဲလို့ အနီးနားရွာဖြစ်တဲ့ ကဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်သောင်းကပြောပါတယ်။

“ကျွန်တော်တို့ ကဇူးကိုင်းအုပ်စုဖက်ကတော့ အုန်းတည်ချောင်းဆိုတဲ့ရွာက ကဇူးကိုင်းမှာပေါ့ သူတို့သားချင်းတွေရှိတဲ့ နေရာမှာ ရောက်နေတယ် ပြီးတော့ အမ်းစစ်ဘေးရှောင်စခန်းကို ရောက်နေတယ်။ အမ်းမှာ(၄၀၀)လောက်ရှိတယ် လို့ပြောတယ်ခင်ဗျ။ သူတို့ကနေရပ်မပြန်နိုင်သေးဘူး။ ဒလက်အုပ်စုက မဲလမောင်းအုပ်စုကဖြစ်လိမ့်မယ်။”

ဒါ့အပြင် မဲလမောင်းကျေးရွာအုပ်စုက ရွာသား(၁၀၀)ကျော်ဟာ မကွေးတိုင်းဒေသကြီး မင်းတုံး၊ ငဖဲနဲ့ သရက်စတဲ့ မြို့နယ်ဘက်မှာတိမ်းရှောင်နေရတာလဲရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း (၁)နှစ်ကျော်အထိ ကြာမြင့်နေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက်လည်း မြင့်မား လာနေတာပါ။ ဒီလိုတိုက်ပွဲတွေကြာရှည်လာမယ်ဆိုရင် ဒေသခံတွေအတွက် ထိခိုက်မှုတွေရှိလာမယ်လို့ ရခိုင်တိုင်းရင်း သားမျိုးနွယ် များ အစည်းအရုံး(REC)မှ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကပြောပါတယ်။

“ဒီငြိမ်းချမ်းမှုတွေမရသေးဘူး။ ဒီလိုပုံစံမျိုးသာခရီးဆက်သွားမယ်ဆိုလို့ရှိရင်တော့ ပြည်သူလူထုတွေရဲ့အာမခံမှု ၊ ဒေသခံ တွေရဲ့လုံခြုံမှုတွေက လုံးဝမရှိဘူး။ မြို့ပေါ်မှာလည်း ပိုပြီးတော့ လုံခြုံမှုမရှိသလို ဖြစ်နေတဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဆက် သွားရမလဲဆိုတဲ့ဟာကို ဒေသခံတွေက တော်တော်ကို စဉ်းစားစရာဖြစ်နေတယ်။ နှစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းက နှစ်ဘက်အားပြိုင်မှုက ပိုများလာပြီးဆိုလို့ရှိရင် ဒီထက်ပိုပြီးဆိုးဝါးနိုင်တဲ့အနေအထားတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို အခြေ အနေမျိုးမှာ ဖွံ့ဖြိုးရေး လုပ်ငန်းကအစ ကုန်လုံးက ရပ်ဆိုင်းလုနီးပါးဖြစ်လာတဲ့အခါကျလို့ရှိရင် ကျန်းမာရေးရော စီးပွားရေး ရော ပြဿနာတွေကတက်လာမယ်။”

ရခိုင်ပြည်နယ်အတွင်းAAအဖွဲ့တည်ရှိမှုကို တပ်မတော်ကလက်မခံသလို AAရခိုင်လက်နက်ကိုင် အဖွဲ့ကလဲ ရခိုင်ပြည် နယ်အတွင်းအခြေချရေးကို အဓိကရည်မှန်းချက်ဖြစ်နေတာကြောင့် မတူကွဲပြားတဲ့ သဘောထားတွေရှိနေလို့ ပဋိပက္ခ အေးငြိမ်းဖို့ခက်ခဲတဲ့အခြေအနေမှာရှိနေတာပါ။

လာမယ့် ဖေဖေါ်ဝါရီလလယ်နောက်ပိုင်းမှာ မြန်မာအစိုးရြငိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ AAအပါအဝင် NCAအပစ်ရပ် စာချုပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းနှစ်ဘက်တိုက်ပွဲဖြစ်ပွားမှု လျော့ပါးလာတဲ့ အခြေအနေရှိနေပေမဲ့ မြန်မာစစ်တပ်ဘက် က ဒေသအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကတော့ ရှိနေဆဲလို့ဒေသခံတွေကပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG