သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ မင္းျပားမွာ ပစ္ခတ္မႈ လသားကေလးငယ္ ေသဆံုး


ေသဆုံးကေလးငယ္ကို ေပြ႔ပုိက္ ငုိေႂကြးေနသည့္ ဖခင္။ (ဓာတ္ပုံ - ေဒသခံတဦး။ ဇန္နဝါရီ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

စစ္ေရးပဋိပကၡေတြ ျဖစ္ပြားေနဆဲ ရခုိင္ျပည္နယ္တြင္းမွာ မင္းျပားၿမိဳ႕နယ္ကေန ေျမပံုၿမိဳ႕နယ္က ေနအိမ္ကို ျပန္လာတဲ့ မိသားစုတစုကို စစ္တပ္က ေသနတ္နဲ႔ပစ္ခတ္ခဲ့တာေၾကာင့္ ၉ လအရြယ္ ကေလး ေသဆံုးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တပ္မေတာ္ဘက္ကေတာ့ သူတို႔မပစ္ဘူးလို႔ ျငင္းဆိုထားပါတယ္။ အျပည့္အစံုကုိ ဗီြအိုေအ ျမန္မာပုိင္းသတင္းေထာက္ ကိုသက္ႏုိင္ တင္ျပေပးထားပါတယ္။

မင္းျပားၿမိဳ႕နယ္ကေန ေျမပံုၿမိဳ႕နယ္ ေညာင္ကန္ေက်းရြာကုိ ျပန္လာတဲ့ မိသားစုတစု လိုက္ပါလာတဲ့ ေလွကို တပ္မေတာ္က လွမ္းပစ္ခတ္ခဲ့တာပါ။ ဒီပစ္ခတ္မႈေၾကာင့္ ေလွေပၚလိုက္ပါလာတဲ့ မိသားစုထဲက ၉ လအရြယ္သားေလး ဗိုက္ကိုထိမွန္ၿပီး ေသဆံုးသြားခဲ့ရတာ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ေညာင္ကန္ေဒသခံ ဦးတင္ေရႊသိန္းက အခုလို ေျပာပါတယ္။

“သူတို႔မိသားစုက မင္းျပားၿမိဳ႕နယ္ကေနၿပီးေတာ့ ေညာင္ကန္ေက်းရြာကို လာတာ။ လမ္းမွာ သူတို႔စီးလာတဲ့ ေလွကို တပ္မေတာ္သားေတြက ေသနတ္နဲ႔ပစ္တယ္။ အဲဒီမွာ ကေလးကို ထိသြားတာ။”

အဲဒီမိသားစုဟာ မၾကာေသးခင္က ေညာင္ကန္ေက်းရြာမွာ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ မင္းျပားၿမိဳ႕ေပၚကုိ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကၿပီး ဒီကေန႔ စေနညေနပိုင္းက မိမိေနရပ္ျဖစ္တဲ့ ေျမပံုၿမိဳ႕နယ္ ေညာင္ကန္ေက်းရြာကို ျပန္လာတာျဖစ္ပါတယ္။ လမ္းခုလတ္ ေမလြန္းေက်းရြာအနီးေရာက္ေတာ့ အခုလို ပစ္ခတ္ခံရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အခုလို စစ္တပ္က လွမ္းပစ္လို႔ အသက္ ၉ လအရြယ္ ကေလး ေသဆံုးသြားတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာေနၾကေပမယ့္ စစ္တပ္ဘက္ကေတာ့ ဒါကို ျငင္းဆိုပါတယ္။ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက သူတို႔ပစ္ခတ္မႈ မဟုတ္ေၾကာင္း အခုလို ေျပာပါတယ္။

“က်ေနာ္ေျပာမယ္ အဲဒီနားမွာ တိုက္ပြဲျဖစ္တာလည္း မရွိဘူး။ တိုက္ပြဲျဖစ္တဲ့ နယ္ေျမနဲ႔လည္း တျခားစီ၊ အဲဒါကေတာ့ ဝါဒသက္သက္ကုိ ျဖန္႔တဲ့သတင္းဗ်ာ။ တိုက္ပြဲျဖစ္တာကေတာ့ ေျမပံုၿမိဳ႕နယ္ စညင္းေက်းရြာဝန္းက်င္နားမွာပဲ ရွိတယ္။ က်ေနာ္ေျပာတာ မဟုတ္ဘူးေျပာတာ။ ဝါဒျဖန္႔တာသက္သက္ပဲ၊ က်ေနာ္တို႔က ဘာမွမလုပ္ဘူး။”

ေသနတ္ဒဏ္ရာေၾကာင့္ ဗိုက္ပြင့္ထြက္ေနတဲ့ ကေလးနဲ႔ မိသားစုဓာတ္ပံုေတြ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ေနၿပီး ေဒသခံ ရခိုင္ျပည္သူေတြၾကားမွာ လႈပ္လႈပ္သဲသဲ ျဖစ္ေနၾကပါတယ္။

လက္ရွိအခ်ိန္မွာ အဲဒီ ေသဆံုးသြားတဲ့ ကေလးကို မင္းျပားေဆး႐ုံကို ပို႔ေဆာင္ေနတယ္လို႔ မင္းျပားၿမိဳ႕နယ္ ေမလြန္းေက်းရြာ ေဒသခံ ကိုေမာင္ႏိုင္က ေျပာပါတယ္။

“အဲဒီကေလးကို စစ္တပ္က ပစ္လိုက္လို႔ ဆိုၿပီးေတာ့ က်ေနာ္တို႔ ေမလြန္းေက်းရြာကို ေရာက္လာတာ။ အဲဒီကေလးကို က်ေနာ္တို႔က မင္းျပားၿမိဳ႕နယ္ေဆး႐ုံကို ျပန္ပို႔ေနတာ၊ အခုပို႔ေနၿပီ ေရာက္ေတာ့မယ္။”

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တပ္ဖြဲ႔တို႔ တႏွစ္ေက်ာ္ ျဖစ္ပြားေနတဲ့ တိုက္ပြဲအတြင္းမွာ ကေလးသူငယ္ အပါအဝင္ အရပ္သား ေသဆံုးတာ ၁၀၀ ေက်ာ္အထိ ရွိလာတာလည္း ျဖစ္ပါတယ္။ အခုလို အရပ္သားေတြ ေသဆံုးတိုင္းမွာလည္း တပ္နဲ႔ AA အဖြဲ႔တို႔ဟာ တဖက္နဲ႔တဖက္ အျပန္အလွန္ စြပ္စြဲေျပာဆုိေနၾကတာလည္း ျဖစ္ပါတယ္။

---------------------------

(Unicode)

ရခိုင် မင်းပြားမှာ ပစ်ခတ်မှု လသားကလေးငယ် သေဆုံး

စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်တွင်းမှာ မင်းပြားမြို့နယ်ကနေ မြေပုံမြို့နယ်က နေအိမ်ကို ပြန်လာတဲ့ မိသားစုတစုကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ၉ လအရွယ် ကလေး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ သူတို့မပစ်ဘူးလို့ ငြင်းဆိုထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် တင်ပြပေးထားပါတယ်။

မင်းပြားမြို့နယ်ကနေ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို ပြန်လာတဲ့ မိသားစုတစု လိုက်ပါလာတဲ့ လှေကို တပ်မတော်က လှမ်းပစ်ခတ်ခဲ့တာပါ။ ဒီပစ်ခတ်မှုကြောင့် လှေပေါ်လိုက်ပါလာတဲ့ မိသားစုထဲက ၉ လအရွယ်သားလေး ဗိုက်ကိုထိမှန်ပြီး သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ညောင်ကန်ဒေသခံ ဦးတင်ရွှေသိန်းက အခုလို ပြောပါတယ်။

“သူတို့မိသားစုက မင်းပြားမြို့နယ်ကနေပြီးတော့ ညောင်ကန်ကျေးရွာကို လာတာ။ လမ်းမှာ သူတို့စီးလာတဲ့ လှေကို တပ်မတော်သားတွေက သေနတ်နဲ့ပစ်တယ်။ အဲဒီမှာ ကလေးကို ထိသွားတာ။”

အဲဒီမိသားစုဟာ မကြာသေးခင်က ညောင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မင်းပြားမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဒီကနေ့ စနေညနေပိုင်းက မိမိနေရပ်ဖြစ်တဲ့ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို ပြန်လာတာဖြစ်ပါတယ်။ လမ်းခုလတ် မေလွန်းကျေးရွာအနီးရောက်တော့ အခုလို ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်က လှမ်းပစ်လို့ အသက် ၉ လအရွယ် ကလေး သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြပေမယ့် စစ်တပ်ဘက်ကတော့ ဒါကို ငြင်းဆိုပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက သူတို့ပစ်ခတ်မှု မဟုတ်ကြောင်း အခုလို ပြောပါတယ်။

“ကျနော်ပြောမယ် အဲဒီနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ တိုက်ပွဲဖြစ်တဲ့ နယ်မြေနဲ့လည်း တခြားစီ၊ အဲဒါကတော့ ဝါဒသက်သက်ကို ဖြန့်တဲ့သတင်းဗျာ။ တိုက်ပွဲဖြစ်တာကတော့ မြေပုံမြို့နယ် စညင်းကျေးရွာဝန်းကျင်နားမှာပဲ ရှိတယ်။ ကျနော်ပြောတာ မဟုတ်ဘူးပြောတာ။ ဝါဒဖြန့်တာသက်သက်ပဲ၊ ကျနော်တို့က ဘာမှမလုပ်ဘူး။”

သေနတ်ဒဏ်ရာကြောင့် ဗိုက်ပွင့်ထွက်နေတဲ့ ကလေးနဲ့ မိသားစုဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီး ဒေသခံ ရခိုင်ပြည်သူတွေကြားမှာ လှုပ်လှုပ်သဲသဲ ဖြစ်နေကြပါတယ်။

လက်ရှိအချိန်မှာ အဲဒီ သေဆုံးသွားတဲ့ ကလေးကို မင်းပြားဆေးရုံကို ပို့ဆောင်နေတယ်လို့ မင်းပြားမြို့နယ် မေလွန်းကျေးရွာ ဒေသခံ ကိုမောင်နိုင်က ပြောပါတယ်။

“အဲဒီကလေးကို စစ်တပ်က ပစ်လိုက်လို့ ဆိုပြီးတော့ ကျနော်တို့ မေလွန်းကျေးရွာကို ရောက်လာတာ။ အဲဒီကလေးကို ကျနော်တို့က မင်းပြားမြို့နယ်ဆေးရုံကို ပြန်ပို့နေတာ၊ အခုပို့နေပြီ ရောက်တော့မယ်။”

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တို့ တနှစ်ကျော် ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ ကလေးသူငယ် အပါအဝင် အရပ်သား သေဆုံးတာ ၁၀၀ ကျော်အထိ ရှိလာတာလည်း ဖြစ်ပါတယ်။ အခုလို အရပ်သားတွေ သေဆုံးတိုင်းမှာလည်း တပ်နဲ့ AA အဖွဲ့တို့ဟာ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG