သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဦးနဲ႔ အမ္း တိုက္ပြဲတြင္း ရြာသား ၄ ဦး ဒဏ္ရာရ


(Zawgyi/ Unicode)

ေျမာက္ဦးၿမိဳ႕နယ္နဲ႔ အမ္းၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျပင္းထန္ေနၿပီ လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ေနၾကပါတယ္။ မေန႔ကေတာ့ ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္ေက်းရြာမွာ လက္နက္ႀကီးက်ည္က်ၿပီး အရပ္သား ေလးေယာက္ ဒဏ္ရာ ရသြားပါတယ္။ ဒီကေန႔အထိ ရခိုင္ေျမာက္ပိုင္းက ေနာက္ဆံုးရ တိုက္ပြဲသတင္း ေတြကို ဗီြအိုေအ သတင္း ေထာက္ ကိုသက္ႏိုင္က တင္ျပေပးထားပါတယ္။

အမ္းၿမိဳ႕နယ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေတြဟာ မေန႔က အထိျပင္းထန္ေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

မေန႔ကလည္း ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္ေက်းရြာအနီးမွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခု မိုင္းေပါက္ကြဲၿပီး ျပန္လည္ ပစ္ခတ္တာေၾကာင့္ အသက္တစ္ႏွစ္ေက်ာ္ ကေလးတစ္ဦးအပါအဝင္ အရပ္သား ၃ဦးဒဏ္ရာ ရရွိခဲ့တယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ ကေျပာပါတယ္။

“မေန႔က ညေန ၃နာရီေလာက္မွာ ဒီသင္းက်ပ္ေတာင္ဘုရား သင္းက်ပ္ေတာင္ ေပၚမွာ ရွိတဲ့ တပ္မေတာ္ စစ္ေၾကာင္းက အုတ္ဖိုကန္ ေက်းရြာဘက္ကို ဆင္းလာတယ္ အဲဒီမွာ မိုင္းေပါက္တာလား ဘာျဖစ္တာလဲေတာ့ မသိဘူးေပါ့ေနာ္။ အဲတာေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းက ပစ္တဲ့ အခ်ိန္မွာ အုတ္ဖိုကန္က ၄ေယာက္ ဒဏ္ရာ ရသြားတာရွိတယ္။ အဲဒီေလးေယာက္ကို အခုေျမာက္ဦးေဆးရံုကို ပို႔ထားတယ္။ အေျမာက္သံ ေတြကိုေတာ့ မေန႔က တစ္ေနလံုးလိုလိုၾကားေနရတယ္။”

အုတ္ဖုိကန္ေက်းရြာက ဒဏ္ရာရရွိသြားသူေတြကို ေျမာက္ဦးေဆးရံုကို ပို႔ေဆာင္ထားၿပီး အဲဒီထဲက ကေလးရဲ႕ ဒဏ္ရာအေျခအေန စိုးရိမ္ရတယ္လို႔ အုတ္ဖိုကန္ ေက်းရြာသားတစ္ဦးကေျပာပါတယ္။

“ကေလးကေတာ့ ေျခေထာက္မွာ ထိသြားတာ။ တစ္ႏွစ္ေက်ာ္ ကေလးဆိုေတာ့ သူကေတာ့ စိုးရိမ္ရတယ္။ အခုလည္း ေဆးရံုမွာပဲ ရွိေသးတယ္။”

ဒါအျပင့္ အမ္းၿမိဳ႕နယ္ဘက္မွာလည္း လက္နက္ႀကီးသံေတြကို တစ္ေနကုန္ၾကားေနရၿပီး စစ္ေလယာဥ္ေတြလည္း တစ္ကုန္ ပ်ံသန္းေနတယ္လို႔ အမ္းၿမိဳ႕နယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ေဌးကေျပာပါတယ္။

“မေန႔က ညေန ၉နာရီခြဲေလာက္အထိ အသံေတြၾကားေနရတယ္။ လက္နက္ႀကီးပစ္သံေတြေလ။ ဒါကေတာ့ က်ေနာ္တို႔ အတည္ျပဳဖို႔ခက္တယ္။ ဘာလို႔လဲ ဆိုေတာ့ က်ေနာ္တို႔ ၾကားေနရတာက ေလယာဥ္ေတြပ်ံတယ္။ လက္နက္ႀကီးသံေတြ ၾကားေနရတာေပါ့ေနာ္ တဂ်ိန္းဂ်ိန္းနဲ႔ ႏွစ္ဖက္တိုက္ပြဲလား ဆိုတာကေတာ့ ေျပာဖို႔ ခက္ တယ္။”

ရခိုင္ေျမာက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲျဖစ္ပြားတာေတြရွိၿပီး အေသးစိတ္အ ခ်က္အလက္ကို မသိရေသးေပမယ့္ ေျမာက္ဦးၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ AAေျပာခြင့္ရ ခိုင္သုခ ကေျပာပါတယ္။

“က်ေနာ္တို႔နဲ႔ေတာ့ အဲဒီေျမာက္ဦးမွာ တိုက္ပြဲျဖစ္တာမရွိဘူး။ ျမန္မာစစ္တပ္ကေနၿပီးေတာ့ ရြာကိုအသ လြတ္ႀကီးေနၿပီးေတာ့ လက္နက္ႀကီးနဲ႔ ပစ္တယ္ထင္တယ္။ အဲဒီမွာကေလး ၃ေယာက္နဲ႔ လူႀကီးတစ္ေယာက္ ဒဏ္ရာရသြားတယ္လို႔ သိရတယ္။ တိုက္ပြဲျဖစ္တာေတြေတာ့ ရွိတယ္။ အေသးစိတ္အခ်က္အလက္ေတြေတာ့ က်ေနာ့္ဆီမေရာက္ေသးဘူး။”

ရခိုင္တိုက္ပြဲအေျခအေနနဲ႔ ပတ္သတ္ၿပီး အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးကို ဗြီအိုေအ ကဆက္သြယ္ခဲ့ေပမယ့္လည္း တစ္စံုတစ္ရာ အတည္ျပဳခ်က္မရရွိခဲ့ပါဘူး။

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႕႔ တစ္ႏွစ္တာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္းမွာ အရပ္သားေသဆံုးသူ ေဒဆံုးသူ ၁၂၀ေက်ာ္ရွိၿပီး အရပ္သား ၂၃၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရခိုင္လူမႈအဖြဲ႔ေတြက စာရင္း ေကာက္ယူထားၾကပါတယ္။

ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က ရခိုင္ျပည္နယ္ထဲမွာ အေျခခ်ဖို႔ ႀကိဳးစားေနသလို တပ္မေတာ္ဘက္ကလည္း ရခိုင္ျပည္နယ္မွာ အေျခခ် ေနထိုင္တာကို လက္မခံတာေၾကာင့္ ရခိုင္ေျမာက္ပိုင္း တိုက္ပြဲေတြဟာ ဆက္ လက္ျပင္းထန္ေနမွာ ျဖစ္တယ္လို႔ ရခိုင္အေရး ေလ့လာသံုးသပ္သူေတြက သံုးသပ္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

မြောက်ဦးနဲ့ အမ်း တိုက်ပွဲတွင်း ရွာသား ၄ ဦး ဒဏ်ရာရ

(Unicode)

မြောက်ဦးမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြပါတယ်။ မနေ့ကတော့ မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး အရပ်သား လေးယောက် ဒဏ်ရာ ရသွားပါတယ်။ ဒီကနေ့အထိ ရခိုင်မြောက်ပိုင်းက နောက်ဆုံးရ တိုက်ပွဲသတင်း တွေကို ဗွီအိုအေ သတင်း ထောက် ကိုသက်နိုင်က တင်ပြပေးထားပါတယ်။

အမ်းမြို့နယ်နဲ့ မြောက်ဦးမြို့နယ်အတွင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေဟာ မနေ့က အထိပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မနေ့ကလည်း မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းပေါက်ကွဲပြီး ပြန်လည် ပစ်ခတ်တာကြောင့် အသက်တစ်နှစ်ကျော် ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကပြောပါတယ်။

“မနေ့က ညနေ ၃နာရီလောက်မှာ ဒီသင်းကျပ်တောင်ဘုရား သင်းကျပ်တောင် ပေါ်မှာ ရှိတဲ့ တပ်မတော် စစ်ကြောင်းက အုတ်ဖိုကန် ကျေးရွာဘက်ကို ဆင်းလာတယ် အဲဒီမှာ မိုင်းပေါက်တာလား ဘာဖြစ်တာလဲတော့ မသိဘူးပေါ့နော်။ အဲတာကြောင့် တပ်မတော်စစ်ကြောင်းက ပစ်တဲ့ အချိန်မှာ အုတ်ဖိုကန်က ၄ယောက် ဒဏ်ရာ ရသွားတာရှိတယ်။ အဲဒီလေးယောက်ကို အခုမြောက်ဦးဆေးရုံကို ပို့ထားတယ်။ အမြောက်သံ တွေကိုတော့ မနေ့က တစ်နေလုံးလိုလိုကြားနေရတယ်။”

အုတ်ဖိုကန်ကျေးရွာက ဒဏ်ရာရရှိသွားသူတွေကို မြောက်ဦးဆေးရုံကို ပို့ဆောင်ထားပြီး အဲဒီထဲက ကလေးရဲ့ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်လို့ အုတ်ဖိုကန် ကျေးရွာသားတစ်ဦးကပြောပါတယ်။

“ကလေးကတော့ ခြေထောက်မှာ ထိသွားတာ။ တစ်နှစ်ကျော် ကလေးဆိုတော့ သူကတော့ စိုးရိမ်ရတယ်။ အခုလည်း ဆေးရုံမှာပဲ ရှိသေးတယ်။”

ဒါအပြင့် အမ်းမြို့နယ်ဘက်မှာလည်း လက်နက်ကြီးသံတွေကို တစ်နေကုန်ကြားနေရပြီး စစ်လေယာဉ်တွေလည်း တစ်ကုန် ပျံသန်းနေတယ်လို့ အမ်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးကပြောပါတယ်။

“မနေ့က ညနေ ၉နာရီခွဲလောက်အထိ အသံတွေကြားနေရတယ်။ လက်နက်ကြီးပစ်သံတွေလေ။ ဒါကတော့ ကျနော်တို့ အတည်ပြုဖို့ခက်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ကြားနေရတာက လေယာဉ်တွေပျံတယ်။ လက်နက်ကြီးသံတွေ ကြားနေရတာပေါ့နော် တဂျိန်းဂျိန်းနဲ့ နှစ်ဖက်တိုက်ပွဲလား ဆိုတာကတော့ ပြောဖို့ ခက် တယ်။”

ရခိုင်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး အသေးစိတ်အ ချက်အလက်ကို မသိရသေးပေမယ့် မြောက်ဦးမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ AAပြောခွင့်ရ ခိုင်သုခ ကပြောပါတယ်။

“ကျနော်တို့နဲ့တော့ အဲဒီမြောက်ဦးမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ မြန်မာစစ်တပ်ကနေပြီးတော့ ရွာကိုအသ လွတ်ကြီးနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တယ်ထင်တယ်။ အဲဒီမှာကလေး ၃ယောက်နဲ့ လူကြီးတစ်ယောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်တာတွေတော့ ရှိတယ်။ အသေးစိတ်အချက်အလက်တွေတော့ ကျနော့်ဆီမရောက်သေးဘူး။”

ရခိုင်တိုက်ပွဲအခြေအနေနဲ့ ပတ်သတ်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဗွီအိုအေ ကဆက်သွယ်ခဲ့ပေမယ့်လည်း တစ်စုံတစ်ရာ အတည်ပြုချက်မရရှိခဲ့ပါဘူး။

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တစ်နှစ်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အရပ်သားသေဆုံးသူ ဒေဆုံးသူ ၁၂၀ကျော်ရှိပြီး အရပ်သား ၂၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်လူမှုအဖွဲ့တွေက စာရင်း ကောက်ယူထားကြပါတယ်။

ရခိုင်လက်နက်ကိုင် AAအဖွဲ့က ရခိုင်ပြည်နယ်ထဲမှာ အခြေချဖို့ ကြိုးစားနေသလို တပ်မတော်ဘက်ကလည်း ရခိုင်ပြည်နယ်မှာ အခြေချ နေထိုင်တာကို လက်မခံတာကြောင့် ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေဟာ ဆက် လက်ပြင်းထန်နေမှာ ဖြစ်တယ်လို့ ရခိုင်အရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။

XS
SM
MD
LG