သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ္းၿမိဳ႔နယ္တိုက္ပြဲျပင္းထန္ အရိႈခ်င္းရြာသားေတြ ၿမိဳ႕တက္ တိမ္းေရွာင္


ရခိုင္ျပည္နယ္ တိုက္ပြဲအတြင္း တိမ္းေရွာင္ျပည္သူမ်ား

(Zawgyi/ Unicode)

ရခိုင္ျပည္နယ္ ၊ အမ္းၿမိဳ႔နယ္အတြင္းမွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖဲြ႔ AA အၾကားမွာ ျဖစ္ပြားတဲ့ တုိက္ပဲြေတြေၾကာင့္ အမ္းၿမိဳ႔နယ္အတြင္းက အရိႈခ်င္းလူမ်ိဳးေတြဟာ မေကြးတုိင္း ၊မင္းတံုး၊ ငဖဲနဲ႔ သရက္စတဲ့ၿမိဳ႔နယ္ေတြနဲ႔ အမ္းၿမိဳ႔ ေပၚကို တိမ္းေရွာင္ေနၾကပါတယ္။

မေကြးတုိင္းေဒသၾကီးက အရိႈခ်င္းလူငယ္အဖဲြ႔ကေတာ့ ေလာေလာဆည္ တိမ္းေရွာင္လာသူ ၁၀၀ေက်ာ္စာရင္းကို ရရိွထားၿပီး ေနာက္ထပ္ ထပ္မံတိမ္းေရွာင္လာမယ့္ သူေတြလည္း ရိွေနေၾကာင္း ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗြီအုိေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့ အပတ္ေတြထဲက စစ္ေရးတင္းမာမႈေတြရိွခဲ့တာနဲ႔ ၿပီးခဲ့တဲ့ရက္က တုိက္ပဲြျပင္းထန္ခဲ့တာေၾကာင့္ အနီးအနားေက်းရြာက အရိႈခ်င္း ေဒသခံေတြဟာ အမ္းၿမိဳ႔ေပၚကို တိမ္းေရွာင္ခဲ့သလို တခ်ိဳ႔ေတြကေတာ့ မေကြးတိုင္း အတြင္းကို ထြက္ေျပးတိမ္းေရွာင္ေနၾကတာျဖစ္ပါတယ္။

ေလာေလာဆည္ အမ္းၿမိဳ႔နယ္ မဲလက္ေမာင္းေက်းရြာကေန မေကြးတိုင္း မင္းတုန္းၿမိဳ႔နယ္ကို တိမ္းေရွာင္လာသူ တစ္ဦးက လက္ရိွ သူတုိ႔အေျခအေနကို အခုလုိ ေျပာပါတယ္။

“ အခု က်ေနာ္တုိ႔ အဖဲြ႔ေတြက မင္းတုန္းၿမိဳ႔နယ္ ခံုတုိင္ေက်းရြာ အဲဒီမွာ က်ေနာ္တုိ႔ ေရာက္ေနတာ။ အခုေရာက္ေနတာ က်ေနာ္တုိ႔ အိမ္ေထာင္စု ၅စု၊ အိမ္ေထာင္စု ၂၀ေက်ာ္ လာဖုိ႔ အစီအစဥ္ရိွတယ္ေလ။ အဲဒီမွာ က်ေနာ္တုိ႔က ခရီးအခက္အခဲရိွတယ္။ တခ်ိဳ႔က မွတ္ပံုတင္မရိွဘူး။ တခ်ိဳ႔က်ေတာ့လည္း အိမ္ေထာင္စု စာရင္း မရိွဘူး။ အဲဒါေၾကာင့္ အခက္အခဲေတြ အမ်ားၾကီးရိွေနလို႔ ။ ညတုန္းကလည္း တစ္ညလံုးတိုက္ပဲြျဖစ္ေနတယ္ေလ ရြာမွာ။ အမ္းၿမိဳ႔နယ္ မဲလက္ေမာင္းေက်းရြာ၀န္းက်င္ေတြျဖစ္ေနပါတယ္။ မင္းတုန္းၿမိဳ႔နယ္ အဲဒါ က်ေနာ္တို႔ မဲလက္ေမာင္းကအဖဲြ႔ေတြ သီးသန္႔သြားတယ္။ က်ေနာ္တုိ႔ ရြာနီးနားခ်င္းေတြကလည္း တစ္ရြာနဲ႔ တစ္ရြာ ထြက္သြားတဲ့သူေတြက မတူဘူး။ ကုိယ္နီးစပ္ရာ နီးစပ္ရာ အဆက္အသြယ္ရိွတဲ့ေနရာေတြကို သြားၾကတာပဲေလ။”

တိုက္ပဲြျဖစ္ပြားရာအနီးရိွ ေက်းရြာေတြက အရိႈခ်င္းလူမ်ိဳးေတြဟာ မေကြးတိုင္း မင္းတုန္းၿမိဳ႔နယ္အျပင္ ငဖဲၿမိဳ႔နယ္နဲ႔ သရက္ၿမိဳ႔နယ္ေတြကို တိမ္းေရွာင္တာရိွေနပါတယ္။

မေကြးတိုင္း ေဒသႀကီးက အရိႈခ်င္းလူငယ္အဖဲြ႔ေခါင္းေဆာင္ ဆလိုင္းရိုးေမာင္က လက္ရိွ တိမ္းေရွာင္လာသူ ၁၀၀ေက်ာ္ရဲ့ စာရင္းကို ရရိွထားေၾကာင္း အခုလုိ ေျပာပါတယ္။

“ ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က က်ေနာ္တို႔ ဘက္ကို ၁၀၀ေက်ာ္ေတာ့ ေရာက္ၿပီ။ က်ေနာ္တုိ႔က စုၿပီးေတာ့ မထားဘူး။ ဟိုရြာမွာ ၁၀ေယာက္၊ ဒီရြာမွာ ၁၀ေယာက္ အဲလိုမ်ိဳးေတြ ထားတဲ့လူေတြ ရိွတယ္။ တခ်ိဳ႔ကေတာ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ဒီဘက္ မေကြးတိုင္းဘက္မွာ အမ်ိဳးရြာေတြမွာ ေနတဲ့လူေတြလည္း ရိွတယ္။ ငဖဲၿမိဳ႔နယ္ထဲလည္း ေရာက္တယ္။ မင္းတုန္းမွာလည္း ၁၀ေယာက္၊ ၁၅ေယာက္ေလာက္ရိွတယ္။ သရက္ဘုရားေက်ာင္းမွာလည္း က်ေနာ္တုိ႔ ပို႔ေပးတဲ့ဟာ ရိွတယ္။ အမ္းမွာရိွတဲ့ စစ္ေဘးဒုကၡသည္ေတြ ထားတဲ့ေနရာမွာ ခ်င္းစာေပနဲ႔ ယဥ္ေက်းမႈရံုးမွာ အစည္းအေ၀း သူတို႔ လုပ္မယ္လို႔ ေျပာတယ္။ လုပ္ၿပီးတာနဲ႔ သူတုိ႔ ဒီဘက္ မေကြးဘက္ကို ေျပာင္းမယ့္သူေတြ စာရင္း ပို႔ေပးမယ္လို႔ သူတို႔ က်ေနာ့္ကို ဖုန္း ဆက္ၾကတယ္။”

မေကြးတိုင္းအတြင္း ေရာက္လာသူေတြကိုေတာ့ လူမႈအသင္းအဖဲြ႔ေတြက ကူညီထားေၾကာင္း ဆက္ေျပာပါတယ္။

“ အစိုးရကေတာ့ ခုထိကို ဘာမွ မကူညီေသးဘူး။ က်ေနာ္တို႔ ေလာေလာဆည္ ခ်င္းစာေပ၊ ယဥ္ေက်းမႈအဖဲြ႔ေတြ၊ မေကြးတိုင္းအတြင္းမွာရိွတဲ့ အရပ္ဘက္ အဖဲြ႔အစည္းေတြရယ္၊ ပရဟိတ အဖဲြ႔အစည္းေတြရယ္ အဲလုိမ်ိဳးပဲ ကူညီတာေတြ ရိွေသးတယ္။ တခ်ိဳ႔ကေတာ့ သိပ္ေတာ့ အကူအညီေတာ့ မလုိအပ္ေသးဘူးထင္တယ္။ သူတို႔ ဟုိဘက္မွာ လူစာရင္း တက္လာရင္ေတာ့ လူဦးေရ အတိအက် ရရင္ေတာ့ က်ေနာ္တုိ႔လည္း မေကြးတုိင္းမွာ ခ်င္းေရးရာ၀န္ႀကီးရိွတယ္ဆုိေတာ့ ခ်င္းေရးရာ၀န္ႀကီးကိုလည္း အေၾကာင္း ၾကားေတာ့ ၿပီးသြားၿပီ။ ၃- ၄ ေခါက္ေလာက္ေလ။ က်ေနာ္တုိ႔လည္း ေစာင့္ေနတယ္။”

အမ္းၿမိဳ႔ေပၚမွာေတာ့ စစ္ေရွာင္ အရိႈခ်င္းလူမ်ိဳး ၃၀၀နီးပါးေလာက္ေရာက္ရိွေနေၾကာင္း၊ သူတုိ႔ကို အမ္းမွာပဲ ေနထိုင္ႏိုင္ဖို႔ စီစဥ္ေနေၾကာင္း အမ္းၿမိဳ႔က စစ္ေရွာင္ေတြကို ကူညီေနသူက ေျပာပါတယ္။

မေကြးတုိင္းေဒသႀကီးအစိုးရအဖဲြ႔က ခ်င္းေရးရာ၀န္ၾကီးကို ဆက္သြယ္ဖုိ႔ ၾကိဳးစားခဲ့ေပမဲ့ ဖုန္းေခၚဆုိလုိ႔ မရခဲ့ပါဘူး။

ဒီလ ၉ရက္ေန႔ကေတာ့ ရခုိင္ျပည္နယ္ အမ္းၿမိဳ႔နယ္ မဲလေမာင္းေက်းရြာအနီးမွာ တုိက္ပဲြျဖစ္ပြားခဲ့ၿပီး ဒီတုိက္ပဲြေတြဟာ ညပိုင္းအထိလည္း ဆက္လက္ျဖစ္ခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA အၾကား တုိက္ပဲြေတြဟာ ေန႔စဥ္ဆိုသလို ျဖစ္ပြားေနၿပီး စစ္ေရွာင္ျပည္သူ တစ္သိန္းေက်ာ္ေလာက္ဟာ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................

အမ်းမြို့နယ်တိုက်ပွဲပြင်းထန် အရှိုချင်းရွာသားတွေ မြို့တက် တိမ်းရှောင်

(Unicode)

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အမ်းမြို့နယ်အတွင်းက အရှိုချင်းလူမျိုးတွေဟာ မကွေးတိုင်း ၊မင်းတုံး၊ ငဖဲနဲ့ သရက်စတဲ့မြို့နယ်တွေနဲ့ အမ်းမြို့ ပေါ်ကို တိမ်းရှောင်နေကြပါတယ်။ မကွေးတိုင်းဒေသကြီးက အရှိုချင်းလူငယ်အဖွဲ့ကတော့ လောလောဆည် တိမ်းရှောင်လာသူ ၁၀၀ကျော်စာရင်းကို ရရှိထားပြီး နောက်ထပ် ထပ်မံတိမ်းရှောင်လာမယ့် သူတွေလည်း ရှိနေကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ အပတ်တွေထဲက စစ်ရေးတင်းမာမှုတွေရှိခဲ့တာနဲ့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အနီးအနားကျေးရွာက အရှိုချင်း ဒေသခံတွေဟာ အမ်းမြို့ပေါ်ကို တိမ်းရှောင်ခဲ့သလို တချို့တွေကတော့ မကွေးတိုင်း အတွင်းကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

လောလောဆည် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာကနေ မကွေးတိုင်း မင်းတုန်းမြို့နယ်ကို တိမ်းရှောင်လာသူ တစ်ဦးက လက်ရှိ သူတို့အခြေအနေကို အခုလို ပြောပါတယ်။

“ အခု ကျနော်တို့ အဖွဲ့တွေက မင်းတုန်းမြို့နယ် ခုံတိုင်ကျေးရွာ အဲဒီမှာ ကျနော်တို့ ရောက်နေတာ။ အခုရောက်နေတာ ကျနော်တို့ အိမ်ထောင်စု ၅စု၊ အိမ်ထောင်စု ၂၀ကျော် လာဖို့ အစီအစဉ်ရှိတယ်လေ။ အဲဒီမှာ ကျနော်တို့က ခရီးအခက်အခဲရှိတယ်။ တချို့က မှတ်ပုံတင်မရှိဘူး။ တချို့ကျတော့လည်း အိမ်ထောင်စု စာရင်း မရှိဘူး။ အဲဒါကြောင့် အခက်အခဲတွေ အများကြီးရှိနေလို့ ။ ညတုန်းကလည်း တစ်ညလုံးတိုက်ပွဲဖြစ်နေတယ်လေ ရွာမှာ။ အမ်းမြို့နယ် မဲလက်မောင်းကျေးရွာဝန်းကျင်တွေဖြစ်နေပါတယ်။ မင်းတုန်းမြို့နယ် အဲဒါ ကျနော်တို့ မဲလက်မောင်းကအဖွဲ့တွေ သီးသန့်သွားတယ်။ ကျနော်တို့ ရွာနီးနားချင်းတွေကလည်း တစ်ရွာနဲ့ တစ်ရွာ ထွက်သွားတဲ့သူတွေက မတူဘူး။ ကိုယ်နီးစပ်ရာ နီးစပ်ရာ အဆက်အသွယ်ရှိတဲ့နေရာတွေကို သွားကြတာပဲလေ။”

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာတွေက အရှိုချင်းလူမျိုးတွေဟာ မကွေးတိုင်း မင်းတုန်းမြို့နယ်အပြင် ငဖဲမြို့နယ်နဲ့ သရက်မြို့နယ်တွေကို တိမ်းရှောင်တာရှိနေပါတယ်။

မကွေးတိုင်း ဒေသကြီးက အရှိုချင်းလူငယ်အဖွဲ့ခေါင်းဆောင် ဆလိုင်းရိုးမောင်က လက်ရှိ တိမ်းရှောင်လာသူ ၁၀၀ကျော်ရဲ့ စာရင်းကို ရရှိထားကြောင်း အခုလို ပြောပါတယ်။

“ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျနော်တို့ ဘက်ကို ၁၀၀ကျော်တော့ ရောက်ပြီ။ ကျနော်တို့က စုပြီးတော့ မထားဘူး။ ဟိုရွာမှာ ၁၀ယောက်၊ ဒီရွာမှာ ၁၀ယောက် အဲလိုမျိုးတွေ ထားတဲ့လူတွေ ရှိတယ်။ တချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒီဘက် မကွေးတိုင်းဘက်မှာ အမျိုးရွာတွေမှာ နေတဲ့လူတွေလည်း ရှိတယ်။ ငဖဲမြို့နယ်ထဲလည်း ရောက်တယ်။ မင်းတုန်းမှာလည်း ၁၀ယောက်၊ ၁၅ယောက်လောက်ရှိတယ်။ သရက်ဘုရားကျောင်းမှာလည်း ကျနော်တို့ ပို့ပေးတဲ့ဟာ ရှိတယ်။ အမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ထားတဲ့နေရာမှာ ချင်းစာပေနဲ့ ယဉ်ကျေးမှုရုံးမှာ အစည်းအဝေး သူတို့ လုပ်မယ်လို့ ပြောတယ်။ လုပ်ပြီးတာနဲ့ သူတို့ ဒီဘက် မကွေးဘက်ကို ပြောင်းမယ့်သူတွေ စာရင်း ပို့ပေးမယ်လို့ သူတို့ ကျနော့်ကို ဖုန်း ဆက်ကြတယ်။”

မကွေးတိုင်းအတွင်း ရောက်လာသူတွေကိုတော့ လူမှုအသင်းအဖွဲ့တွေက ကူညီထားကြောင်း ဆက်ပြောပါတယ်။

“ အစိုးရကတော့ ခုထိကို ဘာမှ မကူညီသေးဘူး။ ကျနော်တို့ လောလောဆည် ချင်းစာပေ၊ ယဉ်ကျေးမှုအဖွဲ့တွေ၊ မကွေးတိုင်းအတွင်းမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရယ်၊ ပရဟိတ အဖွဲ့အစည်းတွေရယ် အဲလိုမျိုးပဲ ကူညီတာတွေ ရှိသေးတယ်။ တချို့ကတော့ သိပ်တော့ အကူအညီတော့ မလိုအပ်သေးဘူးထင်တယ်။ သူတို့ ဟိုဘက်မှာ လူစာရင်း တက်လာရင်တော့ လူဦးရေ အတိအကျ ရရင်တော့ ကျနော်တို့လည်း မကွေးတိုင်းမှာ ချင်းရေးရာဝန်ကြီးရှိတယ်ဆိုတော့ ချင်းရေးရာဝန်ကြီးကိုလည်း အကြောင်း ကြားတော့ ပြီးသွားပြီ။ ၃- ၄ ခေါက်လောက်လေ။ ကျနော်တို့လည်း စောင့်နေတယ်။”

အမ်းမြို့ပေါ်မှာတော့ စစ်ရှောင် အရှိုချင်းလူမျိုး ၃၀၀နီးပါးလောက်ရောက်ရှိနေကြောင်း၊ သူတို့ကို အမ်းမှာပဲ နေထိုင်နိုင်ဖို့ စီစဉ်နေကြောင်း အမ်းမြို့က စစ်ရှောင်တွေကို ကူညီနေသူက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ချင်းရေးရာဝန်ကြီးကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

ဒီလ ၉ရက်နေ့ကတော့ ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲလမောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေဟာ ညပိုင်းအထိလည်း ဆက်လက်ဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူ တစ်သိန်းကျော်လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

XS
SM
MD
LG