သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း စစ္ေျပးဒုကၡသည္မ်ား ေနထိုင္ေရး အခက္အခဲၾကံဳေန


ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားခဲ့ေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ စစ္ေရွာင္မ်ား

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းက တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ ထြက္ေျပးေနရသူေတြအတြက္ အစိုးရက ေဆာက္ေပးထားတဲ့ စခန္းေတြမွာ စစ္ေဘးေရွာင္ ဒုကၡသည္ေတြ သြားမေနၾကပါဘူး။ ဒုကၡသည္ေတြ ကိုယ့္သေဘာနဲ႔ ကိုယ္စခန္းေဆာက္တာကိုလည္း အစိုးရက ခြင့္မျပဳတာေၾကာင့္ ေနထိုင္ေရး အခက္အခဲ ေတြ႔ေနၾကရပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ျမန္မာတပ္မေတာ္တုိ႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနဆဲ ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ ေျမာက္ဦး၊ မင္းျပား၊ ဘူးသီးေတာင္၊ ရေသ့ေတာင္နဲ႔ ပုဏၰားကြ်န္းစတဲ့ ၿမိဳ႕နယ္ေတြမွာ စစ္ေဘးဒုကၡသည္ေတြ ေနထိုင္ဖို႔အတြက္ဆိုၿပီးေတာ့ ရခိုင္ျပည္နယ္အစုိးရအဖြဲ႔က ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကတည္းက အေဆာက္အဦးေတြ ေဆာက္ေပးထားပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္ထိ အဲဒီအစိုးရက ေဆာက္ေပးထားတဲ့ ဒုကၡသည္ စခန္းေတြမွာ စစ္ေဘးဒုကၡသည္ေတြ မေနၾကတာေၾကာင့္ ဒီအတိုင္းပဲ ပစ္ထားရတယ္လို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ရ စည္ပင္သာယာေရး ဝန္ႀကီး ဦးဝင္းျမင့္က ေျပာပါတယ္။

"ေဆာက္ေပးထားတာကေတာ့ ေျမာက္ဦး၊ မင္းျပား၊ ေက်ာက္ေတာ္၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြ်န္း အဲဒီမွာ ေဆာက္ေပးထားတယ္။ အဲဒီစခန္းေတြမွာေတာ့ ေနတဲ့သူေတြေတာ့ မရွိၾကေသးဘူး။ သူတို႔ဘာေၾကာင့္ မေနလည္းေတာ့ မေျပာတတ္ဘူး။ ပထမေတာ့ သူတို႔ေနမယ္ ဆိုၿပီးေတာ့ ဆႏၵျပဳတယ္။ အိမ္ေထာင္စုေပါင္း ၇၀၀ ေနထိုင္မယ္ဆိုၿပီးေတာ့ ဆႏၵျပဳတဲ့ အတြက္ေၾကာင့္ ေနထိုင္ဖို႔အခက္အခဲျဖစ္ ေနၾကတယ္။ ဒါေၾကာင့္မို႔လို႔ ေနရာခ်ထားေပးဖို႔ ဒီအေဆာက္အဦးေတြ ေဆာက္မယ္ဆိုၿပီးေတာ့ စီမံခ်က္ ဆြဲလိုက္တာေပါ့ေနာ္။ ဆြဲၿပီးေတာ့ ေဆာက္လိုက္တယ္။ မိုးတြင္းကာလမွာပဲ ေဆာက္ရတာေၾကာင့္ နည္းနည္းေလး ၾကန္႔ၾကာမႈေတာ့ ျဖစ္သြားတယ္။ ေဆာက္ၿပီးေတာ့ ေနၾကေတာ့လို႔ေျပာတဲ့အခါ မေနၾကေတာ့ဘူးလို႔ သူတို႔က ဆႏၵျပဳၾကတယ္။ အဲေတာ့ အဲဒီေနရာေတြက ဒီအတိုင္းျဖစ္ေနတာေပါ့ေနာ္။ အကုန္လံုးက ၁.၈ ဘီလ်ံယံ ကုန္က်ခံၿပီးေတာ့ ေဆာက္ထားတာ။"

ဘူးသီးေတာင္ေဒသခံ ကိုဝင္းႏိုင္ကေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲမွာ အစိုးရက ေဆာက္ေပးထားတဲ့ ဒုကၡသည္စခန္းမွာ ဒုကၡသည္ေတြမေန ႏိုင္ၾကဘူးလို႔ ေျပာပါတယ္။

"သူတို႔ေဆာက္ေပးထားတဲ့ေနရာမွာ လူေတြမေနဘူး။ ဘာလို႔မေနၾကလည္းဆိုေတာ့ ၿမိဳ႕နဲ႔လည္း ေဝးတယ္။ မူစဆင္ေတြေနတဲ့ ေနရာနဲ႔လည္း နီးတယ္။ အဲဒီမွာ ေဆာက္ေပးထားတာေတာ့ ေတြ႔တယ္ က်ေနာ္တို႔။"

အစိုးရက ေဆာက္ေပးထားတဲ့ စစ္ေဘးေရွာင္ခစန္းေတြဟာ သြားေရလာေရး အခက္အခဲေတြရွိသလို ေရ၊ မီးစတဲ့ အခက္အခဲေတြ ရွိေနတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ မေနထိုင္ၾကတာ ျဖစ္တယ္လို႔လည္း ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"အဲဒီေဒသက စစ္ေဘးဒုကၡသည္ေတြအေၾကာင္းကို သိရမယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ၿမိဳ႕မိၿမိဳ႕ဖေတြ CSO ေတြနဲ႔ တိုင္ပင္ၿပီးေတာ့ တည္ေဆာင္သင့္တာ။ သူတို႔တည္ေဆာက္တဲ့ ေနရာက လက္ေတြ႔မက်ဘူး။ ရခိုင္ျပည္မွာက ေရလမ္းခရီးက မ်ားတယ္။ ေနာက္တခုက ေသာက္သံုးေရ ရွားပါးတယ္။ သူတို႔က ၿမိဳ႕နဲ႔ ေဝးတဲ့ေနရာ လံုၿခံဳေရးကို ဦးစားေပးၿပီးလုပ္လိုက္ေတာ့ စစ္ေဘးဒုကၡသယ္ေတြရဲ႕ ဆႏၵနဲ႔ မကိုက္ညီဘူး။ အခုက ေရမရွိဘူး မီးမရွိဘူး။ သြားေရး လာေရးခက္တဲ့ေနရာေတြမွာ ျဖစ္ေနတယ္။ အဲတာေၾကာင့္ အစိုးရ ေဆာက္ေပး ထားတဲ့ ေနရာကို ဘယ္သူမွမသြားၾကဘူး။"

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျပင္းထန္ေနဆဲ ျဖစ္တာေၾကာင့္ စစ္ေဘးဒုကၡသည္ ဦးေရ တေန႔ထက္ တေန႔ မ်ားျပားလာေနေပမဲ့ အစိုးရ ေဆာက္ေပးတဲ့ ေနရာေတြကို မသြားၾကပါဘူး။ ဒါေပမယ့္ သူတုိ႔ ေနထိုင္ေရး အတြက္ သူတုိ႔ သေဘာနဲ႔ သူတို႔လည္း စစ္ေဘးေရွာင္ စခန္းေတြ ေဆာက္ခြင့္မရွိပါဘူး။ အႏၱရာယ္ ရွိတဲ့ ေနရာေတြမွာ စစ္ေဘးေရွာင္စခန္းေတြ ကိုယ့္သေဘာနဲ႔ ကိုယ္မေဆာက္ဖို႔ အစိုးရက တားျမစ္ထားတယ္လို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ ေျပာခြင့္ရ စည္ပင္ဝန္ႀကီး ဦးဝင္းျမင့္ကေျပာပါတယ္။

"အဲတာေတာ့ ဟုတ္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ စစ္ေဘးေရွာင္စခန္းေတြကို တည္ေဆာက္တဲ့ အခါမွာ တစ္ခ်ိဳ႕ ေတြက ကိုယ့္စိတ္သေဘာထားအတိုင္း တည္ေဆာင္ၾကတယ္။ တစ္ခ်ိဳ႕ေနရာေတြက်ေတာ့ မလြတ္ကင္းတဲ့ ေနရာေတြ။ စစ္ပြဲနဲ႔ မလြတ္ကင္းတဲ့ေနရာေတြေပါ့ေနာ္။ ဒါေၾကာင့္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ညိႇႏႈိုင္း တိုင္ပင္ၿပီးမွ တည္ေဆာက္ဖို႔ အဲတာေတြေတာ့ ရွိပါတယ္။"

စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔အထိ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ ၅၀,၀၀၀ နီးပါးရွိ ေနတယ္လို႔ ရခိုင္ျပည္နယ္ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာနက ဦးစီးအရာရွိ ဦးရဲမင္းဦးက ေျပာပါတယ္။

"၅ ရက္ေန႔အထိ စုစုေပါင္း စစ္ေဘးေရွာင္စခန္း ၁၂၄ ခု ရွိတယ္။ စုရပ္စခန္းေပါင္း ဒါက ၅ ရက္ေန႔အထိစာရင္း။ ဒါက ခရိုင္ ၄ ခုမွာ ရွိေနတာေပါ့။ ေျမာက္ဦးခရိုင္ စစ္ေတြခရိုင္ ေမာင္ေတာခရိုင္ ေက်ာက္ျဖဴခရိုင္ စစ္ေတြခရိုင္မွာ ဆိုရင္ ပုဏၰားကြ်န္း ရေသ့ေတာင္ ေပါက္ေတာ စစ္ေတြ ေျမာက္ဦးခရိုင္မွာ ဆိုရင္ ေျမာက္ဦး မင္းျပား ေက်ာက္ေတာ္ ေျမပံု။ ေမာင္ေတာခရိုင္မွာ ဘူးသီးေတာင္ ၿမိဳ႕နယ္နဲ႔ ေက်ာက္ျဖဴခရိုင္မွာဆိုရင္ အမ္း စုစုေပါင္း စခန္းက ၁၂၄ ခု ရွိတယ္။ လူဦးေရကေတာ့ စုစုေပါင္း ၄၉,၅၇၈ ဦးရွိတယ္။ အိမ္ေထာင္စုက ၁၂,၀၈၂စုရွိတယ္။ ဒါကေတာ့ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔အထိ စခန္းနဲ႔ လူဦးေရစာရင္းေပါ့ေနာ္။"

အစိုးရက ရခိုင္ျပည္နယ္အတြင္းမွာ စစ္ေဘးဒုကၡသည္ ၅၀,၀၀၀ နီးပါးလို႔ ထုတ္ျပန္ထားေပမယ့္လည္း စစ္ေဘးေရွာင္ေတြကို လိုက္လံစားရင္ျပဳစုေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC ကေတာ့ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြတ္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္ တစ္သိန္းေက်ာ္ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ နေထိုင်ရေး အခက်အခဲကြုံနေ

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေ ရသူတွေအတွက် အစိုးရက ဆောက်ပေးထားတဲ့ စခန်းတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ သွားမနေကြပါဘူး။ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ ကိုယ်စခန်းဆောက်တာကိုလည်း အစိုးရက ခွင့်မပြုတာကြောင့် နေထိုင်ရေး အခက်အခဲ တွေ့နေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ရခိုင်မြောက်ပိုင်းက ကျောက်တော် မြောက်ဦး မင်းပြား ဘူးသီးတောင် ရသေ့တောင် နဲ့ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့အတွက်ဆိုပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက အဆောက်အဦးတွေ ဆောက်ပေးထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ အဲဒီအစိုးရက ဆောက်ပေးထားတဲ့ ဒုက္ခသည် စခန်းတွေမှာ စစ်ဘေးဒုက္ခသည်တွေ မနေကြတာကြောင့် ဒီအတိုင်းပဲ ပစ်ထားရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

"ဆောက်ပေးထားတာကတော့ မြောက်ဦး မင်းပြား ကျောက်တော် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်း အဲဒီမှာ ဆောက်ပေးထားတယ်။ အဲဒီစခန်းတွေမှာတော့ နေတဲ့သူတွေတော့ မရှိကြသေးဘူး။ သူတို့ဘာကြောင့် မနေလည်းတော့ မပြောတတ်ဘူး။ ပထမတော့ သူတို့နေမယ် ဆိုပြီးတော့ ဆန္ဒပြုတယ်။ အိမ်ထောင်စုပေါင်း ၇၀၀ နေထိုင်မယ်ဆိုပြီးတော့ ဆန္ဒပြုတဲ့ အတွက်ကြောင့် နေထိုင်ဖို့အခက်အခဲဖြစ် နေကြတယ်။ ဒါကြောင့်မို့လို့ နေရာချထားပေးဖို့ ဒီအဆောက်အဦးတွေ ဆောက်မယ်ဆိုပြီးတော့ စီမံချက် ဆွဲလိုက်တာပေါ့နော်။ ဆွဲပြီးတော့ ဆောက်လိုက်တယ်။ မိုးတွင်းကာလမှာပဲ ဆောက်ရတာကြောင့် နည်းနည်းလေး ကြန့်ကြာမှုတော့ ဖြစ်သွားတယ်။ ဆောက်ပြီးတော့ နေကြတော့လို့ပြောတဲ့အခါ မနေကြတော့ဘူးလို့ သူတို့က ဆန္ဒပြုကြတယ်။ အဲတော့ အဲဒီနေရာတွေက ဒီအတိုင်းဖြစ်နေတာပေါ့နော်။ အကုန်လုံးက ၁.၈ ဘီလျံယံ ကုန်ကျခံပြီးတော့ ဆောက်ထားတာ။"

ဘူးသီးတောင်ဒေသခံ ကိုဝင်းနိုင်ကတော့ ဘူးသီးတောင်မြို့နယ်ထဲမှာ အစိုးရကဆောက်ပေးထားတဲ့ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေမနေ နိုင်ကြဘူးလို့ ပြောပါတယ်။

"သူတို့ဆောက်ပေးထားတဲ့နေရာမှာ လူတွေမနေဘူး။ ဘာလို့မနေကြလည်းဆိုတော့ မြို့နဲ့လည်း ဝေးတယ်။ မူစဆင်တွေနေတဲ့ နေရာနဲ့လည်း နီးတယ်။ အဲဒီမှာဆောက်ပေးထားတာတော့တွေ့တယ် ကျနော်တို့ ။

အစိုးရက ဆောက်ပေးထားတဲ့ စစ်ဘေးရှောင်ခစန်းတွေဟာ သွားရေလာရေး အခက်အခဲတွေရှိသလို ရေ၊ မီးစတဲ့ အခက်အခဲတွေ ရှိနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ မနေထိုင်ကြတာ ဖြစ်တယ်လို့လည်း ရသေ့တောင်မြို့နယ် အမျိုးသားလႊတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"အဲဒီဒေသက စစ်ဘေးဒုက္ခသည်တွေအကြောင်းကို သိရမယ် လွှတ်တော်ကိုယ်စားလှယ်တွေ မြို့မိမြို့ဖတွေ CSO တွေနဲ့ တိုင်ပင်ပြီးတော့ တည်ဆောင်သင့်တာ။ သူတို့တည်ဆောက်တဲ့ နေရာက လက်တွေ့မကျဘူး။ ရခိုင်ပြည်မှာက ရေလမ်းခရီးက များတယ်။ နောက်တခုက သောက်သုံးရေ ရှားပါးတယ်။ သူတို့က မြို့နဲ့ ဝေးတဲ့နေရာ လုံခြုံရေးကို ဦးစားပေးပြီးလုပ်လိုက်တော့ စစ်ဘေးဒုက္ခသယ်တွေရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး။ အခုက ရေမရှိဘူး မီးမရှိဘူး။ သွားရေး လာရေးခက်တဲ့နေရာတွေမှာ ဖြစ်နေတယ်။ အဲတာကြောင့် အစိုးရ ဆောက်ပေး ထားတဲ့ နေရာကို ဘယ်သူမှမသွားကြဘူး။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ တနေ့ထက် တနေ့ များပြားလာနေပေမဲ့ အစိုးရ ဆောက်ပေးတဲ့ နေရာတွေကို မသွားကြပါဘူး။ ဒါပေမယ့် သူတို့ နေထိုင်ရေး အတွက် သူတို့ သဘောနဲ့ သူတို့လည်း စစ်ဘေးရှောင် စခန်းတွေ ဆောက်ခွင့်မရှိပါဘူး။ အန္တရာယ် ရှိတဲ့ နေရာတွေမှာ စစ်ဘေးရှောင်စခန်းတွေ ကိုယ့်သဘောနဲ့ ကိုယ်မဆောက်ဖို့ အစိုးရက တားမြစ်ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။

"အဲတာတော့ ဟုတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်ဘေးရှောင်စခန်းတွေကို တည်ဆောက်တဲ့ အခါမှာ တစ်ချို့ တွေက ကိုယ့်စိတ်သဘောထားအတိုင်း တည်ဆောင်ကြတယ်။ တစ်ချို့နေရာတွေကျတော့ မလွတ်ကင်းတဲ့ နေရာတွေ။ စစ်ပွဲနဲ့ မလွတ်ကင်းတဲ့နေရာတွေပေါ့နော်။ ဒါကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီးမှ တည်ဆောက်ဖို့ အဲတာတွေတော့ ရှိပါတယ်။"

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၅၀,၀၀၀ နီးပါးရှိ နေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။

"၅ ရက်နေ့အထိ စုစုပေါင်း စစ်ဘေးရှောင်စခန်း ၁၂၄ ခု ရှိတယ်။ စုရပ်စခန်းပေါင်း ဒါက ၅ ရက်နေ့အထိစာရင်း။ ဒါက ခရိုင် ၄ ခုမှာ ရှိနေတာပေါ့။ မြောက်ဦးခရိုင် စစ်တွေခရိုင် မောင်တောခရိုင် ကျောက်ဖြူခရိုင် စစ်တွေခရိုင်မှာ ဆိုရင် ပုဏ္ဏားကျွန်း ရသေ့တောင် ပေါက်တော စစ်တွေ မြောက်ဦးခရိုင်မှာ ဆိုရင် မြောက်ဦး မင်းပြား ကျောက်တော် မြေပုံ။ မောင်တောခရိုင်မှာ ဘူးသီးတောင် မြို့နယ်နဲ့ ကျောက်ဖြူခရိုင်မှာဆိုရင် အမ်း စုစုပေါင်း စခန်းက ၁၂၄ ခု ရှိတယ်။ လူဦးရေကတော့ စုစုပေါင်း ၄၉,၅၇၈ ဦးရှိတယ်။ အိမ်ထောင်စုက ၁၂,၀၈၂စုရှိတယ်။ဒါကတော့ ဖေဖော်ဝါရီလ ၅ရက်နေ့အထိ စခန်းနဲ့ လူဦးရေစာရင်းပေါ့နော်။"

အစိုးရက ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် ၅၀,၀၀၀ နီးပါးလို့ ထုတ်ပြန်ထားပေမယ့်လည်း စစ်ဘေးရှောင်တွေကို လိုက်လံစားရင်ပြုစုနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ကတော့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွတ်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG