သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရမ္းၿဗဲ NLD အမႈေဆာင္ကို အမည္မသိလက္နက္ကိုင္မ်ား ဖမ္းဆီး


ရန္ကုန္ၿမိဳ႕ရွိ NLD ပါတီ ဌာနခ်ဳပ္။ (သတင္းဓါတ္ပံု - courtesy photo/NLD)

(Zawgyi/Unicode)

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၈ရက္ေန႔က ရမ္းၿဗဲၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အလုပ္အမႈေဆာင္ အဖြဲ႔ဝင္ ဘ႑ာေရးမွဴး ကုိေဇယ်ာမင္းကို အမည္မသိ လက္နက္ကိုင္အဖြဲ႔ တခုက ဖမ္းဆီးသြားတယ္လို႔ သူ႔ရဲ႕ဇနီးက ေျပာပါတယ္။ ကိုေဇယ်ာမင္းကို AA အဖြဲ႔က ဖမ္းသြားတာျဖစ္တယ္လို႔ တပ္မေတာ္ဘက္က စြပ္စြဲေျပာဆိုထားေပမယ့္ AA အဖြဲ႔ဘက္ကေတာ့ သူတို႔ဖမ္းဆီးထားတာ မဟုတ္ဘူးလို႔ ျငင္းဆိုထားပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပေပးထားပါတယ္။

ရမ္းၿဗဲၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အလုပ္အမႈေဆာင္ အဖြဲ႔ဝင္ ဘ႑ာေရးမွဴး ကုိေဇယ်ာမင္းကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ညေန ၆ နာရီေလာက္မွာ အမည္မသိ လက္နက္ကိုင္အဖြဲ႔ တခုက ဖမ္းဆီးသြားတယ္လို႔ သူ႔ရဲ႕ဇနီးက ေျပာပါတယ္။

ကိုေဇယ်ာမင္းဟာ ရမ္းၿဗဲၿမိဳ႕နဲ႔ ၇ မိုင္ေလာက္ေဝးတဲ့ ျပင္ေခ်ာင္းေတာင္မွာေပၚက သူအေမြရထားတဲ့ သစ္ပင္ေတြကို အိမ္ေဆာက္ဖို႔ သြားၾကည့္တာျဖစ္ၿပီး ညေန ၆ နာရီဝန္းက်င္ေလာက္မွာ ဖမ္းဆီးခံရတာ ျဖစ္တယ္လို႔ ကိုေဇယ်ာမင္းရဲ႕ ဇနီးက ေျပာပါတယ္။

"ရန္ကုန္-ေက်ာက္ျဖဴ ကားလမ္းတေလ်ာက္မွာ ရွိတဲ့ ကလားပုန္း အုပ္စုပိုင္တဲ့ ျပင္ေခ်ာင္းေတာင္က အဆင္းမွာ မသမာသူအဖြဲ႔တစ္ခုက သူ႔ကိုဖမ္းတယ္။ သူကေအာ္တယ္။ ေအာ္သံၾကားလို႔ဆိုၿပီး လူတေယာက္က အဲဒီေနရာ ကို လိုက္သြားတယ္။ သူတို႔အဖြဲ႔ကေနၿပီး လိုက္လာတဲ့ သူကို ေသနတ္နဲ႔ ခ်ိန္ၿပီးေတာ့ ကိုယ္နဲ႔မဆိုင္ရင္ သြားလို႔ ေျပာတယ္လို႔ သူလည္းေၾကာက္လန္႔ၿပီး ထြက္သြားတာေပါ့။"

ကိုေဇယ်ာမင္းဟာ ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ ရမ္းၿမဲၿမိဳ႕နယ္မွာ ျပဳလုပ္ခဲ့တဲ့ အျပည္ျပည္ဆိုင္ရာတရားရံုး ICJ မွာတရားရင္ ဆိုင္ေျဖရွင္းမယ့္ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခဲ့ပြဲမွာ တက္တက္ၾကြၾကြ ပါဝင္ခဲ့သူ တေယာက္လည္း ျဖစ္ပါတယ္။

အဲဒီေထာက္ခံပြဲ ေနာက္ပိုင္းမွာ ကိုေဇယ်ာမင္းကို လူမႈကြန္ယက္ေပၚကေန တဆင့္ ၿခိမ္းေျခာက္ စာေတြ ေရာက္ခဲ့ၿပီးတဲ့ ေနာက္ အခုလိုဖမ္းဆီးခံရတာ ျဖစ္တယ္လို႔လည္း သူရဲ႕ ဇနီးက ေျပာပါတယ္။

"ၿခိမ္းေျခာက္စာေတြက ဘယ္လိုမ်ိဳးေရာက္လဲ ဆိုေတာ့ ICJ ကို အေမစုသြားတုန္းကေပါ့ေနာ္။ သူအပါအဝင္ သူတို႔ပါတီက ေထာက္ခံပြဲလုပ္ၾကတယ္။ ဆရာတေယာက္ ပါတယ္။ ဆရာကေတာ့ ေထာက္ခံပြဲလုပ္တဲ့အခါ အဆဲခံရတာေပါ့။ ပထမ အဲတာကစတာ ရကၡိတ လမ္းစဥ္တို႔ အာရကန္တို႔ ခိုင္တဲ့ အဲလိုမ်ိဳးအေကာင့္ေတြနဲ႔ ေရာက္တယ္။ အိမ္ကို စာလာပို႔တာ မဟုတ္ဘူး လိုင္းေပၚကေန ၿခိမ္းေျခာက္တာဘာလိုျခိမ္းေျခာက္လဲဆိုေတာ့ ၂၀၂၀ မေက်ာ္ေစရဘူး က်မ ေယာက်ာ္းကို ထမင္းမစားခ်င္ေတာ့ဘူးလား။ ေက်ာက္ေဆာက္ဆိုတဲ့ ရြာကို ေရာက္တာကေတာ့ NLD က ထြက္ေပးပါ။ NLD မွာ ဘယ္သူေတြ ပါတယ္ေပါ့ အဲလိုမ်ိဳး ၿခိမ္းေျခာက္စာေတြ လာကပ္တယ္ ရြာမွာ က်ေတာ့။"

ကိုေဇယ်ာမင္းကို ဘယ္အဖြဲ႔က ဖမ္းသြားတယ္ဆိုတာကို တိတိက်က်မသိရေသးေပမယ့္ တပ္မေတာ္ ဖက္ကေတာ့ သူ႔ကို AA အဖြဲ႔က ဖမ္းဆီးသြားတာ ျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက ေျပာပါတယ္။

"အဲဒီလူေတြက တရားဝင္ေနတဲ့သူလား တရားမဝင္ေနတဲ့ သူေတြလား တရားမဝင္ေနတဲ့ သူေတြက အမွန္ကို ေျပာသလား။ သူတို႔ မဖမ္းလို႔ ဘယ္သူက လာဖမ္းမွာလည္း လွ်ာရွည္ၿပီးေတာ့ က်ေနာ္တို႔ကေတာ့ အဲေကာင္ေတြ ဖမ္းသြားလို႔လိုက္ရွာေနတာ ရွာလို႔ကို မရဘူး။ ဖမ္းသြားတာကလည္း AA ရဲ႕ပံုစံပဲေလ။ သူတို႔ဘက္က ျငင္းတာ ေတာ့ မတတ္ႏိုင္ဘူးေပါ့။ မိသာစုဝင္ေတြကလည္း ဒါပဲ။ သူနဲ႔အတူ ပါၿပီးလြတ္လာတဲ့ တစ္ေယာက္ ကလည္း သူတို႔လို႔ပဲ ေျပာတာပဲ။ စံုစမ္းတာေပါ့ဗ်ာ က်ဳပ္တို႔ ျပည္သူတေယာက္ပါသြားတာ လိုက္ရမွာေပါ့။

ရခိုင္လက္နက္ကုိင္ AA အဖြဲ႔ဘက္ကေတာ့ ကိုေဇယ်ာမင္းကို သူတို႔ဖမ္းဆီးထားတာ မဟုတ္သလို ဒါဟာ AA အဖြဲ႔နဲ႔ NLD အစိုးရၾကားမွာ တင္းမာမႈေတြ ပိုတိုးလာေအာင္ တပ္မေတာ္ဘက္က လုပ္တာျဖစ္တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက တုံ႔ျပန္႔ေျပာဆိုပါတယ္။

"NLD ပါတီဝင္ ကိုေဇယ်ာမင္းကို က်ေနာ္တို႔ဘက္က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ျဖစ္စဥ္လံုးဝ မရွိဘူးဗ်ာ။ ဆိုေတာ့ တခုစဥ္းစားစရာက အဲဒီမွာ လာၿပီးေတာ့ ဖမ္းတဲ့ သူေတြက ေမာ္ေတာ္ဆိုင္ကယ္နဲ႔ လာတယ္ဆိုၿပီးေတာ့ ေျပာတာ က်ေနာ္ေတြ႔တယ္။ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ လာတာဆိုေတာ့ ဒါအစိုးရဘက္က လူေတြပဲ ျဖစ္ႏိုင္တယ္လို႔ သံုးသပ္တယ္။ ေနာက္တခုက လက္နက္ကိုင္ထားတဲ့ သူတိုင္း AA လို႔ သတ္မွတ္တာကလည္း လံုးဝ လက္ခံႏိုင္စရာအေၾကာင္းမရွိတဲ့ ကိစၥျဖစ္တယ္။ ေနာက္ၿပီးေတာ့ ရခိုင္ျပည္အနွ႔ံမွာ ဗမာစစ္တပ္ဘက္ ကေနၿပီးေတာ့ အရပ္ဝတ္နဲ႔ လက္နက္ကိုင္ၿပီးေတာ ့သြားလာေနၾကတာ အမ်ားႀကီးရွိတယ္။ ဒါဟာ က်ေနာ္တို႔နဲ႔ NLD အစိုးရၾကားမွာ တင္းမာမႈေတြ ပိုၿပီးေတာ့ ျဖစ္လာေအာင္ ျမန္မာ စစ္တပ္ဘက္က လုပ္တာလည္း ျဖစ္ႏိုင္တယ္လို႔ သံုးသပ္မိတယ္။"

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ကေတာ့ ဘယ္လက္နက္ကိုင္ အဖြဲ႔ကပဲ ဖမ္းဖမ္း ႏို္င္ငံေရး လႈပ္ရွားမႈကို ၿခိမ္းေျခာက္ဖမ္းဆီးတာမ်ိဳးဟာ မလုပ္သင့္တဲ့ လုပ္ရပ္တခု ျဖစ္တယ္လို႔ အဖြဲ႔ ေျပာခြင့္ရ ေဒါက္တာ မ်ိဳးညြန္႔က ေျပာပါတယ္။

"ရခိုင္ျပည္နယ္မွာလည္း လက္နက္ကိုင္ေတြ လက္နက္ေတြက ေတာ္ေတာ္ေလး ပ်ံ႕ၿပီးေတာ့ ဒီေလာက္ လက္နက္ကို တစ္ျခား အဖြဲ႔အစည္းတခုခုကလည္း သံုးလာတာ ျဖစ္ႏိုင္ေတာ့ က်ေနာ္တို႔ အခုေလာေလာ ဆယ္ေတာ့ အတိအက် မေျပာႏိုင္ေသးဘူး။ ဒါကေတာ့ ဖမ္းဆီးတဲ့ လူေတြပဲ သိမွာပါခင္မ်ာ။ က်ေနာ္တို႔က တရားဝင္ႏိုင္ငံေရးပါတီ တခုအေနနဲ႔ တရားဝင္ ႏိုင္ငံေရးပဲ လုပ္တာပါ။ အဲေတာ့ က်ေနာ္တို႔ လုပ္တဲ့ ႏိုင္ငံေရး ခံယူခ်က္နဲ႔ မတူဘူးဆိုရင္ သူတို႔သီျခား ႏိုင္ငံေရး လႈပ္ရွားမႈေတြ လုပ္လို႔ရတယ္။ လူထုဆႏၵထုတ္ေဖာ္ပြဲေတြ လုပ္လို႔ရတယ္။ ႏိုင္ငံေရးအရ လုပ္ရွားမႈ လုပ္တာကို လက္နက္ကိုင္ေတြက ဖမ္းဆီးတာကေတာ့ မလုပ္သင့္တဲ့ အလုပ္လို႔ျမင္တယ္။ ဘယ္အဖြဲ႔ကပဲ ဖမ္းဖမ္း ဥပေဒနဲ႔ အညီႏိုင္ငံေရး လုပ္တာကို လက္နက္ကိုင္ ေတြ ဖမ္းဆီးထားတာကေတာ့ လံုးဝမသင့္ေတာ္တဲ့ လုပ္ရပ္ျဖစ္တယ္။ က်ေနာ္တို႔အဖြဲ႔ကေတာ့ လံုးဝ႐ႈံ႕ခ်တယ္။"

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၁ ရက္ေန႔ တုန္းကလည္း ICJ မွာ တရားရင္ဆိုဖို႔သြားတဲ့ ေဒၚေအာင္ဆန္း စုၾကည္ ေထာက္ခံပြဲ က်င္းပဖို႔ စီစဥ္တဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ NLD ပါတီဥကၠ႒ ဦးရဲသိန္းကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က ဖမ္းဆီးခဲ့တာ ျဖစ္ၿပီး ဖမ္းဆီးထားစဥ္ တိုက္ပြဲ ျဖစ္ပြားစဥ္ အတြင္း လက္နက္ႀကီး က်ည္ထိမွန္ၿပီး ပြဲခ်င္းၿပီး ေသဆံုးသြားတယ္လို႔ ဒီဇင္ဘာလ ၂၅ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရမ်းဗြဲ NLD အမှုဆောင်ကို အမည်မသိလက်နက်ကိုင်များဖမ်းဆီး

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ရက်နေ့က ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ဇနီးက ပြောပါတယ်။ ကိုဇေယျာမင်းကို AA အဖွဲ့က ဖမ်းသွားတာဖြစ်တယ်လို့ တပ်မတော်ဘက်က စွပ်စွဲပြောဆိုထား ပေမယ့် AA အဖွဲ့ဘက်ကတော့ သူတို့ဖမ်းဆီးထားတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြပေးထားပါတယ်။

ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွား တယ်လို့ သူ့ရဲ့ဇနီးက ပြောပါတယ်။

ကိုဇေယျာမင်းဟာ ရမ်းဗြဲမြို့နဲ့ ၇မိုင်လောက်ဝေးတဲ့ ပြင်ချောင်းတောင်မှာပေါ်က သူအမွေရထားတဲ့ သစ်ပင်တွေကို အိမ်ဆောက်ဖို့ သွားကြည့်တာဖြစ်ပြီး ညနေ ၆ နာရီဝန်းကျင်လောက်မှာ ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ကိုဇေယျာမင်းရဲ့ ဇနီးက ပြောပါတယ်။

"ရန်ကုန်-ကျောက်ဖြူ ကားလမ်းတလျောက်မှာ ရှိတဲ့ ကလားပုန်း အုပ်စုပိုင်တဲ့ ပြင်ချောင်းတောင်က အဆင်းမှာ မသမာသူအဖွဲ့တစ်ခုက သူ့က ိုဖမ်းတယ်။ သူကအော်တယ်။ အော်သံကြားလို့ဆိုပြီး လူတယောက်က အဲဒီနေရာ ကို လိုက်သွားတယ်။ သူတို့အဖွဲ့ကနေပြီး လိုက်လာတဲ့ သူကို သေနတ်နဲ့ ချိန်ပြီးတော့ ကိုယ်နဲ့မဆိုင်ရင် သွားလို့ ပြောတယ်လို့ သူလည်းကြောက်လန့်ပြီး ထွက်သွားတာပေါ့။"

ကိုဇေယျာမင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ရမ်းမြဲမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာတရားရင် ဆိုင်ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခဲ့ပွဲမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ တယောက်လည်းဖြစ်ပါတယ်။

အဲဒီထောက်ခံပွဲ နောက်ပိုင်းမှာ ကိုဇေယျာမင်းကို လူမှုကွန်ယက်ပေါ်ကနေ တဆင့် ခြိမ်းခြောက် စာတွေ ရောက်ခဲ့ပြီးတဲ့ နောက် အခုလိုဖမ်းဆီးခံရတာ ဖြစ်တယ်လို့လည်း သူရဲ့ ဇနီးက ပြောပါတယ်။

"ခြိမ်းခြောက်စာတွေက ဘယ်လိုမျိုးရောက်လဲ ဆိုတော့ ICJ ကို အမေစုသွားတုန်းကပေါ့နော်။ သူအပါအဝင် သူတို့ပါတီက ထောက်ခံပွဲလုပ်ကြတယ်။ ဆရာတယောက် ပါတယ်။ ဆရာကတော့ ထောက်ခံပွဲလုပ်တဲ့အခါ အဆဲခံရတာပေါ့။ ပထမ အဲတာကစတာ ရက္ခိတ လမ်းစဉ်တို့ အာရကန်တို့ ခိုင်တဲ့ အဲလိုမျိုးအကောင့်တွေနဲ့ ရောက်တယ်။ အိမ်ကို စာလာပို့တာ မဟုတ်ဘူး လိုင်းပေါ်ကနေ ခြိမ်းခြောက်တာဘာလိုခြိမ်းခြောက်လဲဆိုတော့ ၂၀၂၀ မကျော်စေရဘူး ကျမ ယောကျာ်းကို ထမင်းမစားချင်တော့ဘူးလား။ ကျောက်ဆောက်ဆိုတဲ့ ရွာကို ရောက်တာကတော့ NLD က ထွက်ပေးပါ။ NLD မှာ ဘယ်သူတွေ ပါတယ်ပေါ့ အဲလိုမျိုး ခြိမ်းခြောက်စာတွေ လာကပ်တယ် ရွာမှာ ကျတော့။"

ကိုဇေယျာမင်းကို ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာကို တိတိကျကျမသိရသေးပေမယ့် တပ်မတော် ဖက်ကတော့ သူ့ကို AA အဖွဲ့က ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

"အဲဒီလူတွေက တရားဝင်နေတဲ့သူလား တရားမဝင်နေတဲ့ သူတွေလား တရားမဝင်နေတဲ့ သူတွေက အမှန်ကို ပြောသလား။ သူတို့ မဖမ်းလို့ ဘယ်သူက လာဖမ်းမှာလည်း လျှာရှည်ပြီးတော့ ကျနော်တို့ကတော့ အဲကောင်တွေ ဖမ်းသွားလို့လိုက်ရှာနေတာ ရှာလို့ကို မရဘူး။ ဖမ်းသွားတာကလည်း AA ရဲ့ပုံစံပဲလေ။ သူတို့ဘက်က ငြင်းတာ တော့ မတတ်နိုင်ဘူးပေါ့။ မိသာစုဝင်တွေကလည်း ဒါပဲ။ သူနဲ့အတူ ပါပြီးလွတ်လာတဲ့ တစ်ယောက် ကလည်း သူတို့လို့ပဲ ပြောတာပဲ။ စုံစမ်းတာပေါ့ဗျာ ကျုပ်တို့ ပြည်သူတယောက်ပါသွားတာ လိုက်ရမှာပေါ့။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ ကိုဇေယျာမင်းကို သူတို့ဖမ်းဆီးထားတာ မဟုတ်သလို ဒါဟာ AA အဖွဲ့နဲ့ NLD အစိုးရကြားမှာ တင်းမာမှုတွေ ပိုတိုးလာအောင် တပ်မတော်ဘက်က လုပ်တာဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက တုံ့ပြန့်ပြောဆိုပါတယ်။

"NLD ပါတီဝင် ကိုဇေယျာမင်းကို ကျနော်တို့ဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဖြစ်စဉ်လုံးဝ မရှိဘူးဗျာ။ ဆိုတော့ တခုစဉ်းစားစရာက အဲဒီမှာ လာပြီးတော့ ဖမ်းတဲ့ သူတွေက မော်တော်ဆိုင်ကယ်နဲ့ လာတယ်ဆိုပြီးတော့ ပြောတာ ကျနော်တွေ့တယ်။ မော်တော်ဆိုင်ကယ်နဲ့ လာတာဆိုတော့ ဒါအစိုးရဘက်က လူတွေပဲ ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။ နောက်တခုက လက်နက်ကိုင်ထားတဲ့ သူတိုင်း AA လို့ သတ်မှတ်တာကလည်း လုံးဝ လက်ခံနိုင်စရာအကြောင်းမရှိတဲ့ ကိစ္စဖြစ်တယ်။ နောက်ပြီးတော့ ရခိုင်ပြည်အနှံ့မှာ ဗမာစစ်တပ်ဘက် ကနေပြီးတော့ အရပ်ဝတ်နဲ့ လက်နက်ကိုင်ပြီးတော့သွားလာနေကြတာ အများကြီးရှိတယ်။ ဒါဟာ ကျနော်တို့နဲ့ NLD အစိုးရကြားမှာ တင်းမာမှုတွေ ပိုပြီးတော့ ဖြစ်လာအောင် မြန်မာ စစ်တပ်ဘက်က လုပ်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မိတယ်။"

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကတော့ ဘယ်လက်နက်ကိုင် အဖွဲ့ကပဲ ဖမ်းဖမ်း နိုင်ငံရေး လှုပ်ရှားမှုကို ခြိမ်းခြောက်ဖမ်းဆီးတာမျိုးဟာ မလုပ်သင့်တဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ အဖွဲ့ ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာလည်း လက်နက်ကိုင်တွေ လက်နက်တွေက တော်တော်လေး ပျံ့ပြီးတော့ ဒီလောက် လက်နက်ကို တစ်ခြား အဖွဲ့အစည်းတခုခုကလည်း သုံးလာတာ ဖြစ်နိုင်တော့ ကျနော်တို့ အခုလောလော ဆယ်တော့ အတိအကျ မပြောနိုင်သေးဘူး။ ဒါကတော့ ဖမ်းဆီးတဲ့ လူတွေပဲ သိမှာပါခင်မျာ။ ကျနော်တို့က တရားဝင်နိုင်ငံရေးပါတီ တခုအနေနဲ့ တရားဝင် နိုင်ငံရေးပဲ လုပ်တာပါ။ အဲတော့ ကျနော်တို့ လုပ်တဲ့ နိုင်ငံရေး ခံယူချက်နဲ့ မတူဘူးဆိုရင် သူတို့သီခြား နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်လို့ရတယ်။ လူထုဆန္ဒထုတ်ဖော်ပွဲတွေ လုပ်လို့ရတယ်။ နိုင်ငံရေးအရ လုပ်ရှားမှု လုပ်တာကို လက်နက်ကိုင်တွေက ဖမ်းဆီးတာကတော့ မလုပ်သင့်တဲ့ အလုပ်လို့မြင်တယ်။ ဘယ်အဖွဲ့ကပဲ ဖမ်းဖမ်း ဥပဒေနဲ့ အညီနိုင်ငံရေး လုပ်တာကို လက်နက်ကိုင် တွေ ဖမ်းဆီးထားတာကတော့ လုံးဝမသင့်တော်တဲ့ လုပ်ရပ်ဖြစ်တယ်။ ကျနော်တို့အဖွဲ့ကတော့ လုံးဝရှုံ့ချတယ်။"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ တုန်းကလည်း ICJ မှာ တရားရင်ဆိုဖို့သွားတဲ့ ဒေါ်အောင်ဆန်း စုကြည် ထောက်ခံပွဲ ကျင်းပဖို့ စီစဉ်တဲ့ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဖမ်းဆီးထားစဉ် တိုက်ပွဲ ဖြစ်ပွားစဉ် အတွင်း လက်နက်ကြီး ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

XS
SM
MD
LG