သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္၊ ပလက္ဝ တုိက္ပြဲေတြေၾကာင့္ အရပ္သားထိခိုက္မႈ ျမင့္တက္


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။

(Zawgyi / Unicode)

ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ဒီကေန႔ ရေသ့ေတာင္ၿမိဳ႕နယ္ ရက္ခုန္းတိုင္ေခၚ သမီးလွရြာဘက္မွာ တိုက္ပြဲျဖစ္ပြားေနၿပီး ရြာအတြင္း ေနအိမ္တခ်ိဳ႕ မီးေလာင္သြားတယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။ ေဒသခံေတြကေတာ့ တပ္မေတာ္ေရတပ္ ပစ္ခတ္မႈေၾကာင့္ မီးေလာင္တာလို႔ ဆိုပါတယ္။ ဒါ့အျပင္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္နဲ႔ မင္းျပား ေက်ာက္ေတာ္ၿမိဳ႕နယ္ဘက္မွာလည္း ဒီကေန႔ တိုက္ပြဲျဖစ္ပြားေနဆဲလို႔ AA ဘက္က ေျပာပါတယ္။ ဒီလို ႏွစ္ဖက္တိုက္ပြဲအၾကား ကေလးငယ္ေတြ ထိခိုက္မႈေတြလည္း ရွိေနတဲ့ အေျခအေနကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာ ေဒသအေခၚ ရက္ခုန္းတိုင္ရြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ဒီမနက္မွာ တိုက္ပြဲျပင္းထန္ျဖစ္ပြားေနၿပီး ရက္ခုန္းတိုင္ရြာ မီးေလာင္သြားတယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးက ေျပာပါတယ္။

“ရေသ့ေတာင္ရဲ႕ေျမာက္ဘက္ ရက္ခုန္းတိုင္တို႔ အာကာေတာင္တို႔ ေျမာက္ဘက္မွာေတာ့ တိုက္ပြဲျဖစ္ေနတာ ရွိတယ္။ ရက္ခုန္းတိုင္ရြာကို AA က မီး႐ႈိ႕ၿပီးေတာ့မွ ထြက္ေျပးသြားတာရွိတယ္။ အခု မွတ္တမ္းဓာတ္ပုံေတြနဲ႔ က်ေနာ္တုိ႔ ႐ုိက္ထားတယ္။ အခု အဲဒီနားမွာ တိုက္ပြဲျဖစ္ေနတာရွိတယ္။”

ဒီကေန႔ ရေသ့ေတာင္ဘက္ျဖစ္ပြားတဲ့ တိုက္ပြဲအေျခအေနကိုေတာ့ မသိရေသးေပမယ့္ ရြာမီးေလာင္မႈ အေျခအေနကိုေတာ့ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ေမယုျမစ္ေၾကာင္းတေလွ်ာက္မွာ ကမ္းရဲ႕၀ဲယာကို အကုန္လုံး သူတို႔ ရမ္းသန္းပစ္ခတ္မႈေတြ ပစ္တဲ့အတြက္ေၾကာင့္မို႔လို႔ တခ်ိဳ႕ရြာေတြမွာ လက္နက္ႀကီးက်ည္ေတြ ထိၿပီးေတာ့ အိမ္ေတြမီးေလာင္တာ ရွိတယ္လို႔ေတာ့ သိရတာရွိတယ္။”

ရက္ခုန္းတိုင္ သမီးလွရြာေဟာင္း ရြာသားတဦးကေတာ့ ျမန္မာေရတပ္သေဘၤာကေန ပစ္ခတ္လို႔ မီးေလာင္တာလို႔ ေျပာပါတယ္။

“သမီးလွကို စစ္သေဘၤာေတြကေန ေသနတ္ေတြနဲ႔ပစ္လို႔ ရြာေတြမီးေလာင္သြားတယ္။ ဒီေန႔ ၁ နာရီခြဲေလာက္မွာေပါ့။”

ေဒသအတြင္း လူမႈအဖြဲ႔အစည္း တာ၀န္ရွိသူ ကိုဘကၠာကေတာ့ သမီးလွရြာ အထက္ပိုင္းမွာ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားေနၿပီး လက္နက္ႀကီးက်ေရာက္လို႔ အိမ္ ၈ အိမ္ေလာက္ မီးေလာင္သြားတယ္လို႔ ေျပာပါတယ္။

သမီးလွရြာေဟာင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔ မၾကာခန ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ရြာသားေတြ ရြာကေန တိမ္းေရွာင္ေနရတာ ၾကာၿပီျဖစ္ပါတယ္။

ဒီကေန႔မွာ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္ မင္းျပား ေက်ာက္ေတာ္ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြားေနဆဲလို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ဒီေန႔ ေဖေဖာ္၀ါရီ ၈ ရက္ေန႔မွာ ပလက္၀ၿမိဳ႕နယ္ မီးေခ်ာင္းတံတားနားက လက္နက္ႀကီးစခန္းနား တ၀ိုက္ေပါ့ေနာ္။ အဲဒီမွာေတာ့ တိုက္ပြဲဆက္ၿပီးေတာ့ ျဖစ္ေနတာရွိတယ္။ ရန္သူ႔ဆီကေနၿပီးေတာ့ ခဲယမ္းမီးေက်ာက္တခ်ိဳ႕ သိမ္းဆည္းရမိတာေတြ ရွိတယ္။ ဒီေန႔ မင္းျပားၿမိဳ႕နယ္ တိုင္းဗဟို ၉ ရဲ႕ အေရွ႕ဘက္ေတာင္တန္းမွာလည္းပဲ တိုက္ပြဲျဖစ္တာရွိတယ္။ ဒီ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာအနားတ၀ိုက္ေပါ့ေနာ္၊ ေဘးကေတာင္ကုန္းေပါ့။ အဲဒီေနရာမွာလည္းပဲ တိုက္ပြဲေတြကေတာ့ ျဖစ္ေနတယ္ဗ်။”

ရခုိင္ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕ ေရႊမင္းဂံတံတားအနီး ဒီေန႔နံနက္ပိုင္းက မိုင္းေပါက္ကြဲမႈတခု ျဖစ္ပြားခဲ့တယ္လို႔ စစ္ေတြၿမိဳ႕ခံ ဦးေအာင္ေဌးက ေျပာပါတယ္။

“မနက္ပိုင္း တပ္မေတာ္က ျပန္လာတဲ့ ယာဥ္တန္းနားမွာ ေပါက္တယ္လို႔ သတင္းၾကားတယ္။ အဲဒီဘက္ သြားလို႔မရလိုက္ေတာ့ဘူး။ ေနာက္ပိုင္း လမ္းေတြဘာေတြ ပိတ္ထားလိုက္တယ္ေလ။ လူေတြကေတာ့ အထိခိုက္မရွိဘူးလို႔ ေျပာတယ္။ သူတို႔က ေလာေလာဆယ္ ယာဥ္တန္းနားမွာ မိုင္းတလုံးကြဲသြားတယ္။ ေနာက္ ၂ လုံးကေတာ့ မကြဲဘဲနဲ႔ ဒီအတိုင္းေတြ႔တယ္လို႔ ထုတ္ျပန္ထားတာ ေတြ႔တယ္ဗ်။ မိုင္းရွင္းလင္းေရးအဖြဲ႔ေပါ့။ အဲဒီေနရာက ဘဂၤလားေဒ့ရွ္သြားေနတဲ့ ကုန္ပစၥည္းဆင္းတဲ့ေနရာေပါ့။ ေရႊမင္းဂံဆိပ္ကမ္းဆိုတာေလ။”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးက စစ္ေတြၿမိဳ႕ မိုင္းေပါက္ကြဲတာမွာ ထိခိုက္မႈမရွိဘူးလို႔ ေျပာပါတယ္။

“သူ႔ဟာကို အေ၀းကေနၿပီးေတာ့ ဆြဲတာ။ ဘာမွမျဖစ္ဘူး။”

ဒီဗုံးကြဲမႈမွာ ဘယ္အဖြဲ႔လက္ခ်က္ဆိုတာ အတည္မျပဳႏုိင္ေသးပါဘူး။ AA ေျပာခြင့္ရ ခိုင္သုခကေတာ့ စစ္ေတြဗုံးကြဲမႈ အေျခအေနကို မသိရွိေသးဘူးလို႔ ေျပာပါတယ္။

ဒီကေန႔မွာလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ငလွမ္းျပင္ေက်းရြာဘက္မွာ လက္နက္သံ ၾကားေနဆဲျဖစ္ၿပီး မေန႔ညက ပစ္ခတ္ခံရမႈမွာ ေက်ာင္းသူ ကေလးငယ္တဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ငလွမ္းျပင္ရြာသား ဦးစိန္ေက်ာ္က ေျပာပါတယ္။

“အခုပဲပစ္ေနတာ။ ရတဲ့ဘက္ကို လွမ္းပစ္ေနတာပဲ။ ဒီေန႔တာ့ ဟိုဘက္ဒိီဘက္ လွမ္းပစ္ေနတာ။ မေန႔ညကေတာ့ က်ေနာ္တုိ႔ရြာကို တည့္တည့္ႀကီးကိုပဲပစ္တာ။ မေနည ၇ နာရီေလာက္ရွိမယ္ထင္တယ္။ တိုက္ပြဲလည္းမရွိဘူးဗ်ာ။ အျပန္အလွန္ ဟုိဘက္ဒိီဘက္ပစ္တာလည္း မရွိဘူး။ ေမယုျမစ္ထဲက NAVY ကပစ္တာ။ ထိခိုက္မႈကေတာ့ ေက်ာင္းသူေလးတေယာက္ကေတာ့ ဒဏ္ရာရသြားတယ္။ သူ႔နာမည္က မခ်မ္းေအးၿဖိဳး။ အသက္ ၇ ႏွစ္ေလာက္ရွိၿပီ။ လက္နက္ငယ္ ဒဏ္ရာနဲ႔ ရသြားတာ။ ဒဏ္ရာရရခ်င္း ေစတီျပင္ကိုခ်သြားတာ။”

ဒီပစ္ခတ္မႈမွာ ျမန္မာေရတပ္ကေန ပစ္ခတ္တာလို႔ ေဒသခံေတြက ေျပာေပမယ့္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးက ငလွမ္းျပင္ေက်းရြာဘက္ တုိက္ပြဲျဖစ္တာ မရွိဘူးလို႔ ေျပာပါတယ္။

“ငလွမ္းျပင္ဘက္လား။ အဲဒါ ဘာမွမၾကားပါဘူး။”

ေဖေဖာ္၀ါရီလဆန္းကေန ဒီကေန႔အထိ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြ ရက္ဆက္ျဖစ္ပြားေနတာပါ။ ဒီတိုက္ပြဲျဖစ္စဥ္အတြင္း ေဒသခံရြာသားေတြ ထိခိုက္ဒဏ္ရာ ရရွိမႈေတြ ပိုမ်ားျပားလာသလို ေထာင္နဲ႔ခ်ီတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္က ရြာသားေတြလည္း စစ္ေဘးလြတ္ရာ တိမ္းေရွာင္ေနရပါတယ္။

တႏွစ္ေက်ာ္အၾကာ ျမန္မာစစ္တပ္နဲ႔ AA တို႔တိုက္ပြဲေၾကာင့္ ၿပီးခဲ့တဲ့လက စစ္ေရွာင္ ၁၀၆၀၀၀ ေက်ာ္ရွိေနသလို ဒီလအတြင္း ထပ္မံတိုးပြားလာေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး တာ၀န္ရွိသူေတြက ေျပာပါတယ္။

-----------------------------------

(Unicode)

ရသေ့တောင်၊ ပလက်ဝ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်မှု မြင့်တက်

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဒီကနေ့ ရသေ့တောင်မြို့နယ် ရက်ခုန်းတိုင်ခေါ် သမီးလှရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ရွာအတွင်း နေအိမ်တချို့ မီးလောင်သွားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒေသခံတွေကတော့ တပ်မတော်ရေတပ် ပစ်ခတ်မှုကြောင့် မီးလောင်တာလို့ ဆိုပါတယ်။ ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ မင်းပြား ကျောက်တော်မြို့နယ်ဘက်မှာလည်း ဒီကနေ့ တိုက်ပွဲဖြစ်ပွားနေဆဲလို့ AA ဘက်က ပြောပါတယ်။ ဒီလို နှစ်ဖက်တိုက်ပွဲအကြား ကလေးငယ်တွေ ထိခိုက်မှုတွေလည်း ရှိနေတဲ့ အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာ ဒေသအခေါ် ရက်ခုန်းတိုင်ရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီမနက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး ရက်ခုန်းတိုင်ရွာ မီးလောင်သွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ရသေ့တောင်ရဲ့မြောက်ဘက် ရက်ခုန်းတိုင်တို့ အာကာတောင်တို့ မြောက်ဘက်မှာတော့ တိုက်ပွဲဖြစ်နေတာ ရှိတယ်။ ရက်ခုန်းတိုင်ရွာကို AA က မီးရှို့ပြီးတော့မှ ထွက်ပြေးသွားတာရှိတယ်။ အခု မှတ်တမ်းဓာတ်ပုံတွေနဲ့ ကျနော်တို့ ရိုက်ထားတယ်။ အခု အဲဒီနားမှာ တိုက်ပွဲဖြစ်နေတာရှိတယ်။”

ဒီကနေ့ ရသေ့တောင်ဘက်ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကိုတော့ မသိရသေးပေမယ့် ရွာမီးလောင်မှု အခြေအနေကိုတော့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မေယုမြစ်ကြောင်းတလျှောက်မှာ ကမ်းရဲ့ဝဲယာကို အကုန်လုံး သူတို့ ရမ်းသန်းပစ်ခတ်မှုတွေ ပစ်တဲ့အတွက်ကြောင့်မို့လို့ တချို့ရွာတွေမှာ လက်နက်ကြီးကျည်တွေ ထိပြီးတော့ အိမ်တွေမီးလောင်တာ ရှိတယ်လို့တော့သိရတာရှိတယ်။”

ရက်ခုန်းတိုင် သမီးလှရွာဟောင်း ရွာသားတဦးကတော့ မြန်မာရေတပ်သင်္ဘောကနေ ပစ်ခတ်လို့ မီးလောင်တာလို့ ပြောပါတယ်။

“သမီးလှကို စစ်သင်္ဘောတွေကနေ သေနတ်တွေနဲ့ပစ်လို့ ရွာတွေမီးလောင်သွားတယ်။ ဒီနေ့ ၁ နာရီခွဲလောက်မှာပေါ့။”

ဒေသအတွင်း လူမှုအဖွဲ့အစည်း တာဝန်ရှိသူ ကိုဘက္ကာကတော့ သမီးလှရွာ အထက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျရောက်လို့ အိမ် ၈ အိမ်လောက် မီးလောင်သွားတယ်လို့ ပြောပါတယ်။

သမီးလှရွာဟောင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ မကြာခန ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရွာသားတွေ ရွာကနေ တိမ်းရှောင်နေရတာ ကြာပြီဖြစ်ပါတယ်။

ဒီကနေ့မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မင်းပြား ကျောက်တော်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေဆဲလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပလက်ဝမြို့နယ် မီးချောင်းတံတားနားက လက်နက်ကြီးစခန်းနား တဝိုက်ပေါ့နော်။ အဲဒီမှာတော့ တိုက်ပွဲဆက်ပြီးတော့ ဖြစ်နေတာရှိတယ်။ ရန်သူ့ဆီကနေပြီးတော့ ခဲယမ်းမီးကျောက်တချို့ သိမ်းဆည်းရမိတာတွေ ရှိတယ်။ ဒီနေ့ မင်းပြားမြို့နယ် တိုင်းဗဟို ၉ ရဲ့ အရှေ့ဘက်တောင်တန်းမှာလည်းပဲ တိုက်ပွဲဖြစ်တာရှိတယ်။ ဒီ ကျောက်တော်မြို့နယ် တင်းမရွာအနားတဝိုက်ပေါ့နော်၊ ဘေးကတောင်ကုန်းပေါ့။ အဲဒီနေရာမှာလည်းပဲ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်ဗျ။”

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ ရွှေမင်းဂံတံတားအနီး ဒီနေ့နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ စစ်တွေမြို့ခံ ဦးအောင်ဌေးက ပြောပါတယ်။

“မနက်ပိုင်း တပ်မတော်က ပြန်လာတဲ့ ယာဉ်တန်းနားမှာ ပေါက်တယ်လို့ သတင်းကြားတယ်။ အဲဒီဘက် သွားလို့မရလိုက်တော့ဘူး။ နောက်ပိုင်း လမ်းတွေဘာတွေ ပိတ်ထားလိုက်တယ်လေ။ လူတွေကတော့ အထိခိုက်မရှိဘူးလို့ ပြောတယ်။ သူတို့က လောလောဆယ် ယာဉ်တန်းနားမှာ မိုင်းတလုံးကွဲသွားတယ်။ နောက် ၂ လုံးကတော့ မကွဲဘဲနဲ့ ဒီအတိုင်းတွေ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့တယ်ဗျ။ မိုင်းရှင်းလင်းရေးအဖွဲ့ပေါ့။ အဲဒီနေရာက ဘင်္ဂလားဒေ့ရှ်သွားနေတဲ့ ကုန်ပစ္စည်းဆင်းတဲ့နေရာပေါ့။ ရွှေမင်းဂံဆိပ်ကမ်းဆိုတာလေ။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက စစ်တွေမြို့ မိုင်းပေါက်ကွဲတာမှာ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

“သူ့ဟာကို အဝေးကနေပြီးတော့ ဆွဲတာ။ ဘာမှမဖြစ်ဘူး။”

ဒီဗုံးကွဲမှုမှာ ဘယ်အဖွဲ့လက်ချက်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ AA ပြောခွင့်ရ ခိုင်သုခကတော့ စစ်တွေဗုံးကွဲမှု အခြေအနေကို မသိရှိသေးဘူးလို့ ပြောပါတယ်။

ဒီကနေ့မှာလည်း ဘူးသီးတောင်မြို့နယ် ငလှမ်းပြင်ကျေးရွာဘက်မှာ လက်နက်သံ ကြားနေဆဲဖြစ်ပြီး မနေ့ညက ပစ်ခတ်ခံရမှုမှာ ကျောင်းသူ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ငလှမ်းပြင်ရွာသား ဦးစိန်ကျော်က ပြောပါတယ်။

“အခုပဲပစ်နေတာ။ ရတဲ့ဘက်ကို လှမ်းပစ်နေတာပဲ။ ဒီနေ့တာ့ ဟိုဘက်ဒီဘက် လှမ်းပစ်နေတာ။ မနေ့ညကတော့ ကျနော်တို့ရွာကို တည့်တည့်ကြီးကိုပဲပစ်တာ။ မနေည ၇ နာရီလောက်ရှိမယ်ထင်တယ်။ တိုက်ပွဲလည်းမရှိဘူးဗျာ။ အပြန်အလှန် ဟိုဘက်ဒီဘက်ပစ်တာလည်း မရှိဘူး။ မေယုမြစ်ထဲက NAVY ကပစ်တာ။ ထိခိုက်မှုကတော့ ကျောင်းသူလေးတယောက်ကတော့ ဒဏ်ရာရသွားတယ်။ သူ့နာမည်က မချမ်းအေးဖြိုး။ အသက် ၇ နှစ်လောက်ရှိပြီ။ လက်နက်ငယ် ဒဏ်ရာနဲ့ ရသွားတာ။ ဒဏ်ရာရရချင်း စေတီပြင်ကိုချသွားတာ။”

ဒီပစ်ခတ်မှုမှာ မြန်မာရေတပ်ကနေ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပေမယ့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငလှမ်းပြင်ကျေးရွာဘက် တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။

“ငလှမ်းပြင်ဘက်လား။ အဲဒါ ဘာမှမကြားပါဘူး။”

ဖေဖော်ဝါရီလဆန်းကနေ ဒီကနေ့အထိ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတာပါ။ ဒီတိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ပိုများပြားလာသလို ထောင်နဲ့ချီတဲ့ ရသေ့တောင်မြို့နယ်က ရွာသားတွေလည်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

တနှစ်ကျော်အကြာ မြန်မာစစ်တပ်နဲ့ AA တို့တိုက်ပွဲကြောင့် ပြီးခဲ့တဲ့လက စစ်ရှောင် ၁၀၆၀၀၀ ကျော်ရှိနေသလို ဒီလအတွင်း ထပ်မံတိုးပွားလာနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG