သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ဘက္ တိုက္ပြဲေၾကာင့္ ေဒသခံ ၂,၀၀၀ ေက်ာ္ ထြက္ေျပးေနရ


၂၀၁၉ ဇြန္လတုန္းက ထြက္ေျပးလာတဲ့ စစ္ေရွာင္ျပည္သူမ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ၊ ရေသ့ေတာင္ၿမိဳ႕နယ္ အတြင္း ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႕ ၾကား လတ္တေလာ ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ျပိန္းေတာေက်းရြာအုပ္စု မွာ ေနထို္င္ၾကတဲ့ရြာသား ၂၀၀၀ ေလာက္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

တိုက္ပြဲေတြၾကား အရပ္သားေတြ ပိတ္မိေနတာေတြ ရွိသလို ထိခိုက္ဒဏ္ရာရတာေတြလည္း ရွိပါတယ္။ ဒီအေၾကာင္း ဗီြအုိေအသတင္းေထာက္ ႏုိင္ကြန္းအိမ္က သတင္းေပးပို႔ထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေရစိုးေခ်ာင္းဘက္မွာ ျမန္မာ့တပ္မေတာ္နဲ႕ ရခိုင္လက္နက္ ကိုင္ AAအဖြဲ႕တို႕ ၾကား မၾကာေသးခင္ကပဲ တိုက္ပြဲေတြ ျဖစ္ခဲ့သလို ေနာက္ပိုင္းမွာလည္း လက္နက္ႀကီးေတြနဲ႕ပစ္ခတ္ေနမႈေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ျပိန္းေတာေက်းရြာ အုပ္စု ၄ ရြာက ရြာသား ၂၀၀၀ နီးပါး နီးစပ္ရာေက်းရြာေတြကို ထြက္ေျပးေနရတယ္လို႕ ျပိန္းေတာေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရး အဖြဲ႕၀င္ တဦးက ေျပာပါတယ္။

“တိုက္ပြဲမျဖစ္ဘဲနဲ႕အခု ရေသ့ေတာင္တပ္ရင္းရယ္ ေရစိုးေခ်ာင္းဗ်ဴဟာကရယ္ လက္နက္ႀကီးေတြနဲ႕ လွမ္းပစ္ေန တယ္။ ရြာမွာအဖြားႀကီးနဲ႕မိန္းကေလးေတြနည္းနည္းပဲ ရွိေတာ့တယ္။ ေယာက်ာ္းေတြက က်န္တဲ့လူက မရွိေတာ့ဘူးေလ။ ျပိန္းေတာမွာ က အကုန္လုံးမွာက လူဦးေရကေတာ့ တေထာင္ေက်ာ္ ေလာက္ရွိမွာေပါ့ေလ။ ဒီကုလားေခ်ာင္းမွာက်ေတာ့ ရြာမွာ က်န္တဲ့ အေရအတြက္ေပါ့ ၆၀ ေက်ာ္ေလာက္ပဲ ရွိတယ္။ ရြာမွာ။ ၂ ရြာ လုံးဆိုရင္ ၁၀၀၀ ေလာက္ေတာ့ ရွိမယ္ထင္တယ္။ အခု လက္နက္ႀကီး အပစ္ခံေနရတဲ့ ရြာက်ေတာ့ မညွင္းေတာင္ရြာ။ အဲဒီရြာက တေယာက္မွ မရွိေတာ့ဘူး။ ျပိန္းေတာေက်းရြာ အုပ္စုထဲက ျပိန္းေတာရယ္၊ ကုလားေခ်ာင္းရယ္၊ အညွင္းေတာင္ ပိန္းေတာကုန္တန္း ၄ ရြာ ပါတယ္။ အဲဒီ ၄ ရြာေပါင္းလို႕ က်ေတာ့ ၂၀၀၀ ၀န္းက်င္ေလာက္ ရွိမယ္။ နီးစပ္ရာကို ထြက္ေျပးေနရ တယ္။”

ရခိုင္စစ္ေဘးေ႐ွာင္ တသိန္းေက်ာ္ရွိ သတင္းကိုဖတ္ရႈႏိုင္ပါၿပီ။

အဲဒီေဒသမွာ ေဖေဖာ္ဝါရီလ ၂ ရက္ တနဂၤေႏြေန႔ အထိ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနခဲ့တယ္လို႕ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ေဖေဖၚ၀ါရီ ၂ ရက္ေန႕မွာေတာ့ ေရစိုးေခ်ာင္းဘက္မွာပဲ ျဖစ္တယ္။ ေရစိုးေခ်ာင္းရဲ႕ အေနာက္ေတာင္ဘက္ မိီတာ ၅,၀၀၀ ေလာက္မွာ ျဖစ္ပြားတယ္။ ၁ ရက္ေန႕ကေတာ့ ေရစိုးေခ်ာင္းဘက္က က်ေနာ္တို႕ ပစ္ခဲ့တာေတြရွိပါတယ္။ အဲဒီမွာေတာ့ ရန္သူ႕ဆီက က်ေနာ္တို႕အေလာင္းလက္နက္ ရလိုက္တာ ရွိပါတယ္။ က်ေနာ္တို႔ဆီကလည္း ဒဏ္ရာရ လိုက္သူ ၂ ေယာက္ရွိပါတယ္။"

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရခိုင္သုခကလည္း ရေသ့ေတာင္ျမိဳ႕နယ္အတြင္း ေဖေဖၚ၀ါရီ ၁ ရက္ေန႕တုန္းက တိုက္ပြဲျဖစ္ၿပီး ႏွစ္ဘက္ထိခိုက္မႈ ရွိခဲ့တယ္လို႕ အတည္ျပဳေျပာပါတယ္။

တိုက္ပြဲေတြေၾကာင့္ ျပိန္းေတာေက်းရြာအုပ္စုထဲက ျပိန္းေတာ၊ ကုလားေခ်ာင္း၊ ပိန္းေတာကုန္တန္း၊ မညွင္းေတာင္ စတဲ့ရြာေတြက ရြာသားေတြ ဟာ နီးစပ္ရာ ေအာင္စည္ကုန္း၊ ကံျပင္၊ စဖိုကြ်န္းေက်းရြာနဲ႕ ျပင္ဝန္းေက်းရြာတို႕ဘက္ကို ထြက္ေျပးေန ၾကတာပါ။ ဒီ ၄ ရြာ အတြင္းမွာလည္း ပိတ္မိေနသူ သက္ၾကီးရြယ္အိုနဲ႕ အမ်ိဳးသမီးကေလးေတြလည္း ရွိေနတာမို႕ သူတို႕ အတြက္ စိုးရိမ္ေနရ တယ္လို႕ ရေသ့ေတာင္ျမိဳ႕နယ္ လူမႈကူညီေရးအဖြဲ႕က ကိုဘကၠာကေျပာ ပါတယ္။

“အခု ကုလားေခ်ာင္းရြာမွာ အေယာက္ ၄၀ ေက်ာ္ ပိတ္မိေနတာ ရွိတယ္။ ပိတ္မိေနတယ္ဆိုတာ အဲဒီ ကုလားေခ်ာင္းမွာ ျမန္မာ့ တပ္မေတာ္က အထိုင္လုပ္ထား တယ္ေလ။ သူတို႕ရဲ႕ စားေရးေသာက္ေရး အေျခအေနကလဲ စိုးရိမ္ရတဲ့ အေျခအေန ရွိတယ္။ မညွင္းေတာင္မွာ ၁၅ ေယာက္။ ျပိန္းေတာမွာေတာ့ နည္းနည္းမ်ားတယ္။ ၁၀၀ ေက်ာ္ ၂၀၀ ေလာက္ေတာ့ ရွိမယ္။ တပ္မေတာ္ စစ္ေၾကာင္းရွိေတာ့ က်ေနာ္တို႕ ဘယ္သူမွ ၀င္ထြက္လို႕ မရဘုူး အဲဒီရြာကို။ က်န္တဲ့လူေတြ ကလဲ မေျပး နိုင္တဲ့ လူေတြ။ အဲဒီလိုမ်ိဳး။ သက္ႀကီး ရြယ္အိူေတြ ကေလးေလးေတြ မိန္းမေတြ အဲဒီလိုမ်ိဳး က်န္ခဲ့တာ။”

ရေသ့ေတာင္ၿမိဳ႕နယ္ ပိန္းေတာကုန္တန္းရြာက ေက်ာင္းဆရာမ တဦး လည္း လက္နက္ၾကီး ထိမွန္လို႕ စစ္ေတြ ေဆးရံုကို အေရးေပၚပို႕ေဆာင္ခဲ့ရတယ္လို႕ လူမႈကူညီေရးအဖြဲ႕က ကိုဘကၠာ က ေျပာပါတယ္။

“မူလတန္းျပ ဆရာမ အသက္ ၂၈ ႏွစ္ ခင္ေဌး၀င္း နာမည္က။ မူျပဆရာ။ သူ႕ရဲ႕ဘယ္ ဘက္ႏို႔အုံနဲ႕ ဂ်ိဳင္းၾကားက လက္နက္ႀကီး အဆံ၀င္ျပီးေတာ့ ေနာက္က ေက်ာကုန္း လက္အနား ေဖာက္ထြက္သြားတယ္။ အဲတာကို က်ေနာ္တို႕ မေန႕ကတည္းက ယူၿပီး ရေသ့ေတာင္ေဆးရံုမွာ ကုသမႈ လုပ္တယ္။ ရေသ့ေတာင္ ေဆးရံုက စစ္ေတြကို အေရးေပၚ ညတြင္းခ်င္း လာတယ္ဗ်ာ။ အဲဒီဆရာမေလး ကံေကာင္းတာက သူက အဆုတ္ကိုလည္း မထိဘူး၊ အရိုးကိုလဲ မထိ ဘူး။ လက္နက္ႀကီးက ေဖာက္ထြက္သြားယုံပဲ။ မစိုးရိမ္ရဘူး ျဖစ္သြား တယ္။”

ရခိုင္ျပည္နယ္အတြင္း ျမန္မာ့စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကားျဖစ္ပြားတဲ့ တိုက္ပြဲေတြမွာ အရပ္သားေတြ ထိခိုက္မႈေတြ ပိုမ်ားေနတာပါ။ မေန႕ကလည္း ေက်ာက္ေတာ္ျမိဳ႕အတြင္း လက္နက္ၾကီး ပစ္ခတ္မႈခံရတာေၾကာင့္ အမ်ိဳးသမီး တဦး ေသဆုံးျပီး အမ်ိဳးသား ၃ ဦး ထိခိုက္ ဒဏ္ရာ ရရွိခဲ့ပါတယ္။ ဒီပစ္ခတ္မႈဟာ ျမန္မာစစ္တပ္ဘက္က ပစ္ခတ္တာလို႕ ကာယကံရွင္ေတြက ေျပာေပမဲ့ တပ္မေတာ္ဘက္ကေတာ့ ဒီျဖစ္စဥ္ကို မသိရေသးဘူး လို႕ေျပာပါတယ္။ ျပီးခဲ့တဲ့ေဖေဖာ္ဝါရီ ၂ ရက္ေန႔ကရေသ့ေတာင္ျမိဳ႕နယ္ ၿပိန္းေတာေက်းရြာထဲကို လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲလို႕ ေက်းရြာသား ၃ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။

ျမန္မာစစ္တပ္နဲ႕AA တို႕တႏွစ္ေက်ာ္အၾကာ တိုက္ပြဲျဖစ္စဥ္အတြင္း အရပ္သား ၁၂၀ ေက်ာ္ ေသဆုံးခဲ့ျပီးေတာ့ ၂၃၀ ေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႕ ရခိုင္လူမႈ အဖြဲ႕အစည္းေတြ ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................

ရသေ့တောင်ဘက် တိုက်ပွဲကြောင့် ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရ

(Unicode)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ကြား လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြိန်းတောကျေးရွာအုပ်စု မှာ နေထိုင်ကြတဲ့ရွာသား ၂၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
တိုက်ပွဲတွေကြား အရပ်သားတွေ ပိတ်မိနေတာတွေ ရှိသလို ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်းဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက် ကိုင် AAအဖွဲ့တို့ ကြား မကြာသေးခင်ကပဲ တိုက်ပွဲတွေ ဖြစ်ခဲ့သလို နောက်ပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေမှုကြောင့် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာ အုပ်စု ၄ ရွာက ရွာသား ၂၀၀၀ နီးပါး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေရတယ်လို့ ပြိန်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ပြောပါတယ်။
“တိုက်ပွဲမဖြစ်ဘဲနဲ့အခု ရသေ့တောင်တပ်ရင်းရယ် ရေစိုးချောင်းဗျူဟာကရယ် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေ တယ်။ ရွာမှာအဖွားကြီးနဲ့မိန်းကလေးတွေနည်းနည်းပဲ ရှိတော့တယ်။ ယောကျာ်းတွေက ကျန်တဲ့လူက မရှိတော့ဘူးလေ။ ပြိန်းတောမှာ က အကုန်လုံးမှာက လူဦးရေကတော့ တထောင်ကျော် လောက်ရှိမှာပေါ့လေ။ ဒီကုလားချောင်းမှာကျတော့ ရွာမှာ ကျန်တဲ့ အရေအတွက်ပေါ့ ၆၀ ကျော်လောက်ပဲ ရှိတယ်။ ရွာမှာ။ ၂ ရွာ လုံးဆိုရင် ၁၀၀၀ လောက်တော့ ရှိမယ်ထင်တယ်။ အခု လက်နက်ကြီး အပစ်ခံနေရတဲ့ ရွာကျတော့ မညှင်းတောင်ရွာ။ အဲဒီရွာက တယောက်မှ မရှိတော့ဘူး။ ပြိန်းတောကျေးရွာ အုပ်စုထဲက ပြိန်းတောရယ်၊ ကုလားချောင်းရယ်၊ အညှင်းတောင် ပိန်းတောကုန်တန်း ၄ ရွာ ပါတယ်။ အဲဒီ ၄ ရွာပေါင်းလို့ ကျတော့ ၂၀၀၀ ဝန်းကျင်လောက် ရှိမယ်။ နီးစပ်ရာကို ထွက်ပြေးနေရ တယ်။”

ရခိုင်စစ်ဘေးရှောင် တသိန်းကျော်ရှိ သတင်းကိုဖတ်ရှုနိုင်ပါပြီ။

အဲဒီဒေသမှာ ဖေဖော်ဝါရီလ ၂ ရက် တနင်္ဂနွေနေ့ အထိ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာတော့ ရေစိုးချောင်းဘက်မှာပဲ ဖြစ်တယ်။ ရေစိုးချောင်းရဲ့ အနောက်တောင်ဘက် မီတာ ၅,၀၀၀ လောက်မှာ ဖြစ်ပွားတယ်။ ၁ ရက်နေ့ကတော့ ရေစိုးချောင်းဘက်က ကျနော်တို့ ပစ်ခဲ့တာတွေရှိပါတယ်။ အဲဒီမှာတော့ ရန်သူ့ဆီက ကျနော်တို့အလောင်းလက်နက် ရလိုက်တာ ရှိပါတယ်။ ကျနော်တို့ဆီကလည်း ဒဏ်ရာရ လိုက်သူ ၂ ယောက်ရှိပါတယ်။"

ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရခိုင်သုခကလည်း ရသေ့တောင်မြို့နယ်အတွင်း ဖေဖေါ်ဝါရီ ၁ ရက်နေ့တုန်းက တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှု ရှိခဲ့တယ်လို့ အတည်ပြုပြောပါတယ်။

တိုက်ပွဲတွေကြောင့် ပြိန်းတောကျေးရွာအုပ်စုထဲက ပြိန်းတော၊ ကုလားချောင်း၊ ပိန်းတောကုန်တန်း၊ မညှင်းတောင် စတဲ့ရွာတွေက ရွာသားတွေ ဟာ နီးစပ်ရာ အောင်စည်ကုန်း၊ ကံပြင်၊ စဖိုကျွန်းကျေးရွာနဲ့ ပြင်ဝန်းကျေးရွာတို့ဘက်ကို ထွက်ပြေးနေ ကြတာပါ။ ဒီ ၄ ရွာ အတွင်းမှာလည်း ပိတ်မိနေသူ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးကလေးတွေလည်း ရှိနေတာမို့ သူတို့ အတွက် စိုးရိမ်နေရ တယ်လို့ ရသေ့တောင်မြို့နယ် လူမှုကူညီရေးအဖွဲ့က ကိုဘက္ကာကပြော ပါတယ်။

“အခု ကုလားချောင်းရွာမှာ အယောက် ၄၀ ကျော် ပိတ်မိနေတာ ရှိတယ်။ ပိတ်မိနေတယ်ဆိုတာ အဲဒီ ကုလားချောင်းမှာ မြန်မာ့ တပ်မတော်က အထိုင်လုပ်ထား တယ်လေ။ သူတို့ရဲ့ စားရေးသောက်ရေး အခြေအနေကလဲ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်။ မညှင်းတောင်မှာ ၁၅ ယောက်။ ပြိန်းတောမှာတော့ နည်းနည်းများတယ်။ ၁၀၀ ကျော် ၂၀၀ လောက်တော့ ရှိမယ်။ တပ်မတော် စစ်ကြောင်းရှိတော့ ကျနော်တို့ ဘယ်သူမှ ဝင်ထွက်လို့ မရဘုူး အဲဒီရွာကို။ ကျန်တဲ့လူတွေ ကလဲ မပြေး နိုင်တဲ့ လူတွေ။ အဲဒီလိုမျိုး။ သက်ကြီး ရွယ်အိူတွေ ကလေးလေးတွေ မိန်းမတွေ အဲဒီလိုမျိုး ကျန်ခဲ့တာ။”

ရသေ့တောင်မြို့နယ် ပိန်းတောကုန်တန်းရွာက ကျောင်းဆရာမ တဦး လည်း လက်နက်ကြီး ထိမှန်လို့ စစ်တွေ ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့က ကိုဘက္ကာ က ပြောပါတယ်။

“မူလတန်းပြ ဆရာမ အသက် ၂၈ နှစ် ခင်ဌေးဝင်း နာမည်က။ မူပြဆရာ။ သူ့ရဲ့ဘယ် ဘက်နို့အုံနဲ့ ဂျိုင်းကြားက လက်နက်ကြီး အဆံဝင်ပြီးတော့ နောက်က ကျောကုန်း လက်အနား ဖောက်ထွက်သွားတယ်။ အဲတာကို ကျနော်တို့ မနေ့ကတည်းက ယူပြီး ရသေ့တောင်ဆေးရုံမှာ ကုသမှု လုပ်တယ်။ ရသေ့တောင် ဆေးရုံက စစ်တွေကို အရေးပေါ် ညတွင်းချင်း လာတယ်ဗျာ။ အဲဒီဆရာမလေး ကံကောင်းတာက သူက အဆုတ်ကိုလည်း မထိဘူး၊ အရိုးကိုလဲ မထိ ဘူး။ လက်နက်ကြီးက ဖောက်ထွက်သွားယုံပဲ။ မစိုးရိမ်ရဘူး ဖြစ်သွား တယ်။”

ရခိုင်ပြည်နယ်အတွင်း မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေ ထိခိုက်မှုတွေ ပိုများနေတာပါ။ မနေ့ကလည်း ကျောက်တော်မြို့အတွင်း လက်နက်ကြီး ပစ်ခတ်မှုခံရတာကြောင့် အမျိုးသမီး တဦး သေဆုံးပြီး အမျိုးသား ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တာလို့ ကာယကံရှင်တွေက ပြောပေမဲ့ တပ်မတော်ဘက်ကတော့ ဒီဖြစ်စဉ်ကို မသိရသေးဘူး လို့ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂ ရက်နေ့ကရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ကျေးရွာသား ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့AA တို့တနှစ်ကျော်အကြာ တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သား ၁၂၀ ကျော် သေဆုံးခဲ့ပြီးတော့ ၂၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရခိုင်လူမှု အဖွဲ့အစည်းတွေ ကပြောပါတယ်။

XS
SM
MD
LG