သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပလက္ဝနဲ႔ ရခိုင္ျပည္ၿမိဳ႕နယ္ ၈ ခုမွာ အင္တာနက္ပိတ္


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ရွိ ေရွးေဟာင္းေစတီပုထိုးမ်ား (ႏို၀င္ဘာ၊ ၀၈၊ ၂၀၁၂)

(Zawgyi/Unicode)

စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ေျမာက္ပိုင္းက ဘူးသီးေတာင္ ေမာင္ေတာအပါအဝင္ ၿမိဳ႕နယ္ ရွစ္ခုမွာ တနလၤာေန႔က စၿပီး အင္တာနက္ ဆက္သြယ္ေရး ယာယီ ပိတ္လိုက္ပါတယ္။ အခုလို အင္တာနက္ဆက္သြယ္ေရးကို ပိတ္လိုက္တာဟာ ေဒသတြင္းကသတင္းေတြ အျပင္ကို မေရာက္ေအာင္ သတင္းေမွာင္ခ်ဖို႔ ႀကိဳးစားတာ ျဖစ္တယ္ဆိုၿပီး ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာနဲ႔ ေျမပံုၿမိဳ႕နယ္ေတြကို မေန႔က ည ၁၀ နာရီဝန္းက်င္ ေလာက္မွာ အင္တာနက္ လိုင္းျဖတ္ေတာက္ခဲ့တာပါ။

စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းက ေဒသတစ္ခ်ိဳ႕ကို အခုလို အင္တာနက္လိုင္း ျဖတ္ေတာက္ၿပီး ေဒသအတြင္း သတင္းေတြကို အေမွာင္ခ်ဖို႔ ႀကိဳးစားတာေၾကာင့္ ေဒသခံေတြအေနနဲ႔ စိုးရိမ္ေနၾကတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ေဒသခံ တဦးျဖစ္တဲ့ ကိုဝင္းႏိုင္က ေျပာပါတယ္။

"က်ေနာ္တို႔ဘက္မွာ အခုက ဒုတိယအႀကိမ္ေပါ့ေနာ္။ က်ေနာ္တို႔ အင္တာနက္ ျဖတ္ေတာက္ခံရတာ။ ပထမတစ္ႀကိမ္လည္း က်ေနာ္တို႔ ဘူးသီးေတာင္ ေမာင္ေတာ ရေသ့ေတာင္ေပါ့ေနာ္။ ပိတ္လိုက္တယ္။ ၿပီးေတာ့ ျပန္ဖြင့္တယ္။ အခုျပန္ပိတ္တယ္။ အခက္အခဲေတြကေတာ့ နယ္ေတြမွာက တိုက္ပြဲက ေန႔တိုင္းလိုလို ျဖစ္ေနတယ္။ ဒီေဒသရဲ႕ အေျခအေနကလည္း က်ေနာ္တို႔ လြန္ခဲ့တဲ့ ၂၀၁၂ ကတည္းက ဘူးသီးေတာင္ ေမာင္ေတာ ဆိုတာက conflict - ဧရိယာတစ္ခု ျဖစ္ေနတယ္။ အဲဒီတုန္းကေတာ့ သတင္းအခ်က္အလက္ေတြကို လူမႈကြန္ယွက္ေပၚမွာ အမ်ားႀကီး ဖတ္ရတယ္ေလ။ တစ္ကမၻာလံုးကလည္း ဒီေဒသမွာျဖစ္ေနတဲ့ အခက္အခဲေတြကို သိတယ္ေပါ့ေနာ္။ အခုအင္တာနက္လိုင္း ျဖတ္လိုက္ေတာ့ သတင္းေတြကို အေမွာင္ခ်လိုက္သလို ျဖစ္သြားတာေပါ့ေနာ္။"

စစ္ပြဲေတြ ျဖစ္ပြားေနတဲ့ ေဒသေတြအတြက္ သတင္းအခ်က္အလက္ေတြ သိရဖို႔ သိပ္ကို အေရးႀကီးေနတာ ေၾကာင့္ အခုလို အင္တာနက္လိုင္း ျဖစ္ေတာက္လိုက္တာဟာ မျဖစ္သင့္ဘူးလို႔လည္း ပလက္ဝေဒသခံ ကိုထြန္းလင္းက ေျပာပါတယ္။

"သတင္းကို မသိႏိုင္ေတာ့ က်ေနာ္တို႔ ဘယ္လိုမွ ေျပာလို႔မရဘူးေလ။ ဘယ္လိုမွ ထုတ္ေျပာလို႔မရ၊ ဖတ္လို႔လည္းမရ၊ ေရးလို႔လည္းမရ သတင္းမရေတာ့ က်ေနာ့္အတြက္ေတာ့ အမ်ားႀကီးအခက္ အခဲရွိတာ ေပါ့ေနာ္။ အင္တာနက္လည္း သံုးမရ ဖုန္းလိုင္းပဲ သံုးလို႔ရတယ္ ဆိုေတာ့ေလ။"

ရခိုင္ျပည္နယ္မွာ အင္တာနက္ ျဖတ္ေတာက္လိုက္တာနဲ႔ ပတ္သတ္ၿပီး ျပည္နယ္အစိုးရကို တစ္စံုတစ္ရာ အေၾကာင္းၾကားတာ မရွိဘူးလို႔လည္း ရခိုင္ျပည္နယ္ နယ္စပ္ေရးရာ လံုၿခံဳေရးဝန္ႀကီး ဗုိလ္မွဴးႀကီး မင္းသန္းက ေျပာပါတယ္။

"အဲတာေတာ့ ျပည္ေထာင္စုက လုပ္တာထင္တယ္။ က်ေနာ္တို႔လည္း မသိဘူး။ အေၾကာင္းလည္း မၾကားဘူးဗ်ာ။"

ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္အပါအဝင္ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၈ ခုကို ဆက္သြယ္ေရးဆိုင္ရာ ဥပေဒနဲ႔ အညီ ညြန္ၾကားခ်က္အရ အင္တာနက္ ဝန္ေဆာင္မႈ ယာယီရပ္ဆိုင္းလိုက္တာ ျဖစ္တယ္လို႔လည္း ျမန္မာဆက္သြယ္ေရး လုပ္ငန္းတစ္ခုျဖစ္တဲ့ Myanmar Posts and Telecommunications (MPT) က မမို႔သြယ္က ေျပာပါတယ္။

"ရခိုင္ျပည္နယ္ရယ္၊ ခ်င္းျပည္နယ္ရယ၊္ ရခိုင္ျပည္နယ္မွာဆုိရင္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ပုဏၰားကြ်န္း၊ ေျမာက္ဦး၊ ေက်ာက္ေတာ္ မင္းျပားနဲ႔ ေျမပံု ေပါ့။ ခ်င္းျပည္နယ္မွာဆိုရင္ ပလက္ဝေပါ့ေနာ္။ အဲတာ ေတြကို အင္တာနက္ လိုင္းယာယီရပ္ဆိုင္းထားတာပါ။ အဲတာကေတာ့ ဆက္ေရးဆိုင္ရာ ဥပေဒနဲ႔ အညီ ညြန္ၾကား ခ်က္ အရ က်မတို႔အေနနဲ႔ အင္တာနက္ ဝန္ေဆာင္မႈကို ယာယီရပ္ဆိုင္းလိုက္တာပဲ ျဖစ္ပါတယ္။"

စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ အခုလိုအင္တာနက္ လိုင္းျဖတ္ေတာက္လိုက္တာဟာ အစိုးရတစ္ရပ္ အေနနဲ႔ မလုပ္သင့္တဲ့ အလုပ္ကို လုပ္ေနတာျဖစ္တယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

"အင္တာနက္ ျဖတ္ေတာက္လိုက္ေတာ့ သြားေရးလာေရး၊ က်န္းမာေရး အကုန္အခက္အခဲ ရွိတာေပါ့။ အခုက ဘယ္လိုအေျခအေနရွိေနလဲဆိုေတာ့ စစ္ျဖစ္ေနတယ္။ စစ္ျဖစ္ေနေတာ့ အခုက အင္တာနက္ သတင္းကိုပဲ အေျခခံၿပီးေတာ့ အလုပ္လုပ္ေနၾကတာ။ ဥပမာ ရြာေတြမွာ ဒုကၡျဖစ္တယ္။ တိုက္ပြဲျဖစ္ေတာ့ တိုက္ပြဲေရွာင္ေတြ ဘယ္ေနရာကို ေရာက္ေနၿပီ ဘယ္လိုကူညီေပးရမယ္ ဆိုတာကို အင္တာနက္ကပဲ ဆက္သြယ္ေနၾကတာ။ ၿပီးေတာ့ ဘယ္ရြာမွာ ဘယ္သူက က်ည္ဒဏ္ရာ ရတယ္။ အဲဒီလူေတြ ဘယ္ေနရာမွာ ဘယ္ႏွစ္ေယာက္ ေရာက္ေနတယ္။ အဲတာကို ဘယ္အဖြဲ႔ေတြက ကူညီမယ္ ဆိုၿပီးေတာ့ အင္တာနက္နဲ႔ပဲ အလုပ္လုပ္ေနၾကတာ အဲတာကို သတင္းပိတ္လိုက္ေတာ့အခက္အခဲ အမ်ားႀကီးရွိလာတယ္။ ဒါဟာ အစိုးရတစ္ရပ္အေနနဲ႔ မလုပ္သင့္ မလုပ္ထိုက္တာ ဘာေၾကာင့္လုပ္ရတယ္ ဆိုတာကိုလည္း ႀကိဳတင္အသိေပးတာ မရွိဘူး။"

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပားနဲ႔ ပုဏၰားၿမိဳ႕နယ္ေတြကို ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ဇြန္လ ၂၂ ရက္ေန႔က အင္တာနက္ လိုင္းျဖတ္ေတာက္ခဲ့တာ ျဖစ္ၿပီး စက္တင္ဘာလ တရက္ေန႔ကမွ ျပန္ဖြင့္ေပးခဲ့တာ ျဖစ္ပါတယ္။

အခုလို အင္တာနက္လိုင္း ျဖတ္ေတာက္လိုက္တာဟာေဒသအတြင္း ျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡကို ပိုၿပီးေတာ့ ဆိုးရြားေစႏိုင္သလို ျပည္သူလူထုအတြက္ ဆိုးက်ိဳးေတြ ပိုမ်ားလာႏိုင္တယ္လို႔ ႏိုင္ငံေရးေလ့လာ သံုးသပ္သူေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပလက်ဝနဲ့ ရခိုင်ပြည်မြို့နယ် ၈ ခုမှာ အင်တာနက်ပိတ်

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင် မောင်တောအပါအဝင် မြို့နယ် ရှစ်ခုမှာ တနင်္လာနေ့က စပြီး အင်တာနက် ဆက်သွယ်ရေး ယာယီ ပိတ်လိုက်ပါတယ်။ အခုလို အင်တာနက်ဆက်သွယ်ရေးကို ပိတ်လိုက်တာဟာ ဒေသတွင်းကသတင်းတွေ အပြင်ကို မရောက်အောင် သတင်းမှောင်ချဖို့ ကြိုးစားတာ ဖြစ်တယ်ဆိုပြီး ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ မြေပုံမြို့နယ်တွေကို မနေ့က ည ၁၀ နာရီဝန်းကျင် လောက်မှာ အင်တာနက် လိုင်းဖြတ်တောက်ခဲ့တာပါ။

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက ဒေသတစ်ချို့ကို အခုလို အင်တာနက်လိုင်း ဖြတ်တောက်ပြီး ဒေသအတွင်း သတင်းတွေကို အမှောင်ချဖို့ ကြိုးစားတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ဘူးသီးတောင်မြို့နယ် ဒေသခံ တဦးဖြစ်တဲ့ ကိုဝင်းနိုင်က ပြောပါတယ်။

"ကျနော်တို့ဘက်မှာ အခုက ဒုတိယအကြိမ်ပေါ့နော်။ ကျနော်တို့ အင်တာနက် ဖြတ်တောက်ခံရတာ။ ပထမတစ်ကြိမ်လည်း ကျနော်တို့ ဘူးသီးတောင် မောင်တော ရသေ့တောင်ပေါ့နော်။ ပိတ်လိုက်တယ်။ ပြီးတော့ ပြန်ဖွင့်တယ်။ အခုပြန်ပိတ်တယ်။ အခက်အခဲတွေကတော့ နယ်တွေမှာက တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဒီဒေသရဲ့ အခြေအနေကလည်း ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၁၂ ကတည်းက ဘူးသီးတောင် မောင်တော ဆိုတာက conflict - ဧရိယာတစ်ခု ဖြစ်နေတယ်။ အဲဒီတုန်းကတော့ သတင်းအချက်အလက်တွေကို လူမှုကွန်ယှက်ပေါ်မှာ အများကြီး ဖတ်ရတယ်လေ။ တစ်ကမ္ဘာလုံးကလည်း ဒီဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေကို သိတယ်ပေါ့နော်။ အခုအင်တာနက်လိုင်း ဖြတ်လိုက်တော့ သတင်းတွေကို အမှောင်ချလိုက်သလို ဖြစ်သွားတာပေါ့နော်။"

စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေအတွက် သတင်းအချက်အလက်တွေ သိရဖို့ သိပ်ကို အရေးကြီးနေတာ ကြောင့် အခုလို အင်တာနက်လိုင်း ဖြစ်တောက်လိုက်တာဟာ မဖြစ်သင့်ဘူးလို့လည်း ပလက်ဝဒေသခံ ကိုထွန်းလင်းက ပြောပါတယ်။

"သတင်းကို မသိနိုင်တော့ ကျနော်တို့ ဘယ်လိုမှ ပြောလို့မရဘူးလေ။ ဘယ်လိုမှ ထုတ်ပြောလို့မရ၊ ဖတ်လို့လည်းမရ၊ ရေးလို့လည်းမရ သတင်းမရတော့ ကျနော့်အတွက်တော့ အများကြီးအခက် အခဲရှိတာ ပေါ့နော်။ အင်တာနက်လည်း သုံးမရ ဖုန်းလိုင်းပဲ သုံးလို့ရတယ် ဆိုတော့လေ။"

ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်လိုက်တာနဲ့ ပတ်သတ်ပြီး ပြည်နယ်အစိုးရကို တစ်စုံတစ်ရာ အကြောင်းကြားတာ မရှိဘူးလို့လည်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

"အဲတာတော့ ပြည်ထောင်စုက လုပ်တာထင်တယ်။ ကျနော်တို့လည်း မသိဘူး။ အကြောင်းလည်း မကြားဘူးဗျာ။"

ချင်းပြည်နယ်က ပလက်ဝမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ ခုကို ဆက်သွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အညီ ညွန်ကြားချက်အရ အင်တာနက် ဝန်ဆောင်မှု ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့လည်း မြန်မာဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Myanmar Posts and Telecommunications (MPT) က မမို့သွယ်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ရယ်၊ ချင်းပြည်နယ်ရယ၊် ရခိုင်ပြည်နယ်မှာဆိုရင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော် မင်းပြားနဲ့ မြေပုံ ပေါ့။ ချင်းပြည်နယ်မှာဆိုရင် ပလက်ဝပေါ့နော်။ အဲတာ တွေကို အင်တာနက် လိုင်းယာယီရပ်ဆိုင်းထားတာပါ။ အဲတာကတော့ ဆက်ရေးဆိုင်ရာ ဥပဒေနဲ့ အညီ ညွန်ကြား ချက် အရ ကျမတို့အနေနဲ့ အင်တာနက် ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။"

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုလိုအင်တာနက် လိုင်းဖြတ်တောက်လိုက်တာဟာ အစိုးရတစ်ရပ် အနေနဲ့ မလုပ်သင့်တဲ့ အလုပ်ကို လုပ်နေတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

"အင်တာနက် ဖြတ်တောက်လိုက်တော့ သွားရေးလာရေး၊ ကျန်းမာရေး အကုန်အခက်အခဲ ရှိတာပေါ့။ အခုက ဘယ်လိုအခြေအနေရှိနေလဲဆိုတော့ စစ်ဖြစ်နေတယ်။ စစ်ဖြစ်နေတော့ အခုက အင်တာနက် သတင်းကိုပဲ အခြေခံပြီးတော့ အလုပ်လုပ်နေကြတာ။ ဥပမာ ရွာတွေမှာ ဒုက္ခဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ တိုက်ပွဲရှောင်တွေ ဘယ်နေရာကို ရောက်နေပြီ ဘယ်လိုကူညီပေးရမယ် ဆိုတာကို အင်တာနက်ကပဲ ဆက်သွယ်နေကြတာ။ ပြီးတော့ ဘယ်ရွာမှာ ဘယ်သူက ကျည်ဒဏ်ရာ ရတယ်။ အဲဒီလူတွေ ဘယ်နေရာမှာ ဘယ်နှစ်ယောက် ရောက်နေတယ်။ အဲတာကို ဘယ်အဖွဲ့တွေက ကူညီမယ် ဆိုပြီးတော့ အင်တာနက်နဲ့ပဲ အလုပ်လုပ်နေကြတာ အဲတာကို သတင်းပိတ်လိုက်တော့အခက်အခဲ အများကြီးရှိလာတယ်။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာ ဘာကြောင့်လုပ်ရတယ် ဆိုတာကိုလည်း ကြိုတင်အသိပေးတာ မရှိဘူး။"

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားမြို့နယ်တွေကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဇွန်လ ၂၂ ရက်နေ့က အင်တာနက် လိုင်းဖြတ်တောက်ခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ တရက်နေ့ကမှ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာဟာဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို ပိုပြီးတော့ ဆိုးရွားစေနိုင်သလို ပြည်သူလူထုအတွက် ဆိုးကျိုးတွေ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG