သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ အင်တာနက် ပြန်ဖွင့်


ရခိုင်ပြည်နယ် မောင်တောမြို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာစစ်သည်အချို့။ (စက်တင်ဘာ ၂၇၊ ၂၀၁၇)
ရခိုင်ပြည်နယ် မောင်တောမြို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာစစ်သည်အချို့။ (စက်တင်ဘာ ၂၇၊ ၂၀၁၇)

မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်အတွင်း တချို့မြို့နယ်တွေမှာ လနဲ့ချီ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကို တစိတ်တဒေသ ပြန်ပြီးတော့ ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေနဲ့ AA အပါအဝင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတေ အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်နေချိန်မှာပဲ အခုလို အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ တယ်လီနော ကုမ္ပဏီက ဒီကနေ့မှာ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ၅ ခုမှာ အင်တာနက်လိုင်းတွေ ပိတ်ထားတာကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြန်ဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ နော်ဝေနိုင်ငံပိုင် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီက ပြောပါတယ်။

တယ်လီနောက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အဲဒီဒေသတွေအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာကနေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၆ မြို့နယ်မှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်မှာ အင်တာနက် ပြန်ဖွင့်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG