သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွင်း ကလေးတွေထိခိုက်မှု ယူနီဆက်စိုးရိမ်


ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကလေးငယ်များ
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကလေးငယ်များ

(Zawgyi/Unicode)

ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခအတွင်း ကျောင်းသားအရွယ် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အဖြစ်နဲ့ ကြုံရတဲ့အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေရဲ့ ဝေဖန်မှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ်မှာ ကြာသပတေးနေ့တုန်းက လက်နက်ကြီးကျည် ကျရောက်ခဲ့ရာက မူလတန်းကျောင်းသား ကလေးငယ်အများအပြား ဒဏ်ရာရခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

တိုက်ပွဲပြင်းထန်လာရာက ကလေးငယ်တွေ သေဆုံးဒဏ်ရာရမှုတွေ ကြောက်ခမန်းလိလိ မြင့်တက်လာနေတဲ့ သတင်းတွေအပေါ် အလွန်အမင်း စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စာသင်ကျောင်းတွေ၊ ကလေးတွေကို အကာအကွယ်ပေးဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းတခုကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ခမီးချောင်းကျေးရွာမှာရှိတဲ့ မူလတန်းကျောင်းကို ထိမှန်ရာက ကျောင်းသား ၁၄ ယောက်၊ ကျောင်းသူ ၆ ယောက်တို့ကို ထိမှန်ဒဏ်ရာရခဲ့ကြောင်း တပ်မတော်က ကြာသပတေးနေ့မှာပဲ သတင်းထုတ်ပြန်ထားတာပါ။

AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ ဘူးသီးတောင်မြို့နယ်မှာ အစောပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံး များပြားခဲ့တဲ့ မြန်မာစစ်တပ်က စစ်ဘက်နဲ့မဆိုင်တဲ့ ပစ်မှတ်တွေကိုပါ ပစ်ခတ်ခဲ့ရာက စာသင်ကျောင်းကို ထိမှန်ခဲ့တာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရမှုအတွက် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်နဲ့ ဗြိတိသျှ သံအမတ်ကြီးတွေကလည်း စိုးရိမ်ကြောင်းနဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ ကြေညာချက်တွေ အသီးသီးထုတ်ပြန် တိုက်တွန်းခဲ့ကြသလို၊ နိုင်ငံတကာ ပရဟိတ အဖွဲ့တခုဖြစ်တဲ့ Save the Children ကလည်း ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဟာ ကျင့်ဝတ်အရသာမက၊ ဥပဒေအရပါ လိုက်နာရမယ့် တာဝန်တရပ်ဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG