သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္တိုက္ပြဲဂယက္ ရန္ကုန္-စစ္ေတြလမ္း အသြားအလာရပ္ေန


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ (ဧၿပီ၊ ၀၂၊ ၂၀၁၄)

(Zawgyi/Unicode)

ရခိုုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ဆက္ျပင္းထန္ေနတာေၾကာင့္ ရန္ကုန္-စစ္ေတြ အေဝးေျပးလမ္းမွာ ယာဥ္အသြားအလာေတြ ရပ္ဆိုင္းေနပါတယ္။ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ဘက္မွာလည္း တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနတာ သီတင္း တပတ္ေက်ာ္ပါၿပီ။ ေန႔စဥ္လိုျဖစ္ေနတဲ့ တိုက္ပြဲအေျခအေနေတြကို စုစည္းၿပီး ဗီြအိုေအသတင္းေထာက္ ႏုိင္ကြန္းအိမ္က သတင္း ေပးပို႔ထားပါတယ္။

ဒီကေန႕မနက္ ၈ နာရီခြဲေက်ာ္ကစၿပီး မင္းျပားျမဳိ႕နယ္ ရာေမာင္တံတားဇက္ဆိပ္အနီးမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕တိုက္ပြဲ တေနကုန္ျဖစ္ပြားခဲ့လို႕ ရန္ကုန္-စစ္ေတြ ကားလမ္းမေပၚမွာ ကားအသြားအလာ ရပ္ဆိုင္းေနတယ္လို႕ မင္းျပားၿမိဳ႕ခံ ကိုေမာင္ေမာင္ဦးက ေျပာပါတယ္။

“မနက္ ၈ နာရီခြဲေလာက္က စပစ္တာ အခုခ်ိန္ထိပဲ။ ရာေမာင္ဇက္ဆိပ္ပဲ အဲဒီမွာပစ္တယ္လို႕။ အဲဒီဇက္အနားမွာပဲ ပစ္တာတဲ့။ တိုင္းဗဟို ၉ ကလည္း လက္နက္ႀကီးေတြနဲ႕ ပစ္ေနတာ ၾကားေနရတယ္။ ကားေတြေတာင္မွ ရပ္ေနရတယ္ မသြားရဘူး။ ခရီးသည္ေတြလည္း မသြားရဘဲ ဒီမွာရပ္ေနရေတာ့ ထမင္းစားရတာနဲ႕ပါဆို ဒီမွာထမင္းဆိုင္ မရွိဘူးေလ။ သူတို႕လည္း ဒုကၡေရာက္ေနၾကတယ္။”

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာတင္မကဘဲ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာလည္း တိုက္ပြဲေတြ ဒီကေန႕အထိ ဆက္လက္ ျဖစ္ပြားေနဆဲပဲလို႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားနားမွာ ဒီေန႕တိုက္ပြဲေတြဆက္ၿပီးေတာ့ ျဖစ္ေနတာ ရွိတယ္။ တိုက္ပြဲအေသးစိတ္ကေတာ့ က်ေနာ္ဆီကို တင္ျပလာတာ မရွိေသးဘူး။ ဒီပလက္၀ၿမိဳ႕နယ္ မီးေခ်ာင္းတံတားအနီးက ဗမာစစ္တပ္ရဲ႕ ဗ်ဴဟာကုန္းေပါ့ ေနာ္။ လက္နက္ႀကီးစခန္းမွာ၈ ရက္ေျမာက္ေန႕အျဖစ္ တိုက္ပြဲေတြႏွစ္ဘက္အျပန္အလွန္ ထိုးစစ္ေတြနဲ႕ ဆက္ၿပီးေတာ့ ျပင္းထန္ေနတယ္။ ရန္သူဘက္ကေတာ့ ဂ်က္တိုက္ေလယာဥ္ေတြ ရဟတ္ယာဥ္ေတြေပၚကေနၿပီးေတာ့ စက္ေသနတ္ေတြ ေရာ့ကက္ေတြနဲ႕ပစ္တာအျပင္ မီးေလာင္ဗံုးေတြနဲ႕ လာၿပီးေတာ့ၾကဲခ် တိုက္ခိုက္မႈေတြ လုပ္ေနတယ္။ အခုေလာေလာဆယ္ေတာ့ အဲဒီဗ်ဴဟာကုန္းမွာ ဆက္ၿပီး တိုက္ပြဲျပင္းထန္ေနတာေပါ့ေနာ္။ ေနာက္တေနရာကေတာ့ ျမန္မာ့တပ္မေတာ္ရဲ႕ စစ္ကူလာတဲ့ အင္အား ၄၀၀ ေလာက္ရွိတဲ့ စစ္ေၾကာင္းနဲ႕ က်ေနာ္တို႕ ရခိုင့္တပ္ေတာ္တပ္ဖြဲ႕ေတြ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမနဲ႕ ၀က္မက်ရြာေတာင္တန္းေပါ့။”

မေန႕ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာအနီးျဖစ္တဲ့ တိုက္ပြဲမွာ လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ရြာသူအမ်ိဳးသမီး တဦးဒဏ္ရာ ရရွိခဲ့တယ္လို႕ ရြာသားဦးစံေမာင္ကေျပာပါတယ္။

“လက္နက္ၾကီး က်ည္က်လို႕ မိန္းမတေယာက္ ဖေနာက္မွာဒဏ္ရာရသြားတယ္။ ၾကာသပေတးေန႕ ေန႕လယ္တနာရီ။ ရြာထဲမွာလည္း လက္နက္ႀကီး ၅ လုံး ထိတယ္။ တင္းမ ရြာသားေတြက ဘယ္လိုေျပာရမလည္း ေၾကာက္ရြံ႕ၿပီးေတာ့ ေနရတာေပါ့”

မေန႕ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႕ ေတာင္ကုတ္ၿမိဳ႕နယ္ဘက္မွာ ႏွစ္ဘက္တပ္ေတြ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႕ AA ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

“ေဖေဖၚ၀ါရီလ ၁၃ ရက္ေန႕မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ ဒီကမ္းပိုင္ေခ်ာင္းရြာရဲ႕ အေရွ႕ေျမာက္ဘက္ေပါ့ေနာ္။ မနက္ ၉နာရီ က စၿပီးေတာ့မွ ႏွစ္ဘက္တိုက္ပြဲျဖစ္တာရွိတယ္။ ရန္သူဘက္က သူတို႕ထိခိုက္က်ဆုံးမႈကေတာ့မ်ားတယ္။ မ်က္ျမင္ကေတာ့ ၁၀ ဦးအထက္ ရွိတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့မေန႕ကေပါ့ေနာ္ ေတာင္ကုတ္ၿမိဳ႕နယ္ ေလဖါးရြာနဲ႕ ရံုးရြာအၾကားေပါ့ေနာ္။ အဲဒီေတာင္ကုတ္ အမ္းကားလမ္းမထက္မွာ ျမန္မာစစ္တပ္ရဲ႕ စစ္ယာဥ္တစီးကို က်ေနာ္တို႕ဘက္က ျဖတ္ေတာက္တိုက္ခိုက္ခဲ့တာ ရွိတယ္။ အဲဒီမွာထိခိုက္ဒဏ္ရာရတဲ့သူလည္း ရွိတယ္ဗ်။”

ဘူးသီးေတာင္ၿမိဳ႕နယ္တိုက္ပြဲမွာ တပ္မေတာ္ဘက္က က်ဆုံးမႈမ်ားတယ္လို႕ AA ဘက္ကေျပာေပမဲ့ သီးျခားအတည္မျပဳနိုင္ခဲ့ပါဘူး။ ခ်င္းျပည္နယ္ ပလက္၀နဲ႕ ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲျဖစ္ပြားမႈအေျခအေနနဲ႕ ပတ္သက္လို႕ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေျပာေရးဆိုခြင့္ရွိသူကို အၾကိမ္ၾကိမ ္ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႕မရခဲ့ပါဘူး။ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ခရီးလြန္ေနတာေၾကာင့္ တိုက္ပြဲျဖစ္စဥ္ေတြကို မသိရွိဘူးလို႕ဆိုပါတယ္။

မေန႕က ဘူးသီးေတာင္ၿမိဳ႕နယ္ ကမ္းပိုင္ေခ်ာင္းေက်းရြာဘက္ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္အၿပီး ခမီးေခ်ာင္းေက်းရြာ စာသင္ေက်ာင္းဘက္ကို လက္နက္ၾကီးက်ည္က်ေရာက္ ေပါက္ကြဲခဲ့လို႕ ေက်ာင္းသား ၂၁ ဦးဒဏ္ရာ ရရွိသြားခဲ့ပါတယ္။

ဒီပစ္ခတ္မႈကိုေတာ့ တပ္မေတာ္ဘက္ကေရာ AA ဘက္ကပါ အျပန္အလွန္ စြတ္စြဲေနၾကပါတယ္။

ေဖေဖၚ၀ါရီလ ၁၂ ရက္ေန႕ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ေမ်ာက္ေတာင္၊ ဒါးျဖဴနဲ႕ ေတာင္ေဘြရြာဘက္ကို လက္နက္ၾကီး က်ည္က်ေပါက္ကြဲလို႕ ကေလးငယ္တဦး ေသဆုံးျပီး ကေလး ၂ ဦးအပါအ၀င္ ရြာသား ၄ ေယာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

ဒီေဖေဖၚ၀ါရီလမွာ ျမန္မာစစ္တပ္နဲ႕AA အဖြဲ႕တို႕အၾကား တိုက္ပြဲျဖစ္ပြားမႈ ျပင္းထန္ေနၿပီး ဒီစစ္ေရးတင္းမာမႈအတြင္း ရြာသား ၅၀ ခန္႕ ထိခိုက္ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ထိခိုက္မႈ ျမင့္တက္လာေနတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်တိုက်ပွဲဂယက် ရန်ကုန်-စစ်တွေလမ်း အသွားအလာရပ်နေ

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာကြောင့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမှာ ယာဉ်အသွားအလာတွေ ရပ်ဆိုင်းနေပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ သီတင်း တပတ်ကျော်ပါပြီ။ နေ့စဉ်လိုဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်း ပေးပို့ထားပါတယ်။

ဒီကနေ့မနက် ၈ နာရီခွဲကျော်ကစပြီး မင်းပြားမြို့နယ် ရာမောင်တံတားဇက်ဆိပ်အနီးမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့တိုက်ပွဲ တနေကုန်ဖြစ်ပွားခဲ့လို့ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ ကားအသွားအလာ ရပ်ဆိုင်းနေတယ်လို့ မင်းပြားမြို့ခံ ကိုမောင်မောင်ဦးက ပြောပါတယ်။

“မနက် ၈ နာရီခွဲလောက်က စပစ်တာ အခုချိန်ထိပဲ။ ရာမောင်ဇက်ဆိပ်ပဲ အဲဒီမှာပစ်တယ်လို့။ အဲဒီဇက်အနားမှာပဲ ပစ်တာတဲ့။ တိုင်းဗဟို ၉ ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတာ ကြားနေရတယ်။ ကားတွေတောင်မှ ရပ်နေရတယ် မသွားရဘူး။ ခရီးသည်တွေလည်း မသွားရဘဲ ဒီမှာရပ်နေရတော့ ထမင်းစားရတာနဲ့ပါဆို ဒီမှာထမင်းဆိုင် မရှိဘူးလေ။ သူတို့လည်း ဒုက္ခရောက်နေကြတယ်။”

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နဲ့ ကျောက်တော်မြို့နယ်မှာတင်မကဘဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားနေဆဲပဲလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ ဒီနေ့တိုက်ပွဲတွေဆက်ပြီးတော့ ဖြစ်နေတာ ရှိတယ်။ တိုက်ပွဲအသေးစိတ်ကတော့ ကျနော်ဆီကို တင်ပြလာတာ မရှိသေးဘူး။ ဒီပလက်ဝမြို့နယ် မီးချောင်းတံတားအနီးက ဗမာစစ်တပ်ရဲ့ ဗျူဟာကုန်းပေါ့ နော်။ လက်နက်ကြီးစခန်းမှာ၈ ရက်မြောက်နေ့အဖြစ် တိုက်ပွဲတွေနှစ်ဘက်အပြန်အလှန် ထိုးစစ်တွေနဲ့ ဆက်ပြီးတော့ ပြင်းထန်နေတယ်။ ရန်သူဘက်ကတော့ ဂျက်တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေပေါ်ကနေပြီးတော့ စက်သေနတ်တွေ ရော့ကက်တွေနဲ့ပစ်တာအပြင် မီးလောင်ဗုံးတွေနဲ့ လာပြီးတော့ကြဲချ တိုက်ခိုက်မှုတွေ လုပ်နေတယ်။ အခုလောလောဆယ်တော့ အဲဒီဗျူဟာကုန်းမှာ ဆက်ပြီး တိုက်ပွဲပြင်းထန်နေတာပေါ့နော်။ နောက်တနေရာကတော့ မြန်မာ့တပ်မတော်ရဲ့ စစ်ကူလာတဲ့ အင်အား ၄၀၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ ကျနော်တို့ ရခိုင့်တပ်တော်တပ်ဖွဲ့တွေ ကျောက်တော်မြို့နယ် တင်းမနဲ့ ဝက်မကျရွာတောင်တန်းပေါ့။”

မနေ့ ကျောက်တော်မြို့နယ် တင်းမရွာအနီးဖြစ်တဲ့ တိုက်ပွဲမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ရွာသူအမျိုးသမီး တဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာသားဦးစံမောင်ကပြောပါတယ်။

“လက်နက်ကြီး ကျည်ကျလို့ မိန်းမတယောက် ဖနောက်မှာဒဏ်ရာရသွားတယ်။ ကြာသပတေးနေ့ နေ့လယ်တနာရီ။ ရွာထဲမှာလည်း လက်နက်ကြီး ၅ လုံး ထိတယ်။ တင်းမ ရွာသားတွေက ဘယ်လိုပြောရမလည်း ကြောက်ရွံ့ပြီးတော့ နေရတာပေါ့”

မနေ့ကလည်း ဘူးသီးတောင်မြို့နယ်နဲ့ တောင်ကုတ်မြို့နယ်ဘက်မှာ နှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ဒီကမ်းပိုင်ချောင်းရွာရဲ့အရှေ့မြောက်ဘက်ပေါ့နော်။ မနက် ၉နာရီ က စပြီးတော့မှ နှစ်ဘက်တိုက်ပွဲဖြစ်တာရှိတယ်။ ရန်သူဘက်က သူတို့ထိခိုက်ကျဆုံးမှုကတော့များတယ်။ မျက်မြင်ကတော့ ၁၀ ဦးအထက် ရှိတာပေါ့နော်။ နောက်ပြီးတော့မနေ့ကပေါ့နော် တောင်ကုတ်မြို့နယ် လေဖါးရွာနဲ့ ရုံးရွာအကြားပေါ့နော်။ အဲဒီတောင်ကုတ် အမ်းကားလမ်းမထက်မှာ မြန်မာစစ်တပ်ရဲ့ စစ်ယာဉ်တစီးကို ကျနော်တို့ဘက်က ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှိတယ်ဗျ။”

ဘူးသီးတောင်မြို့နယ်တိုက်ပွဲမှာ တပ်မတော်ဘက်က ကျဆုံးမှုများတယ်လို့ AA ဘက်ကပြောပေမဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူကို အကြိမ်ကြိမ ်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ တပ်မတော် သတင်းမှန် ပြန်ကြားရေးပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ခရီးလွန်နေတာကြောင့် တိုက်ပွဲဖြစ်စဉ်တွေကို မသိရှိဘူးလို့ဆိုပါတယ်။

မနေ့က ဘူးသီးတောင်မြို့နယ် ကမ်းပိုင်ချောင်းကျေးရွာဘက် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အပြီး ခမီးချောင်းကျေးရွာ စာသင်ကျောင်းဘက်ကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့လို့ ကျောင်းသား ၂၁ ဦးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ဒီပစ်ခတ်မှုကိုတော့ တပ်မတော်ဘက်ကရော AA ဘက်ကပါ အပြန်အလှန် စွတ်စွဲနေကြပါတယ်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မျောက်တောင်၊ ဒါးဖြူနဲ့ တောင်ဘွေရွာဘက်ကို လက်နက်ကြီး ကျည်ကျပေါက်ကွဲလို့ ကလေးငယ်တဦး သေဆုံးပြီး ကလေး ၂ ဦးအပါအဝင် ရွာသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖေဖေါ်ဝါရီလမှာ မြန်မာစစ်တပ်နဲ့AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေပြီး ဒီစစ်ရေးတင်းမာမှုအတွင်း ရွာသား ၅၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် ထိခိုက်မှု မြင့်တက်လာနေတာပါ။

XS
SM
MD
LG