(Zawgyi/Unicode)
ရခုိင္ျပည္နယ္ ေျမာက္ပိုင္းၿမိဳ႕နယ္တခ်ဳိ႕က တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုရမယ့္ ေက်ာင္းသားေတြ တျခား ၿမိဳ႕ေတြမွာ သြားေျဖၾကရမွာေၾကာင့္ အခက္အခဲ ၾကံဳေနရပါတယ္။ တိုက္ပြဲေတြေၾကာင့္ လံုျခံဳေရးမေပးႏုိင္တဲ့အတြက္ အခုလို ၿမိဳ႕ေျပာင္းၿပီး စာေမးပြဲေျဖၾကရမွာပါ။ ပလက္ဝၿမိဳ႕နယ္က ေက်ာင္းသားေတြကေတာ့ တျခားေနရာမွာ သြားေျဖၾကရမွာမဟုတ္ေပမဲ့ စာေမးပြဲကာလအတြင္း တိုုက္ပြဲျပင္းထန္လာမွာကို စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ဗီြအုိေအ သတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။
စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္ ေလာက္က တကၠသုိလ္ဝင္တန္း စာစစ္ဌာန ၂၀ ေလာက္ကို သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြ လံုၿခံဳေရးေပးႏုိင္တဲ့ ၿမိဳ႕ေတြကို ေနရာေျပာင္းေရႊ႕စစ္ေဆးသြားမယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမွဴးဦးတင္သန္းက ေျပာပါတယ္။
"ေလာေလာဆယ္မွာ လ်ာထားတာကေတာ့ အမ္းၿမိဳ႕နယ္မွာ ေနရာ ၃ ခု အ.ထ.က ဒလက္အေနာက္ရယ္၊ အ.ထ.က ေက်ာက္ေျမာင္းရယ္၊ အ.ထ.က ရူးရယ္ ဒါေတြကို ယာယီေရႊ႕ဖို႔ စီစဥ္ထားတယ္ ေရႊ႕တာေတာ့ မဟုတ္ေသးဘူးေပါ့ေနာ္။ ေက်ာက္ျဖဴမွာဆိုရင္ေတာ့ အ.ထ.က ကြမ္းေခ်ာင္းနဲ႔ အ.ထ.က ဗိုင္ေခ်ာင္း ဒါကို ေက်ာက္ျဖဴၿမိဳ႕ေပၚကို ေရႊ႕ဖို႔လ်ာထားတယ္။ ဘူးသီးေတာင္ ကေတာ့ အထက ေစတီေတာင္ တခုပဲေပါ့။ ေျမပံုမွာကေတာ့ ၃ ေနရာ အ.ထ.က ၾကာအင္းေတာင္၊ အ.ထ.က ရက္ေခ်ာင္း၊ အ.ထ.က ယိုးဆႏြင္း မင္းျပားမွာ ၃ေနရာ မင္းရြာရယ္၊ ပန္းေျမာင္းရယ္၊ ကမ္းနီရယ္ ေက်ာက္ေတာ္မွာကေတာ့ ဘဂၤါလီကေလးေတြ ရွိတယ္။ သူတို႔အတြက္ ၂ ေနရာေပါ့... ေညာင္ပင္လွနဲ႔ ေရႊျပည္ေပါ့... ေနာက္ၿပီးေတာ့ ကန္ေစာက္ ဒါကေတာ့ ေမးခြန္းထားဖို႔ ေနရာေတြေပါ့။ ေျမာက္ဦးကေတာ့ ၂ ေနရာ တိမ္ညိဳနဲ႔ ကၽြဲအိုက္ျပင္ကို ေျမာက္ဦးၿမိဳ႕ထဲကို ေရႊ႕မယ္။
တို္က္ပြဲေတြ ဆက္လက္ျဖစ္ပြားေနဆဲ ရခိုင္ေျမာက္ပိုင္းမွာ ေမးခြန္းစာရြက္ေတြ ထားဖို႔ ရဲစခန္းေတြ မရွိေတာ့တာေၾကာင့္ အခုလိုေျပာင္းေရႊ႕ရတာ ျဖစ္တယ္လို႔လည္း သူက ဆက္ေျပာပါတယ္။
"အဓိကကေတာ့ ေမးခြန္းလုံၿခံဳေရး ေမးခြန္းက ရဲကင္းရွိတဲ့ ေနရာ ရဲစခန္းရွိတဲ့ေနရာ တပ္စခန္းေတြရွိတဲ့ ေနရာမွာ ထားရမယ္။ စာစစ္ဌာနကို ဒီေမးခြန္းေတြ ယူသြားတဲ့အခါ လံုၿခံဳေရး ပါရမယ္ေပါ့။ အခုအခ်ိန္မွာ တခ်ိဳ႕တခ်ိဳ႕ စာစစ္ဌာနေတြဟာ စာစစ္ဌာန ဖြင့္ကတည္းက ရဲစခန္းေတြ ရွိခဲ့တယ္။ ရဲကင္းေတြ ရွိခဲ့တယ္။ ဒါေပမဲ့ အခုအခ်ိန္မွာ ဒီစခန္းေတြ ေနရာေရႊ႕သြားေတာ့ ဒီေမးခြန္းေတြကို ထားဖို႔အတြက္ ဆရာတို႔မွာ အခက္အခဲရွိတယ္။ ဒီေမးခြန္းေတြကို လံုၿခံဳတဲ့ေနရာကို ထားဖို႔အတြက္ ေမးခြန္းေတြကို ေရႊ႕ရမယ္ ေမးခြန္းေရႊ႕ေတာ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြကို ပါလုိက္ၿပီးေတာ့ ေရႊြ႕ရမွာေပါ့။"
အခုလို လံုၿခံဳေရးအရ စာစစ္ဌာေတြကို ေျပာင္းေရႊ႕သြားတာေၾကာင့္ စာေမးပြဲေျဖဆိုမယ့္ ေက်ာင္းသူ၊ ေက်ာင္းသားေတြ အခက္အခဲမ်ားစြာ ႀကံဳေတြ႔နိုင္တယ္လို႔လည္း ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။
"အခက္အခဲေတြက အမ်ားႀကီးပဲ အဓိကကေတာ့ ေငြကုန္အကုန္အက်မ်ားမွာေပါ့။ ေနာက္ၿပီးေတာ့ ေနရာထိုင္ခင္း အခက္အခဲရွိတယ္။ သူတို႔သြားေျဖမယ့္ၿမိဳ႕မွာ ေက်ာင္းသားေပါင္းမ်ားစြာေနထိုင္ဖို႔ ေနရာ ထိုင္ခင္းရွိဖို႔လိုတယ္။ ရေသ့ေတာင္ၿမိဳ႕ဆိုရင္ ဒုကၡသည္ေတြနဲ႔ ျပည့္ေနတာ ၅၀,၀၀၀၊ ၁၀၀,၀၀၀ နဲ႔ အခန္းငွားၿပီးေနၾကတယ္။ နယ္ကလာတဲ့သူေတြ။ ေနာက္ၿပီးေတာ့ စာဖတ္ရတာေတြ ေရ မီး တစ္ခုမွ အဆင္ေျပမွာမဟုတ္ဘူး။"
ပုဏၰားကြ်န္းၿမိဳ႕နယ္ ပိုးရႊီျပင္ေက်းရြာက ေက်ာင္းအုပ္ဆရာႀကီး ဦးစိုးခိုင္ကလည္း အခုလိုၿမိဳ႕ေပၚကို တက္ေျဖရ မယ္ဆိုရင္ ေက်ာင္းသူ၊ ေက်ာင္းသားေတြ အဆင္ေျပမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။
"အခက္အခဲကေတာ့ ဆင္းရဲတဲ့ ကေလးေတြကေတာ့ အခက္အခဲရွိမွာေပါ့။ ၿမိဳ႕ေပၚကို သြားေျဖရေတာ့ ေငြေၾကးကိစၥေတြ အခက္အခဲရွိမယ္။ ေနရာထိုင္ခင္းေတြ၊ က်ေနာ္တို႔ေက်ာင္းမွာေတာ့ ၃၀၀ ေက်ာ္ရွိတယ္ စာေမးပြဲေျဖမယ့္ ကေလးေတြ။"
၂၀၁၉ -၂၀၂၀ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို မတ္လ ၁၁ရက္ေန႔မွာ စတင္က်င္းပမွာျဖစ္လည္း ျဖစ္ပါတယ္။လက္ရွိစစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ စာစစ္ဌာန ၁၂၇ ခုရွိၿပီး တကၠသိုလ္ဝင္ တန္းစာေမးပြဲ ဝင္းေရာက္ေျဖ ဆိုမယ့္ ေက်ာင္းသား ေက်ာင္းသား ၄၀,၀၀၀ ေက်ာ္ရွိတယ္လို႔လည္း ျပည္နယ္ ပညာေရးမွဴးက ေျပာပါတယ္။
တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတြက စာစစ္ဌာနေတြကို ေျပာင္းေရြ႕သြားမွာျဖစ္ေပမဲ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ေတာ့ စာစစ္ဌာနေတြ ေျပာင္းေရႊ႕ဖို႔ မရွိပါဘူး။ ဒါေပမဲ့လည္း စာေမးပြဲ ကာလအတြင္းမွာ တိုက္ပြဲေတြ ျပင္းထန္လာညမွာကို စိုးရိမ္မိတယ္လို႔ ပလက္ဝ ၿမိဳ႕နယ္ ပညာေရးမွဴး ဆလိုင္းေအာင္မင္း က ေျပာပါတယ္။
"အခုအခ်ိန္ထိေတာ့ ဘာမွမၾကားေသးဘူး။ ပိတ္ဖို႔ေတာ့ အစီအစဥ္ မရွိေလာက္ဘူး။ စာစစ္ဌာနက ၅ ခု ရွိတယ္ ခင္မ်ာ။ ေက်ာင္းသူေက်ာင္းသားကေတာ့ ၂,၈၆၆ ေယာက္ေလာက္ ရွိတယ္။ က်ေနာ္တို႔ကေတာ့ စိုးရိမ္တယ္ စာေမးပြဲကာလမွာ တစ္ခုခုျဖစ္မွာကိုေလ။ စာေမးပြဲကာလမွာ ၿငိမ္ေနမယ္ဆိုရင္ ေကာင္းတာေပါ့။ ေသနတ္သံေတြ ၾကားေနရရင္ ကေလးေတြလည္း စိတ္လႈပ္ရွားၿပီးေတာ့ အဆင္ေျပမွာ မဟုတ္ဘူးေလ။"
လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းမွာ ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားသလို အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ စစ္ေရးအေျခအေနဟာလည္း တင္းမာေနပါတယ္။
ဒါေၾကာင့္ လာမယ့္ မတ္လမွာ က်င္းပမယ့္ တကၠသလိုလ္ဝင္းတန္းစားေမးပြဲကာလ အတြင္းမွာ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနမွာကို ေဒသခံေတြက စိုးရိမ္ေနၾကတာလည္း ျဖစ္ပါတယ္။
[Unicode Version]
ရခိုင်တိုက်ပွဲကြောင့် ၁၀ တန်းကျောင်းသားတွေ မြို့ပြောင်းဖြေရမယ်
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရမယ့် ကျောင်းသားတွေ တခြား မြို့တွေမှာ သွားဖြေကြရမှာကြောင့် အခက်အခဲကြုံနေရပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးမပေးနိုင်တဲ့အတွက် အခုလို မြို့ပြောင်းပြီး စာမေးပွဲဖြေကြရမှာပါ။ ပလက်ဝမြို့နယ်က ကျောင်းသားတွေကတော့ တခြားနေရာမှာ သွားဖြေကြရမှာမဟုတ်ပေမဲ့ စာမေးပွဲကာလအတွင်း တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမြို့နယ် ၉ မြို့နယ် လောက်က တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၂၀ လောက်ကို သက်ဆိုင်ရာ မြို့နယ်တွေ လုံခြုံရေးပေးနိုင်တဲ့ မြို့တွေကို နေရာပြောင်းရွှေ့စစ်ဆေးသွားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးဦးတင်သန်းက ပြောပါတယ်။
"လောလောဆယ်မှာ လျာထားတာကတော့ အမ်းမြို့နယ်မှာ နေရာ ၃ ခု အ.ထ.က ဒလက်အနောက်ရယ်၊ အ.ထ.က ကျောက်မြောင်းရယ်၊ အ.ထ.က ရူးရယ် ဒါတွေကို ယာယီရွှေ့ဖို့ စီစဉ်ထားတယ် ရွှေ့တာတော့ မဟုတ်သေးဘူးပေါ့နော်။ ကျောက်ဖြူမှာဆိုရင်တော့ အ.ထ.က ကွမ်းချောင်းနဲ့ အ.ထ.က ဗိုင်ချောင်း ဒါကို ကျောက်ဖြူမြို့ပေါ်ကို ရွှေ့ဖို့လျာထားတယ်။ ဘူးသီးတောင် ကတော့ အထက စေတီတောင် တခုပဲပေါ့။ မြေပုံမှာကတော့ ၃ နေရာ အ.ထ.က ကြာအင်းတောင်၊ အ.ထ.က ရက်ချောင်း၊ အ.ထ.က ယိုးဆနွင်း မင်းပြားမှာ ၃နေရာ မင်းရွာရယ်၊ ပန်းမြောင်းရယ်၊ ကမ်းနီရယ် ကျောက်တော်မှာကတော့ ဘင်္ဂါလီကလေးတွေ ရှိတယ်။ သူတို့အတွက် ၂ နေရာပေါ့... ညောင်ပင်လှနဲ့ ရွှေပြည်ပေါ့... နောက်ပြီးတော့ ကန်စောက် ဒါကတော့ မေးခွန်းထားဖို့ နေရာတွေပေါ့။ မြောက်ဦးကတော့ ၂ နေရာ တိမ်ညိုနဲ့ ကျွဲအိုက်ပြင်ကို မြောက်ဦးမြို့ထဲကို ရွှေ့မယ်။
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ရခိုင်မြောက်ပိုင်းမှာ မေးခွန်းစာရွက်တွေ ထားဖို့ ရဲစခန်းတွေ မရှိတော့တာကြောင့် အခုလိုပြောင်းရွှေ့ရတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
"အဓိကကတော့ မေးခွန်းလုံခြုံရေး မေးခွန်းက ရဲကင်းရှိတဲ့ နေရာ ရဲစခန်းရှိတဲ့နေရာ တပ်စခန်းတွေရှိတဲ့ နေရာမှာ ထားရမယ်။ စာစစ်ဌာနကို ဒီမေးခွန်းတွေ ယူသွားတဲ့အခါ လုံခြုံရေး ပါရမယ်ပေါ့။ အခုအချိန်မှာ တချို့တချို့ စာစစ်ဌာနတွေဟာ စာစစ်ဌာန ဖွင့်ကတည်းက ရဲစခန်းတွေ ရှိခဲ့တယ်။ ရဲကင်းတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒီစခန်းတွေ နေရာရွှေ့သွားတော့ ဒီမေးခွန်းတွေကို ထားဖို့အတွက် ဆရာတို့မှာ အခက်အခဲရှိတယ်။ ဒီမေးခွန်းတွေကို လုံခြုံတဲ့နေရာကို ထားဖို့အတွက် မေးခွန်းတွေကို ရွှေ့ရမယ် မေးခွန်းရွှေ့တော့ ကျောင်းသူ၊ ကျောင်းသားတွေကို ပါလိုက်ပြီးတော့ ရွှွေ့ရမှာပေါ့။"
အခုလို လုံခြုံရေးအရ စာစစ်ဌာတွေကို ပြောင်းရွှေ့သွားတာကြောင့် စာမေးပွဲဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသားတွေ အခက်အခဲများစွာ ကြုံတွေ့နိုင်တယ်လို့လည်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။
"အခက်အခဲတွေက အများကြီးပဲ အဓိကကတော့ ငွေကုန်အကုန်အကျများမှာပေါ့။ နောက်ပြီးတော့ နေရာထိုင်ခင်း အခက်အခဲရှိတယ်။ သူတို့သွားဖြေမယ့်မြို့မှာ ကျောင်းသားပေါင်းများစွာနေထိုင်ဖို့ နေရာ ထိုင်ခင်းရှိဖို့လိုတယ်။ ရသေ့တောင်မြို့ဆိုရင် ဒုက္ခသည်တွေနဲ့ ပြည့်နေတာ ၅၀,၀၀၀၊ ၁၀၀,၀၀၀ နဲ့ အခန်းငှားပြီးနေကြတယ်။ နယ်ကလာတဲ့သူတွေ။ နောက်ပြီးတော့ စာဖတ်ရတာတွေ ရေ မီး တစ်ခုမှ အဆင်ပြေမှာမဟုတ်ဘူး။"
ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးစိုးခိုင်ကလည်း အခုလိုမြို့ပေါ်ကို တက်ဖြေရ မယ်ဆိုရင် ကျောင်းသူ၊ ကျောင်းသားတွေ အဆင်ပြေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
"အခက်အခဲကတော့ ဆင်းရဲတဲ့ ကလေးတွေကတော့ အခက်အခဲရှိမှာပေါ့။ မြို့ပေါ်ကို သွားဖြေရတော့ ငွေကြေးကိစ္စတွေ အခက်အခဲရှိမယ်။ နေရာထိုင်ခင်းတွေ၊ ကျနော်တို့ကျောင်းမှာတော့ ၃၀၀ ကျော်ရှိတယ် စာမေးပွဲဖြေမယ့် ကလေးတွေ။"
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်လည်း ဖြစ်ပါတယ်။လက်ရှိစစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၁၂၇ ခုရှိပြီး တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဝင်းရောက်ဖြေ ဆိုမယ့် ကျောင်းသား ကျောင်းသား ၄၀,၀၀၀ ကျော်ရှိတယ်လို့လည်း ပြည်နယ် ပညာရေးမှူးက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေက စာစစ်ဌာနတွေကို ပြောင်းရွေ့သွားမှာဖြစ်ပေမဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တော့ စာစစ်ဌာနတွေ ပြောင်းရွှေ့ဖို့ မရှိပါဘူး။ ဒါပေမဲ့လည်း စာမေးပွဲ ကာလအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာညမှာကို စိုးရိမ်မိတယ်လို့ ပလက်ဝ မြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်း က ပြောပါတယ်။
"အခုအချိန်ထိတော့ ဘာမှမကြားသေးဘူး။ ပိတ်ဖို့တော့ အစီအစဉ် မရှိလောက်ဘူး။ စာစစ်ဌာနက ၅ ခု ရှိတယ် ခင်မျာ။ ကျောင်းသူကျောင်းသားကတော့ ၂,၈၆၆ ယောက်လောက် ရှိတယ်။ ကျနော်တို့ကတော့ စိုးရိမ်တယ် စာမေးပွဲကာလမှာ တစ်ခုခုဖြစ်မှာကိုလေ။ စာမေးပွဲကာလမှာ ငြိမ်နေမယ်ဆိုရင် ကောင်းတာပေါ့။ သေနတ်သံတွေ ကြားနေရရင် ကလေးတွေလည်း စိတ်လှုပ်ရှားပြီးတော့ အဆင်ပြေမှာ မဟုတ်ဘူးလေ။"
လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာ မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးအခြေအနေဟာလည်း တင်းမာနေပါတယ်။
ဒါကြောင့် လာမယ့် မတ်လမှာ ကျင်းပမယ့် တက္ကသလိုလ်ဝင်းတန်းစားမေးပွဲကာလ အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။