သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညမထွက်ရ အမိန့်ကြောင့် ပလက်၀ ခရစ္စမတ်ပွဲ မကျင်းပနိုင်


ပလက်ဝမြို့(သတင်းဓာတ်ပုံ- khonumthung.news )
ပလက်ဝမြို့(သတင်းဓာတ်ပုံ- khonumthung.news )

(Zawgyi/Unicode)

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် ခရစ္စမတ်ပွဲတော် မကျင်းပနိုင်တဲ့ အပြင် ဒေသခံတွေရဲ့ စားဝတ်နေရေး ကိစ္စရပ်တွေ အတွက်ပါ ထိခိုက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်းမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် အခုလို ညမထွက်ရ အမိန့် ထုတ်ပြန်ထားရတာ ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လုံခြုံရေးတာဝန်ယူမယ့် သူမရှိတာကြောင့် ခရစ္စမတ် ပွဲတော်ကို မလုပ်ရဘူး လို့ ပလက်ဝ မြို့နယ်က ခရစ်ယာန် ဘာသာရေးဓမ္မဆရာ မောဆက်က ပြောပါတယ်။

"ပလက်ဝမှာ ညမထွက်ရအမိန့် ထုတ်ထားတော့ လုပ်ဖို့ အစီအစဉ်မရှိဘူး။ ညမှာ ကျနော်တို့က လုပ်မယ် ဆိုတော့ ကိုယ့်ဟာကို လုံခြုံရေး ယူရမယ်ဆိုတော့ ကျနော်တို့ကလည်း ကိုယ်ဟာကို လုံခြုံရေး မယူနိုင်တော့ လုပ်ဖို့ အဆင်မပြေလို့ပါ။ အရင်ကလို စည်စည်ကားကား ညဘက်မှာ သီချင်းဆိုတာတို့ ဘာတို့တော့ မရှိဘူး။ နေ့လည် ထမင်းကျွေးတာလောက်ပဲ ရှိတယ်။ ပုံမှန်အားဖြင့် ခရစ္စမတ်ပွဲ ဆိုတာ နှစ်ရက်အထိ ကျင်းပရတာပေါ့နော်။

တချို့နေရာတွေမှာ ၃ ရက်အထိ ဒီဇင်ဘာ ၂၄ ရယ်၊ ၂၅ ရယ်၊ ၂၆ ရက်နေ့မှ ကျနော်တို့က ခွဲခွာကြတာ။ ဒီဇင်ဘာ ၂၄ က ဧည့်သည်တွေ ရောက်တယ်။ ၂၅ မှာ ပွဲကျင်းပတယ်။ ညမှာ သီချင်းဆိုကြတယ်။ ၂၆ ရက်နေ့ရောက်မှ ကိုယ့်အိမ်ကို ကိုယ်ပြန်ကြတယ်။ ဆိုတော့ ဒီနှစ်က အဲလိုလုပ်မယ်ဆိုတော့ လုံခြုံရေးက ဘယ်သူမှမယူပေးတော့ ကျနော်တို့လည်း မလုပ်ရဲဘူးပေါ့။"

ပလက်ဝမြို့နယ်မှာ ခရစ္စမတ်နေ့ ပျော်ပွဲရွင်ပွဲတွေကို မနှစ်ကအထိ ပျော်ရွင်စွာ ကျင်းပကြပေမယ့်လည်း အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို အင်တာနက် လိုင်းတွေလည်း ဖြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။

အခုလို ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာဟာ ဘာသာရေးပွဲတော် တခုတည်းကို ထိခိုက်တာမဟုတ်ပဲ ပြည်သူလူထုရဲ့ စားဝတ်နေရေးကိုလည်း ထိခိုက်စေတာကြောင့် အစိုးရအနေနဲ့ ပြန်လည် သုံးသပ်သင့်တယ်လို့ ချင်း လူ့အခွင့်အရေးအဖွဲ့က ကိုတေးရား က ပြောပါတယ်။

"ဘယ်လိုပြောရမလဲ အခုက ဘာသာရေး ပွဲလမ်သဘင် တခုတည်း ထိခိုက်နေတာတော့ မဟုတ်ဘူးပေါ့နော် ဒေသခံတွေ စားဝတ်နေရေး ရှာဖွယ်တဲ့ နေရာမှာလည်း အများကြီး ထိခိုက်တယ်။ INGO NGO တွေ အလုပ်လုပ်တဲ့ နေရာမှာလည်း အများကြီး ထိခိုက်တယ်။ အင်တာနက် ဖြတ်တောက် ထားတာဟာလည်း ဒေသခံတွေကို အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတဲ့ သဘောဖြစ်တယ်။ ဒေသအတွင်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သတင်းအမှောင် ချထားတဲ့ သဘောလည်းဖြစ်တယ်။ ဒါကတော့ လုံးဝမဖြစ်သင့်တဲ့ အရာပဲ။

ဖြစ်နိုင်လို့ရှိရင် အဲဒီထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကိုလည်း အစိုးရအနေနဲ့ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ညမထွက်ရ အမိန့်ကြောင့် အခုလုံခြုံရေးက ဘယ်လောက် အားသာချက် ရှိတယ်။ ပြီးတော့ ညမထွက်ရ အမိန့်ကြောင့် ဘာတွေ ပိုပြီးတော့ ထိခိုက်သလဲပေါ့။ နောက်ပြီးတော့ ဒေသခံတွေ အလုပ်အကိုင် စားဝတ်နေ ရေးအတွက် ရှာဖွယ်တဲ့ နေရာမှာ အများကြီး ထိခိုက်တယ်။ အဲတာကို ပြန်ပြီးတော့ အစိုးရအနေနဲ့ ပြန်သုံးသပ်သင့်တယ်။"

အခုရက်ပိုင်းအတွင်း ပလက်ဝ မြို့နယ်ဘက်မှာ အစိုးရတပ်နဲ့ ရခိုင်လက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေသလို ပြည်သူလူထုရဲ့ လုံခြုံရေး အခြေအနေကလည်း စိုးရမ်ရတာကြောင့် မလုပ်ကြတာဖြစ်ပြီး ဘာသာရေးကို ကန့်သတ်ထားတာ မဟုတ်ဘူးလို့ ချင်းပြည်နယ ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထိုက်က ပြောပါတယ်။

"ပလက်ဝက ပုဒ်မ ၁၄၄ ထုတ်ထားတာ ဖြစ်တယ်။ နယ်မြေကလည်း မအေးချမ်းဘူး။ မနေ့ကကော ဒီနေ့ကော အရင်ရက်တွေကကော တလျှောက် တိုက်ပွဲတွေ ဖြစ်နေတာလေ။ နောက်ပြီးတော့ လေယာဉ်နဲ့ပါ ပတ်တဲ့ ခတ်တဲ့ အဆင့်ရှိတယ်။ လုံခြုံရေးက တော်တော်မကောင်းတာဖြစ်တယ်။ အဲတာကြောင့်ပါ။ နေ့ခင်းပိုင်းကတော့ လုပ်ကြတယ်။ မနက် ၆၊ ည ၆ မထွက်ရ လုပ်ထားတယ်။ ဒါဟာလည်း ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် လုပ်ထားရတယ်ဖြစ်တယ်။ဘာသာရေးကို ကန့်သတ်ထားတာတော့ မဟုတ်ပါဘူးခင်ဗျာ။"

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုတွေ၊ ချောင်း မြောင်း ပစ်ခတ်မှုတွေ အပြင် လက်နက် ကိုင်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရမှုတွေ ရှိလာတဲ့နောက် နိုဝင်ဘာလ ၉ ရက်နေ့ကနေ ဇန်နဝါရီလ ၉ ရက်နေ့ အထိ ၂ လ သက်တမ်းရှိတဲ့ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ညမထွက်ရ အမိန့်နဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ဒီနှစ်မှာ ခရစ္စမတ် ပွဲတော်ကို ကျင်းပခွင့်မရပေမယ့် နောင်လာမယ့် နှစ်တွေမှာ ကျင်းပခွင့်ရအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လုပ်ဆောင်ပေးစေချင်တယ်လို့ ခရစ်ယာန်ဘာသာရေး ဓမ္မဆရာမောဆက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ညမထှကျရ အမိန့ျကွောင့ျ ပလကျ၀ ခရစ်စမတျပှဲ မကငြျးပနိုငျ














XS
SM
MD
LG