သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခရစၥမတ္ကာလ စစ္ေရွာင္ဒုကၡသည္ေတြ ေမွ်ာ္လင့္ခ်က္


ကခ်င္စစ္ေရွာင္ ဒုကၡသည္ IDP မ်ား ခရစၥမတ္ပဲြေတာ္ က်င္းပေနစဥ္ (မွတ္တမ္းဓာတ္ပံု - KBC KACHIN)

(Zawgyi/Unicode)

ဒီဇင္ဘာလမွာ က်ေရာက္တဲ့ ခရစၥမတ္ပြဲေတာ္ကို ခရစ္ယာန္ဘာသာဝင္ေတြ သာမကပဲ လူတိုင္းကဒီပြဲေတာ္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ပါဝင္ဆင္ႏႊဲေနၾကတာပါ။ ဒါေပမဲ့ တိုက္ပြဲျဖစ္ပြားရာ နယ္ေျမေတြမွာ ေနထုိင္ရတဲ့ ခရစ္ယာန္ဘာသာဝင္ေတြကေတာ့ သူတုိ႔ရဲ႕ ေန႔ထူးေန႔ျမတ္ျဖစ္တဲ့ ခရစၥမတ္ေန႔ကစၿပီး ေရရွည္ၿငိမ္းခ်မ္းေရး ရဖုိ႔ကို ေမွ်ာ္လင့္ေနၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုက ေမးျမန္းေပးပို႔ထားပါတယ္။

ခရစၥမတ္ပြဲေတာ္ဟာ ခရစ္ယာန္ ဘာသာဝင္ေတြအတြက္ အေလးအျမတ္ထားရတဲ့ေန႔ ျဖစ္တာေၾကာင့္ မိသားစုစံုညီ ေပ်ာ္ရႊင္စြာ ဆင္ႏႊဲႏုိင္ဖို႔က သူတို႔ရဲ႕ရည္ရြယ္ခ်က္ပါ။ ဒါေပမဲ့ ကာလရွည္ၾကာ ျပည္တြင္းစစ္ ျဖစ္ပြားေနတဲ့ ျမန္မာႏုိင္ငံမွာ ေနထုိင္တဲ့ ခရစ္ယာန္ဘာသာဝင္ တခ်ိဳ႕အတြက္ကေတာ့ ဘုရားေက်ာင္းမွာ မိသားစု စံုညီဝတ္ျပဳ ဆုေတာင္းဖုိ႔ ေပ်ာ္ပြဲရႊင္ပြဲဆင္ႏႊဲႏုိင္ဖို႔က မလြယ္ကူေသးပါဘူး။

တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကုိင္အဖြဲ႕ေတြရဲ႕ တိုက္ပြဲေတြၾကား ေနထုိင္ေနရတဲ့ ျပည္သူေတြအတြက္ကေတာ့ ခရစၥမတ္ပြဲေတာ္ကို ရင္တထိတ္ထိတ္နဲ႔ က်င္းပေနရတယ္လို႔ ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕ေပၚမွာ ရွိတဲ့ မသန္စြမ္းေက်ာင္း တာဝန္ခံ မုိင္းမုိင္က ေျပာပါတယ္။

“ခရစၥမတ္က်ေတာ့ က်မတို႔ ခရစ္ယာန္ေတြ အေနနဲ႔ေပါ့ေနာ္ သခင္ေယရႈက အျပစ္သားေတြကုိ ကယ္တင္ဖို႔အတြက္ ေမြးဖြားလာတဲ့လ ျဖစ္တဲ့အတြက္ ဝမ္းေျမာက္ေပ်ာ္ရႊင္တဲ့လ ျဖစ္လို႔ လူတိုင္းလူတိုင္းက ၿငိမ္းခ်မ္းျခင္း အသီးအပြင့္ကို ခံစားခ်င္တယ္ေပါ့ေနာ္။

အဲဒါေၾကာင့္မုိ႔လို႔ ဒီခရစၥမတ္ကာလမွာေတာ့ ေရရွည္ေပါ့ေနာ္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ပဲ ျမန္မာျပည္သူ ျပည္သားေတြ ျဖတ္သန္းခ်င္တယ္ေပါ့။ အထူးသျဖင့္ က်မတို႔ ပဋိပကၡေဒသမွာရွိတဲ့လူေတြက ၿငိမ္းခ်မ္းေရးကို ပိုိၿပီးလိုလားေနပါတယ္လို႔။”

ကခ်င္ျပည္နယ္ မံစီၿမိဳ႕နယ္မွာရွိတဲ့ မုိင္းေခါင္ KBC Camp မွာ တုိက္ပြဲေရွာင္သူဦးေရ ၂,၀၀၀ ဝန္းက်င္ရွိေနပါတယ္။ ၂၀၁၃ ေအာက္တိုဘာလကတည္းက တုိက္ပြဲေတြေၾကာင့္ သူတုိ႔ေတြရဲ႕ေနအိမ္ကေန စြန္႔ခြာထြက္ေျပးလာရသူေတြပါ။ သူတုိ႔ေတြ ခရစၥမတ္ပြဲေတာ္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဆင္ႏႊဲခြင့္မရတာ ၾကာေနၿပီး ဒီႏွစ္မွာလည္း ဘုရားသခင္ကုိ ဝတ္ျပဳကုိးကြယ္တာနဲ႔ပဲ ခရစၥမတ္ေန႔ကို ျဖတ္သန္းရမယ္လို႔ အဲဒီစခန္းက တာဝန္ခံ ဆရာေနာ္မုိင္က ဆိုပါတယ္။

“သီးသန္႔ေတာ့ မလုပ္သြားဘူးေပါ့။ ဒါေပမဲ့ မုိင္းေခါင္ႏွစ္ျခင္းက အသင္းေတာ္မွာ က်ေတာ္တို႔ဝင္ပါလိုက္ေတာ့ အဲမွာပဲ ပါေတာ့မွာေပါ့။ ကိုယ့္ရဲ႕ေဒသ ကုိယ့္ရဲ႕ရပ္ရြာမွာ မလုပ္ရတဲ့အတြက္ စိတ္ေက်နပ္မႈေတာ့ မရွိဘူးေပါ့။ ဒါေပမဲ့ ကိုယ့္ရဲ႕ဘုရားသခင္ကို ဝတ္ျပဳကိုးကြယ္တာ အဲဒါပ ဲရွိပါတယ္။”

တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ UWSA ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဒသျဖစ္တဲ့ ဝ နယ္ေျမမွာရွိတဲ့ လားဟူႏွစ္ျခင္း ဘုရားေက်ာင္းေတြကို အခုႏွစ္မွာ ျပန္ဖြင့္ခြင့္ေပးလိုက္ပါၿပီ။ ၂၀၁၈ စက္တင္ဘာလတုန္းက ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းေတြကုိ ပိတ္သိမ္းခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ ခရစ္ယာန္ဘာသာဝင္ေတြအတြက္ ဒီပြဲေတာ္ကို က်င္းပခြင့္ မရခဲ့ပါဘူး။

အခုႏွစ္ ခရစၥမတ္ေန႔မွာေတာ့ ဘုရားေက်ာင္းမွာ ဝတ္ျပဳခြင့္ရၿပီလို႔ လားဟူႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ ဆရာေတာ္ ေဒါက္တာလာဇရုက အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ မနက္ျဖန္ (ခရစၥမတ္ေန႔)က်ေတာ့ ဘုရားရွိခိုးေက်ာင္းတုိင္းမွာ အဲဒီခရစၥမတ္ အမႈျပဳၿပီးေတာ့ ဘုရားရွိခိုး ဝတ္ျပဳကိုးကြယ္တဲ့ဟာ ရွိတယ္။”

တိုက္ပြဲျဖစ္ရာေဒသေတြမွာ ေနထုိင္ရသူေတြက ေအးခ်မ္းတဲ့ ဒီဇင္ဘာလမွာ ခရစၥမတ္ပြဲေတာ္ကို မိသားစုစံုညီ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖတ္သန္းႏုိင္ဖို႔အတြက္ကို လိုလားေနၾကတာပါ။ ခရစ္ယာန္ ရဟန္းအမတ္ ဘုန္းေတာ္ႀကီး Charles Bo ကလည္း သူ႔ရဲ႕ ၂၀၁၉ ခရစၥမတ္ သဝဏ္လႊာမွာ ျမန္မာျပည္သူ၊ ျပည္သားေတြကို အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေစတမန္ေတြ ျဖစ္လာၾကဖို႔ ေမတၱာရပ္ခံ ေတာင္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ခရစ္စမတ်ကာလ စစ်ရှောင်ဒုက္ခသည်တွေ မျှော်လင့်ချက်

ဒီဇင်ဘာလမှာ ကျရောက်တဲ့ ခရစ္စမတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်တွေ သာမကပဲ လူတိုင်းကဒီပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနေကြတာပါ။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေမှာ နေထိုင်ရတဲ့ ခရစ်ယာန်ဘာသာဝင်တွေကတော့ သူတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ္စမတ်နေ့ကစပြီး ရေရှည်ငြိမ်းချမ်းရေး ရဖို့ကို မျှော်လင့်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်။

ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အလေးအမြတ်ထားရတဲ့နေ့ ဖြစ်တာကြောင့် မိသားစုစုံညီ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့က သူတို့ရဲ့ရည်ရွယ်ချက်ပါ။ ဒါပေမဲ့ ကာလရှည်ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ခရစ်ယာန်ဘာသာဝင် တချို့အတွက်ကတော့ ဘုရားကျောင်းမှာ မိသားစု စုံညီဝတ်ပြု ဆုတောင်းဖို့ ပျော်ပွဲရွှင်ပွဲဆင်နွှဲနိုင်ဖို့က မလွယ်ကူသေးပါဘူး။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြား နေထိုင်နေရတဲ့ ပြည်သူတွေအတွက်ကတော့ ခရစ္စမတ်ပွဲတော်ကို ရင်တထိတ်ထိတ်နဲ့ ကျင်းပနေရတယ်လို့ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ပေါ်မှာ ရှိတဲ့ မသန်စွမ်းကျောင်း တာဝန်ခံ မိုင်းမိုင်က ပြောပါတယ်။

“ခရစ္စမတ်ကျတော့ ကျမတို့ ခရစ်ယာန်တွေ အနေနဲ့ပေါ့နော် သခင်ယေရှုက အပြစ်သားတွေကို ကယ်တင်ဖို့အတွက် မွေးဖွားလာတဲ့လ ဖြစ်တဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်တဲ့လ ဖြစ်လို့ လူတိုင်းလူတိုင်းက ငြိမ်းချမ်းခြင်း အသီးအပွင့်ကို ခံစားချင်တယ်ပေါ့နော်။

အဲဒါကြောင့်မို့လို့ ဒီခရစ္စမတ်ကာလမှာတော့ ရေရှည်ပေါ့နော် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ မြန်မာပြည်သူ ပြည်သားတွေ ဖြတ်သန်းချင်တယ်ပေါ့။ အထူးသဖြင့် ကျမတို့ ပဋိပက္ခဒေသမှာရှိတဲ့လူတွေက ငြိမ်းချမ်းရေးကို ပိုပြီးလိုလားနေပါတယ်လို့။”

ကချင်ပြည်နယ် မံစီမြို့နယ်မှာရှိတဲ့ မိုင်းခေါင် KBC Camp မှာ တိုက်ပွဲရှောင်သူဦးရေ ၂,၀၀၀ ဝန်းကျင်ရှိနေပါတယ်။ ၂၀၁၃ အောက်တိုဘာလကတည်းက တိုက်ပွဲတွေကြောင့် သူတို့တွေရဲ့နေအိမ်ကနေ စွန့်ခွာထွက်ပြေးလာရသူတွေပါ။ သူတို့တွေ ခရစ္စမတ်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခွင့်မရတာ ကြာနေပြီး ဒီနှစ်မှာလည်း ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တာနဲ့ပဲ ခရစ္စမတ်နေ့ကို ဖြတ်သန်းရမယ်လို့ အဲဒီစခန်းက တာဝန်ခံ ဆရာနော်မိုင်က ဆိုပါတယ်။

“သီးသန့်တော့ မလုပ်သွားဘူးပေါ့။ ဒါပေမဲ့ မိုင်းခေါင်နှစ်ခြင်းက အသင်းတော်မှာ ကျတော်တို့ဝင်ပါလိုက်တော့ အဲမှာပဲ ပါတော့မှာပေါ့။ ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့ရပ်ရွာမှာ မလုပ်ရတဲ့အတွက် စိတ်ကျေနပ်မှုတော့ မရှိဘူးပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တာ အဲဒါပ ဲရှိပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ UWSA ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဝ နယ်မြေမှာရှိတဲ့ လားဟူနှစ်ခြင်း ဘုရားကျောင်းတွေကို အခုနှစ်မှာ ပြန်ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ၂၀၁၈ စက်တင်ဘာလတုန်းက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ပိတ်သိမ်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်တုန်းကတော့ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဒီပွဲတော်ကို ကျင်းပခွင့် မရခဲ့ပါဘူး။

အခုနှစ် ခရစ္စမတ်နေ့မှာတော့ ဘုရားကျောင်းမှာ ဝတ်ပြုခွင့်ရပြီလို့ လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဆရာတော် ဒေါက်တာလာဇရုက အခုလိုပြောပါတယ်။

“ကျနော်တို့ မနက်ဖြန် (ခရစ္စမတ်နေ့)ကျတော့ ဘုရားရှိခိုးကျောင်းတိုင်းမှာ အဲဒီခရစ္စမတ် အမှုပြုပြီးတော့ ဘုရားရှိခိုး ဝတ်ပြုကိုးကွယ်တဲ့ဟာ ရှိတယ်။”

တိုက်ပွဲဖြစ်ရာဒေသတွေမှာ နေထိုင်ရသူတွေက အေးချမ်းတဲ့ ဒီဇင်ဘာလမှာ ခရစ္စမတ်ပွဲတော်ကို မိသားစုစုံညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်ဖို့အတွက်ကို လိုလားနေကြတာပါ။ ခရစ်ယာန် ရဟန်းအမတ် ဘုန်းတော်ကြီး Charles Bo ကလည်း သူ့ရဲ့ ၂၀၁၉ ခရစ္စမတ် သဝဏ်လွှာမှာ မြန်မာပြည်သူ၊ ပြည်သားတွေကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစေတမန်တွေ ဖြစ်လာကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

XS
SM
MD
LG