(Zawgyi/Unicode)
ရန္ကုန္ျမိဳ႕မွာ ေက်ာင္းထုိင္တဲ့ ခရစ္ယာန္ ရဟန္းအမတ္ ဘုန္းေတာ္ၾကီး Charles Bo က ျမန္မာျပည္သူ၊ ျမန္မာသားေတြကို အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးနဲ႔ ျငိမ္းခ်မ္းေရး ေစတမန္ေတြ ျဖစ္လာၾက ဖို႔ေမတၱာရပ္ခံ ေတာင္းဆိုလိုက္ပါတယ္။ ျငိမ္းခ်မ္းေရးဟာ ျဖစ္ႏုိင္တဲ့အရာပါ၊ ျငိမ္းခ်မ္းေရးသာ တစ္ခုတည္းေသာ နည္းလမ္းပါလို႔လည္း ဘုန္းေတာ္ၾကီးက ဆိုပါတယ္။ “ျငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရး ေနမင္းႀကီး ကၽြႏ္ုပ္တို႔ ေျမေပၚ ထြန္းလင္းေတာက္ပေစပါစို႔” လို႔ ဆိုျပီး ဘုန္းေတာ္ၾကီး Charles Bo က သူ႔ရဲ႕ ၂၀၁၉ ခုႏွစ္ ခရစ္စမတ္ သ၀ဏ္လႊာမွာ အဲဒီလုိ ျမြက္ၾကားလိုက္တာပါ။
ျမန္မာႏုိင္ငံဟာ ခရစ္ေတာ္ေပၚစဥ္ကာလ ဂ်ဴးလူမ်ိဳးတို႔ ႀကဳံခဲ့ရသလို နာတာရွည္ စစ္ပြဲေတြ၊ မ်ားျပားလြန္းတဲ့ ေနရပ္စြန္႔ခြာၾကရသူေတြ၊ လူငယ္ လူရြယ္ေတြ မလုံမျခဳံနဲ႔ တစ္ေျမျခားကို ေရႊ႔ေျပာင္း ေနထိုင္ရတာေတြ၊ ဥတုရာသီ ေျပာင္းလဲမႈေတြနဲ႕ တိုင္းရင္းသား လူမ်ိဳးကြဲေတြအၾကား ရင္ၾကားေစ့ဖို႔ လိုအပ္ေနတာေတြဆိုတဲ့ စိန္ေခၚမႈေတြနဲ႔အတူ သမိုင္းရဲ႕ လမ္းဆုံလမ္းခြကို ေရာက္ရွိေနေၾကာင္းလည္း ဘုန္းေတာ္ႀကီး Bo က ဆိုပါတယ္။ ျမန္မာႏုိင္ငံဟာ လူမ်ိဳးစုေပါင္းစုံရွိတဲ့အျပင္ ၾကြယ္၀မႈ သဘာ၀ အရင္းအျမစ္နဲ႔ ျပည့္စုံကံုလုံတဲ့ ဘာသာေရး ယုံၾကည္မႈေတြနဲ႔အတူ ဘုရားသခင္ရဲ႕ ေကာင္းခ်ီးေပးမႈကို ခံယူရရွိထားျပီး ျဖစ္တယ္လုိ႔လည္း သူ႕ရဲ႕ ခရစ္စမတ္ သ၀ဏ္လႊာမွာ ေရးသားထားပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ႏုိ္င္ငံတကာ အသိုက္အ၀ိုင္းကလည္း ျမန္မာႏုိင္ငံကို ျပစ္တင္ေျပာဆိုေနမယ့္အစား ဒီမိုကေရစီရွင္သန္ေရး ၾကိဳးပမ္းလွဳပ္ရွားေနမႈကို နားလည္မႈ ေပးၾကဖို႔ကိုလည္း အာရွဂိုဏ္းအုပ္ ဘုန္းေတာ္ၾကီးမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ ဥကၠဌလည္း ျဖစ္သူ ဘုန္းေတာ္ၾကီး Bo က တိုက္တြန္းလိုက္ပါတယ္။
“ဒီလို ႀကီးက်ယ္တဲ့ ေကာင္းခ်ီးေပးမႈေတြကို ခံယူရလင့္ကစား ဒီကေန႔ ျမန္မာႏုိ္င္ငံဟာ ကမၻာမွာ မေလ်ာ္ကန္တဲ့ နည္းလမ္းနဲ႔ ေက်ာ္ၾကား ခဲ့ရသလို စကားႀကီး စကားက်ယ္ေတြနဲ႔လည္း အသုံးအႏွဳန္း ခံေနရတယ္” လို႔လည္း သက္ေတာ္ ၇၁ ႏွစ္ရ ဘုန္းေတာ္ႀကီးက ျမန္မာႏိုင္ငံ အျပည္ျပည္ဆို္င္ရာ တရားရုံးခ်ဳပ္ကို ေရာက္ရွိခဲ့တဲ့ကိစၥကို ရည္ညႊန္း ေျပာၾကားခဲ့ပါတယ္။
အျပည္ျပည္ဆို္င္ရာ တရားရုံးခ်ဳပ္မွာ လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ ျမန္မာႏို္င္ငံအေပၚ စြပ္စြဲခ်က္ကို နယ္သာလန္ႏုိင္ငံ The Hague ၿမိဳ႕မွာ ျမန္မာ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ေခ်ပအျပီး ဘုန္းေတာ္ၾကီးက ခရစ္စမတ္ကာလ သ၀ဏ္လႊာမွာ အခုလို ျမြက္ၾကားထားတာပါ။
အမုန္းတရားေတြကို လုံး၀ ေျပာင္းလဲပစ္ဖို႔နဲ႔ ဘုရားသခင္နဲ႔ လူသားမ်ိဳးတူေတြအေပၚ က်ဴးလြန္ခဲ့တဲ့ အလုံးစုံေသာ အကုသိုလ္ အမႈေတြအတြက္ အသိတရား ရၾကဖို႔ကိုလည္း သူက ေမတၱာရပ္ခံခဲ့ပါတယ္။
ျမန္မာျပည္တြင္းက ျပည္သူ၊ ျပည္သားေတြ ထိခိုက္ခံစားေနရတာေတြအေပၚ ကမၻာက စိုးရိမ္ေနတာကို ျမန္မာႏုိင္ငံအေနနဲ႕ နားလည္ဖို႔ လိုအပ္ေနတဲ့ တစ္ခ်ိန္တည္းမွာပဲ ကမၻာကလည္း ျမန္မာအေပၚ သည့္ထက္ပို နားလည္ေပးဖို႔ လိုအပ္ေနတယ္လို႔လည္း ဘုန္းေတာ္ႀကီးက ဆိုပါတယ္။
ျမန္မာႏုိင္ငံအေနနဲ႔ အိမ္မက္ဆိုးေတြရဲ႕ ဒဏ္ကို ဆက္လက္ခံႏုိင္ရည္ ရွိေတာ့မွာ မဟုတ္ေၾကာင္း ျမြက္ၾကားထားသလို မူလရင္းစြဲ အေျခအေနကို ျပန္ေရာက္သြားမယ္ဆိုရင္လည္း ယူၾကံဳးမရ ေၾကကြဲစရာသာ ျဖစ္လိမ့္မယ္လို႔လည္း သတိေပးထားပါတယ္။ ခရစ္စမတ္ဆိုတာ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဆိုတဲ့ ဇတ္လမ္းတစ္ပုဒ္ျဖစ္ပါတယ္။ ဒါေၾကာင့္ “ျမန္မာႏုိ္င္ငံရဲ႕ အိပ္မက္ေတြ လက္ေတြ႔ ျဖစ္လာေစပါစို႔” လို႔လည္း တိုက္တြန္းထားပါတယ္။
သ၀ဏ္လႊာရဲ႕ နိဂုံးခ်ဳပ္မွာ ဘုန္းေတာ္ၾကီးက ႏိုင္ငံတကာ အသိုက္အ၀ိုင္း အေနနဲ႔ ျမန္မာသူ ျမန္မာသားေတြအေပၚနဲ႔ ျမန္မာေတြရဲ႕ အိပ္မက္ေတြနဲ႔ ခံစားခ်က္ မ်က္ရည္ေတြအေပၚ နားလည္ေပးၾကပါလို႔ တိုက္တြန္းထားၿပီး ျမန္မာႏုိ္င္ငံဟာ ႏုိင္ငံတကာရဲ႕ စာနာ နားလည္မႈနဲ႔ အၾကံ ဥာဏ္ေတြသာ လိုအပ္ေနတာျဖစ္ၿပီး ျပစ္တင္ရွဳတ္ခ်မႈေတြကို မလိုအပ္ပါလို႔လည္း ျမြက္ၾကားထားပါတယ္။
..................
ရဟန်းအမတ် ကာဒီနယ် Charles Bo ရဲ့ ခရစ္စမတ် သဝဏ်လွှာ
(Unicode)
ရန်ကုန်မြို့မှာ ကျောင်းထိုင်တဲ့ ခရစ်ယာန် ရဟန်းအမတ် ဘုန်းတော်ကြီး Charles Bo က မြန်မာပြည်သူ၊ မြန်မာသားတွေကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး စေတမန်တွေ ဖြစ်လာကြ ဖို့မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။ ငြိမ်းချမ်းရေးဟာ ဖြစ်နိုင်တဲ့အရာပါ၊ ငြိမ်းချမ်းရေးသာ တစ်ခုတည်းသော နည်းလမ်းပါလို့လည်း ဘုန်းတော်ကြီးက ဆိုပါတယ်။ “ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နေမင်းကြီး ကျွန်ုပ်တို့ မြေပေါ် ထွန်းလင်းတောက်ပစေပါစို့” လို့ ဆိုပြီး ဘုန်းတော်ကြီး Charles Bo က သူ့ရဲ့ ၂၀၁၉ ခုနှစ် ခရစ်စမတ် သဝဏ်လွှာမှာ အဲဒီလို မြွက်ကြားလိုက်တာပါ။
မြန်မာနိုင်ငံဟာ ခရစ်တော်ပေါ်စဉ်ကာလ ဂျူးလူမျိုးတို့ ကြုံခဲ့ရသလို နာတာရှည် စစ်ပွဲတွေ၊ များပြားလွန်းတဲ့ နေရပ်စွန့်ခွာကြရသူတွေ၊ လူငယ် လူရွယ်တွေ မလုံမခြုံနဲ့ တစ်မြေခြားကို ရွှေ့ပြောင်း နေထိုင်ရတာတွေ၊ ဥတုရာသီ ပြောင်းလဲမှုတွေနဲ့ တိုင်းရင်းသား လူမျိုးကွဲတွေအကြား ရင်ကြားစေ့ဖို့ လိုအပ်နေတာတွေဆိုတဲ့ စိန်ခေါ်မှုတွေနဲ့အတူ သမိုင်းရဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေကြောင်းလည်း ဘုန်းတော်ကြီး Bo က ဆိုပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစုပေါင်းစုံရှိတဲ့အပြင် ကြွယ်ဝမှု သဘာ၀ အရင်းအမြစ်နဲ့ ပြည့်စုံကုံလုံတဲ့ ဘာသာရေး ယုံကြည်မှုတွေနဲ့အတူ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုကို ခံယူရရှိထားပြီး ဖြစ်တယ်လို့လည်း သူ့ရဲ့ ခရစ်စမတ် သဝဏ်လွှာမှာ ရေးသားထားပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံတကာ အသိုက်အဝိုင်းကလည်း မြန်မာနိုင်ငံကို ပြစ်တင်ပြောဆိုနေမယ့်အစား ဒီမိုကရေစီရှင်သန်ရေး ကြိုးပမ်းလှုပ်ရှားနေမှုကို နားလည်မှု ပေးကြဖို့ကိုလည်း အာရှဂိုဏ်းအုပ် ဘုန်းတော်ကြီးများအဖွဲ့ချုပ်ရဲ့ ဥက္ကဌလည်း ဖြစ်သူ ဘုန်းတော်ကြီး Bo က တိုက်တွန်းလိုက်ပါတယ်။
“ဒီလို ကြီးကျယ်တဲ့ ကောင်းချီးပေးမှုတွေကို ခံယူရလင့်ကစား ဒီကနေ့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မလျော်ကန်တဲ့ နည်းလမ်းနဲ့ ကျော်ကြား ခဲ့ရသလို စကားကြီး စကားကျယ်တွေနဲ့လည်း အသုံးအနှုန်း ခံနေရတယ်” လို့လည်း သက်တော် ၇၁ နှစ်ရ ဘုန်းတော်ကြီးက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ်ကို ရောက်ရှိခဲ့တဲ့ကိစ္စကို ရည်ညွှန်း ပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ်မှာ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်ကို နယ်သာလန်နိုင်ငံ The Hague မြို့မှာ မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ချေပအပြီး ဘုန်းတော်ကြီးက ခရစ်စမတ်ကာလ သဝဏ်လွှာမှာ အခုလို မြွက်ကြားထားတာပါ။
အမုန်းတရားတွေကို လုံး၀ ပြောင်းလဲပစ်ဖို့နဲ့ ဘုရားသခင်နဲ့ လူသားမျိုးတူတွေအပေါ် ကျူးလွန်ခဲ့တဲ့ အလုံးစုံသော အကုသိုလ် အမှုတွေအတွက် အသိတရား ရကြဖို့ကိုလည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။
မြန်မာပြည်တွင်းက ပြည်သူ၊ ပြည်သားတွေ ထိခိုက်ခံစားနေရတာတွေအပေါ် ကမ္ဘာက စိုးရိမ်နေတာကို မြန်မာနိုင်ငံအနေနဲ့ နားလည်ဖို့ လိုအပ်နေတဲ့ တစ်ချိန်တည်းမှာပဲ ကမ္ဘာကလည်း မြန်မာအပေါ် သည့်ထက်ပို နားလည်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဘုန်းတော်ကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အိမ်မက်ဆိုးတွေရဲ့ ဒဏ်ကို ဆက်လက်ခံနိုင်ရည် ရှိတော့မှာ မဟုတ်ကြောင်း မြွက်ကြားထားသလို မူလရင်းစွဲ အခြေအနေကို ပြန်ရောက်သွားမယ်ဆိုရင်လည်း ယူကြုံးမရ ကြေကွဲစရာသာ ဖြစ်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။ ခရစ်စမတ်ဆိုတာ အိပ်မက်တွေကို အကောင်အထည်ဖော်ဆိုတဲ့ ဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် “မြန်မာနိုင်ငံရဲ့ အိပ်မက်တွေ လက်တွေ့ ဖြစ်လာစေပါစို့” လို့လည်း တိုက်တွန်းထားပါတယ်။
သဝဏ်လွှာရဲ့ နိဂုံးချုပ်မှာ ဘုန်းတော်ကြီးက နိုင်ငံတကာ အသိုက်အဝိုင်း အနေနဲ့ မြန်မာသူ မြန်မာသားတွေအပေါ်နဲ့ မြန်မာတွေရဲ့ အိပ်မက်တွေနဲ့ ခံစားချက် မျက်ရည်တွေအပေါ် နားလည်ပေးကြပါလို့ တိုက်တွန်းထားပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ စာနာ နားလည်မှုနဲ့ အကြံ ဉာဏ်တွေသာ လိုအပ်နေတာဖြစ်ပြီး ပြစ်တင်ရှုတ်ချမှုတွေကို မလိုအပ်ပါလို့လည်း မြွက်ကြားထားပါတယ်။