သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် Vatican ရဲ့ Easter ပွဲတော်ဆုတောင်း


Charles Maung Bo

မြန်မာပြည်က ပြည်သူသန်းနဲ့ချီကို စိတ်ပျက်အားလျော့၊ မျှော်လင့်ချက်ကင်းမဲ့နေစေတဲ့ အမုန်းတရား၊ မမျှတမှုနဲ့ လူမျိုးရေးပဋိပက္ခဆိုတဲ့ အစိုင်အခဲတွေကို ဖယ်ရှားပစ်ဖို့ Vatican ဆိုင်ရာ မြန်မာနိုင်ငံ ရဟန်းမင်းအမတ် Cardinal Charles Maung Bo က Easter သတင်းစကားထဲမှာ တိုက်တွန်းလိုက်ပါတယ်။

ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ်ဆင်နွဲကြတဲ့Easter ပွဲတော်အချိန်မှာ ဒီအစိုင်အခဲတွေကို ဖယ်ရှားပြီး မျှော်လင့်ခြင်း။ ငြိမ်းချမ်းခြင်းနဲ့ သာယာဝပြောခြင်းဆိုတဲ့ အနာဂါတ်အတွက် တဖန်ထမြောက်ကြဖို့ Cardinal Charles Maung Bo ကတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

Easter ဆိုတာဟာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ကိုယ်နေထိုင်နေတဲ့ ပါတ်ဝန်းကျင်က အဆိုင်အခဲ အတားအဆီးတွေကို ဖယ်ရှားခြင်းဖြစ်တယ်လို့ ၂၀၁၈ ခုနှစ်Easter သတင်းစကားထဲမှာ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီးလည်းဖြစ်တဲ့ Cardinal Bo ကအလေးအနက်ပြောထားပါတယ်။

မြန်မာနိုင်ငံထဲက ပြည်သူတော်တော်များများဟာ ရက်စက်မှုကနေ ရတဲ့ မြင်နိုင်တဲ့ ဒဏ်ရာတွေရော မမြင်နိုင်တဲ့ဒဏ်ရာတွေပါ ရရှိထားတဲ့အတွက် ဒေါသ လက်တုံ့ပြန်ပြီး ကုစားနိုင်ကြမယ်လို့ ထင်ကြပေမဲ့ ဒီလမ်းဟာ ယေရှုရွေးချယ်တဲ့လမ်းမဟုတ်ပါဘူး။

သည်းခံခြင်း ကြင်နာခွင့်လွှတ်ခြင်းနဲ့သာ တုံ့ပြန်ခဲ့တာကို အတုယူပြီး အမုန်းတရားဆိုတဲ့ အစိုင်အခဲကို ဖယ်ရှားဖို့ တိုက်တွန်းပါတယ်။ ဒုတိယအစိုင်အခဲဖြစ်တဲ့ တရားမမျှတမှုနဲ့ပါတ်သက်လို့တော့ နိုင်ငံထဲက စီးပွားရေးမမျှတမှု။ အိမ်နီးချင်းနိုင်ငံတွေမှာ ခေတ်သစ်ကျေးကျွန်တွေအဖြစ် မလုံခြုံတဲ့ဘဝတွေမှာ နေထိုင်နေကြရတာကို ထောက်ပြပြီး ဒီမမျှတမှုအစိုင်အခဲကြီးကို ဖယ်ရှားဖို့ တိုက်တွန်းထားပါတယ်။

တတိယဖြစ်တဲ့ ပဋိပက္ခအစိုင်အခဲနဲ့ပါတ်သက်လို့တော့ ပဋိပက္ခတွေကြောင့် မြန်မာပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ခဲ့ရတဲ့အတွက် ငြိမ်းချမ်းရေးသာလျှင် ရှေ့ဆက်သွားနိုင်မယ့်လမ်းဖြစ်တယ်။ အဲဒီငြိမ်းချမ်းရေးကလည်း လူ့အသိုင်းအဝိုင်းထဲမှာရှိနေသူအားလုံးရဲ့ ဂုဏ်သိက္ခာ အခွင့်အရေးတွေကို လေးစားမှု၊ တိုင်းရင်းသားအဖွဲ့အားလုံးရဲ့ ကိုယ်ပိုင်လက္ခဏာတွေအပေါ် လေးစားမှု။ ဥပဒေအပေါ်လေးစားမှု စတာတွေပေါ်မှာ အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်တယ်လို့ Cardinal Bo ကပြောထားပြီး ပဋိပက္ခဆိုတဲ့ အစိုင်အခဲကြီးကို ဖယ်ရှားဖို့ တိုက်တွန်းထားပါတယ်။

မြန်မာအတွက် Vatican ရဲ့ Easter ပွဲတော်ဆုတောင်း
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG