သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှခရစ်ယန်ဂိုဏ်းအုပ် အကြီးအကဲ ကာဒီနယ်ဘို ဒေသငြိမ်းချမ်းရေး ဦးစားပေးလုပ်ဆောင်မည်


 ကာဒီနယ်ရဟန်းအမတ် Charles Maung Bo က ၂၀၁၇ တုန်းက ကချင်ဒုက္ခသည်စခန်းကို သွားရောက်စဉ် (Patrick Latt Sharr Ni)
ကာဒီနယ်ရဟန်းအမတ် Charles Maung Bo က ၂၀၁၇ တုန်းက ကချင်ဒုက္ခသည်စခန်းကို သွားရောက်စဉ် (Patrick Latt Sharr Ni)

အာရှ ခရစ်ယန် ဂိုဏ်းအုပ်များ အသင်း ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တော့မယ့် ကာဒီနယ်ရဟန်းအမတ် Charles Maung Bo ဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အဖြေရှာရေးကို ဆက်လက်ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကက်သလစ် အသင်းတော် သတင်းမှာ ဖေါ်ပြထားပါတယ်။

၂၀၁၀ ကစပြီး ဦးဆောင်နေတဲ့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ရဟန်းအမတ် Oswald Gracias နေရာမှာ တာဝန်ယူဖို့ ရဟန်းအမတ် Bo ကို နိုဝင်ဘာလထဲမှာ မဲပေးရွေးချယ်ခဲ့တာပါ။ အခု သူတာဝန်ယူရမယ့် သက်တမ်းဟာ ၃ နှစ် ဖြစ်ပါတယ်။

ရဟန်းအမတ် Bo က အာရှဒေသတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှု ဆိုင်ရာ ပြဿနာတွေကို ဦးစားပေးလုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးကို အစိုးရ၊ ဆင်းရဲသားတွေနဲ့ ဘာသာပေါင်းစုံတို့ ၃ ပွင့်ဆိုင် ဆွေးနွေး အဖြေရှာမှုနဲ့ ရယူမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အရှေ့တောင်အာရှ ဒေသတလွှားမှာ ပြည်တွင်း ပဋိပက္ခတွေ တိုးလာနေပြီး အများစုဟာ ဘာသာ အယူမတူတဲ့ သဘာဝကြောင့်ဖြစ်ပြီး ဒါကို မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ တွေ့နေရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၄၈ ခုနှစ် ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေး ရချိန်ကစပြီး ပြည်တွင်းစစ်တွေနဲ့ ရင်ဆိုင်နေရပြီး ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ အထိ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရတပ်တွေနဲ့ တိုင်းရင်းသားတွေကြား တိုက်ပွဲတွေဖြစ်ခဲ့ရသလို အခုထိလည်း တိုက်ပွဲတွေ ဖြစ်ပွါးနေဆဲမို့ ရဟန်းအမတ် Bo က စစ်ပွဲတွေဟာ အလားအလာရှိတဲ့ မြန်မာနိုင်ငံဟာ တိုးတက်သင့်သလောက် မတိုးတက်ပဲ တိုင်းပြည်အတွက် ခြေလက်တွေအဖြတ်ခံထားရသလို ဖြစ်နေတယ်လို့ အီစတာမိန့်ခွန်းမှာပြော ကြားခဲ့ပါတယ်။

ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရဟန်းအမတ် Bo က ဆက်လက်ထောက်ခံနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG