သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 က ဥရောပတိုက်ညီညွတ်ရေးကို ထိခိုက်လာနေပြီလား


ဥရောပသမဂ္ဂ အလံ။
ဥရောပသမဂ္ဂ အလံ။

Zawgyi/Unicode

ဥရောပသမဂ္ဂ နိုင်ငံတွေကြား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြေလည်မှု မရနိုင်ပဲ ဖြစ်နေချိန်မှာပဲ ဒီကပ်ရောဂါဟာ EU ဥရောပသမဂ္ဂ ဆက်လက် ရှင်သန်ရေးအတွက် အန္တရာယ် ဖြစ်လာနေပြီလို့ သံတမန်တွေကရော လေ့လာသုံးသပ်သူတွေကပါ ပြောကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကနေ ပြန်လည် နာလန်ထူစေဖို့ အရေးပေါ်ရန်ပုံငွေအဖြစ် ဒေါ်လာ ၅၈၁ သန်းလောက် ချထားပေးဖို့ အီးယူ ခေါင်းဆောင်တွေကြား ယာယီ သဘောတူညီချက် ရခဲ့တာပါ။ ဒါဟာ ဒီကပ်ရောဂါဒဏ် အဆိုးဝါးဆုံး ခံရတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ချက်ချင်း အကူအညီချထားပေးဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကပ်ရောဂါကြောင့် စီးပွားရေးရိုက်ခတ်မှုရှိနေတာကို ဘယ်လို ကိုင်တွယ်မယ် ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကြား ပြေလည်မှု မရနိုင်ပဲဖြစ်နေပါတယ်။ ဒါ့အပြင် လာမယ့် ၇ နှစ်တာ ကာလအတွက် အီးယူရဲ့ ဘတ်ဂျက် အသုံးစားရိတ် အပါအဝင် ဒေါ်လာ ၂ ထရီလီယံ ကျော် စီးပွားရေးနိုးထလာအောင် လုပ်ပေးမယ့် ရန်ပုံငွေနဲ့ပတ်သက်ပြီးလည်း ဥရောပခေါင်းဆောင်တွေ ကြား ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဆွေးနွေးနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုချိန်အထိ အရေးပေါ် အကူညီငွေ ဘယ်လောက် ချထားပေးမယ် ဆိုတာကလွဲပြီး တခြားကိစ္စရပ်တွေ အတွက် သဘောတူညီချက် မရနိုင်သေးဘူးလိ့ လေ့လာသူတွေက သုံးသပ်နေတာပါ။

အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အန္တရာယ်နဲ့ မကြုံရခင် ကတည်းက အီးယူအဖွဲ့ဝင် နိုင်ငံတွေကြား ငွေကြေးဆိုင်ရာ သဘောတူညီမှု မရနိုင်ပဲ ဖြစ်နေတာပါ။ အဓိက ကတော့ အီးယူကနေ ဗြိတိန် နုတ်ထွက်သွားခဲ့တဲ့နောက် ဗြိတိန်ထည့်ဝင်နေတဲ့ ရန်ပုံငွေ လျော့သွားတာအတွက် ဘယ်လို ပြန်ဖြည့်ဆည်းမယ် ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကြား ပြင်းပြင်းထန်ထန် ငြင်းခုန်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...................

COVID-19 က ဥရောပတိုကျညီညှတျရေးကို ထိခိုကျလာနပွေီလား

[Unicode]





ဆက်စပ်သတင်းများ ...

XS
SM
MD
LG