သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသားတွေကို ကန်ပြည်ဝင်ခွင့်ပိတ်ပင်မှု EU ဝေဖန်


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဥရောပနိုင်ငံ အားလုံးနီးပါးက ခရီးသွားတွေကို ဝင်ခွင့်တားမြစ်ဖို့ အမေရိကန်သမ္မတ Donald Trump က တဘက်သတ် ကြေညာလိုက်တဲ့အပေါ် ဥရောပထိပ်တန်းအရာရှိတွေက ကြာသပတေးနေ့မှာပဲ ဝေဖန်လိုက်ကြပါတယ်။

“အမေရိကန်က တိုင်ပင်ဆွေးနွေးတာတွေ မလုပ်ဘဲ ခရီးသွားတွေကို တားမြစ်ဖို့ တဖက်သတ်ဆုံးဖြတ်ခဲ့တာသာ ဖြစ်ကြောင်း” ဥရောပကော်မရှင် ပြောခွင့်ရသူ Eric Mamer က ပြောဆိုလိုက်တာပါ။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ (EU) အနေနဲ့ လက်မခံကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel တို့ကလည်း ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ကြတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ကမ္ဘာ့အကျပ်အတည်း တခုသာဖြစ်ပြီး ကမ္ဘာ့တိုက်ကြီး တခုခုရဲ့ ပြဿနာမဟုတ်တဲ့အတွက် တဘက်သတ် ဆောင်ရွက်ချက်တွေထက် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်းလည်း ပူးတွဲကြေညာချက်မှာ ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ရာသီတုပ်ကွေး လောက်တောင် စိုးရိမ်စရာ မရှိတဲ့သဘောမျိုး မကြာသေးခင်ကပဲ ပြောခဲ့အပြီး ဗုဒ္ဓဟူးနေ့ကပဲ ခရီးသွားတွေ ကန့်သတ်မယ့်အစီအစဉ်ကို သမ္မတ Trump ကြေညာလိုက်တာပါ။ ဗြိတိန်နဲ့ အိုင်ယာလန်တို့ကလွဲလို့ ဥရောပ ၂၆ နိုင်ငံက လေကြောင်းခရီးစဉ်တွေကို သောကြာနေ့ည သန်းခေါင်ကစပြီး ရက်ပေါင်း ၃၀ အမေရိကန်ကို ဝင်ခွင့်မပေးဖို့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တားမြစ်ထားတဲ့ ဥရောပနိုင်ငံ တခုခုက ခရီးသည်တွေ ဗြိတိန်နဲ့ အိုင်ယာလန် နိုင်ငံတွေကတဆင့် လာမယ်ဆိုရင် ခွင့်ပြုမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဥရောပကလာတဲ့ အမေရိကန် နိုင်ငံသားတွေကို ဝင်ခွင့် ကန့်သတ်မထားပေမဲ့ ၁၄ ရက်ကြာ ကိုယ့်ဖာသာ သီးခြားစောင့်ကြည့်ရမှာ ဖြစ်ကြောင်းလည်း ဒုသမ္မတ Mike Pence က အမေရိကန်ရုပ်သံ ABC ကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)






XS
SM
MD
LG