သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကြောင့် နယူးဒေလီ စာသင်ကျောင်းတွေ ရုပ်ရှင်ရုံတွေ ပိတ်


(Zawgyi/Unicode)

အိန္ဒိယနိုင်ငံမှာ Coronavirus နဲ့ ပထမဆုံး သေဆုံးသူ ရှိလာပြီဖြစ်ကြောင်း အစိုးရက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပြီး ဒီဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့ ကြိုးစားတဲ့အနေနဲ့ နယူးဒေလီမြို့က စာသင်ကျေင်းတွေ၊ ကပွဲရုံတွေနဲ့ ရုပ်ရှင်ရုံတွေကိုလည်း အခုလကုန်အထိ ပိတ်ထားဖို့ အမိန့် ထုတ်လိုက်ပါတယ်။

တိုင်းပြည်တောင်ပိုင်း Karnataka ပြည်နယ်အတွင်း အင်္ဂါနေ့က သေဆုံးသွားတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသားဟာ Coronavirus သေဆုံးသွားတယ်ဆိုတာ အတည်ပြုလိုက်နိုင်တာကြောင့် သူနဲ့ ထိတွေ့ ဆက်ဆံခဲ့သူတွေ ဘယ်သူတွေဖြစ်မယ်ဆိုတာကို လိုက်လံ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အခုချိန်ထိ လူပေါင်း ၄,၆၀၀ ကျော် သေဆုံးခဲ့ပြီး တရုတ်နိုင်ငံနဲ့လည်း နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ အခုချိန်ဒီ ဒီဗိုင်းရပ်စ်ပိုးရဲ့ဒဏ်ကို ဆိုးဆိုးရွားရွား မခံစားရသေးပါဘူး။

သောကြာနေ့ကစပြီး အိန္ဒိယနိုင်ငံကို လာလည်ကြမယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာကို ကန့်သတ် ပိတ်ပင်မယ့်အကြောင်းနဲ့ အိန္ဒိယနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်ထားတဲ့အကြောင်း ကြေညာအပြီး နာရီပိုင်းအကြာမှာဘဲ ဒီရောဂါနဲ့ သေဆုံးသူ ရှိလာပြီဖြစ်ကြောင်း ကြေညာချက် ထွက်လာတာပါ။

သံတမန်တွေနဲ့ တရားအစိုးရပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ လာမယ့်သူတွေကိုသာ ပြည်ဝင်ခွင့် ဗီဇာပေးမယ်လို့ ဆိုပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီးအားလုံးရဲ့ ပြည်ပခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားလိုက်ကြောင်း ဝန်ကြီးချုပ် Narendra Modi က ပြောပါတယ်။

အခုချိန်ထိတော့ မြို့တော် နယူးဒေလီမှာ Coronavirus ကူးစက်ကြောင်း အတည်ပြုထားသူ ၆ ဦးသာရှိပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူ ကြာသပတေးနေ့မှာ ၇၃ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့က ကူးစက်သူ ၃၀ သာ ရှိခဲ့ရာက ကြာသပတေးနေ့မှာ ၇၃ ဦး ရှိလာတာကြောင့် အများပြည်သူအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေတာပါ။

တိုက်ရိုက် လင့်ခ်


...................


(Unicode)







XS
SM
MD
LG