သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခရီးသြားခြင့္ပိတ္ခံထားရတဲ့ အီတလီေရာက္ ျမန္မာတဦးရဲ႕ အေတြ႔အႀကံဳ


Rome ၿမိဳ႕ျမင္ကြင္းတခု

(Zawgyi/Unicode)

Coronavirus ကူးစက္ ျပန္႔ႏွံ႔ေနတာေၾကာင့္ အီတလီႏုိင္ငံမွာ တႏုိင္ငံလုံး အတုိင္းအတာနဲ႔ ခရီးသြားလာခြင့္ေတြ ကန္႔သတ္ထားသလုိ ဗာတီကန္နန္းေတာ္ကိုလည္း ရာစုႏွစ္ေပါင္းမ်ားစြာအတြင္း ပထမဆံုးအႀကိမ္အျဖစ္ ပိတ္ထားတဲ့အတြက္ အနာဂတ္ေပ်ာက္သလုိ ခံစားရေၾကာင္း စိန္႔ဂ်ဳိးဇက္ ဘုရားေက်ာင္းက ျမန္မာႏုိင္ငံသူ သီလရွင္ Margarita က ေျပာပါတယ္။

အီတလီဟာ ဥေရာပတုိက္အတြင္း ဒီေရာဂါပုိး အဆုိးရြားဆုံး ကူးစက္ျပန္႔ႏွံ႔ေနတဲ့ ႏုိင္ငံျဖစ္ပါတယ္။ မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းတဲ့အခါ ခရီးသြားလာခြင့္ေတြ ပိတ္ပင္ၿပီးတဲ့ေနာက္ပုိင္း ကုိယ္တုိင္ ႀကံဳေတြ႔ ခံစားရတဲ့ အေျခအေနေတြကုိ သူက အခုလိုစေျပာပါတယ္။

သီလရွင္ Margarita။ ။ ေနာက္ဆံုးထိန္းခ်ဳပ္လိုက္တဲ့ အခ်ိန္က အဲဒီ မီလန္ဘက္မွာ ၿပီးခဲ့တဲ့ အပတ္မွာ ဆံုးျဖတ္လိုက္တာ အမွန္က ။ ဒါေပမယ့္ သူတို႔ကို အိမ္မွာေနပါလို႕ ေျပာတဲ့အခါက်ေတာ့ ေတာင္ဘက္ကို ျပန္သြားၾကတာ။ အလုအယက္ျပန္တယ္ ေရာမကို ျပန္ၾကတာ ။ အဲဒါနဲ႔ လူေတြက comment မွာ ဆဲေနတာေလ နင္တို႕က ေရာဂါပိုးသယ္လာတာေလ။ အိမ္မွာေနဆိုတာ နင္တို႔ကို အိမ္မွာ ေနခုိင္းတာ တျခားၿမိဳ႕ကိုသြားခိုင္းတာ မဟုတ္ဘူးတဲ့။ အဲဒီလို ေတြေျပာေနေတာ့ မွန္ေနသလိုေတြ ျဖစ္ေနတယ္ေလ ဆိုေတာ့ တခါ ျပန္သံုးသပ္တယ္လို႔ က်မယူဆတယ္ ။ မေန႔ကတုန္းက Prime Minister က တခါ ေၾကညာတဲ့အထဲမွာ ငါလည္း အိမ္မွာ ေနမယ္။ အေရးမႀကီးရင္ အျပင္မထြက္နဲ႔ ေစ်း၀ယ္ဖို႔လိုရင္ မိသားစုထဲက တေယာက္ပဲ အကုန္လံုးလိုတာေတြ ၀ယ္ဖို႔။ မေန႔ညတုန္းကေတာ့ Prime Minister ေၾကညာတဲ့အထဲမွာ အဲဒါ တခါ အေသးစိတ္ျပန္ေျပာတယ္။ ၿမိဳ႕နယ္ တၿမိဳ႕နယ္ကေန တၿမိဳ႕နယ္ကို သြားမယ္ဆိုရင္ ေလွ်ာက္လႊာေရးရမယ္ က်မတို႔ကို တေယာက္ တခုစီ ေပးထားတယ္။ အဲဒီေလွ်ာက္လႊာေရးၿပီးေတာ့မွ ရဲေတြကို ျပရမယ္။ တၿမိဳ႕နယ္ကေန တၿမိဳ႕နယ္ကို သြားမယ္ဆိုရင္ေပါ့ေနာ္။ ေလွ်ာက္လႊာေရးၿပီးေတာ့မွ ကိုယ္ဘာျဖစ္လို႔ သြားခ်င္တယ္တို႔ ရဲက ေထာက္ခံစာလည္းလိုတယ္။ တေနရာကေန တေနရာကို ကူးတယ္ဆိုရင္ အဲဒါကို ျပရမယ္။

အင္ၾကင္းႏိုင္။ ။အီတလီက ေရာမၿမိဳ႕တို႔ဆိုရင္ ႏိုင္ငံျခားသား ခရီးသြား၊ ကမာၻလည့္ ခရီးသြားေတြနဲ႔ အျမဲစည္ကားေနတဲ့ ၿမိဳ႕က အခုလို အစိုးရကိုယ္တိုင္က တၿမိဳ႕လံုး အျပင္မထြက္ၾကဖို႔ ဆိုၿပီးေတာ့ တႏိုင္ငံလံုးကို ပိတ္ပင္လိုက္တဲ့ အခါက်ေတာ့ အဲဒီမွာ ေရာမၿမိဳ႕အေျခအေနက ဘယ္လိုျဖစ္ေနပါသလဲ။

သီလရွင္ Margarita။ ။ သရဲေျခာက္ေနသလိုပဲ ၊ စိတ္ထဲမွာလည္း ဘယ္လိုမေကာင္းသလဲဆိုေတာ့ Vatican ႀကီးကိုလည္း ပိတ္လိုက္တယ္။ အဲဒီဟာႀကီး စိတ္ထဲမွာ ဘယ္လိုခံစားသလဲဆိုေတာ့ သမိုင္းတေလွ်ာက္ Vatican ႀကီး ပိတ္တယ္ဆိုတာ မရွိခဲ့ဘူး ထင္တာပဲ။ ပိုၿပီးေတာ့ ေရွးတုန္းကေတာ့ ပလိပ္ေရာဂါေတြ ရွိခဲ့ဖူးတာေပါ့ေနာ္ လြန္ခဲ့တဲ့ ႏွစ္ ၁၄၀၀ တို႔ ဘာတို႔။ ဒါေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမ်ာ Vatican ႀကီး ပိတ္တဲ့အထိ အေျခအေနက မျဖစ္ခဲ့ဘူးဆိုေတာ့ အခုအဲလိုျဖစ္တယ္ဆိုေတာ့ ကိုယ့္မွာ အနာဂါတ္မရွိသလိုပဲ။ ကိုယ္ဘုရားကို ယံုၾကည္လို႔သာ ဘယ္လိုပဲ ျဖစ္ေန ကိုယ္ ေသလည္း ေသရဲတယ္ေပါ့ေလ။ ဒါေပမယ့္ ေသမယ့္ အေျခအေနေတာ့ မရွိေလာက္ပါဘူး ဒါေပမယ့္ ကိုယ့္စိတ္ထဲက ခံစားခ်က္ကို တကယ္ေျပာရမယ္ဆိုရင္ အနာဂါတ္မရွိတဲ့ ပံုစံ တကယ္ ကိုယ္ဘာျဖစ္မလဲမသိဘူး။

အင္ၾကင္းႏိုင္။ ။အဲဒီေတာ့ Sister တို႔အခု ေရာမၿမိဳ႕မွာရွိတဲ့ သင္တန္းေက်ာင္းေတြမွာေရာ လူေတြ ဘယ္ေလာက္အထိ စိုးရိမ္ေနၾကသလဲ။

သီလရွင္ Margarita။ ။ က်မတို႔ ေက်ာင္းလည္း သီလရွင္ Guest House ပဲေလ။ က်မတို႔ ေက်ာင္းကို လာမယ့္ ဧည့္သည္ေတြလည္း အကုန္ဖ်က္လိုက္တယ္ အဲဒီအခါက်ေတာ့ စီးပြားေရးလည္း အရမ္းထိခိုက္တာေပါ့ေနာ္။ ေလယာဥ္နဲ႔ သြားမယ့္လူေတြလည္း cancel ျဖစ္လိုက္ သြားလိုက္နဲ႔ အရမ္းကို ကသိကေအာက္ တအားျဖစ္တယ္။ စီးပြားေရးလည္း တအားထိခိုက္မွာပဲ က်မတို႔ ေက်ာင္းကိုလာမယ့္လူလည္း ကိုယ္ပိုက္ဆံရမယ့္ ကိစၥေလ သူတို႔ cancel ၿပီဆိုေတာ့ ကိုယ္ဘယ္ေလာက္ ထိသြားသလဲ နားလည္ႏိုင္တယ္။

အင္ၾကင္းႏိုင္။ ။အစိုးရက အခုဆိုရင္ လူေတြအသြားအလာ အားလံုး ပိတ္လိုက္ၿပီဆိုေတာ့ ေနာက္ထပ္ ဒီလိုမ်ိဳး ဘယ္ေလာက္ ၾကာမယ္လို႔ သိရသလဲ။

သီလရွင္ Margarita။ ။ အခု ဒီအမိန္႔က ဧၿပီ ၃ ရက္အထိ ဆိုေတာ့ ေတာ္ေတာ္ၾကတယ္။ ဆိုးက်ိဳးေတြက ဘယ္ေလာက္လဲဆိုေတာ့ က်မတို႔ကိုေတာ့ အျပင္က Professor လာတယ္ ဒီေန႔လာေသးတယ္။ မေန႔က အမိန္႔ကို ဒီေန႔ လိုက္နာရၿပီ။ သူက တျခားၿမိဳ႕နယ္ကေန လာတဲ့အတြက္ ေထာက္ခံစာနဲ႔ သူလာရတယ္။ ေနာက္တပတ္လာဖို႔ဆိုရင္ က်မရဲ႕ Request ကိုျပမွ သူလာလို႔ ရမွာတဲ့။ က်မလည္း မေရးေတာ့ဘူးဆိုေတာ့ သူ online ကေနပဲ လုပ္ေတာ့မယ္။

အင္ၾကင္းႏိုင္။ ။အီတလီမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသြားသူေတြဟာ အသက္အရြယ္ ဘယ္ေလာက္ပိုင္းက အမ်ားဆံုးလဲလို႔ သိရလဲရွင့္။

သီလရွင္ Margarita။ ။အသက္အရြယ္ (၇၀) ေက်ာ္ေတြ၊ (၈၀) ေက်ာ္ေတြမ်ားတယ္။ ၿပီးေတာ့ က်န္းမာေရး မေကာင္းတဲ့သူေတြလည္း ပါတယ္။ တခ်ဳိ႕သူေတြက်ေတာ့လည္း ကိုယ္ခံအား သိပ္မေကာင္းတဲ့သူေတြ ပါပါတယ္။ ေရာဂါအခံရွိတဲ့သူေတြေပါ့။

အင္ၾကင္းႏိုင္။ ။ အီတလီအစိုးရကေန ဒီဗိုင္းရပ္စ္ပိုး ကူးစက္မႈကို အျမန္ဆံုးကာကြယ္ထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထားကိုေရာ ဘယ္ေလာက္ထိ ေမွ်ာ္လင့္လည္းရွင့္။

သီလရွင္ Margarita။ ။ ေရာမၿမိဳ႕က အေျခအေနဆိုရင္ သိပ္မဆိုးေသးဘူးေလ။ ေရာမၿမိဳ႕က Lazio ျပည္နယ္တြင္းမွာရွိတာေလ။ ျပည္နယ္တြင္းမွာေတာ့ ေရာဂါကူးစက္ခံရသူ (၇၀)ေလာက္ရွိတာဆိုေတာ့ ေရာမၿမိဳ႕မွာေတာ့ ဆယ္ဂဏန္းေလာက္ပဲရွိတာပါ။ အဲေတာ့ တေယာက္နဲ႔တေယာက္မထိရဘူး၊ အျပင္မသြားရဘူး ဆိုေတာ့ သိပ္ၿပီးေတာ့ မပ်ံ ႔ႏိုင္လိုက္ဘူးလို႔ ထင္တယ္။ ကာကြယ္ႏိုင္ေလာက္မယ္လို႔ ထင္တယ္။ ဒါေပမဲ့လို႔လည္း တတိုင္းျပည္လံုးအတြက္ ခ်မွတ္ထားတဲ့ ဥပေဒေၾကာင့္ က်မတို႔လည္း တပံုစံတည္း ဒုကၡကေတာ့ ခံစားရတာေပါ့။

စိန္႔ဂ်ဳိးဇက္ ဘုရားေက်ာင္းက ျမန္မာႏုိင္ငံသူ သီလရွင္ Margarita ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


.................

ခရီးသွားခွင့်ပိတ်ခံထားရတဲ့ အီတလီရောက် မြန်မာတဦးရဲ့ အတွေ့အကြုံ

(Unicode)

Coronavirus ကူးစက် ပြန့်နှံ့နေတာကြောင့် အီတလီနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခရီးသွားလာခွင့်တွေ ကန့်သတ်ထားသလို ဗာတီကန်နန်းတော်ကိုလည်း ရာစုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပိတ်ထားတဲ့အတွက် အနာဂတ်ပျောက်သလို ခံစားရကြောင်း စိန့်ဂျိုးဇက် ဘုရားကျောင်းက မြန်မာနိုင်ငံသူ သီလရှင် Margarita က ပြောပါတယ်။ အီတလီဟာ ဥရောပတိုက်အတွင်း ဒီရောဂါပိုး အဆိုးရွားဆုံး ကူးစက်ပြန့်နှံ့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ ခရီးသွားလာခွင့်တွေ ပိတ်ပင်ပြီးတဲ့နောက်ပိုင်း ကိုယ်တိုင် ကြုံတွေ့ ခံစားရတဲ့ အခြေအနေတွေကို သူက အခုလိုစပြောပါတယ်။

သီလရှင် Margarita။ ။ နောက်ဆုံးထိန်းချုပ်လိုက်တဲ့ အချိန်က အဲဒီ မီလန်ဘက်မှာ ပြီးခဲ့တဲ့ အပတ်မှာ ဆုံးဖြတ်လိုက်တာ အမှန်က ။ ဒါပေမယ့် သူတို့ကို အိမ်မှာနေပါလို့ ပြောတဲ့အခါကျတော့ တောင်ဘက်ကို ပြန်သွားကြတာ။ အလုအယက်ပြန်တယ် ရောမကို ပြန်ကြတာ ။ အဲဒါနဲ့ လူတွေက comment မှာ ဆဲနေတာလေ နင်တို့က ရောဂါပိုးသယ်လာတာလေ။ အိမ်မှာနေဆိုတာ နင်တို့ကို အိမ်မှာ နေခိုင်းတာ တခြားမြို့ကိုသွားခိုင်းတာ မဟုတ်ဘူးတဲ့။ အဲဒီလို တွေပြောနေတော့ မှန်နေသလိုတွေ ဖြစ်နေတယ်လေ ဆိုတော့ တခါ ပြန်သုံးသပ်တယ်လို့ ကျမယူဆတယ် ။ မနေ့ကတုန်းက Prime Minister က တခါ ကြေညာတဲ့အထဲမှာ ငါလည်း အိမ်မှာ နေမယ်။ အရေးမကြီးရင် အပြင်မထွက်နဲ့ ဈေးဝယ်ဖို့လိုရင် မိသားစုထဲက တယောက်ပဲ အကုန်လုံးလိုတာတွေ ဝယ်ဖို့။ မနေ့ညတုန်းကတော့ Prime Minister ကြေညာတဲ့အထဲမှာ အဲဒါ တခါ အသေးစိတ်ပြန်ပြောတယ်။ မြို့နယ် တမြို့နယ်ကနေ တမြို့နယ်ကို သွားမယ်ဆိုရင် လျှောက်လွှာရေးရမယ် ကျမတို့ကို တယောက် တခုစီ ပေးထားတယ်။ အဲဒီလျှောက်လွှာရေးပြီးတော့မှ ရဲတွေကို ပြရမယ်။ တမြို့နယ်ကနေ တမြို့နယ်ကို သွားမယ်ဆိုရင်ပေါ့နော်။ လျှောက်လွှာရေးပြီးတော့မှ ကိုယ်ဘာဖြစ်လို့ သွားချင်တယ်တို့ ရဲက ထောက်ခံစာလည်းလိုတယ်။ တနေရာကနေ တနေရာကို ကူးတယ်ဆိုရင် အဲဒါကို ပြရမယ်။

အင်ကြင်းနိုင်။ ။အီတလီက ရောမမြို့တို့ဆိုရင် နိုင်ငံခြားသား ခရီးသွား၊ ကမ္ဘာလည့် ခရီးသွားတွေနဲ့ အမြဲစည်ကားနေတဲ့ မြို့က အခုလို အစိုးရကိုယ်တိုင်က တမြို့လုံး အပြင်မထွက်ကြဖို့ ဆိုပြီးတော့ တနိုင်ငံလုံးကို ပိတ်ပင်လိုက်တဲ့ အခါကျတော့ အဲဒီမှာ ရောမမြို့အခြေအနေက ဘယ်လိုဖြစ်နေပါသလဲ။

သီလရှင် Margarita။ ။ သရဲခြောက်နေသလိုပဲ ၊ စိတ်ထဲမှာလည်း ဘယ်လိုမကောင်းသလဲဆိုတော့ Vatican ကြီးကိုလည်း ပိတ်လိုက်တယ်။ အဲဒီဟာကြီး စိတ်ထဲမှာ ဘယ်လိုခံစားသလဲဆိုတော့ သမိုင်းတလျှောက် Vatican ကြီး ပိတ်တယ်ဆိုတာ မရှိခဲ့ဘူး ထင်တာပဲ။ ပိုပြီးတော့ ရှေးတုန်းကတော့ ပလိပ်ရောဂါတွေ ရှိခဲ့ဖူးတာပေါ့နော် လွန်ခဲ့တဲ့ နှစ် ၁၄၀၀ တို့ ဘာတို့။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမျာ Vatican ကြီး ပိတ်တဲ့အထိ အခြေအနေက မဖြစ်ခဲ့ဘူးဆိုတော့ အခုအဲလိုဖြစ်တယ်ဆိုတော့ ကိုယ့်မှာ အနာဂါတ်မရှိသလိုပဲ။ ကိုယ်ဘုရားကို ယုံကြည်လို့သာ ဘယ်လိုပဲ ဖြစ်နေ ကိုယ် သေလည်း သေရဲတယ်ပေါ့လေ။ ဒါပေမယ့် သေမယ့် အခြေအနေတော့ မရှိလောက်ပါဘူး ဒါပေမယ့် ကိုယ့်စိတ်ထဲက ခံစားချက်ကို တကယ်ပြောရမယ်ဆိုရင် အနာဂါတ်မရှိတဲ့ ပုံစံ တကယ် ကိုယ်ဘာဖြစ်မလဲမသိဘူး။

အင်ကြင်းနိုင်။ ။အဲဒီတော့ Sister တို့အခု ရောမမြို့မှာရှိတဲ့ သင်တန်းကျောင်းတွေမှာရော လူတွေ ဘယ်လောက်အထိ စိုးရိမ်နေကြသလဲ။

သီလရှင် Margarita။ ။ ကျမတို့ ကျောင်းလည်း သီလရှင် Guest House ပဲလေ။ ကျမတို့ ကျောင်းကို လာမယ့် ဧည့်သည်တွေလည်း အကုန်ဖျက်လိုက်တယ် အဲဒီအခါကျတော့ စီးပွားရေးလည်း အရမ်းထိခိုက်တာပေါ့နော်။ လေယာဉ်နဲ့ သွားမယ့်လူတွေလည်း cancel ဖြစ်လိုက် သွားလိုက်နဲ့ အရမ်းကို ကသိကအောက် တအားဖြစ်တယ်။ စီးပွားရေးလည်း တအားထိခိုက်မှာပဲ ကျမတို့ ကျောင်းကိုလာမယ့်လူလည်း ကိုယ်ပိုက်ဆံရမယ့် ကိစ္စလေ သူတို့ cancel ပြီဆိုတော့ ကိုယ်ဘယ်လောက် ထိသွားသလဲ နားလည်နိုင်တယ်။

အင်ကြင်းနိုင်။ ။အစိုးရက အခုဆိုရင် လူတွေအသွားအလာ အားလုံး ပိတ်လိုက်ပြီဆိုတော့ နောက်ထပ် ဒီလိုမျိုး ဘယ်လောက် ကြာမယ်လို့ သိရသလဲ။

သီလရှင် Margarita။ ။ အခု ဒီအမိန့်က ဧပြီ ၃ ရက်အထိ ဆိုတော့ တော်တော်ကြတယ်။ ဆိုးကျိုးတွေက ဘယ်လောက်လဲဆိုတော့ ကျမတို့ကိုတော့ အပြင်က Professor လာတယ် ဒီနေ့လာသေးတယ်။ မနေ့က အမိန့်ကို ဒီနေ့ လိုက်နာရပြီ။ သူက တခြားမြို့နယ်ကနေ လာတဲ့အတွက် ထောက်ခံစာနဲ့ သူလာရတယ်။ နောက်တပတ်လာဖို့ဆိုရင် ကျမရဲ့ Request ကိုပြမှ သူလာလို့ ရမှာတဲ့။ ကျမလည်း မရေးတော့ဘူးဆိုတော့ သူ online ကနေပဲ လုပ်တော့မယ်။

အင်ကြင်းနိုင်။ ။အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေဟာ အသက်အရွယ် ဘယ်လောက်ပိုင်းက အများဆုံးလဲလို့ သိရလဲရှင့်။

သီလရှင် Margarita။ ။အသက်အရွယ် (၇၀) ကျော်တွေ၊ (၈၀) ကျော်တွေများတယ်။ ပြီးတော့ ကျန်းမာရေး မကောင်းတဲ့သူတွေလည်း ပါတယ်။ တချို့သူတွေကျတော့လည်း ကိုယ်ခံအား သိပ်မကောင်းတဲ့သူတွေ ပါပါတယ်။ ရောဂါအခံရှိတဲ့သူတွေပေါ့။

အင်ကြင်းနိုင်။ ။ အီတလီအစိုးရကနေ ဒီဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အမြန်ဆုံးကာကွယ်ထိန်းချုပ်နိုင်တဲ့ အနေအထားကိုရော ဘယ်လောက်ထိ မျှော်လင့်လည်းရှင့်။

သီလရှင် Margarita။ ။ ရောမမြို့က အခြေအနေဆိုရင် သိပ်မဆိုးသေးဘူးလေ။ ရောမမြို့က Lazio ပြည်နယ်တွင်းမှာရှိတာလေ။ ပြည်နယ်တွင်းမှာတော့ ရောဂါကူးစက်ခံရသူ (၇၀)လောက်ရှိတာဆိုတော့ ရောမမြို့မှာတော့ ဆယ်ဂဏန်းလောက်ပဲရှိတာပါ။ အဲတော့ တယောက်နဲ့တယောက်မထိရဘူး၊ အပြင်မသွားရဘူး ဆိုတော့ သိပ်ပြီးတော့ မပျံ့နိုင်လိုက်ဘူးလို့ ထင်တယ်။ ကာကွယ်နိုင်လောက်မယ်လို့ ထင်တယ်။ ဒါပေမဲ့လို့လည်း တတိုင်းပြည်လုံးအတွက် ချမှတ်ထားတဲ့ ဥပဒေကြောင့် ကျမတို့လည်း တပုံစံတည်း ဒုက္ခကတော့ ခံစားရတာပေါ့။

စိန့်ဂျိုးဇက် ဘုရားကျောင်းက မြန်မာနိုင်ငံသူ သီလရှင် Margarita ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG