သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီတလီေရာက္ ျမန္မာႏုိင္ငံသားမ်ား အကူအညီအတြက္ ဆက္သြယ္ဖို႔ သံ႐ံုးအသိေပး


ကိုရိုနာဗိုင္းရပ္စ္ပိုး ကာကြယ္ရန္ ႏွာေခါင္းစီးတပ္ဆင္ထားတဲ့ အီတလီ ႏိုင္ငံ Rome ၿမိဳ႕က အမ်ိဳးသား တဦး (သတင္းဓာတ္ပံု - မတ္ ၁၀၊ ၂၀၂၀)

(Zawgyi/Unicode)

COVID- 19 ကူးစက္ႏႈန္းနဲ႔ ေသဆံုးႏႈန္း ဒုတိယအျမင့္ဆံုးျဖစ္ေနတဲ့ အီတလီႏုိ္င္ငံမွာ ေရာက္ရွိေနထုိင္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ လိုအပ္တဲ့ အကူအညီရွိလာခဲ့ရင္ ျမန္မာသံရံုးကို ဆက္သြယ္အေၾကာင္းၾကားဖို႔ သံရံုးတာဝန္ရွိသူက ေျပာပါတယ္။ လက္ရွိအခ်ိန္ထိကေတာ့ အီတလီေရာက္ ျမန္မာႏုိင္ငံသားေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ထားသူရွိၿပီဆိုတဲ့ သတင္းမ်ဳိး မထြက္ေသးပါဘူး။ အျပည့္အစံုကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ဆက္ေျပာျပပါမယ္။

COVID-19 ေရာဂါ စတင္ျဖစ္ပြားခဲ့တဲ့ တရုတ္ႏုိင္ငံၿပီးရင္ အီတလီႏုိင္ငံဟာ ေသဆံုးသူနဲ႔ ေရာဂါကူးစက္ခံရသူ ဒုတိယအမ်ားဆံုး ေနရာမွာ ရွိေနတာျဖစ္ၿပီး အဲဒီမွာ ျမန္မာႏုိင္ငံသား ၃၀၀ ေက်ာ္ရွိပါတယ္။

ဒီကိုရုိနာဗုိင္းရပ္စ္ကုိ ထိန္းခ်ဳပ္တဲ့အေနနဲ႔ အီတလီအစုိးရက တႏုိင္ငံလံုးအတုိင္းအတာ အေရးေပၚအေျခအေန သတ္မွတ္လိုက္ၿပီး ခရီးသြားလာခြင့္ကို မေန႔ကညမွာပဲ ပိတ္ပင္လိုက္ပါတယ္။ အခုလို အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အီတလီႏုိင္ငံမွာ ေနထုိ္င္တဲ့ ျမန္မာႏုိင္ငံသားေတြကုိေတာ့ ခုခ်ိန္ထိ ဒီေရာဂါပိုးကူးစက္တာ မရွိေသးဘူးလို႔ ေရာမၿမိဳ႕အေျခစုိက္ ျမန္မာသံရံုးတာဝန္ရွိသူက ဗီြအိုေအကုိေျပာပါတယ္။

“က်ေနာ္တို႔ ျမန္မာေတာ့ ျဖစ္တဲ့သူ မရွိေသးဘူးဗ်။ ေလာေလာဆယ္ေတာ့ မၾကားေသးဘူးေပါ့ေနာ္။ က်ေနာ္တုိ႔လည္း ျမန္မာေတြကုိ ဆက္သြယ္ၿပီးေတာ့ အေျခအေနဘယ္လိုရွိလဲ။ အစားအေသာက္၊ ေနရထုိင္ရတဲ့ အေျခအေန၊ ပတ္ဝန္းက်င္မွာေရာ ဘာရွိလဲေပါ့ေနာ္။ သူတို႔ကေတာ့ ေလာေလာဆယ္မွာ ဆန္တို႔၊ ဆီတုိ႔ ဒီမွာ ရႏုိင္မယ့္ အစားအေသာက္ေတြကုိ ၾကားကတည္းက ဝယ္ထားၾကတယ္ေပါ့ေနာ္။ သိပ္ၿပီးေတာ့ အထိတ္တလန္႔ေတာ့ မျဖစ္ဘူးေပါ့။ ဒါေပမဲ့ အျပင္ေတြဘာေတြေတာ့ အသြားအလာနည္းၿပီး အိမ္မွာပဲေနတာေပါ့ေနာ္။”

ဒီကေန႔ ညေနခင္း စာရင္းအရ အီတလီႏုိင္ငံမွာ ကုိရိုနာေရာဂါပိုး ကူးစက္ခံရသူ ၉,၁၇၂ ဦး ရွိၿပီး၊ ေသဆံုးသူကေတာ့ ၄၆၃ ဦး ရွိသြားပါၿပီ။

သံရံုးအေနနဲ႔ ျမန္မာႏိုင္ငံသားေတြနဲ႔ အဆက္အသြယ္ ပံုမွန္ရွိေနၿပီး သူတို႔လိုအပ္တဲ့ အခက္အခဲေတြရွိလာရင္ သံရံုးကုိ အေၾကာင္းၾကားေပးဖုိ႔ တာဝန္ရွိသူက အခုလိုေျပာပါတယ္။

“ေက်ာင္းသားေတြကေတာ့ သံရံုးနဲ႔လည္း Group ခ်ိတ္ထားတာေပါ့ေနာ္။ သူတုိ႔မိသားစုေတြနဲ႔လည္း ဖုန္းရပါတယ္။ က်ေနာ္တို႔ သံရံုးကလည္း လုိအပ္တာရွိရင္ ကူညီေပးႏုိင္ဖို႔ကို သူတုိ႔ကုိလိုအပ္တဲ့ အခက္အခဲေတြ ေျပာဖို႔ဆုိၿပီးေတာ့ က်ေနာ္တုိ႔ ေပ့ခ်္မွာလည္း တင္ထားတယ္။ သူတုိ႔နဲ႔လည္း အဆက္အသြယ္ အျမဲတမ္းရွိတယ္။ တခ်ိဳ႕လိုတဲ့ဟာေတြေပါ့ Mask တို႔ Hand Gel တို႔ သူတုိ႔ ဝယ္လို႔မရတဲ့ဟာေတြကုိ က်ေနာ္တို႔ေတြ ပို႔ေပးတဲ့ သူေတြရွိတယ္။ အကုန္လံုးေတာ့ ဒီမွာလည္း ဝယ္လို႔မရဘူးဆုိေတာ့ အဲဒါေတြကို ဆက္သြယ္ၿပီး လုပ္ေပးေနပါတယ္။ သူတုိ႔ေတြလည္း အျပင္မထြက္ဖို႔ေပါ့ေနာ္။ လိုအပ္တာရွိလို႔ရွိရင္ သံရံုးကို ဆက္သြယ္ဖို႔ ေျပာထားပါတယ္။”

တရုတ္ႏုိင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကုိရုိနာေရာဂါပုိးဟာ အျခားႏုိင္ငံေပါင္း ၁၁၄ ႏုိင္ငံကို ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၁၀ ရက္ ညေနခင္းစာရင္းအရ လူေပါင္း ၁၁၀,၀၀၀ ေက်ာ္ (၁၁၄,၆၃၅) ကူးစက္ခံထားရပါတယ္။ ဒါဟာ ေသဆံုးသူကေတာ့ စုစုေပါင္း ၄,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အီတလီရောက် မြန်မာနိုင်ငံသားများ အကူအညီအတွက် ဆက်သွယ်ဖို့ သံရုံးအသိပေး

COVID- 19 ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း ဒုတိယအမြင့်ဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ အကူအညီရှိလာခဲ့ရင် မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားဖို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။ လက်ရှိအချိန်ထိကတော့ အီတလီရောက် မြန်မာနိုင်ငံသားတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားသူရှိပြီဆိုတဲ့ သတင်းမျိုး မထွက်သေးပါဘူး။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ဆက်ပြောပြပါမယ်။

COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် အီတလီနိုင်ငံဟာ သေဆုံးသူနဲ့ ရောဂါကူးစက်ခံရသူ ဒုတိယအများဆုံး နေရာမှာ ရှိနေတာဖြစ်ပြီး အဲဒီမှာ မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိပါတယ်။

ဒီကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့အနေနဲ့ အီတလီအစိုးရက တနိုင်ငံလုံးအတိုင်းအတာ အရေးပေါ်အခြေအနေ သတ်မှတ်လိုက်ပြီး ခရီးသွားလာခွင့်ကို မနေ့ကညမှာပဲ ပိတ်ပင်လိုက်ပါတယ်။ အခုလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အီတလီနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ခုချိန်ထိ ဒီရောဂါပိုးကူးစက်တာ မရှိသေးဘူးလို့ ရောမမြို့အခြေစိုက် မြန်မာသံရုံးတာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ မြန်မာတော့ ဖြစ်တဲ့သူ မရှိသေးဘူးဗျ။ လောလောဆယ်တော့ မကြားသေးဘူးပေါ့နော်။ ကျနော်တို့လည်း မြန်မာတွေကို ဆက်သွယ်ပြီးတော့ အခြေအနေဘယ်လိုရှိလဲ။ အစားအသောက်၊ နေရထိုင်ရတဲ့ အခြေအနေ၊ ပတ်ဝန်းကျင်မှာရော ဘာရှိလဲပေါ့နော်။ သူတို့ကတော့ လောလောဆယ်မှာ ဆန်တို့၊ ဆီတို့ ဒီမှာ ရနိုင်မယ့် အစားအသောက်တွေကို ကြားကတည်းက ဝယ်ထားကြတယ်ပေါ့နော်။ သိပ်ပြီးတော့ အထိတ်တလန့်တော့ မဖြစ်ဘူးပေါ့။ ဒါပေမဲ့ အပြင်တွေဘာတွေတော့ အသွားအလာနည်းပြီး အိမ်မှာပဲနေတာပေါ့နော်။”

ဒီကနေ့ ညနေခင်း စာရင်းအရ အီတလီနိုင်ငံမှာ ကိုရိုနာရောဂါပိုး ကူးစက်ခံရသူ ၉,၁၇၂ ဦး ရှိပြီး၊ သေဆုံးသူကတော့ ၄၆၃ ဦး ရှိသွားပါပြီ။

သံရုံးအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ အဆက်အသွယ် ပုံမှန်ရှိနေပြီး သူတို့လိုအပ်တဲ့ အခက်အခဲတွေရှိလာရင် သံရုံးကို အကြောင်းကြားပေးဖို့ တာဝန်ရှိသူက အခုလိုပြောပါတယ်။

“ကျောင်းသားတွေကတော့ သံရုံးနဲ့လည်း Group ချိတ်ထားတာပေါ့နော်။ သူတို့မိသားစုတွေနဲ့လည်း ဖုန်းရပါတယ်။ ကျနော်တို့ သံရုံးကလည်း လိုအပ်တာရှိရင် ကူညီပေးနိုင်ဖို့ကို သူတို့ကိုလိုအပ်တဲ့ အခက်အခဲတွေ ပြောဖို့ဆိုပြီးတော့ ကျနော်တို့ ပေ့ချ်မှာလည်း တင်ထားတယ်။ သူတို့နဲ့လည်း အဆက်အသွယ် အမြဲတမ်းရှိတယ်။ တချို့လိုတဲ့ဟာတွေပေါ့ Mask တို့ Hand Gel တို့ သူတို့ ဝယ်လို့မရတဲ့ဟာတွေကို ကျနော်တို့တွေ ပို့ပေးတဲ့ သူတွေရှိတယ်။ အကုန်လုံးတော့ ဒီမှာလည်း ဝယ်လို့မရဘူးဆိုတော့ အဲဒါတွေကို ဆက်သွယ်ပြီး လုပ်ပေးနေပါတယ်။ သူတို့တွေလည်း အပြင်မထွက်ဖို့ပေါ့နော်။ လိုအပ်တာရှိလို့ရှိရင် သံရုံးကို ဆက်သွယ်ဖို့ ပြောထားပါတယ်။”

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၁၁၄ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၁၀ ရက် ညနေခင်းစာရင်းအရ လူပေါင်း ၁၁၀,၀၀၀ ကျော် (၁၁၄,၆၃၅) ကူးစက်ခံထားရပါတယ်။ ဒါဟာ သေဆုံးသူကတော့ စုစုပေါင်း ၄,၀၀၀ ကျော်သွားပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG