(Zawgyi/Unicode)
ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကုိ ကာကြယ္ထိန္းခ်ဳပ္ေရး အစီအစဥ္ တစိ္တ္တပုိင္းအျဖစ္ လူစုလူေ၀းနဲ႔ အခမ္းအနားေတြကုိ ျပန္လည္သုံးသပ္ဖုိ႔နဲ႔ ေစာင့္ၾကည့္စစ္ေဆးဖုိ႔ စီစဥ္ေနပါတယ္။
ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ကမာၻတ၀ွမ္း ပ်ံ႕ႏွံ႔ေနတဲ့ ကပ္ေရာဂါအျဖစ္ ေၾကညာလိုက္ၿပီး ေနာက္တရက္ျဖစ္တဲ့ ၾကာသပေတးေန႔မွာပဲ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္က်င္းပတဲ့ အေရးေပၚ အစည္းအေ၀းမွာ ေဆြးေႏြးခဲ့တာ ျဖစ္ေၾကာင္းလည္း ျပန္ၾကားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့တာပါ။
ႏုိင္ငံတကာမွာ ကူးစက္မႈေတြဟာ လူစုလူေ၀းနဲ႔ တက္ေရာက္တဲ့ ပဲြလမ္းအခမ္းအနားေတြကေန ကူးစက္တဲ့ သာဓကေတြ ေတြ႔ခဲ့ရတဲ့အတြက္ ျမန္မာႏုိင္ငံမွာလည္း အစုိးရက ဦးစီးက်င္းပတဲ့ လူအမ်ားအျပား တက္ေရာက္တဲ့ အခမ္းအနားေတြ၊ အစည္းအေ၀းေတြ က်င္းပမယ့္ အစီအစဥ္ေတြကုိ ျပန္သုံးသပ္မယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။
ဗုဒၶဘာသာ၀င္ အမ်ားစုရွိရာ ျမန္မာႏုိင္ငံမွာ ဘုရားပုထုိးေတြကုိ လူအမ်ားအျပား လာေရာက္ေလ့ ရွိတတ္တဲ့အတြက္ ခႏၶာကုိယ္အပူခ်ိန္ ေစာင့္ၾကည့္စစ္ေဆးသြားမွာ ျဖစ္သလုိ၊ လတ္တေလာ ေရာဂါကူးစက္မႈႏႈန္းမ်ားတဲ့ ႏုိင္ငံေတြကေန ျမန္မာႏုိင္ငံကုိ ေရာက္လာသူေတြကုိ စစ္ေဆးတာ သီးျခားခဲြၿပီး ေစာင့္ၾကပ္တာေတြ လုပ္မယ္လုိ႔လည္း ဆုိပါတယ္။ သက္ဆုိင္ရာ တုိင္းနဲ႔ျပည္နယ္ အစုိးရေတြ အေနနဲ႔လည္း ေရာဂါေစာင့္ၾကည့္ စစ္ေဆးတာ၊ သြားလာမႈေတြကုိ ကန္႔သတ္တာ၊ လုိအပ္ရင္ သီးသန္႔ခဲြထားႏုိင္မယ့္ ေနရာေတြကို ျပင္ဆင္ဖုိ႔လည္း ေဆြးေႏြးခဲ့ၾကတာပါ။
လတ္တေလာ ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူအျဖစ္ အတည္ျပဳထားသူေတာ့ တေယာက္မွ မရွိေသးပါဘူး။ ဒါေပမဲ့လည္း ျမန္မာႏုိင္ငံဟာ ကုိ႐ုိနာဗုိင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ တ႐ုတ္ႏုိ္င္ငံနဲ႔ ကပ္လ်က္ရွိေနၿပီး၊ ကူးလူးဆက္ဆံမႈေတြ မ်ားျပားတဲ့အတြက္ ေရာဂါအႏၱရာယ္နဲ႔ ႀကံဳရမွာ စုိးရိမ္မႈေတြ ရွိေနသလုိ၊ ႏုိင္ငံတခ်ိဳ႕ကလည္း ခရီးသြားတာေတြကုိ ကန္႔သတ္တာေတြ၊ သတိေပးခ်က္ ထုတ္ျပန္ထားတာေတြလည္း ရွိေနပါတယ္။
.....................
လူစုလူဝေး အခမ်းအနား ပြုလုပ်မှု မြန်မာအစိုးရ ပြန်သုံးသပ်မည်
(Unicode)
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကာကွယ်ထိန်းချုပ်ရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် လူစုလူဝေးနဲ့ အခမ်းအနားတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ စောင့်ကြည့်စစ်ဆေးဖို့ စီစဉ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာတဝှမ်း ပျံ့နှံ့နေတဲ့ ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီး နောက်တရက်ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ အရေးပေါ် အစည်းအဝေးမှာ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။
နိုင်ငံတကာမှာ ကူးစက်မှုတွေဟာ လူစုလူဝေးနဲ့ တက်ရောက်တဲ့ ပွဲလမ်းအခမ်းအနားတွေကနေ ကူးစက်တဲ့ သာဓကတွေ တွေ့ခဲ့ရတဲ့အတွက် မြန်မာနိုင်ငံမှာလည်း အစိုးရက ဦးစီးကျင်းပတဲ့ လူအများအပြား တက်ရောက်တဲ့ အခမ်းအနားတွေ၊ အစည်းအဝေးတွေ ကျင်းပမယ့် အစီအစဉ်တွေကို ပြန်သုံးသပ်မယ်လို့လည်း ဖော်ပြထားပါတယ်။
ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံမှာ ဘုရားပုထိုးတွေကို လူအများအပြား လာရောက်လေ့ ရှိတတ်တဲ့အတွက် ခန္ဓာကိုယ်အပူချိန် စောင့်ကြည့်စစ်ဆေးသွားမှာ ဖြစ်သလို၊ လတ်တလော ရောဂါကူးစက်မှုနှုန်းများတဲ့ နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ရောက်လာသူတွေကို စစ်ဆေးတာ သီးခြားခွဲပြီး စောင့်ကြပ်တာတွေ လုပ်မယ်လို့လည်း ဆိုပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရတွေ အနေနဲ့လည်း ရောဂါစောင့်ကြည့် စစ်ဆေးတာ၊ သွားလာမှုတွေကို ကန့်သတ်တာ၊ လိုအပ်ရင် သီးသန့်ခွဲထားနိုင်မယ့် နေရာတွေကို ပြင်ဆင်ဖို့လည်း ဆွေးနွေးခဲ့ကြတာပါ။
လတ်တလော မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် အတည်ပြုထားသူတော့ တယောက်မှ မရှိသေးပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ကပ်လျက်ရှိနေပြီး၊ ကူးလူးဆက်ဆံမှုတွေ များပြားတဲ့အတွက် ရောဂါအန္တရာယ်နဲ့ ကြုံရမှာ စိုးရိမ်မှုတွေ ရှိနေသလို၊ နိုင်ငံတချို့ကလည်း ခရီးသွားတာတွေကို ကန့်သတ်တာတွေ၊ သတိပေးချက် ထုတ်ပြန်ထားတာတွေလည်း ရှိနေပါတယ်။