(Zawgyi/Unicode)
Coronavirus ပုိး ကူးစက္ေနၾကသူေတြထဲမွာ ကမာၻ႔အႀကီးအကဲတခ်ဳိ႕လည္း ပါဝင္ေနပါတယ္။
Monaco ႏိုင္ငံရဲ႕ ဥေသွ်ာင္ Prince Albert မွာ coronavirus ပိုးကူးစက္ေနတယ္လုိ႔ သူ႔နန္းေတာ္က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ Princess Grace ေဆး႐ံုက ဆရာဝန္ေတြက Albert ဘုရင္ႀကီးကို ကုသေပးေနၿပီး အသက္ ၆၂ ႏွစ္အ႐ြယ္ ဘုရင္ႀကီးရဲ႕ က်န္းမာေရးအေျခအေန စိုးရိမ္စရာ မ႐ွိဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
Monaco ဘုရင္ဟာ Coronavirus ပိုးကူးစက္ေနတယ္လို႔ လူသိ႐ွင္ၾကား ေၾကညာတဲ့ ပထမဆံုး ႏိုင္ငံ့ေခါင္းေဆာင္ျဖစ္ပါတယ္။ Albert ဘုရင္ႀကီးဟာ နန္းေတာ္ထဲက သူ႔႐ံုးခန္းမွာ အလုပ္ေတြ ဆက္လုပ္ေနသလို အစိုးရအဖဲြ႔ဝင္ေတြနဲ႔လည္း ပံုမွန္ အဆက္အသြယ္႐ွိတယ္လို႔ နန္းေတာ္ရဲ႕ ေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။
ဒီသတင္းနဲ႔ တဆက္ထဲပဲ EU ဥေရာပေကာ္မ႐ွင္အႀကီးအကဲ တေယာက္လည္း Coronavirus ပိုးကူးစက္ေနတယ္လို႔ EU ေကာ္မ႐ွင္ ေျပာခြင့္ရသူက အတည္ျပဳပါတယ္။ EU နဲ႔ EU ထဲက ႏုတ္ထြက္သြားတဲ့ ၿဗိတိန္ႏုိ္င္ငံၾကား သေဘာတူညီမႈေတြ ရ႐ွိေရး အဓိကေဆြးေႏြးေနတဲ့ ၫွိႏႈိင္းေရးမွဴးခ်ဳပ္ Michael Barnier မွာ Coronavirus ပိုးကူးစက္ေနတယ္ဆိုတာကို ၾကာသပေတးေန႔က ေျပာၾကားခဲ့တာပါ။
သူ႔နဲ႔ လူခ်င္းေတ႔ြဆံုခ့ဲတဲ့ EU ေကာ္မ႐ွင္ဥကၠ႒ Ursula von der Leyen အေနနဲ႔ Coronavirus ပိုး ႐ွိ၊ မ႐ွိ စစ္ေဆးမယ္လို႔ ေျပာခြင့္ရ Eric Mamer ကေျပာပါတယ္။ Michael Barnier နဲ႔ von der Leyen တို႔ သီတင္း ႏွစ္ပတ္က ေတြ႔ဆံုခဲ့ေပမဲ့ von der Leyen ဆီမွာ ေရာဂါလကၡ႑ာ တစံုတရာ မျပသဘူးလို႔ေျပာပါတယ္။
ၫွိႏႈိင္းေရးမွဴးခ်ဳပ္ Barnier COVID-19 ေရာဂါျဖစ္ေနေပမဲ့ EU နဲ႔ UK ၾကား ၫွိႏႈိင္းမႈေတြကို ဆက္လုပ္သြားမယ္လို႔ EU ေကာ္မ႐ွင္တာဝန္႐ွိသူေတြက ေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာလည္း ေအာက္လႊတ္ေတာ္အမတ္ ႏွစ္ေယာက္ျဖစ္တဲ့ Republican ပါတီအမတ္ Mario Diaz-Balart နဲ႔ Democrat အမတ္ Ben McAdams တို႔ Coronavirus ပိုးကူးစက္ေနတဲ့အတြက္ တျခားသူေတြနဲ႔ မထိေတြ႔ဘဲ သီးျခားခဲြေနေနၾကပါတယ္။
[Unicode Version]
COVID-19 ကူးစက်သူတွေထဲ ကမ္ဘာ့ခေါင်းဆောင်တွေလည်းပါ
Coronavirus ပိုး ကူးစက်နေကြသူတွေထဲမှာ ကမ္ဘာ့အကြီးအကဲတချို့လည်း ပါဝင်နေပါတယ်။
Monaco နိုင်ငံရဲ့ဥသျှောင် Prince Albert မှာ coronavirus ပိုးကူးစက်နေတယ်လို့ သူ့နန်းတော်က ကြေညာချက်ထုတ်ပြန်ပါတယ်။ Princess Grace ဆေးရုံက ဆရာဝန်တွေက Albert ဘုရင်ကြီးကို ကုသပေးနေပြီး အသက် ၆၂ နှစ်အရွယ် ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Monaco ဘုရင်ဟာ Coronavirus ပိုးကူးစက်နေတယ်လို့ လူသိရှင်ကြား ကြေညာတဲ့ ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။ Albert ဘုရင်ကြီးဟာ နန်းတော်ထဲက သူ့ရုံးခန်းမှာ အလုပ်တွေ ဆက်လုပ်နေသလို အစိုးရအဖွဲ့ဝင်တွေနဲ့လည်း ပုံမှန် အဆက်အသွယ်ရှိတယ်လို့ နန်းတော်ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ဒီသတင်းနဲ့ တဆက်ထဲပဲ EU ဥရောပကော်မရှင်အကြီးအကဲ တယောက်လည်း Coronavirus ပိုးကူးစက်နေတယ်လို့ EU ကော်မရှင် ပြောခွင့်ရသူက အတည်ပြုပါတယ်။ EU နဲ့ EU ထဲက နုတ်ထွက်သွားတဲ့ ဗြိတိန်နိုင်ငံကြား သဘောတူညီမှုတွေ ရရှိရေး အဓိကဆွေးနွေးနေတဲ့ ညှိနှိုင်းရေးမှူးချုပ် Michael Barnier မှာ Coronavirus ပိုးကူးစက်နေတယ်ဆိုတာကို ကြာသပတေးနေ့က ပြောကြားခဲ့တာပါ။
သူ့နဲ့ လူချင်းတေ့ွဆုံခဲ့တဲ့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အနေနဲ့ Coronavirus ပိုး ရှိ၊ မရှိ စစ်ဆေးမယ်လို့ ပြောခွင့်ရ Eric Mamer ကပြောပါတယ်။ Michael Barnier နဲ့ von der Leyen တို့ သီတင်း နှစ်ပတ်က တွေ့ဆုံခဲ့ပေမဲ့ von der Leyen ဆီမှာ ရောဂါလက္ခဏ္ဍာ တစုံတရာ မပြသဘူးလို့ပြောပါတယ်။
ညှိနှိုင်းရေးမှူးချုပ် Barnier COVID-19 ရောဂါဖြစ်နေပေမဲ့ EU နဲ့ UK ကြား ညှိနှိုင်းမှုတွေကို ဆက်လုပ်သွားမယ်လို့ EU ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာလည်း အောက်လွှတ်တော်အမတ် နှစ်ယောက်ဖြစ်တဲ့ Republican ပါတီအမတ် Mario Diaz-Balart နဲ့ Democrat အမတ် Ben McAdams တို့ Coronavirus ပိုးကူးစက်နေတဲ့အတွက် တခြားသူတွေနဲ့ မထိတွေ့ဘဲ သီးခြားခွဲနေနေကြပါတယ်။