သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus မဖြစ်သေးတဲ့နိုင်ငံတွေ အသင့်ပြင်ထားကြဖို့ WHO တိုက်တွန်း


WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

နိုင်ငံအားလုံးဟာ ကမ္ဘာအနှံ့ အရှိန်မြင့် ပြန့်နှံ့နေတဲ့ Covid-19 ကပ်ရောဂါကြီးရဲ့ အန္တရာယ်ကို ရင်ဆိုင်နေကြရပြီး ဒီရောဂါပိုး ကိုယ့်နိုင်ငံထဲ ရောက်မလာသေးတဲ့နိုင်ငံတွေအနေနဲ့လည်း ရောက်လာတဲ့အခါ တိုက်ဖျက်နိုင်အောင် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က သတိပေး ပြောကြားလိုက်ပါတယ်။

“ခင်ဗျားတို့ လူမှုအသိုင်းဝိုင်းထဲကို ဒီရောဂါပိုး ရောက်မလာဘူးလို့ မယူဆကြပါနဲ့၊ ရောက်လာတော့မယ်ဆိုတဲ့အတွေးနဲ့ ကြိုတင် ပြင်ဆင်ထားကြပါ။ ခင်ဗျားတို့အနေနဲ့ ဒီဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်နဲ့ ရင်မဆိုင်ရနိုင်ဘူးလို့ မတွက်ဆကြပါနဲ့၊ ကိုယ်လဲ ကြုံတွေ့ရမှာဘဲဆိုတဲ့ အယူအဆနဲ့ ကြိုတင် ပြင်ဆင်ထားကြပါ။”

ဗုဒ္ဓဟူးနေ့က Geneva မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း WHO အကြီးအကဲက အဲဒီလို ပြောကြားခဲ့တာပါ။

ဒီရောဂါပိုးကို ထိန်းချုပ်နိုင်ရေးအတွက် တိုင်းပြည်တိုင်းက ရောဂါရှိမရှိ စမ်းသပ် စစ်ဆေးတာ၊ ကုသပေးတာနဲ့ ရောဂါ ဘယ်နေရာက စဖြစ်တယ်ဆိုတဲ့ ဇစ်မြစ်ကို လိုက်လံစုံစမ်းတာတွေ တဆင့်ပြီးတဆင့် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။

လက်ရှိအနေအထားအရ Coronavirus ကူးစက်၊ သေဆုံးသူအရေအတွက်ရဲ့ ၈၀% ကျော်ဟာ ပစိဖိတ်ဒေသအနောက်ပိုင်းနဲ့ ဥရောပတိုက် ဒေသ ၂ ခုတို့က ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကို ကုသနိုင်တဲ့ ဆေးတွေ့နိုင်ဖို့ WHO က တခြား နိုင်ငံအတော်များများနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ Wuhan မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်တွေ့ရှိခဲ့တဲ့ ဒီရောဂါပိုးဟာ အခုချိန်မှာတော့ ဥရောပတိုက်မှာ အဆိုးရွားဆုံး ဖြစ်ပေါ်နေတာပါ။

Coronavirus မဖြစ်သေးတဲ့နိုင်ငံတွေ အသင့်ပြင်ထားကြဖို့ WHO တိုက်တွန်း
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်


......................


(Unicode)







XS
SM
MD
LG