သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင့္ ကမၻာေက်ာ္ Taj Mahal အေဆာက္အဦးပိတ္


Taj Mahal အေဆာက္အဦး (သတင္းဓာတ္ပံု - မတ္ ၁၆၊ ၂၀၂၀)

(Zawgyi/Unicode)

အိႏၵိယႏိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရး ႀကိဳးပမ္းမႈ အေနနဲ႔ ခရီးသည္ေတြ သြားလာလည္ပတ္မႈ အမ်ားဆံုး ျဖစ္တဲ႔ Taj Mahal ကို အာဏာပိုင္တို႔ ပိတ္လိုက္သလိုပဲ ဘ႑ာေရး အခ်က္အခ်ာ မြန္ဘိုင္းၿမိဳ႕မွာေတာ့ မျဖစ္မေန လည္ပတ္ဖို႔ မလုိတဲ႔ လုပ္ငန္းေတြမွာ ၀န္ထမ္း ထက္၀က္ ေလွ်ာ့ခ်ဖို႔လည္း ညႊန္ၾကားထားပါတယ္။

အိမ္မွာ သီးျခားခြဲၿပီး ေနထိုင္ရမယ့္သူေတြကိုလည္း လက္ေကာက္၀တ္မွာ ဖ်က္မရတဲ႔ မွင္နဲ႔ ဘယ္ေန႔ ဘယ္အခ်ိန္ထိ အိမ္ျပင္မထြက္ဘဲ သီးျခားခြဲၿပီး ေနရမယ္ဆိုၿပီး တံဆိပ္ရိုက္ သတ္မွတ္ခြင့္ကိုလည္း မြန္ဘိုင္းၿမိဳ႕က ေဆးရံုနဲ႔ ေလဆိပ္ အာဏာပိုင္ေတြကို အပ္ႏွင္းထားပါတယ္။

လူဦးေရ ၁၈ သန္း ရွိတဲ႔ မြန္ဘိုင္းၿမိဳ႕က ေက်ာင္းေတြ၊ ရုပ္ရွင္ရံုေတြ၊ ေစ်း၀ယ္ စင္တာေတြ၊ အားကစားရံုေတြ ပိတ္ၿပီး လူစုလူေ၀း လုပ္တာကို တားျမစ္ခဲ႔ၿပီး ေနာက္ ရက္ပိုင္း အၾကာ တနလာၤေန႔က ဒီလို ေဆာင္ရြက္ဖို႔ ထပ္ၿပီး ညႊန္ၾကားတာ ျဖစ္ပါတယ္။

မြန္ဘိုင္းၿမိဳ႕ ရွိတဲ႔ အေနာက္ပိုင္း ျပည္နယ္ Maharashtra ဟာ ဆိုရင္ အိႏၵိယ ႏုိင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ အမ်ားဆံုး ကူးစက္ပ်ံ႕ႏွ႔ံရာ ေဒသ ျဖစ္ေနၿပီးအခုအခ်ိန္ထိ ဆိုရင္ ဗိုင္းရပ္စ္ ကူးစက္မႈ အတည္ျပဳ လူနာ ၃၉ ေယာက္ရွိၿပီး ႏုိင္ငံတြင္း ကူးစက္ခံရမႈရဲ႕ ေလးပံု တပံုရွိေနပါတယ္။

Taj Mahal အပါအ၀င္ ႏုိင္ငံတြင္းက ျပတိုက္ေတြ၊ အထိမ္းအမွတ္ေတြ၊ ဘာသာေရး အေဆာက္အအံုေတြကိုလည္း မြန္ဘိုင္းၿမိဳ႕မွာ ပိတ္ထားဖို႔ ညႊန္ၾကားထားပါတယ္။

Coronavirus ေၾကာင့္ ကမၻာေက်ာ္ Taj Mahal အေဆာက္အဦးပိတ္
please wait

No media source currently available

0:00 0:00:38 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode Version]

Coronavirus ကြောင့် ကမ္ဘာကျော် Taj Mahal အဆောက်အဦးပိတ်

အိန္ဒိယနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှု အနေနဲ့ ခရီးသည်တွေ သွားလာလည်ပတ်မှု အများဆုံး ဖြစ်တဲ့ Taj Mahal ကို အာဏာပိုင်တို့ ပိတ်လိုက်သလိုပဲ ဘဏ္ဍာရေး အချက်အချာ မွန်ဘိုင်းမြို့မှာတော့ မဖြစ်မနေ လည်ပတ်ဖို့ မလိုတဲ့ လုပ်ငန်းတွေမှာ ဝန်ထမ်း ထက်ဝက် လျှော့ချဖို့လည်း ညွှန်ကြားထားပါတယ်။

အိမ်မှာ သီးခြားခွဲပြီး နေထိုင်ရမယ့်သူတွေကိုလည်း လက်ကောက်ဝတ်မှာ ဖျက်မရတဲ့ မှင်နဲ့ ဘယ်နေ့ ဘယ်အချိန်ထိ အိမ်ပြင်မထွက်ဘဲ သီးခြားခွဲပြီး နေရမယ်ဆိုပြီး တံဆိပ်ရိုက် သတ်မှတ်ခွင့်ကိုလည်း မွန်ဘိုင်းမြို့က ဆေးရုံနဲ့ လေဆိပ် အာဏာပိုင်တွေကို အပ်နှင်းထားပါတယ်။

လူဦးရေ ၁၈ သန်း ရှိတဲ့ မွန်ဘိုင်းမြို့က ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေ၊ ဈေးဝယ် စင်တာတွေ၊ အားကစားရုံတွေ ပိတ်ပြီး လူစုလူဝေး လုပ်တာကို တားမြစ်ခဲ့ပြီး နောက် ရက်ပိုင်း အကြာ တနလာၤနေ့က ဒီလို ဆောင်ရွက်ဖို့ ထပ်ပြီး ညွှန်ကြားတာ ဖြစ်ပါတယ်။

မွန်ဘိုင်းမြို့ ရှိတဲ့ အနောက်ပိုင်း ပြည်နယ် Maharashtra ဟာ ဆိုရင် အိန္ဒိယ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ပျံ့နှံ့ရာ ဒေသ ဖြစ်နေပြီးအခုအချိန်ထိ ဆိုရင် ဗိုင်းရပ်စ် ကူးစက်မှု အတည်ပြု လူနာ ၃၉ ယောက်ရှိပြီး နိုင်ငံတွင်း ကူးစက်ခံရမှုရဲ့ လေးပုံ တပုံရှိနေပါတယ်။

Taj Mahal အပါအဝင် နိုင်ငံတွင်းက ပြတိုက်တွေ၊ အထိမ်းအမှတ်တွေ၊ ဘာသာရေး အဆောက်အအုံတွေကိုလည်း မွန်ဘိုင်းမြို့မှာ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG