သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ ေက်ာင္း၊ ကုန္တိုက္နဲ႔ ဘာသာေရးပြဲအားလံုး လကုန္ထိ ပိတ္


ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ မေလးရွားႏိုင္ငံ Kuala Lumpur ၿမိဳ႕ တြင္ ပိတ္ထားေသာ ဗလီတခု (သတင္းဓာတ္ပံု - မတ္ ၁၆၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၅၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ေန႔စဥ္ ကိုနာဗိုင္းရပ္စ္ကူးစက္မႈက ရာဂဏန္းထိ ရွိလာေနတာေၾကာင့္ စာသင္ေက်ာင္းနဲ႔ ေစ်း၀ယ္ကုန္တုိက္ေတြ ဘာသာေရးပဲြေတြ အားလံုး မတ္လ ၁၃ ကေန ၃၁ အထိ ပိတ္ပစ္လိုက္ရပါျပီ။ ဒီအေျခအေနေတြေၾကာင့္ မေလးရွားေရာက္ ျမန္မာေတြ အျပင္ကုိ သိပ္မထြက္ဖို႔ ေနရပ္ျပန္တာေတြ တႏိုင္ငံနဲ႔ တႏိုင္ငံ ကူးလူးသြားလာတာ မလုပ္ဖို႔ မေလးရွားႏိုင္ငံက ျမန္မာသံရံုးက မတ္လ ၁၇ ရက္ေန႔မွာ ေၾကျငာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

မေလးရွားႏိုင္ငံမွာ ကုိရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းက ေန႔စဥ္ လူ ၁၀၀ ေက်ာ္ကို ကူးစက္လာတာေၾကာင့္ အစုိးရက ေက်ာင္းေတြ ပိတ္တာ ဘာသာေရးပဲြေတြ ပိတ္တာေတြကို လုပ္လာျပီျဖစ္ေၾကာင္း မေလးရွားႏုိင္ငံ ျမန္မာအလုပ္သမား အသံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာျပပါတယ္။

"ေလာေလာဆယ္ေတာ့ ကူးစက္မႈႏႈန္း မေန႔ကအထိ အရမ္းျမန္ေနတယ္။ မေန႔က တရက္ထဲ ၁၂၅၊ အရင္ေန႔က ၁၄၀ ရွိတယ္။ ေလာေလာဆယ္ လက္ရွိမွာ ၅၅၃ ထိ ရွိလာျပီ။ ဒီေန႔ ေၾကျငာခ်က္ မထြက္ေသးဘူး။ မေန႔ကညကေတာ့ ၀န္ႀကီးခ်ဳပ္က ေၾကျငာတယ္။ ျပည္သူေတြကို ေျပာတယ္။"

အ၀င္အထြက္ေတြ ပိတ္လိုက္တယ္။ စာသင္ေက်ာင္းေတြ ပိတ္လိုက္တယ္။ စားေသာက္ကုန္ေရာင္းတဲ့ ကုန္တိုက္ကလဲြရင္ ကုန္တိုက္အားလံုးကုိ ပိတ္လိုက္တယ္။ ဘာသာေရးပဲြေတြ အကုန္လံုးပိတ္တယ္။ အကုန္လံုး ႏွစ္ပတ္ေပါ့။ မတ္လ ၁၈ ရက္ေန႔ကေန မတ္လ ၃၁ ရက္ေန႔အထိ အကုန္ပိတ္လိုက္တယ္။ ျမန္မာသံရံုးအေနနဲ႔ သတိထားသင့္တာေတြကုိ ပညာေပးေတြကုိ လုပ္ေနတယ္လုိ႔လည္း ေျပာပါတယ္။

"ကေလးေတြကုိက ၀ူဟန္ဗိုင္းရပ္စ္ မျဖစ္ေအာင္အျပင္ အတတ္ႏိုင္ဆံုး သိပ္မထြက္ေစခ်င္ဘူး။ က်ေနာ္တို႔ အေျခခံကာကြယ္ေရးေတြအေနနဲ႔ တကုိ္ယ္ေရး သန္႔ရွင္းဖို ့လက္ေတြကို ေဆးဖို ့က်ေနာ္တို႔ဆီ ဆက္သြယ္တဲ့သူေတြကုိေတာ့ အိမ္ေရး၀၀ အိပ္ဖို႔ ကုိယ္ခံအားေကာင္းေအာင္အစား ေကာင္းေကာင္းစားဖို႔ က်ေနာ္တုိ႔ အသိပညာေပးေနပါတယ္။"

မေလးရွားႏိုင္ငံမွာ အဓိက ကူးစက္ေနတာ ဗလီေတြကျဖစ္တာေၾကာင့္ အစိုးရက ဘာသာေရးပဲြေတြကို ပိတ္ပစ္ျပီး ကူးစက္မႈေတြ ထပ္မျဖစ္ေအာင္ လုပ္ေဆာင္ေနတယ္လို႔လည္း ျမန္မာအလုပ္သမား သံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာျပပါတယ္။

"အဓိက ကူးစက္ေနတာကေတာ့ ဒီႏိုင္ငံမွာ ဗလီကေန ျဖစ္ေနတယ္ စီရီပတလင္းဘက္မွာလူေပါင္း ၁၅,၀၀၀ ေက်ာ္ ဗလီတက္တယ္။ အဲဒီဗလီမွာ ဘရူႏိုင္းဘက္က လာတဲ့ ၆ ေယာက္ေလာက္က ဗလီလာတက္တယ္။ အဲဒီကေန႔ပဲ ျပန္႔ပြားျပီး ကူးစက္ကုန္တာပဲ။ အဲဒီလူေတြကေန ကူးေနတာပဲ။ အခုအစုိးရက အဲဒီလူေတြကုိ လိုက္ေၾကျငာတယ္။ အဲဒီလူေတြကိုလိုက္ေခၚတယ္။"

မေလးရွားႏိုင္ငံ စူပါမားကတ္တခုတြင္ ေစ်း၀ယ္ေနတဲ့ လူတခ်ိဳ႕
မေလးရွားႏိုင္ငံ စူပါမားကတ္တခုတြင္ ေစ်း၀ယ္ေနတဲ့ လူတခ်ိဳ႕

မေလးရွားႏိုင္ငံမွာ တရား၀င္ေရာ၊ တရားမ၀င္ပါ ျမန္မာအလုပ္သမား ၅၀၀,၀၀၀ ထက္မနည္း ရွိေနျပီး မတ္လ ၁၆ ရက္ေန႔ ညကေတာ့ ေစ်း-၀ယ္ကုန္တိုက္ေတြမွာ အစားအေသာက္ေတြကုိ အလုအယက္ ၀ယ္ယူတာေတြကုိ လုပ္ေနၾကတယ္လို႔ ဆိုပါတယ္။ မတ္လ ၁၇ ရက္ေန႔မွာေတာ့ လူေတြလည္း အျပင္ကို သိပ္မထြက္ရဲၾကဘဲ သတိနဲ႔ ေနထုိင္ေနရတယ္လို႔ မေလးရွားေရာက္ျမန္မာေတြက ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မေလးရွားမွာ ေက်ာင္း၊ ကုန္တိုက္နဲ႔ ဘာသာေရးပြဲအားလံုး လကုန္ထိ ပိတ္

မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ေန႔စဉ် ကိုနာဗိုင်းရပ်စ်ကူးစက်မှုက ရာဂဏန်းထိ ရှိလာနေတာကြောင့် စာသင်ကျောင်းနဲ့ ဈေးဝယ်ကုန်တိုက်တွေ ဘာသာရေးပွဲတွေ အားလုံး မတ်လ ၁၃ ကနေ ၃၁ အထိ ပိတ်ပစ်လိုက်ရပါပြီ။ ဒီအခြေအနေတွေကြောင့် မလေးရှားရောက် မြန်မာတွေ အပြင်ကို သိပ်မထွက်ဖို့ နေရပ်ပြန်တာတွေ တနိုင်ငံနဲ့ တနိုင်ငံ ကူးလူးသွားလာတာ မလုပ်ဖို့ မလေးရှားနိုင်ငံက မြန်မာသံရုံးက မတ်လ ၁၇ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက နေ့စဉ် လူ ၁၀၀ ကျော်ကို ကူးစက်လာတာကြောင့် အစိုးရက ကျောင်းတွေ ပိတ်တာ ဘာသာရေးပွဲတွေ ပိတ်တာတွေကို လုပ်လာပြီဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာအလုပ်သမား အသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပြပါတယ်။

"လောလောဆယ်တော့ ကူးစက်မှုနှုန်း မနေ့ကအထိ အရမ်းမြန်နေတယ်။ မနေ့က တရက်ထဲ ၁၂၅၊ အရင်နေ့က ၁၄၀ ရှိတယ်။ လောလောဆယ် လက်ရှိမှာ ၅၅၃ ထိ ရှိလာပြီ။ ဒီနေ့ ကြေငြာချက် မထွက်သေးဘူး။ မနေ့ကညကတော့ ဝန်ကြီးချုပ်က ကြေငြာတယ်။ ပြည်သူတွေကို ပြောတယ်။"

အဝင်အထွက်တွေ ပိတ်လိုက်တယ်။ စာသင်ကျောင်းတွေ ပိတ်လိုက်တယ်။ စားသောက်ကုန်ရောင်းတဲ့ ကုန်တိုက်ကလွဲရင် ကုန်တိုက်အားလုံးကို ပိတ်လိုက်တယ်။ ဘာသာရေးပွဲတွေ အကုန်လုံးပိတ်တယ်။ အကုန်လုံး နှစ်ပတ်ပေါ့။ မတ်လ ၁၈ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ အကုန်ပိတ်လိုက်တယ်။ မြန်မာသံရုံးအနေနဲ့ သတိထားသင့်တာတွေကို ပညာပေးတွေကို လုပ်နေတယ်လို့လည်း ပြောပါတယ်။

"ကလေးတွေကိုက ဝူဟန်ဗိုင်းရပ်စ် မဖြစ်အောင်အပြင် အတတ်နိုင်ဆုံး သိပ်မထွက်စေချင်ဘူး။ ကျနော်တို့ အခြေခံကာကွယ်ရေးတွေအနေနဲ့ တကိုယ်ရေး သန့်ရှင်းဖို့လက်တွေကို ဆေးဖို့ကျနော်တို့ဆီ ဆက်သွယ်တဲ့သူတွေကိုတော့ အိမ်ရေး၀၀ အိပ်ဖို့ ကိုယ်ခံအားကောင်းအောင်အစား ကောင်းကောင်းစားဖို့ ကျနော်တို့ အသိပညာပေးနေပါတယ်။"

မလေးရှားနိုင်ငံမှာ အဓိက ကူးစက်နေတာ ဗလီတွေကဖြစ်တာကြောင့် အစိုးရက ဘာသာရေးပွဲတွေကို ပိတ်ပစ်ပြီး ကူးစက်မှုတွေ ထပ်မဖြစ်အောင် လုပ်ဆောင်နေတယ်လို့လည်း မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောပြပါတယ်။

"အဓိက ကူးစက်နေတာကတော့ ဒီနိုင်ငံမှာ ဗလီကနေ ဖြစ်နေတယ် စီရီပတလင်းဘက်မှာလူပေါင်း ၁၅,၀၀၀ ကျော် ဗလီတက်တယ်။ အဲဒီဗလီမှာ ဘရူနိုင်းဘက်က လာတဲ့ ၆ ယောက်လောက်က ဗလီလာတက်တယ်။ အဲဒီကနေ့ပဲ ပြန့်ပွားပြီး ကူးစက်ကုန်တာပဲ။ အဲဒီလူတွေကနေ ကူးနေတာပဲ။ အခုအစိုးရက အဲဒီလူတွေကို လိုက်ကြေငြာတယ်။ အဲဒီလူတွေကိုလိုက်ခေါ်တယ်။"

မလေးရှားနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ မြန်မာအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်း ရှိနေပြီး မတ်လ ၁၆ ရက်နေ့ ညကတော့ ဈေး-ဝယ်ကုန်တိုက်တွေမှာ အစားအသောက်တွေကို အလုအယက် ဝယ်ယူတာတွေကို လုပ်နေကြတယ်လို့ ဆိုပါတယ်။ မတ်လ ၁၇ ရက်နေ့မှာတော့ လူတွေလည်း အပြင်ကို သိပ်မထွက်ရဲကြဘဲ သတိနဲ့ နေထိုင်နေရတယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG