(Zawgyi/Unicode)
ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၅၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ အမ်ားအျပား ရွိေနတာေၾကာင့္ မေလးရွားေရာက္ ျမန္မာအလုပ္သမားေတြလည္း အခက္အခဲေတြ႔ေနၾကပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
မေလးရွားႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၀၀ ေက်ာ္ရွိသြားျပီမို႔ မေလးရွားေရာက္ ျမန္မာေတြအဖို႔ သြားေရးလာေရးေတြကအစ အေတာ္ေလး သတိထားေနၾကရပါၿပီ။ အစၥလာမ္ဘာသာ၀င္ေတြဆိုရင္ ဗလီ၀တ္ျပဳေက်ာင္းေတြကို သြားႏိုင္ဖို႔ေတာင္ ခက္လာတယ္လို႔ မေလးရွားႏိုင္ငံ ျမန္မာသံရံုးကိုယ္စားျပဳၿပီး မေလးရွားေရာက္ ျမန္မာေတြကို အကူအညီေပးေနတဲ့ ကိုသီဟေမာင္ေမာင္က ေျပာပါတယ္။
🔸 ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဥေရာပမွာ ပုိမ်ားလာတဲ့ သတင္းကိုလည္း ဖတ္ရႈႏိုင္ပါၿပီ။
“မေလးရွားႏိုင္ငံမွာေတာ ့၄၂၉ ေပါ့။ ဒီေန႔ ထုတ္ထားတာ ေနာက္ထပ္ကေတာ့ ၁၉၀ ထပ္ေပါင္းထားတာ ဒီရက္ထဲမွာ အသစ္ထပ္တုိးတာ စုစုေပါင္း ၄၂၉ ကေတာ့ တရား၀င္ထုတ္ျပန္ထားတယ္ အျပင္ထြက္တဲ့လူဦးေရ အေတာ္နည္းသြားတယ္။ နဂိုထက္နည္းသြားတယ္။ သိပ္မထြက္ၾကေတာ့ အလုပ္ရံု စက္ရံုေတြကလည္း ေျပာျပထားေတာ့အျပင္ကုိ သိပ္မထြက္ၾကေတာ့ဘူး။ မေန႔က တနဂၤေႏြမွာကို ေကအယ္လ္ေနရာမွာဆို အေတာ္မ်ားမ်ား လာေနက် အဲဒီမွာ လူတအားနည္းသြားတယ္။ မျဖစ္မေန လာရမယ့္သူကလဲြလို ့သူတို႔အျပင္ သိပ္ထြက္တာမရွိေတာ့ဘူး။ ေသာၾကာေန႔ကဆို ဗလီပဲြတက္ၾကတာေပါ့ေနာ္။ အဲဒီဗလီပဲြမွာဆို ဗလီတက္တာ အေတာ္နည္းသြားတယ္။ သူတို႔က က်န္းမာေရးအတြက္ တခ်ိဳ႕ဆို ကူးစက္ေရာဂါမ်ိဳး ျဖစ္ႏိုင္တယ္ဆိုျပီး ေသာၾကာေန႔ ဗလီတက္တာေတာင္ သိပ္မရွိေတာ့ဘူး။”
အာဆီယံႏိုင္ငံေတြထဲမွာ မေလးရွားႏိုင္ငံဟာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ အမ်ားဆံုးျဖစ္ေနတဲ့ ႏိုင္ငံေနတာေၾကာင့္ မေလးရွားႏုိင္ငံက စက္ရံုအလုပ္ရံုေတြ လူစုလူေ၀းနဲ႔ အလုပ္လုပ္ရတဲ့ေနရာေတြမွာ ႏွာေခါင္းစည္းေတြ မျဖစ္မေနတပ္ဖို႔ အာဏာပုိုင္ေတြက ညႊန္ၾကားထားသလို ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရး ကူးစက္မႈ မျပန္႔ပြားေရး ပညာေပးလုပ္ငန္းေတြကို စက္ရံုေတြမွာအမ်ားအျပား လုပ္လာတယ္လို႔လည္း ကိုသီဟေမာင္ေမာင္က ေျပာပါတယ္။
“စက္ရံုအလုပ္ရံုေတြမွာေတာ့ ဒီေရာဂါနဲ႔ ပတ္သက္လို႔ ပညာေပးတယ္။ လုပ္ငန္းခြင္မွာ ဆပ္ျပာေတြ ေပးထားတယ္။ ဒက္ေတာ့ေတြ ေပးထားတယ္ လက္ေဆးရမယ္၊ တခ်ဳိ႕ႏွာေခါင္းေတြမွာ အစြပ္ေတြ မျဖစ္မေန တပ္ရမယ္၊ အဲဒါမ်ိဳးေတြ ပညာေပးတာေတြရွိတယ္။ စက္ရံုအလုပ္ရံုေတြအေနနဲ႔ေပါ့။"
မေလးရွားႏိုင္ငံ ျမန္မာသံရံုးကေတာ့နီးစပ္ရာကို ပညာေပးတာမ်ိဳးေတြ လုပ္တာကလဲြရင္ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ျမန္မာေတြၾကားမွာ ျဖစ္ပြားတာေတြ မၾကားရတဲ့အတြက္ ေၾကျငာခ်က္ထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။
ျမန္မာ အလုပ္သမား လူ၀င္မႈၾကီးၾကပ္ေရးနဲ႔ ျပည္သူအင္အား၀န္ၾကီးဌာန အလုပ္သမားညႊန္ၾကားမႈဦးစီးဌာနကေတာ့ မေလးရွားကို တရား၀င္ေစလႊတ္တဲ့ အလုပ္သမားေပါင္း ၂၀၀,၀၀၀ ေက်ာ္ရွိၿပီး တျခားနည္းလမ္းေတြနဲ႔ မေလးရွားကို ေရာက္သြားသူ အားလံုးေပါင္းရင္ မေလးရွားမွာ ျမန္မာအလုပ္သမား ၅၀၀,၀၀၀ ထက္မနည္း ရွိေနပါတယ္။
[Unicode Version]
ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် မလေးရှားရောက် မြန်မာတွေ အခက်ကြုံ
မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အများအပြား ရှိနေတာကြောင့် မလေးရှားရောက် မြန်မာအလုပ်သမားတွေလည်း အခက်အခဲတွေ့နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၀၀ ကျော်ရှိသွားပြီမို့ မလေးရှားရောက် မြန်မာတွေအဖို့ သွားရေးလာရေးတွေကအစ အတော်လေး သတိထားနေကြရပါပြီ။ အစ္စလာမ်ဘာသာဝင်တွေဆိုရင် ဗလီဝတ်ပြုကျောင်းတွေကို သွားနိုင်ဖို့တောင် ခက်လာတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးကိုယ်စားပြုပြီး မလေးရှားရောက် မြန်မာတွေကို အကူအညီပေးနေတဲ့ ကိုသီဟမောင်မောင်က ပြောပါတယ်။
🔸 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဥရောပမှာ ပိုများလာတဲ့ သတင်းကိုလည်း ဖတ်ရှုနိုင်ပါပြီ။
“မလေးရှားနိုင်ငံမှာတော့၄၂၉ ပေါ့။ ဒီနေ့ ထုတ်ထားတာ နောက်ထပ်ကတော့၁၉၀ ထပ်ပေါင်းထားတာ ဒီရက်ထဲမှာ အသစ်ထပ်တိုးတာ စုစုပေါင်း ၄၂၉ ကတော့ တရားဝင်ထုတ်ပြန်ထားတယ် အပြင်ထွက်တဲ့လူဦးရေ အတော်နည်းသွားတယ်။ နဂိုထက်နည်းသွားတယ်။ သိပ်မထွက်ကြတော့ အလုပ်ရုံ စက်ရုံတွေကလည်း ပြောပြထားတော့အပြင်ကို သိပ်မထွက်ကြတော့ဘူး။ မနေ့က တနင်္ဂနွေမှာကို ကေအယ်လ်နေရာမှာဆို အတော်များများ လာနေကျ အဲဒီမှာ လူတအားနည်းသွားတယ်။ မဖြစ်မနေ လာရမယ့်သူကလွဲလို့သူတို့အပြင် သိပ်ထွက်တာမရှိတော့ဘူး။ သောကြာနေ့ကဆို ဗလီပွဲတက်ကြတာပေါ့နော်။ အဲဒီဗလီပွဲမှာဆို ဗလီတက်တာ အတော်နည်းသွားတယ်။ သူတို့က ကျန်းမာရေးအတွက် တချို့ဆို ကူးစက်ရောဂါမျိုး ဖြစ်နိုင်တယ်ဆိုပြီး သောကြာနေ့ ဗလီတက်တာတောင် သိပ်မရှိတော့ဘူး။”
အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ နိုင်ငံနေတာကြောင့် မလေးရှားနိုင်ငံက စက်ရုံအလုပ်ရုံတွေ လူစုလူဝေးနဲ့ အလုပ်လုပ်ရတဲ့နေရာတွေမှာ နှာခေါင်းစည်းတွေ မဖြစ်မနေတပ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားသလို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ကူးစက်မှု မပြန့်ပွားရေး ပညာပေးလုပ်ငန်းတွေကို စက်ရုံတွေမှာအများအပြား လုပ်လာတယ်လို့လည်း ကိုသီဟမောင်မောင်က ပြောပါတယ်။
“စက်ရုံအလုပ်ရုံတွေမှာတော့ ဒီရောဂါနဲ့ ပတ်သက်လို့ ပညာပေးတယ်။ လုပ်ငန်းခွင်မှာ ဆပ်ပြာတွေ ပေးထားတယ်။ ဒက်တော့တွေ ပေးထားတယ် လက်ဆေးရမယ်၊ တချို့နှာခေါင်းတွေမှာ အစွပ်တွေ မဖြစ်မနေ တပ်ရမယ်၊ အဲဒါမျိုးတွေ ပညာပေးတာတွေရှိတယ်။ စက်ရုံအလုပ်ရုံတွေအနေနဲ့ပေါ့။"
မလေးရှားနိုင်ငံ မြန်မာသံရုံးကတော့နီးစပ်ရာကို ပညာပေးတာမျိုးတွေ လုပ်တာကလွဲရင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မြန်မာတွေကြားမှာ ဖြစ်ပွားတာတွေ မကြားရတဲ့အတွက် ကြေငြာချက်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
မြန်မာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကတော့ မလေးရှားကို တရားဝင်စေလွှတ်တဲ့ အလုပ်သမားပေါင်း ၂၀၀,၀၀၀ ကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကို ရောက်သွားသူ အားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်း ရှိနေပါတယ်။